မြန်မာပြည်တွင်း

ကိုဇော်(ကလေးမြို့ ) – ပြောရင်မောတယ် ပြေးရင်းနှေးတယ်

July 7, 2018
ကိုဇော်(ကလေးမြို့ ) – ပြောရင်မောတယ် ပြေးရင်းနှေးတယ်

ပြောရင်မောတယ် ပြေးရင်းနှေးတယ်  ကိုဇော်(ကလေးမြို့ ) (မိုးမခ) ဇူလိုင် ၇၊ ၂၀၁၈ ခလုတ်တိုက်မိရင် ကျောက်ခဲပဲ  ခေါင်းပေါ်ပြုတ်ကျရင် သစ်ကိုင်းပဲ  လေထဲလွင့်နေတဲ့ နှုတ်ခမ်းတွေ  တဒိုင်းဒိုင်းဝင်တိုက်နေတဲ့ ခေါ်သံတွေ  အိပ်မက်ထဲဝင်ဆွဲတဲ့ ခွေး  အိပ်ရာထဲဝင်စားတဲ့ ကျား  ရေခဲသေတ္တာထဲက အသား  အနာဂတ်ကို အမြန်ပြန်နွှေးထား  ဖျစ်ဖျစ်မြည်အောင်အရည်ပျော်ကျနေတဲ့စာသားတွေ  ကမ္ဘာဟာ  ပျော်စရာလည်းကောင်းပါတယ်  အေကေ ၄၇ ကိုင်ထားတဲ့စင်ယော်တကောင်ဟာလည်း  ခင်ဗျားမျက်ဝန်းတွေထဲ ဖြတ်ပျံသွားပါတယ်  သူ့ကိုယ်သူဖောက်သောက်နေတဲ့ကလေးတယောက်လည်း ခင်ဗျားဦးနှောက်ထဲ ဝင်ခွေသွားပါတယ်  အဲ့ဒီကလေးလည်း ဘယ်တော့မှမသေတော့ပါဘူး  ခင်ဗျားလည်းပြန်ရှင်မလာတော့ဘူး ။      ။  26.1.2018. No tags for this post. Related posts No related posts.

Read more »

K ငြိမ်းချမ်း – အနက်ရောင် ဆဲဗင်းဂျူလိုင်

July 7, 2018
K ငြိမ်းချမ်း – အနက်ရောင် ဆဲဗင်းဂျူလိုင်

မိုးမခ ဇူလိုင် ၂၀၁၈၊ သန်းဌေးမောင် K ငြိမ်းချမ်း – အနက်ရောင် ဆဲဗင်းဂျုလိုင် (မိုးမခ) ဇူလိုင် ၇၊ ၂၀၁၈ ဇူလိုင်လဟာ မိုးရေတွေကြားမှာ ဆွေးမြေ့စရာ၊ လွမ်းစရာကောင်းနေပါတယ်။ ဒီထက်ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ မြန်မာ့နိုင်ငံရေးသမိုင်းထဲမှာ ဇူလိုင်လဟာ ဒဏ်ရာဒဏ်ချက်များနဲ့ လွမ်းစရာကောင်းနေပါတယ်။ ဘာကြောင့် လွမ်းဆွေးစရာကောင်းသလဲဆို ၇ဇူလိုင်နဲ့ ၁၉ဇူလိုင်တို့ကို ဟောဒီ အမိမြန်မာနိုင်ငံတော်ကြီးမှာ မလိုချင်ဘဲ အာဏာရူးတို့ တဏှာမူးခဲ့ကြလို့ဆိုတာ နိုင်ငံသိဖြစ်ပါတယ်။ နယ်ချဲ့လက်အောက်က ဟောဒီနိုင်ငံတော်ကြီးကို အားနဲ့ဆယ် ယူဖို့ကြိုးစားနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အစိုးရ အဖွဲ့ကြီး တခုလုံးကို အတွင်းဝန်ရုံးထဲမှာ လုပ်ကြံသတ်ဖြတ်ခဲ့ကြတဲ့ ဇူလိုင် ၁၉ရက်ဟာ မြန်မာ့ပြက္ခဒိန်ထဲမှာ ပြည်သူလူ ထုစိတ်ထဲမှာ မင်နီခြစ်ထားခဲ့ရတဲ့နေ့တနေ့ဖြစ်ခဲ့လို့ပါပဲ။ တိုင်းပြည်ရဲ့သူရဲကောင်းတွေကို ရက်ရက်စက် စက်လုပ်ကြံသတ် ဖြတ်ခံလိုက်ရတဲ့ အာဇာနည်နေ့ဆိုတဲ့...

Read more »

စာအုပ်မိတ်ဆက်ပွဲနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ Yangon Book Plaza

July 7, 2018
စာအုပ်မိတ်ဆက်ပွဲနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ Yangon Book Plaza

စာအုပ်မိတ်ဆက်ပွဲနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ Yangon Book Plaza K  (မိုးမခ) ဇူလိုင် ၇၊ ၂၀၁၈ ဦးစိန်မြင့် (သတ္တုဦးစီး)ရေးသားတဲ့ သဘာဝဓာတ်ငွေ့ လောင်စာများနှင့် မိတ်ဆက်ခြင်း အမည်ရတဲ့စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားနဲ့အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ အစီအစဉ်တခုကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် သံဈေး ငါးလွှာရှိ Yangon Book Plaza မှာ ဇူလိုင်လ ၈ရက် နေ့လယ် ၁ နာရီမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ အဆိုပါ စာအုပ်မိတ်ဆက်ခြင်းအခမ်းအနားမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ပတ်သက်ပြီး ဟောပြောမယ့်သူများက တက္ကသိုလ် မိုးဝါ၊ ဒေါက်တာ ခင်မောင်ညို၊ ဦးစိန်မြင့် (သတ္တုဦးစီး) တို့ဖြစ်ပါတယ်။ အခမ်းအနားနဲ့ပတ်သက်ပြီး “မြို့ပြရဲ့ နေ့စဉ် လူနေမှူ ဘ၀မှာ သဘာဝဓာတ်ငွေ့ဆိုတာ မရှိမဖြစ် အရေးပါလျက်ရှိပါတယ်။...

Read more »

စာရေးဆရာမကြီး မကြန် အသက်(၁၀၀)ပြည့် ဂါရ၀ပွဲ စာပေဗိမာန်မှာ ပြုလုပ်မယ်

July 7, 2018
စာရေးဆရာမကြီး မကြန် အသက်(၁၀၀)ပြည့် ဂါရ၀ပွဲ စာပေဗိမာန်မှာ ပြုလုပ်မယ်

စာရေးဆရာမကြီး မကြန် အသက်(၁၀၀)ပြည့် ဂါရ၀ပွဲ စာပေဗိမာန်မှာ ပြုလုပ်မယ် K (မိုးမခ) ဇူလိုင် ၇၊ ၂၀၁၈ စာရေးဆရာမကြီး မကြန် အသက် ၁၀၀ပြည့်မွေးနေ့ပွဲနဲ့ဆရာမကြီးအား ဂါရ၀ပြုပွဲကို ဇူလိုင် ၇ရက်နေ့မှာ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ခန်းမမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ အဆိုပါပွဲကို ဆရာမကြီးအား လေးစားချစ်ခင်သူများက စီစဉ်ကျင်းပခြင်းဖြစ်ပြီး ဆရာမကြီးကိုဂုဏ်ပြုရည်ရွယ်ကာ ရာပြည့်သမိုင်းဒေ၀ီစာအုပ်ကိုလည်း ထုတ်ဝေဖြန့်ချိသွားမယ်လို့ သိရပါတယ်။ စာရေးဆရာမကြီး မကြန်ကို ရခိုင်ပြည်နယ်သံတွဲမြို့မှာ ၁၉၁၉ဇူလိုင် ၁ရက်တွင် အဖ-ဦးကျော်ထွန်း၊ အမိ ဒေါ်ငွေနှစ်တို့မှ မွေးဖွားခဲ့ပါတယ်။ ၁၉၅၆ခုနှစ်တွင် မြန်မာနိုင်ငံသမိုင်း ကော်မရှင်(နောင် သမိုင်းသုတေသနဦးစီးဌာန)မှာ ကျမ်းပြုအရာရှိအဖြစ် အမှုထမ်းရင်း သမိုင်းမဟာဝိဇ္ဇာတန်းကိုတက်ရောက်ခဲ့။၁၉၅၇ခုနှစ်မှ ၁၉၅၉ခုထိ နိုင်ငံသမိုင်းသုတေသနဦးစီးဌာနမှာ အကြီးတန်းသုတေသနမှူးအဖြစ် အမှုထမ်းစဉ် မြန်မာ့သမိုင်း အထောက်အထားများကူးယူစုဆောင်းရေး စီမံကိန်းအရ အင်္ဂလန်နိုင်ငံမှာ...

Read more »

ခိုင်မျိုး – ကျ​​နော် ​ဖြန့်​ချိ​ရေးသမား (အခန်းဆက်များ)

July 6, 2018
ခိုင်မျိုး – ကျ​​နော် ​ဖြန့်​ချိ​ရေးသမား (အခန်းဆက်များ)

ခိုင်မျိုး – ကျ​​နော် ​ဖြန့်​ချိ​ရေးသမား (အခန်းဆက်များ) (မိုးမခ) ဇူလိုင် ၆၊ ၂၀၁၈ (၁)  ဖိုးရှုတ်​ဆိုတဲ့ငနဲက ဘာ​ကောင်​လဲ။ စာ​ပေ​လောကမှာ ဝင်​အလုပ်​လုပ်​ပြီး အသက်​​မွေးဝမ်း​ကြောင်း အလုပ်​​တွေကို ဝင်​ရှုတ်​​ထွေး​အောင်​ လုပ်​​နေသူလား။ သူ့ဆိုင်​မှာ တင်​ထားလိုက်မိတဲ့ စာအုပ်​ကို ​ခြောက်​လအကြာမှာ ပြန်​သိမ်းဖို့ သူ​ပေးထားတဲ့​ဘောက်​ချာကိုင်​ပြီးသွား​တော့ တင်​ထားတဲ့ စာအုပ်​နမူနာ ယူလာပြပါဆိုလို့ စာအုပ်​နမူနာ​လေး အိမ်​ပြန်​ယူပြီး​ နောက်​​နေ့မှာ ​နောက်​တ​ခေါက်​ထပ်​သွားရပြန်​တယ်​။ ဖိုးရှုတ်​ဆိုင်​က ပန်းပဲတန်းမြို့နယ်​ထဲမှာ၊ ကိုယ်​​နေတာကအလုံမြို့နယ်​ထဲမှာ ဆို​တော့ အသွားအပြန်​ တစ်​နာရီ​ကျော်​ အချိန်​မ​ပေးရင်​ သွားလို့မရဘူး၊ ကား​တွေ မတန်​တဆသွင်းထားလို့ လမ်းနဲ့ကား မမျှ​တော့ ရန်​ကုန်​လမ်း​တွေ​ပေါ် ​နေ့ဆို ကား​တွေ လိပ်​လိုသွား​နေတာကြာပြီ။ ထားပါ … ဒါက သပ်​သပ်​​ရေးရမယ့်​ ဇာတ်​လမ်းရှည်​ကြီးတပုဒ်​ပဲ။ ​နောက်​​နေ့ ဖိုးရှုတ်​ဆိုင်​ရှိရာ...

Read more »

ကာတွန်း ATH – Our Super Heroes

July 6, 2018
ကာတွန်း ATH – Our Super Heroes

ကာတွန်း ATH – Our Super Heroes (မိုးမခ) ဇူလိုင် ၆၊ ၂၀၁၈ No tags for this post. Related posts No related posts.

Read more »

ပန်းချီထိန်လင်း စီစဉ်တဲ့ ဆဲဗင်းဂျုလိုင် အမှတ်တရ ဆယ်စုနှစ် ခုနစ်ဆက်

July 6, 2018
ပန်းချီထိန်လင်း စီစဉ်တဲ့ ဆဲဗင်းဂျုလိုင် အမှတ်တရ ဆယ်စုနှစ် ခုနစ်ဆက်

ပန်းချီထိန်လင်း စီစဉ်တဲ့ ဆဲဗင်းဂျုလိုင် အမှတ်တရ ဆယ်စုနှစ် ခုနစ်ဆက် K (မိုးမခ) ဇူလိုင် ၆၊ ၂၀၁၈ ဆယ်စုနှစ် ခုနစ်ဆက်လို့ အမည်ပေးထားပြီး ပန်းချီ ထိန်လင်းနဲ့ ပဉ္စရသအဖွဲ့တို့မှ စီစဉ်ကျင်းပသော ပန်းချီအနုပညာ လက်ရာပြပွဲကို ဇူလိုင် ၇ရက်မှ ၃၁ရက်ထိ ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ၀န်ကြီးများရုံးမှာ နေ့လယ် ၂နာရီမှာ ဖွင့်လှစ်ပြသ သွားမယ်လို့သိရပါတယ်။ ပြပွဲမှာ မြန်မာပြည်ရဲ့မျက်မှောက်ခေတ် ကွန်တမ်ပိုရာရီ အနုပညာရှင်များရဲ့မြန်မာပြည်နိုင်ငံရေး သမိုင်းကြောင်းဆိုင်ရာ အရေးပါလှသော ဇူလိုင်လ အထိမ်းအမှတ် သမိုင်းဆိုင်ရာ အနုပညာလက်ရာများကို ပြသသွားမယ်လို့သိရပြီး ပါဝင်ပြသ မယ့်အနုပညာရှင်များကတော့ ၀င်းဖေ၊ မောင်ဒီ၊ အောင်မြင့်၊ စန်းမြင့်၊ ဆန်နီညိမ်း၊ မသီဂီ င်္၊ချမ်းအေး၊ ဖြူမွန်၊ စံမင်း၊ အမ်ပီပီ ရဲမြင့်၊ စိုးနိုင်၊...

Read more »

ကာတွန်း လိုင်းလုဏ်ရဲ့ အကြိမ်ကြိမ်လုပ်ကြံခံရသူ …

July 4, 2018
ကာတွန်း လိုင်းလုဏ်ရဲ့ အကြိမ်ကြိမ်လုပ်ကြံခံရသူ …

ကာတွန်း လိုင်းလုဏ်ရဲ့ အကြိမ်ကြိမ်လုပ်ကြံခံရသူ … (မိုးမခ) ဇူလိုင် ၄၊ ၂၀၁၈ No tags for this post. Related posts No related posts.

Read more »

ဂီတပညာရှင် ကိုရဲလွင် ပြောပြတဲ့ ပန်းရဲ့လမ်း၊ ပြည်တွင်းစစ်၊ မဇ္ဈိမ လစ္ဆ၀ီလေးများ

July 4, 2018
ဂီတပညာရှင် ကိုရဲလွင် ပြောပြတဲ့ ပန်းရဲ့လမ်း၊ ပြည်တွင်းစစ်၊ မဇ္ဈိမ လစ္ဆ၀ီလေးများ

ဂီတပညာရှင် ကိုရဲလွင် ပြောပြတဲ့ ပန်းရဲ့လမ်း၊ ပြည်တွင်းစစ်၊ မဇ္ဈိမ လစ္ဆ၀ီလေးများ K ငြိမ်းချမ်း (မိုးမခ) ဇူလိုင် ၄၊ ၂၀၁၈ ၂၀၁၄ခုနှစ် ENVOYဂျာနယ်မှာ အမှုဆောင် အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့စဉ် ကဗျာဆရာ၊ စာရေးဆရာတွေနဲ့အကြောင်း အရာအလိုက် အင်တာဗျုးများလုပ်ဖြစ်ခဲ့ပါတယ်။ ထို ဆရာ၊ ဆရာမများကတော့ မောင်စိမ်းနီ၊ မောင်မှိုင်းလွင်(အင်းဝ)၊ မောင်တင်သစ်၊ မောင်သိန်းဇော်၊ စန်းဦး၊ အောင်ဇင်မင်း၊ ကိုရဲလွင်၊ သစ္စာနီ၊ မင်းသစ်၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ဖျာပုံနီလုံဦး၊ မောင်ဒေါင်း၊ ဘုန်းသက်ပိုင်၊ ကောက်နွယ်ကနောင်၊ မောင်သွေးသစ်၊ မိုးဝေး၊ အောင်ဘညိုတို့ဖြစ်ပါတယ်။ အဲဒီဆရာ၊ ဆရာမများထဲမှ ဆရာ မင်းသစ်၊ မောင်စိမ်းနီ၊ ဆရာ အောင်ဘညို၊ ဆရာ ကောက်နွယ်ကနောင်တို့ကတော့ ကွယ်လွန်ခဲ့ကြပါပြီ။ ဆရာ/မများနဲ့ခဏတာ မေးမြန်းခဲ့ရမှုအတွက် ဂုဏ်ယူဝံ့ကြွားဖြစ်ရပြီး...

Read more »

မောင်မောင်စိုး ● NCA နှင့် ၂၁ ရာစု ပင်လုံ တတိယညီလာခံ

July 3, 2018
မောင်မောင်စိုး ● NCA နှင့် ၂၁ ရာစု ပင်လုံ တတိယညီလာခံ

  မောင်မောင်စိုး ● NCA နှင့် ၂၁ ရာစု ပင်လုံ တတိယညီလာခံ (မိုးမခ) ဇူလိုင် ၃၊ ၂၀၁၈ ● ၂၁ ရာစု ပင်လုံ ၂၁ ရာစုပင်လုံညီလာခံ (ဝါ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ နိုင်ငံရေးအရ သဘောတူညီချက်များရယူချမှတ်ရန် NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် တွင် ထည့်သွင်းရေးဆွဲဖေါ်ပြထားသည့် အမြင့်ဆုံး အင်စတီကျူးရှင်းဖြစ်ပေသည်။ တဖန် အဆိုပါ ၂၁ ရာစုပင်လုံညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်ကြရမည့် UPDJC ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ၊ JMC အပစ်အခတ်ရပ် စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ JICM တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာညှိနှိုင်းအစည်းအဝေး စသည့် အင်စတီကျူးရှင်းများသည်လည်း NCA တွင် ထည့်သွင်းရေးဆွဲ၍...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

July 3, 2018
Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

  Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ (မိုးမခ) ဇူလိုင် ၃၊ ၂၀၁၈ မိုးမခစာပေက အင်္ဂလိပ်ဘာသာ (ဘာသာပြန်မဟုတ်) စာအုပ်အဖြစ် Junior Win’s The picture of Junior Win – My Life will go on ထုတ်ဝေလိုက်ပါပြီ။ စာရေးသူက သူ့ဘလော့ဂ်မှာ အင်္ဂလိပ်ဘာသာနဲ့ My Life will go on အမည်နဲ့ အခန်းဆက်ရေးထားတဲ့ ဆောင်းပါးတိုများ ဖြစ်ပါတယ်။ သူ့ဆောင်းပါးတွေကို ကာတွန်းမောင်ရစ်က သရုပ်ဖော်ဆွဲထားပြီး သူဖြတ်သန်းခဲ့တဲ့ ဘ၀ဇာတ်ကြောင်းက မိသားစုဓာတ်ပုံတွေကိုလည်း မျှဝေထားပါတယ်။...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

July 3, 2018
ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင် ၃၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး ဆိပ်ကမ်းသာက ဖြန့်ချိတဲ့ ‘အခြေခံတွက်နည်းနဲ့ လက်တွေ့အသုံးချဆိုင်ရာ ဂိမ်းသီအိုရီ – ၂၊ အတွေးအမြင်ဆောင်းပါးများ ထွက်ပါပြီ။ ဖြန့်ချိရေး – ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာဈေးသစ် ။ ၀၉ ၇၈၆၈၃၇ ၃၀၅ / ၀၉ ၉၆၃၆၉၉၈၃၄ ကို ဆက်သွယ်မှာယူနိုင်ပါတယ်။ စာအုပ်တန်ဖိုး ၃ ထောင် ကျပ် ဖြစ်ပါတယ်။ အမှာစာမှာ ဖော်ပြထားတာကတော့ – ဂိမ်းသီအိုရီ ဟူသော အမည်ကို စာဖတ်သူများအား မိတ်ဆက်ပေးသော...

Read more »

ကာတွန်း ATH ရဲ့ မြန်မြန်ဖြုတ်ပါဟ ….

July 2, 2018
ကာတွန်း ATH ရဲ့ မြန်မြန်ဖြုတ်ပါဟ ….

ကာတွန်း ATH ရဲ့ မြန်မြန်ဖြုတ်ပါဟ …. (မိုးမခ) ဇူလိုင် ၂၊ ၂၀၁၈ No tags for this post. Related posts No related posts.

Read more »

ကျော်ကျော်- မြရည်စမ်း- သမ္မုခအ​ရေးအ​ကြောင်းများ

July 1, 2018
ကျော်ကျော်- မြရည်စမ်း- သမ္မုခအ​ရေးအ​ကြောင်းများ

သမ္မုခအ​ရေးအ​ကြောင်းများ ကျော်ကျော်- မြရည်စမ်း (မိုးမခ) ဇူလိုင် ၁၊ ၂၀၁၈ (တစ်​) မိုးက တစိမ့်​စိမ့်​နှင့်​ ရွာ​နေဆဲပင်​ဖြစ်​သည်​။ ပတ်​ဝန်းကျင်​တခုလုံးစိုရွှဲ​နေကြသည်​။  သို့​သော်​ ​ချောက်ချားစဖွယ်​လည်း​ကောင်း​နေပြန်​သည်​။ ကျွန်​​တော်​​နေထိုင်​ရာအ​ဆောင်​မှ​နေ၍ ပတ်​ဝန်းကျင်တခုလုံးကို စီးစီးမိုးမိုးဖြင့်​ မြင်​​နေရသည်​။ အ​ဆောင်​​က ကုန်းအမြင့်​​ပေါ်တွင်​​ဆောက်​ထား၍ အနည်းငယ်​​တော့ စိတ်​​ဖြေသာသည်​။ ကုန်းမြင့်​​လေးသည်​ မူလ​မြေမှန်​ဟုတ်​မဟုတ်​ကို ကျွန်​​တော်​လည်းမသိ။ ကျွန်​​တော်​နှင့်​အတူ​ ရှိ​နေကြ​သော လူ​လေးဦးကလည်း သိမည့်​ပုံမ​ပေါ်ကြ။ သစ်​ပင်​ဝါးပင်​ကြီးများ၊ ပန်းမာလ်​များ၏အရိပ်​အ​ယောင်​ဟူသမျှ မမြင်​​တွေ့ရ။ ငှက်​​ကျေးသာရကာများ၏အသံဟူသမျှဝေးစွ၊ ချိုင့်​ဝှမ်းကြီး များနှင့်​ ​ရေပြင်​​ဖွေးေ​ဖွေးကိုသာ မြင်​​နေရသည်​။ မလှမ်းမကမ်းတွင်​ ကျွန်​​တော်​တို့အ​ဆောင်​​လေးကို ခုန်​အုပ်​မည့်​သဏ္ဌန်​ရှိ​သော​​ကျောက်​​တောင်​မြင့်​မြင့်​ကြီး ရှိ၍ ၄င်း၏အ​ခြေတွင်​ရှိ​သော ​မြေကြီး တာ​ဘောင်​များက တဖက်​တွင်​ရှိ​သော ​ရေထုကိုကာဆီးထားပါသည်​။ မိုးဆက်​တိုက်​ရွာသွန်းထားသဖြင့်​ ​ရေထုက အ​တော်​များ​နေပြီဖြစ်​၏။ ​ရေတစ်​ကုဗ​ပေ၏ ဖိသိပ်​အား မည်​မျှရှိသည်​ဆိုခြင်းကို ကျွန်​​တော်​မမှတ်​မိ​တော့ပါ။ သို့​သော်​လည်း...

Read more »

အမေရိကန်တက္ကသိုလ်များပညာရေးပြပွဲ ဆူးလေ ရှန်ဂရီလာမှာ ပြုလုပ်မယ်

June 29, 2018
အမေရိကန်တက္ကသိုလ်များပညာရေးပြပွဲ ဆူးလေ ရှန်ဂရီလာမှာ ပြုလုပ်မယ်

အမေရိကန်တက္ကသိုလ်များပညာရေးပြပွဲ ဆူးလေ ရှန်ဂရီလာမှာ ပြုလုပ်မယ် K (မိုးမခ) ဇွန် ၃၀၊ ၂၀၁၈ Connect University မှ ဦးစီးဆောင်ရွက်ကျင်းပတဲ့ အမေရိကန်တက္ကသိုလ်များပညာရေးပြပွဲကို ရန်ကုန်မြို့ Sule Shangri-La Hotel၊ရှိ Level 1၊ Bago Room တွင် ဇူလိုင် ၁ ရက်နေ့ နံနက် ၁ဝ:ဝဝ နာရီ မှ ၁၂နာရီထိကျင်းပ ပြုလုပ် သွားမယ်လို့သိရပါတယ်။ အဆိုပါ ပညာရေးပြပွဲမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ နယူးယောက်ပြည်နယ်၊ မေရီလန်းပြည်နယ် အမေရိကန်အစိုးရ တက္ကသိုလ်များမှ ကျောင်းဝင်ခွင့် အရာရှိများ၊ Alumni ကျောင်းသူ၊ ကျောင်းသားများ လာရောက်ခင်းကျင်းပြသသွားမှာ ဖြစ်ပြီး အမေရိကန်ပညာရေးနှင့် မေဂျာရွေးချယ်မှု၊ ကုန်ကျစရိတ်၊ ဝင်ခွင့်ဖြေဆိုခြင်း၊ Scholarship၊ ကျောင်းသား အသင်း...

Read more »

ဝါကျဖြူ – ညနှုတ်​ခမ်းဖျား​ပေါ်က ကွဲအက်​​နေ​သောလူများ

June 29, 2018
ဝါကျဖြူ – ညနှုတ်​ခမ်းဖျား​ပေါ်က ကွဲအက်​​နေ​သောလူများ

ညနှုတ်​ခမ်းဖျား​ပေါ်က ကွဲအက်​​နေ​သောလူများ ဝါကျဖြူ (မိုးမခ) ဇွန် ၂၉၊ ၂၀၁၈ ​မှောင်​​နေတဲ့ မိုးသား​တွေထဲမှာ ငို​နေတဲ့ အ​ဆောက်​အဦး​တွေရှိတယ်​ ။ အိမ်​တိုင်းမီးလင်းဖို ဖိုပြီး ငူငူကြီးထိုင်​​နေတဲ့ မိန်းမ​တွေ တ​ယောက်​စီ ရှိတယ်​ ။ သန်း​ခေါင်​ယံမှာ လန့်​လန့်နိုးလာတတ်​တဲ့ တယ်​လီဖုန်းမြည်​သံ​တွေထဲမှာ မီးကျွမ်း​နေတဲ့ ဝိညာဉ်​​တွေ တဖျပ်​ဖျပ်​နဲ့ ဦး​ခေါင်းကို အဝတ်​စွတ်​ပြီး ပျံသန်း​နေကြ ။ အိမ်​မိုးသွပ်​ပြား​တွေ​ပေါ်က ​ခြေနင်းသံ​တွေကို ​ကြောင်​​တွေက တီဗွီနဲ့ သီတင်းစာ​ခေါင်းကြီးပိုင်းထဲထည့်​ပြီး ​လေထဲကို မြူ​တွေလိုလွှင့်​ချလိုက်​တာ ။ No tags for this post. Related posts No related posts.

Read more »

ဂျူနီယာဝင်း ဗိုင်းရပ်စ်ဆိုတာ ဘာလဲ

June 29, 2018
ဂျူနီယာဝင်း ဗိုင်းရပ်စ်ဆိုတာ ဘာလဲ

ဂျူနီယာဝင်း ဗိုင်းရပ်စ်ဆိုတာ ဘာလဲ (မိုးမခ) ဇွန် ၂၉၊ ၂၀၁၈ ဗိုင်းရပ်စ် (virus) ဆိုသည်မှာ ကလာပ်စည်းတွေထဲမှာ နေထိုင်ကြသော သေးငယ်သည့် အစိတ်အပိုင်း အုပ်စုဖြစ်သည်။ သိပ္ပံပညာရှင်များသည်။ ထို သေးငယ်လွန်းလှသည့် ဗိုင်းရပ်စ်အုပ်စုများကို အလွန်ခွန်အားကြီး သည့် အဏုကြည့်မှန်ပြောင်းများသုံးကာ လေ့လာကြရပါသည်။ ဗိုင်းရပ်စ်များသည် သက်ရှိသတ္တဝါများနှင့် အသက်မရှိသည့် အရာများကြားတွင် သူတို့ ထပ်မံ၍ မပွားနိုင်သည်အထိ နေထိုင်ကြသည့် ခန့်မှန်းရခတ်သော သက်ရှိအစိတ်အပိုင်းအုပ်စုဖြစ်သည်။ ပုံတွင် ဗိုင်းရပ်စ်များက ကလပ်စည်း (cell) များကို မည်သို့ စားသောက် ဖျက်ဆီးသည်ကို ပြသထားပုံ။ လေ့လာကြည့်ပါက ဗိုင်းရပ်စ်သည် သူ့ဘာသာသူ အသက်မရှင်နိုင်ပါ။ သူတို့နေထိုင်သည့် အသက်ရှိ သည့် ကလပ်စည်းထဲမှာ ရာချီပြီး ထပ်မံပွားနိုင်ကြကာ နံဘေးက ကလပ်စည်းများဆီကိုပါ...

Read more »

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှစီစဉ်သော ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၂) ဇူလိုင် ၁

June 29, 2018
မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှစီစဉ်သော ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၂) ဇူလိုင် ၁

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှစီစဉ်သော ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၂) ဇူလိုင် ၁ K (မိုးမခ) ဇွန် ၂၉၊ ၂၀၁၈ မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှစီစဉ်သော ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၂)ကို ရန်ကုန်မြို့ အမှတ်(၁၇၃/ ၁၇၅) ပန်းဆိုးတန်း တာဝါ-အခန်းအမှတ်(၆၀၁)ပန်းဆိုးတန်းလမ်း(အလယ်)ရှိ မြန်မာနိုင်ငံကာတွန်း ဆရာများအသင်း ရုံး ခန်းမှာ ဇူလိုင် ၁ရက်နေ့ နေ့လယ် ၁ နာရီမှ ၃နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ အဆိုပါ ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၂)မှာ ဟောပြောမျှဝေမယ့်ကာတွန်းဆရာက ကာတွန်းကျော်သူရှိန်ဖြစ်ပြီး ဟောပြောမယ့်အကြောင်းအရာခေါင်းစဉ်ကတော့ ရေးသူအမြင်နဲ့ဖတ်သူအမြင် ဖြစ်ပါတယ်။ ကာတွန်းကျော်သူရှိန်ဟာ ဆရာဝန်တဦးလည်းဖြစ်ပြီး မဂ္ဂဇင်း၊ဂျာနယ်စတဲ့စာနယ်ဇင်းများမှာ ကာတွန်းများရေးဆွဲနေပြီး နိုင်ငံတကာကာတွန်းပြိုင်ပွဲများမှာ ကာတွန်းဆုများလည်း ရရှိထားပါတယ်။ ၎င်းရေးဆွဲတဲ့စာမဲ့ကာတွန်းများမှာ အထူးထင် ရှားပါတယ်။ ပထမအကြိမ် ကာတွန်းပညာမျှဝေခြင်းအစီအစဉ် ၁ မှာတော့ ကာတွန်းဦးငွေကြည်က စာနယ်ဇင်းကာတွန်းသမားဘဝ/ အတွေ့အကြုံများခေါင်းစဉ်နဲ့ ဇွန်လ ၁၆ရက်နေ့မှာ ဟောပြောပေးခဲ့ပါတယ်။...

Read more »

ဂျူနီယာဝင်း – အာဟာရဆိုတာ ဘာလဲ (nutrition)

June 28, 2018
ဂျူနီယာဝင်း – အာဟာရဆိုတာ ဘာလဲ (nutrition)

ဂျူနီယာဝင်း – အာဟာရဆိုတာ ဘာလဲ (nutrition) (မိုးမခ) ဇွန် ၂၈၊ ၂၀၁၈ အာဟာရဆိုသည်မှာ အမှန်တော့ ကျွန်ုပ်တို့ နေ့စဉ် စည်းကမ်းတကျ စားသောက်နေသမျှ ဖြစ်ပါသည်။ ပုံတွင် အသား အသီးအရွက် စသည်ဖြင့် နေ့စဉ် စည်းကမ်းတကျ စားသောက်သင့်သော အစားများ။ ကျွန်ုပ်တို့ ကိုယ်ခန္ဓာထဲက အစိတ်အပိုင်းများ သူ့နေရာနဲ့သူ အစာအာဟာရ ရရှိအောင် စားသောက်နေထိုင်ဖို့ လိုပါသည်။ ကိုယ်ခန္ဓာက လိုအပ်သော စွမ်းရည်ပမာဏကို ထုတ်လုပ်ပေးနေရပါသည်။ ထိုစွမ်းရည်သည် ကျွန်ုပ်တို့စား သောက်သော အစာပမာဏကနေ ရရှိပါသည်။ အကယ်၍ ကိုယ်စားသောက်ထားတာထက် အလုပ်ပိုလုပ်မိခြင်း ၊ တောင်တက်တာ များသွားခြင်းတို့ ကြုံရလျှင် စွမ်းရည်လျော့ကျကာ ခံနိုင်ရည်ကျဆင်းပြီး ကိုယ်တွင်းအပူချိန် ကျသွားကာ ဒုက္ခတွေ့ရပါသည်။ No...

Read more »

ငါတို့စာပေစာအုပ်တိုက် ၁၅ နှစ်ပြည့်အထိမ်းအမှတ် အထူးဈေးရောင်းပွဲ Yangon Book Plaza မှာ ကျင်းပမယ်

June 28, 2018
ငါတို့စာပေစာအုပ်တိုက် ၁၅ နှစ်ပြည့်အထိမ်းအမှတ် အထူးဈေးရောင်းပွဲ Yangon Book Plaza မှာ ကျင်းပမယ်

ငါတို့စာပေစာအုပ်တိုက် ၁၅ နှစ်ပြည့်အထိမ်းအမှတ် အထူးဈေးရောင်းပွဲ Yangon Book Plaza မှာ ကျင်းပမယ် K (မိုးမခ) ဇွန် ၂၈၊ ၂၀၁၈ ငါတို့စာပေ NDSP စာအုပ်တိုက် ၁၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့လမ်းမတော်မြို့နယ် သံဈေး ငါးလွှာရှိ Yangon Book Plaza မှာ ဇွန်လ ၃၀ရက်ကနေ ဇူလိုင် ၂ ရက်ထိ ပြုလုပ်သွားမယ်လို့သိရပါတယ်။ အဆိုပါစာအုပ်တိုက် ၁၅နှစ်ပြည့်အခမ်းအနားမှာ ငါတို့စာပေတိုက်ထုတ် စာအုပ်အဟောင်းအသစ်များကို ၃၀% လျှော့ ရောင်းချခြင်းနဲ့ အမှတ်တရ အစီအစဉ်များစွာ ထည့်သွင်းထားပြီး ငါတို့စာပေ ၁၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ငါတို့စာပေ တိုက်ထုတ်စာအုပ်အများဆုံး ရှိသူများအတွက် အထူးအစီအစဉ်တစ်ရပ်ကို ကျင်းပခဲ့ပြီး ဆုရရှိသူများကိုလည်း အဆိုပါပွဲမှာ ဆုလက်ဆောင်များ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်