Ni July

ဂျော်ဒီး- ဒေဝေါကြီးပုံပြင်

September 9, 2017
ဂျော်ဒီး- ဒေဝေါကြီးပုံပြင်

ဒေဝေါကြီးပုံပြင် ဂျော်ဒီး (မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၇ “တခါကတဲ့။ ညတညမှာ..ကောင်းကင်တခွင်လုံး.. မိုးသားတွေမည်းမှောင်ပြီး လျှပ်စီးတွေ ကလည်း ဝင်းခနဲ ဝင်းခနဲ လက်လို့တဲ့။ မိုးခြိမ်းသံတွေကလည်း တဝုန်းဝုန်း တဒိုင်းဒိုင်းဆူညံနေအောင်..အသံပေး နေသတဲ့။ အဲဒီအချိန်မှာ..နွားခြံတခြံကိုစောင့်ရတဲ့ ခြံစောင့်တယောက်ဟာ သူ့နွားခြံရဲ့ခေါင်မိုးအပေါက်တွေကြားက မြင်နေရတဲ့မိုးပေါ်ကို မော့ကြည့် လိုက်ရင်း တယောက်တည်းရေရွတ်နေသတဲ့ ။ “အင်း…ခုချိန်မှာ..ကျားလာလည်း ငါမကြောက်ဘူး။ သူခိုးလာလည်း ငါမကြောက်ဘူး။ ဒေဝေါလာမှာပဲ ကြောက်တယ်..။ ဒေဝေါသာ လာရင်..အားလုံး ဒုက္ခအကြီးအကျယ်ရောက်မှာ။ ဟင်း …ဒေဝေါကလည်းလာတော့မယ်။ ဒုက္ခပါပဲ ” အဲဒီအချိန်မှာ နွားခြံထဲမှာ သူခိုးတယောက်နဲ့ ကျားတကောင်ရောက်နေကြသတဲ့။ သူခိုးကလည်း ခြံစောင့်အိပ်တဲ့အချိန်ကျရင် နွားတွေကိုခိုးဖို့ နွားခြံခေါင်မိုးထုတ်တန်းပေါ်ကနေစောင့်နေသတဲ့။ ကျားကလည်း…ခြံစောင့်လစ်ရင် နွားတွေကိုဆွဲစားဖို့ နွားခြံထောင့်မှာဝပ်ပြီး စောင့်နေသတဲ့။ သူခိုးကလည်း နွားခြံထဲမှာ ကျားရောက်နေတာကိုမသိသလို..ကျားကလည်း...

Read more »

နီဇူလိုင် – ပြောင်းတဲ့ ပြောင်းဖူး

July 12, 2017
နီဇူလိုင် – ပြောင်းတဲ့ ပြောင်းဖူး

Art – Ni July   နီဇူလိုင် – ပြောင်းတဲ့ ပြောင်းဖူး (မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၇ မိုးရွာပြီးစမို့… သစ်ပင်ပန်းမာလ်တွေနဲ့ပတ်ဝန်းကျင်တစ်ခုလုံး ဟာ သန့်ရှင်းစိမ်းစို လတ်ဆတ်နေတယ် ။ မိုးရေစိုထားတဲ့ငှက်ကလေးတွေလည်း… ထွက်လာတဲ့ နေရောင်နွေးနွေးလေးအောက်မှာ သူတို့ရဲ့  အမွေးအတောင်တွေလေးတွေကို တဖြန့်ဖြန့်တခါတခါနဲ့… နေစာလှုံရင်းတေးဆိုနေကြတယ် ။ မိုးရေစက်တချို့ကတော့ သစ်ရွက်ထိပ်ဖျားလေးတွေမှာ လှုပ်လှီလှုပ်လှဲ့နဲ့ တွဲလွဲခိုလို့ ။လေတချက်အဝှေ့ မှာ သစ်ရွက်ဖျားက ငွေရောင်ရေစက် ရေပေါက်ကလေးတွေဟာ မိုးတပြိုက်လောက် ရွာချလိုက်သလို မြေပြင်ဆီကို အလုအယက်ခုန်ဆင်းလာကြတယ် ။ မိုးရေနဲ့နူးနေတဲ့ မြေပွပွလေးပေါ်ကို ဖိနပ်မပါပဲ နင်းလျှောက်မိတော့ ခုလို မိုးဦးကျစ မြေဆီလွှာ ပျော့ပြောင်းချိန်မှာ အိမ်နောက်ဖေး ခြံထဲဆင်းပြီး ဖွားဖွားကြီးနဲ့အတူ သီးပင်စားပင်ကလေးတွေ...

Read more »

နီဇူလိုင်-ကျောင်းသားသမဂ္ဂအဆောက်အဦကို ဘာကြောင့် အလောတကြီး တည်ဆောက်ချင်နေရတာလဲ

July 11, 2017
နီဇူလိုင်-ကျောင်းသားသမဂ္ဂအဆောက်အဦကို ဘာကြောင့် အလောတကြီး တည်ဆောက်ချင်နေရတာလဲ

ကျောင်းသားသမဂ္ဂအဆောက်အဦကို ဘာကြောင့် အလောတကြီး တည်ဆောက်ချင်နေရတာလဲ နီဇူလိုင် (မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၇          ၂၀၁၇  ဇူလိုင်(၇)ရက်..။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂအဆောက်အဦ ဟောင်း နေရာမှာ မျိုးဆက်အသီးသီးက ကျောင်းသားတွေ သွားရောက်စုရုံးကြပြီး (၅၅)နှစ်မြောက် ဆဲဗင်းဂျူလိုင် နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ကြတာကို သတင်းတွေထဲကနေ မြင်ရပါတယ်။          မိုးတဖွဲဖွဲ။ သမဂ္ဂရင်ပြင်ထဲက ကိုအောင်ကျော်ကျောက်တိုင်မှာ ခွပ်ဒေါင်းအလံလွှမ်းပြီး အလေးပြု နေကြတဲ့ နုနယ်ပျိုမြစ်တဲ့ဒီနေ့မျိုးဆက်ကျောင်းသားကျောင်းသူတွေမြင်လိုက်ရတော့ လွန်ခဲ့တဲ့ နှစ်ငါးဆယ် ကျော်က စစ်အာဏာရှင် ဗိုလ်နေဝင်းနဲ့အပေါင်းပါတွေရဲ့ လက်ချက်နဲ့ကျောင်းသားတွေ သွေးမြေကျခဲ့ သေ ဆုံးခဲ့ရတဲ့ ဇူလိုင်(၇)ဖြစ်ရပ်ကို မျိုးဆက်သစ်တွေဟာ မေ့မပစ်ကြဘူး။ သိနေကြတယ်။ သမိုင်းဝင်ကျောင်း သားသမဂ္ဂအဆောက်အဦကြီးကို ...

Read more »

နီဇူလိုင် -သမဂ္ဂါနံ တပေါ သုခေါ

July 7, 2017
နီဇူလိုင် -သမဂ္ဂါနံ တပေါ သုခေါ

သမဂ္ဂါနံ တပေါ သုခေါ နီဇူလိုင် (မိုးမခ) ဇူလိုင် ၇၊ ၂၀၁၇ သမဂ္ဂမဖြစ်သမျှ မိုးပျံတဲ့နတ်ဘုံနတ်နန်းကြီးပဲဖြစ်ဖြစ် ပျော်ပျော်ပါးပါးကြီးပဲ..အုတ်မြစ်ချချ အဓမ္မေနသမဂ္ဂ ။ ။ နီဇူလိုင်      ၆.၇.၂၀၁၇ No tags for this post.

Read more »

နီဂျူလိုင် – “သမိုင်းဆိုတာ…အ…အောင် သင်နေကြတာလား”

June 10, 2017
နီဂျူလိုင် – “သမိုင်းဆိုတာ…အ…အောင် သင်နေကြတာလား”

  နီဂျူလိုင် – “သမိုင်းဆိုတာ…အ…အောင် သင်နေကြတာလား” (မိုးမခ) ဇွန် ၁၀၊ ၂၀၁၇ နိုင်ငံတနိုင်ငံမှာ ပညာရေးရဲ့  အခြေခံအုတ်မြစ်ဖြစ်တဲ့ အခြေခံပညာကျောင်းတွေမှာ ပြဌာန်းထားတဲ့ ကျောင်းသုံးစာအုပ်တွေကို ကြည့်လိုက်ရင် ဒီအစိုးရဟာ ဘယ်လိုအစိုးရမျိုးလဲ။ ဘယ်လိုပညာရေးစနစ်မျိုးကို အကောင်အထည်ဖော် ဆောင်ရွက်နေတာလဲ။ အနာဂတ်မှာ တိုင်းပြည့်တာဝန်တွေကို ပခုံးပြောင်းထမ်းယူရမယ့် ကျောင်းသူကျောင်းသားတွေကိုဘယ်လို အမျှော်အမြင်တွေနဲ့ ပြုစုပျိုးထောင်နေသလဲ ဆိုတာတွေကို မှန်းဆနိုင်ပါတယ်။ လွတ်လပ်ရေးရကာစ ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက်မှာ မြန်မာ့ပညာရေးစနစ်ရဲ့ အခြေခံပညာကျောင်းတွေမှာ ပြဌာန်းထားတဲ့ ကျောင်းသုံးစာအုပ်တွေကိုကြည့်ရင်လည်း ဒီမိုကရေစီအလေ့အထတွေ ရှင်သန် ပွါးများဖို့ ရည်ရွယ်ချက်နဲ့ ပြုစုထားတဲ့ပြဌာန်းစာအုပ်တွေကို တွေ့ရတာမို့ အစိုးရဟာ ဘယ်စနစ် ဘယ်မူဝါဒတွေနဲ့ နိုင်ငံကို တည်ဆောက်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။ ၁၉၆၂ခု ပါလီမန်ဒီမိုကရေစီအစိုးရကို ဗိုလ်နေ၀င်းစစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်ခဲ့တဲ့...

Read more »

နီဇူလိုင် – ပုံပြင်အသစ်ပြောပါမေမေ

May 10, 2017
နီဇူလိုင် – ပုံပြင်အသစ်ပြောပါမေမေ

    နီဇူလိုင် – ပုံပြင်အသစ်ပြောပါမေမေ (မိုးမခ) မေ ၁၀၊ ၂၀၁၇ မေမေ မေမေပဲ ပြောတော့ ပုံပြင်အဆုံးမှာ လူကောင်းတွေပဲ နိုင်ရမယ်ဆို…။ မေမေ့ပုံပြင် မဆုံးသေးဘူးလား…။ ခုထိ လူဆိုးတွေက ဆိုးလို့ကောင်းတုန်း ခိုးလို့ကောင်းတုန်း အနိုင်ကျင့်လို့ကောင်းတုန်း..။ သူတို့ ဘယ်တော့ရှုံးမှာလည်းမေမေ..။ သမီးတော့ မတရားမှုတွေအဆုံးမသတ်နိုင်သေးတဲ့ ဒီပုံပြင်ကို မုန်းတယ်..။ ပုံပြင်အသစ်ပြောပါမေမေ..။ ။ (၉.၅.၂၀၁၇) No tags for this post.

Read more »

နီဇူလိုင် – “အို..လွမ်းဖွယ်”

May 1, 2017
နီဇူလိုင် – “အို..လွမ်းဖွယ်”

  နီဇူလိုင် – “အို..လွမ်းဖွယ်” (မိုးမခ) မေ ၁၊ ၂၀၁၇ “… ငါက ဗိုလ်အောင်ဒင် နင်က.. ဒါကို မမြင် …”တကယ်တော့ … မိချောဟာ ဗိုလ်အောင်ဒင်ကို ဗိုလ်အောင်ဒင်လို မမြင်ခဲ့ရာက ဒီဇာတ်လမ်းဟာ စခဲ့တာ။ “… မိချောရေ … မိချောရေ … မုန့်လုံး …” ခုတော့ မိချောခမျာ မုန့်လုံးစက္ကူ ကပ်လို့။ ဗိုလ်အောင်ဒင်က “ကောင်မလေးကို ငါ့ဆီထားခဲ့” တဲ့။ သီချင်းနှစ်ပုဒ် အဆုံးမှာ ကိုယ်တို့ဟာ မိချောကို ဗိုလ်အောင်ဒင်ဆီ ထားခဲ့ရပါတယ်။ ။ နီဇူလိုင် ၃၀၊ ၄၊ ၁၇ No tags for this post.

Read more »

နီဇူလိုင် – “ငြိမ်းချမ်းရေး”

January 24, 2017
နီဇူလိုင် – “ငြိမ်းချမ်းရေး”

နီဇူလိုင် – “ငြိမ်းချမ်းရေး” (မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၇ ရေပါတာပဲလိုချင်ခဲ့တဲ့နေ့တွေမှာ ရေဘူးပေါက်ကြီးတွေနဲ့ပဲ ခပ်.. ခပ်နေခဲ့ကြရတော့ သူ့ခမျာ ခေတ်နဲ့ချီ… ခမ်းခြောက်ခဲ့..။ အခုအထိ အိတ်ပေါက်ကြီးထဲပဲ .. ကောက်.. ကောက်ထည့်ခံနေရတော့ ထွက်.. ထွက်ကျ ဒလိမ့် ခေါက်ကွေး..။ သူ့ခမျာ … ခေတ်နဲ့ချီ.. အဖတ်ဆယ်မရသေး. . . ။     ။. No tags for this post.

Read more »

နီဇူလိုင် – “အစိမ်းရောင်ပါး စန္ဒယားတီးခြင်း”

October 25, 2016
နီဇူလိုင် – “အစိမ်းရောင်ပါး စန္ဒယားတီးခြင်း”

နီဇူလိုင် – “အစိမ်းရောင်ပါး စန္ဒယားတီးခြင်း” (မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၆ ပန်းချီကားထဲမှာ အနီရောင်က ဆုံးဖြတ်လိုက်တယ်..။ အစိမ်းရောင်တွေဟာ. နယ်ချဲ့လွန်းတယ် နေရာတကာ အစိမ်းရောင်တွေနဲ့ပဲ မဲမဲလှုပ်နေတယ်.. တခြားအရောင်တွေကို ဒုက္ခပေးလွန်းတယ်..။ အနိုင်ကျင့်လွန်းတယ်..။ ဒီတော့. အစိမ်းရောင်တွေ. သူ့နေရာသူ ပြန်သွားဖို့ အစိမ်းရောင်တွေ အစိမ်းရောင်စစ်စစ်ပြန်ဖြစ်ဖို့ အစိမ်းရောင်တွေ လိမ္မာယဉ်ပါးသွားဖို့ စန္ဒယားတီးပြရမယ်..။ ဒါနဲ့ အနီရောင်ဟာ စန္ဒယားတီးရင်း တီးရင်း… တီးရင်း… သူကိုယ်တိုင်တောင် အစိမ်းရောင်ဖြစ်သွားရှာတယ်..။ အော်… အနီရောင်ဟာ အစိမ်းရောင်ပါး..စန္ဒယားတီးပြမိတာကိုး..။ ၂၄.၁၀.၁၆ Tags: နီဇူလိုင်

Read more »

နီဇူလိုင် ● အရောင်နဲ့ အလှ

September 6, 2016
နီဇူလိုင် ● အရောင်နဲ့ အလှ

 နီဇူလိုင် ● အရောင်နဲ့ အလှ   (မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၆ အရောင်နဲ့ အလှ လူကလေးရေ ကြည့်လေ……။ တော၊ တောင် ၊ရေ၊ မြေ။ တောဆိုလည်း၊ တောအရောင် တောင်ဆိုလည်း၊ တောင်အရောင်နဲ့။ ပင်လယ်ပြာ မြစ်ပြင်ပြာ ၀ဲဂယက်ဖြာ ရောင်စုံတောက်ပ လှမှလှပဲလေ။ မြေပြင် အလုံးစုံမက သဘာဝနေရောင်ဝယ် ခုနစ်သွယ်ရောင်စဉ်ရှိတယ်။ လူလေးရင်ထဲကနှလုံးသား လှပစွာအရောင်များခြယ် လွတ်လပ်စွာ ခြယ်စမ်းကွယ်။ အရောင်အသွေးကင်းပျောက် မွဲခြောက်ခြောက်ဖြူလျော်လျော် ခပ်လျှော်လျှော် ဘ၀ထက်စာရင် နီချင်နီ၊ စိမ်းချင်စိမ်း။ နုချင်နု၊ ရင့်ချင်ရင့်။ အရောင်တိုင်းလှ အလှတိုင်းမှာ အရောင်ရှိတယ်။ နီဇူလိုင် ပန်းချီ မောင်ရဲမိုး၊ ၂၀၀၃ No tags for this post.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်