မြန်မာပြည်တွင်း

Thargyi Maung Zeya – ငါတို့ရဲ့ လွမ်းဆွတ်ကြေကွဲသံ (ဇော်သက်ထွေး)

March 15, 2012
Thargyi Maung Zeya – ငါတို့ရဲ့ လွမ်းဆွတ်ကြေကွဲသံ (ဇော်သက်ထွေး)

 သီပေါကပြန်ခဲ့တယ်နဲ့ အခန်းဆက်များ (၃) သားကြီးမောင်ဇေယျ၊ မတ် ၁၅၊ ၂၀၁၂ ငါတို့ရဲ့ လွမ်းဆွတ်ကြေကွဲသံ (ဇော်သက်ထွေး) သို့ ကိုရစ် မနေ့ က နယ်စည်းမခြား အရက်သမားများအဖွဲ့ လို့ နာမည်ထင်ရှားတဲ့ အုပ်စုနဲ့တွေ့ပါတယ်။ ကိုဟန်းမြတ်ဇော် အိမ်မှာပါ။ ကိုဥက္ကာ ၊ ကိုမော်သန်း ၊ကိုတိုးလွင်၊ လင်းထိတ်သျှင်၊ တို့ကိုတွေ့တယ်။ ခါတိုင်းတွေ့နေကျ မြင့်သန်းကိုမတွေ့ရတော့ စိတ်မကောင်းဘူး၊ သူ့အကြောင်း တော်တော်များများပြောဖြစ်ကြတယ်။  ကဗျာဆရာအမည်ခံ၊ ဒါရိုက်တာအမည်ခံ၊ အနုပညာသမားအမည်ခံ၊ နိုင်ငံရေးသမားအမည်ခံပြီး ငွေအပွကြံသူတွေ ရှေ့တန်းရောက်လာတဲ့ အကြောင်းပြောတာ နားထောင်လာခဲ့ရတယ်။ နောက်ပြီး ရှေ့ဆက်ပြီး အဲဒီလူတွေနဲ့ ဝေးဝေး ရှောင်ဖို့ လည်းကျနော့်ကိုသတိပေးကြတယ်။ ရင်ဖွင့်ကြတယ်။ အထူးသဖြင့် ကဗျာ၊ သီချင်း၊ ပန်းချီ (နာဂစ်) အုပ်စုကလေးရဲ့ နာမည်ကိုသုံးပြီး...

Read more »

လက်ဆင့်ကမ်း ဒါနပွဲ

March 14, 2012
လက်ဆင့်ကမ်း ဒါနပွဲ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) မတ်လ ၁၄၊ ၂၀၁၂   နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် နေ့စဉ် နေ့တဓူဝ ကူညီပေးဆပ်ဖေးမမှုများ စဉ်ဆက်မပြတ်ရှိနေသလို လူ့သားချင်းစာနာသော မွန်မြတ် သည့်စိတ်ထားများဖြင့် လာရောက်လှူဒါန်းမှုများသည်လည်း စဉ်ဆက်မပြတ် ရှိနေခဲ့ပါသည်။ နေ့စဉ်လာရောက်၍ အလှူငွေများလှူဒါန်းကြသော အလှူရှင်များသည် သေဆုံးသူအားရည်စူး၍လည်းကောင်း၊ မွေးနေ့အလှူဒါနအဖြစ် လည်းကောင်း၊ သူငယ်ချင်းများတို့မှ စုပေါင်း၍လည်းကောင်း၊ လစဉ်လတိုင်းလှူဒါန်း၍လည်းကောင်း၊ မိခင် ဖခင်တို့အား အမှူးထား/ရည်စူး ၍ လှူဒါန်းခြင်းတို့အပြင် သုခဆေးခန်းအတွက် လိုအပ်သောဆေးဝါးများ၊ ဆေးခန်းသုံးပစ္စည်းကိရိယာများ၊ ပညာဒါနအဖြစ် သုခအလင်း စာကြည့်တိုက်အတွက် စာအုပ်စာပေများ လာရောက်၍ လှူဒါန်းခဲ့ကြသည်။ နာရေးကူညီမှုအတွက် အလှူငွေအပြင် အလှူမီနီယမ်အခေါင်းဖုံး၊ မှန်ခေါင်း၊ စတီးဗန်းစသဖြင့် ပံ့ပိုးကူညီ လှူဒါန်းခဲ့ကြသည့်အပြင် သဘာဝဘေးကြောင့် ဒုက္ခရောက်နေသော ပြည်သူလူထုတို့အတွက် အဝတ်အထည်၊...

Read more »

လက်တော့ပ်ကိုင်မည့် မျိုးဆက်သစ်များ

March 12, 2012
လက်တော့ပ်ကိုင်မည့် မျိုးဆက်သစ်များ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) မတ်လ ၁၂၊ ၂၀၁၂ “ပညာရေးနှင့်ပတ်သက်ပြန်တော့လည်း ကျွန်တော်နားမလည်။ မတတ်ကျွမ်း။ မဆလခေတ်တွင် ကြီးပြင်းလာသူတစ်ယောက်အနေဖြင့် ပညာရေးဆုံးရှုံးမှုများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။ ပညာရေးအစမ်းသပ်ခံလူသားတစ်ဦးဖြစ်ခဲ့ရသည်။ ပညာရေးနှင့်ပတ် သက်၍ နောက်ဆုံးနှစ်ရူပဗေဒနှင့် ကျောင်းထွက်ခဲ့သည်။ ဘွဲ့ထူးဂုဏ်ထူးများလည်းမရ။ အဂ္ဂမဟာဘွဲ့၊ သရေစည်သူဘွဲ့တွေဆိုရင် ဝေးရော ပေါ့။ ပညာရေးကို အဲဒီလို ကျွန်တော်မုန်းခဲ့။ စိမ်းကားခဲ့သည်” ဟု ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင် ဆောင်းပါးတွင် ရေးသားခဲ့ဖူးပါသည်။ သမ္မတကြီးဦးသိန်းစိန်၏တစ်နှစ်ပြည့် နှုတ်ခွန်းဆက်မိန့်ခွန်းတွင် တက္ကသိုလ်တွေ စာသင်ကျောင်းတွေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့ နေရာမှာ ခေတ်စနစ်နှင့်ညီတဲ့သင်ရိုးညွှန်းတန်းတွေကိုသာမကစီမံခန့်ခွဲမှု၊ ပြုပြင်ပြောင်းလဲရေးကိုပါ ဒွန်တွဲဆောင်ရွက်နေကြောင်း၊ စာသင် ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များတွင် သမားရိုးကျ စာကြည့်တိုက်များအပြင် နိုင်ငံတကာအဆင့်မြင့် တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက် ထားသော အွန်လိုင်းစာကြည့်တိုက်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊...

Read more »

ဥက္ကာပျံလိုလူစား

March 11, 2012
ဥက္ကာပျံလိုလူစား

ဇူးဇူး (နာရေးကူညီမှုအသင်း – ရန်ကုန်) မတ်လ ၁၁၊ ၂၀၁၂ “ဘယ်သူ့ကိုမှ အားမကိုးဘူး။ သူကိုယ်တိုင်လောင်ကျွမ်းခံပြီးမှ ပျံသန်းတဲ့ လူသားမျိုးတွေ၊ ဥက္ကာပျံလိုလူစားမျိုးတွေ” ဟု နာရေးကူညီမှု အသင်း (ရန်ကုန်) မှ အသင်းသား/သူများအား ဒေါက်တာထွန်းလွင် (မိုး/ဇလ) မှ ဂုဏ်ပြုချီးမွှမ်းသောစကားဖြစ်သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) မြောက်ဒဂုံရုံးချုပ်တွင် မြန်မာစာပေဟောပြောပွဲအဖြစ် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှစတင်၍ လစဉ်လတိုင်း ကျင်းပပြုလုပ်ခဲ့ရာ နဝမအကြိမ်မြောက်အဖြစ် ဒေါက်တာထွန်းလွင် (မိုး/ဇလ) မှဟောပြောခဲ့ရာ မိမိသည် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏အကြောင်းအား ကြားသိခဲ့သည်မှာကြာပြီဖြစ်ကြောင်း၊ ဆရာကြီးဦးသုခ လက်ထက်အချိန်၌ အကယ်ဒမီ ကိုကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှအစ အခြားသောပုဂ္ဂိုလ်များ လုပ်ကိုင်စဉ်ကတည်းက အသင်း၏အကြောင်းအား အဝေးမှသာ ကြား သိခဲ့ရခြင်းဖြစ်သော်ငြားလည်း...

Read more »

အလှူတော်မင်္ဂလာ ပြည်ခရီးစဉ်

March 11, 2012
အလှူတော်မင်္ဂလာ ပြည်ခရီးစဉ်

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) မတ်လ ၁၁၊ ၂၀၁၂ ပြည်မြို့၊ ရွှေပေါက်ပင်တောရကျောင်းတိုက်ရှိ “ရွှေရန်ပြေဘုရား” ဗုဒ္ဓပူဇနိယပွဲတော်၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲ၊ မြတ်စွယ်တော်အပူဇော်ခံပွဲ၊ သစ်သီဆွမ်းကပ်လှူပူဇော်ပွဲ၊ စုပေါင်းရဟန်းခံရှင်ပြုပွဲ၊ မယ် သီလရှင်ဝတ်ပွဲ၊ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်တို့ကို ၁.၃.၂၀၁၂ မှ ၇.၃.၂၀၁၂ အထိ (၇) ရက်တိုင်တိုင် ကျင်းပပြုလုပ်သော အလှူတော်မင်္ဂလာပွဲတော်ကြီးသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် အသင်းသား/သူများတို့သည် ၆.၃.၂၀၁၂ နံနက် (၇း၀၀) နာရီအချိန်တွင် “ရွှေစင်စင်္ကြာ” ခရီးသွားအထူးယာဉ်ကြီးဖြင့် စတင်ထွက်ခွာခဲ့သည်။ ပြည်မြို့၊ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် ဆိုဒ်ရောက်ရှိခဲ့ပြီး ခေတ္တခဏအနားယူကြပြီး ညနေပိုင်း တွင် ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီးတို့မှ...

Read more »

Thargyi Maung Zeya – လွတ်လပ်ငြိမ်းချမ်း ပန်းချီပြပွဲသို့ အရောက် …

March 10, 2012
Thargyi Maung Zeya – လွတ်လပ်ငြိမ်းချမ်း ပန်းချီပြပွဲသို့ အရောက် …

သီပေါက ပြန်ခဲ့တယ် နဲ့ အခန်းဆက်များ သားကြီးမောင်ဇေယျ၊ မတ် ၁၀၊ ၂၀၁၂ လွတ်လပ်ငြိမ်းချမ်း ပန်းချီပြပွဲသို့ အရောက် … သို့ ကိုရစ် ကျနော် အခုပဲ လွတ်လပ်ငြိမ်းချမ်းပန်းချီပြပွဲ ကပြန်ခဲ့တယ်။ မနေ့မတည်းက သားတော်မောင်က ဒီပန်းချီပြပွဲကို ၉း၀၀ နာရီ အရောက်သွားရမယ် လို့ ထပ်ခါ ထပ်ခါ သတိပေး နေတာကြောင့် မနက်စောစောထ အိမ်အလုပ်တွေ စောစော ပြီးအောင်လုပ်ပြီးသွားဖို့ပြင်ပါတယ်။ သမီးကလည်း တက်တက်ကြွကြွနဲ့ စောစောထပြီး သွားဖို့ ပြင်ဆင်ပါတယ်။ သားရဲ့ သူငယ်ချင်းက အိမ်မှာ ညကတည်းလာအိပ်နေတာပါ။ ကျနော်တို့ ပြပွဲကျင်းပရာ ပန်းဆိုးတန်းလမ်း  အထက်ဘလောက်မှာရှိတဲ့ စာပေလောက စာအုပ်ဆိုင်ကို ၉း၀၀ နာရီ မထိုးခင်ရောက်ပါတယ်။ လူတွေ တော်တော်များနေပြီ။ ခန်းလုံးပြည့်...

Read more »

Thargyi Maung Zeya – သီပေါက ပြန်ခဲ့တယ် နဲ့ အခန်းဆက်များ

March 6, 2012
Thargyi Maung Zeya – သီပေါက ပြန်ခဲ့တယ် နဲ့ အခန်းဆက်များ

သီပေါက ပြန်ခဲ့တယ် နဲ့ အခန်းဆက်များ သားကြီးမောင်ဇေယျ။ မတ် ၆၊ ၂၀၁၂ သို့ ကိုရစ်ရေ … ရက်စွဲ ၂၉ ဇန်န၀ါရီ၊ ၂၀၁၂ ကျနော် သစ်ခုတ်လုပ်သားတွေဟာ ဘိန်းကြွေးစေခိုင်းခံရပြီး တရားမ၀င်သစ်တွေကို … မနက်အိပ်ရာထတော့ ၆ နာရီထိုးနေပါပြီ။ အ၀တ်အစားလဲပြီးတာနဲ့ အပြင်ထွက်ဖို့ ပြင်ပါတော့တယ်။ ပထမ မေမေတို့အိမ်၊ ဒုတိယ ကိုခင်မောင်ဝင်းအမေ (ဗိုလ်စက်ရောင်ရဲ့ ဇနီး ဒေါ်ခင်ရီ (ခ) ဖွားမေ) နှစ်လည်၊ တတိယ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြုလုပ်တဲ့ နိုင်ကျဉ်း များ ဂုဏ်ပြုပွဲ၊ စတုထ္တ ဦးထင်ကျော်(ဆရာမင်းသုဝဏ်ရဲ့သား) အိမ်ကိုသွားဖို့ အစီအစဉ်ဆွဲလိုက်ပါတယ်။ နောက်မှ သတိရတာက လမ်းထိပ်လက်ဖက်ရည်ဆိုင်(ဖက်ဖူးရောင်) မှာ ကဗျာဆရာ ကိုမှိုင်း...

Read more »

မန်မာနိုင်ငံတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၂)

March 5, 2012
မန်မာနိုင်ငံတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၂)

သန်းဝင်းလှိုင် မတ်လ ၅၊ ၂၀၁၂ မြန်မာပြည်သူတို့၏ နိုင်ငံရေးနိုးကြားလာမှုကြောင့် နယ်ချဲ့ဗြိတိသျှတို့သည် တထစ်လျှော့၍ ၁၉၃၅ မြန်မာနိုင်ငံ စီရင် အုပ်ချုပ်မှုအက်ဥပဒေအရ (၉၁)ဌာနအုပ်ချုပ်ရေးကို ပေးခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခေါ် အမတ်များက အုပ်ချုပ်ရေးဌာနပေါင်း ၉၁ ဌာနကို စီမံအုပ်ချုပ် ခွင့်ရသောကြောင့် ၉၁ ဌာန အုပ်ချုပ်ရေးဟု ခေါ်ခဲ့သည်။ အုပ်ချုပ်ရေးအသစ်အရ လွှတ်တော်နှစ်ရပ်ထားရှိပြီး၊ အောက်လွှတ်တော်အတွက် အမတ် (၁၃၂) ယောက်နှင့် အထက်လွှတ်တော်အတွက် အမတ်(၃၆)ယောက် ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။ အောက်လွှတ်တော်အမတ် (၁၃၂) ယောက်ထဲတွင် နယ်များမှ ရွေးကောက် ရမည့် အမတ်ဦးရေ (၉၂) ဦး၊ ကရင်အမျိုးသား (၁၂) ဦး၊ အိန္ဒိယအမျိုးသား (၈) ဦး၊ အင်္ဂလိပ်-မြန်မာကပြား (၂) ဦး၊ ဥရောပတိုက်သား (၃)ဦး၊...

Read more »

ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်

March 5, 2012
ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) မတ်လ ၅၊ ၂၀၁၂   မတ်လ (၁) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က တာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြောကြားလိုက်သည့် မိန့်ခွန်းကို ကျွန်တော် ရေဒီယိုမှ နားမထောင်မိ၊ ရုပ်မြင်သံကြားမှ တိုက်ရိုက်လွှင့်မှုကိုလည်း မကြည့်ရှုမိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော ကျွန်တော်တို့ လူမှုရေးသမားများသည် အချိန်နှင့်တပြေးညီ နာရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ပြည်သူလူထုတို့၏ လိုအပ်ချက်၊ တောင်းဆိုချက် အကူအညီရလိုမှုတို့ကို နံနက်မှ ညအချိန် အိပ်စက်သည့်အချိန်ကာလအထိ ပေးဆပ်မှုတို့ကို နေ့တဓူဝ နားရက်မရှိ လုပ်ကိုင် ပေးဆပ်နေရ၍ ဖြစ်တော့သည်။ မတ်လ (၂)...

Read more »

မြန်မာနိုင်ငံတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၁)

March 4, 2012
မြန်မာနိုင်ငံတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၁)

သန်းဝင်းလှိုင် မတ်လ ၄၊ ၂၀၁၂ ဗြိတိသျှနယ်ချဲ့တို့ မြန်မာနိုင်ငံ စစ်ပွဲသုံးကြိမ်ဆင်နွှဲခဲ့ပြီးနောက် ၁၈၈၆ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင် (Lord Dufferin – 1826-1902) က “အင်ပိုင်ယာပြည့်ရှင် ဘုရင်မကြီး၏ အမိန့်အရ ယနေ့မှစ၍ ဘုရင်ခံနှင့်ဘုရင်ခံချုပ်တို့က သဘောအရ ခန့်ထားလိုက်သော အရာရှိများနှင့် ဆက်လက်အုပ်ချုပ်စေ” ဟူ၍ ကြေညာချက်ထုတ်ပြန်ခဲ့လေသည်။ သို့သော် သူ့ကျွန်ဘ၀၌ မနေလိုသော ၀ံသာနုမျိုးချစ်ခေါင်းဆောင်တို့က ရရာလူသူလက်နက်စုဆောင်းပြီး ဆက်လက်တွန်းလှန်တိုက်ခိုက်ခဲ့သဖြင့် ကြေညာချက်ထုတ်ပြီး (၁၀) နှစ်တိုင်အောင် ယင်းတို့ထင်သလို အုပ်ချုပ်၍မရခဲ့ပေ။ ထို့နောက် အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာရေး၊ မြန်မာ့အနုပညာ၊ စာပေနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးတို့ကိုရည်ရွယ်၍ ရန်ကုန်မြို့ ၂၈ လမ်း၊ အမှတ် ၈၆...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်