Ni Ni Mar

နီနီမာ – လည်လည်သွားမယ်..လာကြဟေ့ (၄)

January 17, 2015
နီနီမာ – လည်လည်သွားမယ်..လာကြဟေ့ (၄)

နီနီမာ – လည်လည်သွားမယ်..လာကြဟေ့ (၄) (မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၅ ရဟန္တာဂူက တာဝန်ကျဝန်ထမ်းကလေးက …ရှေ့ ကိုဆက်သွားရင်. .ဘောဘောကြီးဘုရား.. ကိုတွေ့ မယ်….။  တောထဲက မြင်ပါဟုဘုရားကို ဆက်သွားဖို့လဲ လမ်းကြောင်းတွေ ညွှန်တော့ညွှန်လိုက်တာပဲနော်..။ဒါပေမဲ့  မြင်ပါဟုဘုရားကတော့ .ရှေးကျပြီး နတ်ဒေ၀တာတွေတည်ခဲ့ တာမို့   ဂမ္ဘီရဆန်ပြီး..ဖူးချင်တိုင်း ဖူးခွင့် မကြုံတတ်ဖူးလို့ ပြောသံကြားဖူးတယ်..။“ပျိုလေးတွေ ရင်ကိုထု..မြင်ပါဟု ကပြန်ခဲ့ တယ်..” ဆိုတဲ့ စာချိုးတောင်ရှိသတဲ့ ..။မြင်ပါဟုဘုရားကို သွားရင်း တောထဲမှာမျက်စိလည်လမ်းမှားတတ်လွန်းလို့..ပျိုလေးတွေ ခမျာ မောပန်းပြီး ရင်ဘတ်ကိုတောင် ထုထုနေရတယ် ..ဆိုတဲ့သဘောလို့  လူကြီးသူမတွေ ပြောတာကြားဖူးတာပဲ..။.ဒီတခါတော့  ရင်ကိုထုချင်ထုရပါစေ..။ ကလေးတို့နဲ့အတူတူ မြင်ပါဟု ဘုရားကိုဖူးလိုက်ချင်သေးတယ်ကွယ်..။ ဒါပေမဲ့    ရှေးကျပြီး  နတ်ဒေ၀တာတွေ တည်ခဲ့ တယ်လို့ ...

Read more »

နီနီမာ – လည်လည်သွားမယ်..လာကြဟေ့ (၃)

January 15, 2015
နီနီမာ – လည်လည်သွားမယ်..လာကြဟေ့ (၃)

နီနီမာ – လည်လည်သွားမယ်..လာကြဟေ့ (၃) (မိုးမခ) ဇန်န၀ါရီ ၁၅၊ ၂၀၁၅ ပျူသင်္ချိုင်းတွေက  ထွက်လာခဲ့ ပြီ..။  နောက်ထပ်တွေ့ရတာကတော့  ရဟန္တာဂူဘုရားနဲ့  ရဟန္တာကန်တော်တဲ..။ရဟန္တာကန်တော်က  ရှေ့ဟောင်းကန်တခုဖြစ်ပြီး  အောက်ခြေမှာ ရစ်ခွေတွယ်ပတ်တတ်တဲ့  နွယ်ရှင်တွေ  ရှိတယ်လို့  လုံခြုံရေးဝန်ထမ်းကလေးက  ပြောပြတယ်…။ရဟန္တာကန်တော်ကနေ လှမ်းမျှော်ကြည့်လိုက်တော့ ဟိုးခပ်ဝေးဝေးက  ဘောဘောကြီး  ဘုရားကြီိးကို  ကြည်ညိုဖွယ်ရာ  လှမ်းဖူးရတယ်..။ ဒီမှာဘက်မှာတော့  အ၀င်မုခ်ပေါက်သုံးဖက်ပါတဲ့   ရဟန္တာဂူဘုရားကို  တွေ့ ရတယ်..။အဆောက်အဦက ခပ်သေးသေးမို့ အထဲကို  ၀င်တော့  ခေါင်းငုံ့ ဝင်ရတယ်..။ အထဲမှာတော့  သရေခေတ္တရာမြို့ ဟောင်းဘက်ကို  မျက်နှာမူထားတဲ့  နံရံပေါ်မှာ တန်းလျှက် စံပါယ်နေတဲ့  ရုပ်လုံးကြွ ဗုဒ္ဒဆင်းတုတော် ခုနစ်ဆူကို  ကျဉ်းကျဉ်းကျပ်ကျပ်  ဖူးတွေ...

Read more »

လေးသန်းကြီးနဲ့ စကားပြောခြင်း (၂)

March 11, 2014
လေးသန်းကြီးနဲ့ စကားပြောခြင်း (၂)

နီနီမာ မတ်လ ၁၁၊ ၂၀၁၄ ပေါင်းတည်မြို့ထဲကို  ရောက်တော့..မြို့လည်ခေါင်ဈေးကြီးနဲ့ဘုရားကြီးရှေ့ မှာ  မီးပွိုင့်ကြီးတခုလုပ်နေတာကို  တွေ့တယ်။ လေးသန်းကြီး တို့ တိုက်တန်းလျားကြီးရဲ့ ရှေ့ ဖက်နားမှာပေါ့။ အဲဒါနဲ့ ရောက်တုန်း လေးသန်းကြီးနဲ့ စကားဝင်ပြောဦးမှပါပဲလေလို့ စိတ်ကူးရတယ်။ ဒီ တခါတော့ လေးသန်းကြီးကိုတွေ့ရတာ  ခါတိုင်းလို  လန်းလန်းဆန်းဆန်း မရှိဘူး။ ကျမက လေးသန်းကြီးတို့ အိမ်ကနေလှမ်းမြင်ရတဲ့ မီးပွိုင့် ကြီးကိုကြည့်ရင်း..စကားစမိတယ်..။     (ဓါတ်ပုံ – Tin  Htay)   “ကျမတို့မြို့လဲ မီးပွိုင့်တွေ ဘာတွေနဲ့ဖြစ်သွားပြီနော် လေးသန်းကြီး။ မော်တော်ဆိုင်ကယ်ကို ဦးထုပ်မဆောင်းပဲ စီးတဲ့သူတွေလဲ နဲတော့ သွားပြီနော်။ မော်တော်ဆိုင်ကယ်ဦးထုပ် ဖမ်းတဲ့စီမံချက်ကိုတော့ ကျမသဘောကျပါတယ်။ မော်တော်ဆိုင်ကယ်စီးရင်း မတော်တဆ ထိ ခိုက်မှုရှိရင် ခေါင်းကိုအရင်ထိပြီး...

Read more »

ကြုံရ ဘုံဘ၀(၃) – Ni Ni Mar

October 26, 2013
ကြုံရ ဘုံဘ၀(၃) – Ni Ni Mar

ကြုံရ ဘုံဘ၀(၃) နီနီမာ၊ အောက်တိုဘာ ၂၆၊ ၂၀၁၃  (သူ့ဖေစ့်ဘွတ်က ယူပါတယ်)                     နောက်တနေ့       ၂၀၀၇  အောက်တိုဘာ (၁၇)ရက် .. မနက်  အာရုံတက်ပါပြီ..။  မှုံပျပျ  အလင်းရောင်လေး အောက်မှာ ကျမတို့  အချုပ်ခန်းနဲ့  ကပ်ရပ် ကွက်လပ်မှာ  ရဲတပ်သားတွေ အတုံးအရုံး အိပ်နေကြတာကို မြင်ရတယ်.။ခဏကြာတော့  ရဲ တယောက်က  သူတို့ကို လာနှိုးတယ်..။နှိုးပုံလေးက  သင်းပါတယ်..။အဆဲအဆို လေးတွေ နဲ့ ပါ..။ဖေဖေ  ပြောဖူးတဲ့   စကားတခွန်းကို  သွားသတိရပါတယ်..။သူတို့ (၉၀ )ပြည့်နှစ် ပြည်သူ့ကိုယ်စားလှယ်တွေ  ကို   ပေါင်းတည်နားက တပ်မ(၆၆)  အင်းမစစ်တပ်ကို  ခဏခဏ ခေါ်ထားတဲ့  အချိန်တုံးက  အကြောင်းလေးပါ..။ကိုယ့်အိမ်ကိုယ့်ယာ မဟုတ်တာတွေ အစားအနေ...

Read more »

Ni Ni Mar – Living Days of Life (2)

October 19, 2013
Ni Ni Mar – Living Days of Life (2)

ကြုံရ ဘုံဘ၀ (၂) နီနီမာ၊ အောက်တိုဘာ ၁၉ ၊ ၂၀၁၃  (သူ့ဖေ့စ်ဘွတ်က ကူးယူဖော်ပြပါတယ်)             အဲဒီညက  ကျမတို့ကို လာခေါ်တော့ အမျိုးသမီး ရဲဝန်ထမ်း တဦးပါပါတယ်…။အိမ်ကအထွက် ကားပေါ်တက် ကတည်းက    သူအခုလို  ကျမတို့ကို ခေါ်ဖို့ လိုက်လာရတာကို  နားလည်ပေးဖို့ ပြောပါတယ်..။ ကားမောင်းတဲ့  သူကလည်း  သူငယ်ချင်းတယောက်ပါ..။သူက  ကားပိုင်ရှင်ပါ..။ချောဆွဲလို့  လိုက်လာရတာမို့  မျက်နှာပူ နေပုံပါ..။ဒါမျိုး အတွေ့ အကြုံတွေကတော့  ကျမတို့ မိသားစုအတွက်  ရိုးနေပါပြီ..။ ဖေဖေ့ကို  ထောက်လှမ်းရေးတွေက လာ လာခေါ်တဲ့   အခါတွေမှာလည်း မြို့ ထဲက  သူတို့နဲ့   မကင်းနိုင်ကြတဲ့   လုပ်ငန်းရှင်တွေ ရဲ့  ကားတွေကို...

Read more »

Living Days of Life (1) – Ni Ni Mar

October 17, 2013
Living Days of Life (1) – Ni Ni Mar

ကြုံ ရဘုံဘ၀ (၁) နီနီမာ၊ အောက်တိုဘာ ၁၈၊ ၂၀၁၃ (သူ့ဖေစ်ဘွတ်က ယူပါတယ်၊ ခွင့်မတောင်းမိပါ)           ၂၀၀၇   အောက်တိုဘာ (၁၆)ရက်..။ညမှောင်လာပြီ..။တအိမ်လုံး.တိတ်ဆိတ်စွာ..။တအိမ်လုံး ဆိုလို့   အိမ်သားက    လေးယောက်သာ..။အသက်၇၀ကျော် ဖေဖေ..။  ကျမတို့  လင်မယားနှစ်ယောက်..။ပြီးတော့ ၆တန်းကျောင်းသား သားလေး..။တနေ့ လုံး ဖေဖေနဲ့  ခင်ပွန်းအတွက် လိုမယ် ထင်တဲ့  ပစ္စည်းတွေနဲ့  ဆေးဝါးတွေ..ကိုအသင့် ပြင်ဆင်ထားတယ်..။တကယ်တော့  ဒီကိစ္စဖြစ်သွားချိန်မှာ ဖေဖေက အိပ်ယာတောင် မနိုးသေး..။ဒါပေမဲ့  ဖေဖေက   “ဘာပဲဖြစ်ဖြစ်   ဒါက  နိုင်ငံရေးနဲ့  ဆိုင်တယ်..။ငါက  နိုင်ငံရေးသမား..။ဒီတော့ ခေါ်စရာရှိရင် ငါ့ကို ပဲ ခေါ်ပစေ….”  လို့    ဇွတ်ပြောနေတယ်..။ဒါကလည်း သားမက်နဲ...

Read more »

No place to trust – Ni Ni Mar

October 5, 2013
No place to trust – Ni Ni Mar

( Daw Myint Myint Aye) (Daw Naw Ohn Hla, photo – Asian Fame Media Group) ယုံချင်ပါသော်လည်း…ယုံလို့ မရပါ နီနီမာ၊ အောက်တိုဘာ ၆၊ ၂၀၁၃ (သူ့ဖေ့စ်ဘွတ်က ယူပါတယ်။ ခွင့်မတောင်းဘဲ ဖော်ပြတာ ခွင့်လွှတ်ပါ)              စိတ်ထဲမှာ  ခုတလော   ပေါင်းတည်ထောင်ထဲက  အမျိုးသမီး အချုပ်ဆောင်ကလေးကို သတိရမိတယ်..။ အဲဒီ အချုပ်ဆောင်လေးထဲမှာ  . တနိုင်ငံလုံးက  လယ်ယာမြေ မတရားသိမ်းခံရတဲ့   လယ်သမားတွေကို  လိုက်ကူညီနေတဲ့   မိတ္ထီလာက  ဒေါ်မြင့်မြင့်အေး တို့ ရှိနေတယ်..။သူက..ဟိုး  မိတ္တီလာကနေ  ..လာပြီး  နတ္တလင်းနယ်က အဖိနှိပ်ခံ လယ်သိမ်းခံ  လယ်သမားတွေကို  ကူညီမှုကြောင့်   ပုဒ်မတွေ  ရှာကြံတပ်ခံရပြီး…အချုပ်ကျ ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်