ၾသစေၾတးလ်

သာထက်အောင် ● ခြစားတဲ့အိမ်

October 30, 2017
သာထက်အောင် ● ခြစားတဲ့အိမ်

သာထက်အောင် ● ခြစားတဲ့အိမ် (မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၇ အခု ကျွန်တော်အခြေချနေထိုင်တဲ့ ဆစ်ဒနီမြို့ရဲ့ရာသီဥတုက ဆောင်းလည်းမမည် နွေလည်းမပီ သေးတဲ့ Spring လို့ခေါ်တဲ့ နွေဦးရာသီပါ။ နေလို့ထိုင်လို့ကောင်းရုံလေးဆိုပါတော့။ နေလို့တော့ကောင်း ပါရဲ့။ တနေ့တခြား ပူနွေးလာတဲ့ရာသီဥတုက ကျွန်တော်တို့လို အပူပိုင်းကလာတဲ့သူအဖို့ မမှုပေမယ့် ဒီနှစ်နွေက ၅၀ ဒီဂရီ စင်တီဂရိတ် အထိ ရောက်နိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားလို့ နေရတာခပ်လန့်လန့်ပါပဲ။ ပူနွေးလာတဲ့ရာသီဥတုနဲ့အတူ တဆောင်းတွင်းလုံး ပျောက်ချက်သားကောင်းနေတဲ့ ပုရွက်ဆိတ် တို့၊ ပိုးဟပ်တို့၊ ယင်ကောင်တို့ ဟိုနားတကောင် သည်နားတကောင် တွေ့လာရပါပြီ။ ဒါကြောင့် Mortein ဆိုတဲ့ ပိုးမွှားသတ်ဆေးတဘူး ပြေးဝယ်ပြီး ဟိုနားရှူးရှူး ဒီနားရှူးရှူး လိုက်ဖြန်းနေရပါတယ်။ တကယ်တော့ ဒါက လက်ပူတိုက်လုပ်တာပါ။ ရှေ့လျှောက် ဒီထက်ပူလာရင်...

Read more »

သုအိုင်စံ-တလမ်းသွားကုန်စည် = One-Way Trade-Goods

September 22, 2017
သုအိုင်စံ-တလမ်းသွားကုန်စည် = One-Way Trade-Goods

((( တလမ်းသွားကုန်စည် = One-Way Trade-Goods ))) သုအိုင်စံ(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၇ ( ထရပ်ကားပေါ်မှ သက်မဲ့များ ) ဆောင်းရာသီပေါ် ဖရဲသီးချိုချိုဖွံ့ဖွံ့ထွားထွားများ ၁၂ရာသီပေါ် ကျွန်းသစ်လုံးတောင့်တောင့်ဝဝများ ခြင်္သေ့ရုပ်နဲ့ နဂါးရုပ် ထွင်းလို့ကောင်းတဲ့ ညောင်မြစ်ဆုံများ မြန်မာ့ကုန်းတွင်း မွေးမြူရေးကန်မှ ရေခဲရိုက် ရေချိုငါးများ ကချင်ကုန်းမြေမြင့်မှ အနိမ့်ဈေးနဲ့ရတဲ့ ကျောက်စိမ်းရိုင်းတုံးများ ( ထရပ်ကားပေါ်မှ သက်ရှိများ ) ညစာဟင်းခွက်ထဲရောက်သွားမဲ့ ခွေးလေခွေးလွင့် ခွေးပိန်များ ညစာဟင်းခွက်ထဲရောက်သွားမဲ့ တခါက လယ်လုပ်ခိုင်းနွားအိုများ အရေခွံဆုတ် + ပိုက်ဆံအိပ်လုပ်ခံရမဲ့ ငမိုးရိပ်မိချောင်း မသေမရှင်များ မယားလည်းဖြစ် + ကျွန်လည်းခံဖြစ်သွားမဲ့ မိန်းမငယ်သွယ်သွယ်များ ကလီစာ အထုတ်ခံရပြီး ဆေးရုံသုံးကုန်ဖြစ်သွားမဲ့ ကလေးငယ်ပိန်များ ( လမ်းပေါ်မှ...

Read more »

သာထက်အောင် ● မမွဲဘယ်သူနေပါ့မယ်

March 7, 2017
သာထက်အောင် ● မမွဲဘယ်သူနေပါ့မယ်

  သာထက်အောင် ● မမွဲဘယ်သူနေပါ့မယ် (မိုးမခ) မတ် ၇၊ ၂၀၁၇ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် နှစ်ကုန်ပိုင်းလောက်က ဇနီးလုပ်သူ အားလပ်ရက် တလယူ ရွှေပြည်ကြီး သွားလည်ပြီး ပြန်လာတော့ တော်တော်ပျော်လာပုံပေါ်ပါတယ်။ သြဇီ ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁, ၀၀၅ ကျပ် မရစဖူးရခဲ့တော့ သူသုံး လို့ တယ်ကောင်းဆိုပဲ။ မင်းတယောက်အတွက်တော့ သုံးလို့ကောင်း၊ ဖြုန်းလို့ကောင်း၊ ဒေါ်လာဈေးတတ်တာ ကိုပဲ မင်းမှာအပျော်ကြီးပျော်နေ၊ အေး .…ကျန်ခဲ့တဲ့ မင်းအမေ၊ အမ၊ အမျိုးအဆွေ နိုင်ငံတူ၊ နိုင်ငံသားတွေ ဒေါ်လာဈေးတတ်တဲ့ဒဏ် ဘယ်လောက်ခံကြရသလဲဆိုတာ မင်းသိသလားဆိုတော့မှ ငြိမ်သွားပါတော့တယ်။ ရတောင့်ရခဲ့ လူ့ဘ၀ခဏတာမှာ ကျိကျိတက် မချမ်းသာဦးတော့ အသက်ကလေးတချောင်းတော့ သက်တောင့်သက်သာလေး မွေးသွားချင်ကြတာ လူ့ဓမ္မတာပါ။...

Read more »

သာထက်အောင် ● တိုင်းပြည်ရဲ့ဆင်းရဲဒုက္ခကို လေဖြင့်မကယ်တင်နိုင်ပါ

February 28, 2017
သာထက်အောင် ● တိုင်းပြည်ရဲ့ဆင်းရဲဒုက္ခကို လေဖြင့်မကယ်တင်နိုင်ပါ

သာထက်အောင် ● တိုင်းပြည်ရဲ့ဆင်းရဲဒုက္ခကို လေဖြင့်မကယ်တင်နိုင်ပါ မိုးမခ။ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇ စာမရေးဖြစ်တာကြာပါပြီ၊ တိုင်းပြည်ရဲ့ဆင်းရဲဒုက္ခသတင်းတွေ မြင်ရကြားရပြီး စိတ်မသက်မသာဖြစ်၊ ရန်ကုန်လေဆိပ်မှာ နေ့ခင်းကြောင်တောင်ကြီး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်တဲ့ကိစ္စမှ တရားခံလည်းမိ လက်နက်လည်းမိပါလျက် ဘာ့ကြောင့်သတ်တယ် ဘယ်သူကခိုင်းစေတယ်ဆိုတာ ခုထိမပေါ်သေးတော့ စိတ်မသက်သာဖြစ်ရုံကနေ စိတ်ဆိုးဒေါသဖြစ်တဲ့ အဆင့်အထိ တရိပ်ရိပ်တက်လာပြီး စာရေးဖို့ အာရုံမရလောက်အောင် စိတ်ရှုပ်ထွေးခဲ့ရပါတယ်၊ ရခိုင်ဘက်က ဘင်္ဂါလီအရေး UN ကဖိအားတွေပေးတော့မှ ပြူးတာပြာတာဖြစ်၊ စုံစမ်းရေးကော်မရှင်တွေဖွဲ့၊ ပြည်တွင်းမှလုပ်ချင်ရာလုပ်လို့ရတယ်ဆိုတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အသိအမြင်အတွေးအခေါ် တိမ်လွန်းတဲ့အကျိုးကျေးဇူးတွေ ခုတော့ကောင်းကောင်းကြီးခံစားနေရပါပြီ။ ဒီနှစ်ပြည်ထောင်စုနေ့မှာ အစဉ်အလာရှိခဲ့တဲ့ ပင်လုံမြို့လေးကို နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ကိုယ်တိုင် ကြွချီလာပြီး ကကြခုန်ကြ အောင်ပွဲတွေခံနေချိန်မှာ အရှေ့မြောက်ပိုင်းမှာတော့ လက်နက်ကြီးငယ် တအုန်းအုန်းထုသံနဲ့ ပြည်ထောင်စုနေ့ကို ကြိုဆိုရင်း စစ်ပြေးဒုက္ခသည်တွေ မျက်ရည်ပင်လယ်ဝေကြရပါတယ်/...

Read more »

ငြိမ်းချမ်းအေး ● ဆရာကြီးတင်မိုး အိမ်ပြန်ရောက်တဲ့နေ့

December 24, 2016
ငြိမ်းချမ်းအေး ● ဆရာကြီးတင်မိုး အိမ်ပြန်ရောက်တဲ့နေ့

ငြိမ်းချမ်းအေး ● ဆရာကြီးတင်မိုး အိမ်ပြန်ရောက်တဲ့နေ့ (မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၆ ဧည့်သည်ကြီးရဲ့ အိမ်ပြန်ချိန်ဟာ ခမ်းနားသင့်တယ် .. တင်မိုး အိမ်အပြန်ဟာ နိုင်ငံတော်အဆင့် ကြိုရမယ် .. တင်မိုး ဗမာပြည်မှာ မြေကျမယ့် ကိစ္စဟာ အရေးကြီးအဆို ဖြစ်ရမယ် .. မှိုင်း ဆရာ မရှိရင် ဆန်း သခင် မဖြစ်ခဲ့ဘူး လူရွှန်း မရှိရင် မော်စီတုန်း ပြည်သူ့တော်လှန်ရေး မအောင်မြင်နိုင်ဘူး အနုပညာရှင် စာဆိုတော်ဆိုတာတွေက တိုင်းပြည်ရဲ့ ၀ိညာဉ်တွေ သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ တင်မိုး စတဲ့ စတဲ့ သူတို့တွေ မရှိဘဲ ဗမာပြည်ကို တည်ဆောက်မရဘူး သူတို့တွေကို တန်ဖိုးမထားတတ်ဘဲ တိုင်းပြည်ဟာ ရှေ့မရောက်ဘူး...

Read more »

ငြိမ်းချမ်းအေး ● ခေတ်သစ် ၅/ည သံစဉ်များ မကြားလိုပါ

December 2, 2016
ငြိမ်းချမ်းအေး ● ခေတ်သစ် ၅/ည သံစဉ်များ မကြားလိုပါ

ငြိမ်းချမ်းအေး ● ခေတ်သစ် ၅/ည သံစဉ်များ မကြားလိုပါ (The Ladies News Journal / မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၆ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၆-ဃ) နဲ့ ဆက်စပ်ပြီး တရားစွဲခံရ၊ ထောင်ကျခံရတဲ့ ဖြစ်စဉ်တွေ များလာခြင်းနဲ့အတူ အခုရက်သီတင်းပတ်တွေ အတွင်း ဒီဥပဒေကို စောကြောတဲ့ အသံတွေလည်း ညံလာပါတယ်။ ဥပဒေ ရှိသင့်၊ မရှိသင့်လည်း စာနယ်ဇင်း မီဒီယာအစုံစုံမှာ ဆွေးနွေးလာကြပါတယ်။ တပြိုင်တည်းမှာပဲ ပြန်ကြားရေး ၀န်ကြီးဌာန၊ စာပေဗိမာန်က ဒီဇင်ဘာလဆန်းမှာ ပြုလုပ်နေတဲ့ “ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲ” အတွက် စာတမ်းတောင်းလို့ တင်သွင်းခဲ့တဲ့ စာရေးဆရာ တချို့ရဲ့ စာတမ်းတွေ ဆိုင်းငံ့ခံထားရတဲ့ ကိစ္စလည်း ပေါ်လာခဲ့ပါသေးတယ်။...

Read more »

ငြိမ်းချမ်းအေး ● စင်ကာပူလို မဖြစ်ချင်ပါနဲ့

December 1, 2016
ငြိမ်းချမ်းအေး ● စင်ကာပူလို မဖြစ်ချင်ပါနဲ့

ငြိမ်းချမ်းအေး ● စင်ကာပူလို မဖြစ်ချင်ပါနဲ့ (မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၆ စင်ကာပူရဲ့ လက်ရှိ လွပ်လပ်ခွင့်၊ ဥပဒေဖိနှိပ်မှုနဲ့ နိုင်ငံရေးရေချိန်ကို ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း သင်ခန်းစာယူ ဆင်ခြင်သင့်လှပါတယ်။    စင်ကာပူဆီက အတုမယူသင့်တာ၊ အတုယူသင့်တာ ခွဲခြားမြင်ကြည့်ကြဖို့ ဆော်သြသင့်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဆီက ပညာတတ် လူလတ်တန်းစား ပြည်တွင်း၊ ပြည်ပအဝေးရောက် နှစ်မျိုးစလုံးနဲ့ လူချမ်းသာ ရေပေါ်ဆီများရဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး ရေချိန်ကလည်း သိပ်နက်နက်နဲနဲတွေ လေ့လာစောင့်ကြည့်စရာမလို၊ လီကွမ်ယု အသုဘ ကြည့်ရင်ကို သိနိုင်တယ် ဆိုရမလို ဖြစ်ခဲ့ပါတယ်။  လီကွမ်ယူရဲ့ အာဏာရှင်စိတ်ဓာတ်ဝါဒကို တိုင်းပြည် ရုပ်ပိုင်းဆိုင်ရာ ဓနအင်အား ချမ်းသာဖွံ့ဖြိုးတိုးတက်တယ်ဆိုတာကို ကွက်ကြည့် အားကျ လိုလားကြောင်း လီကွမ်ယုဆုံးချိန်မှာ သိသာခဲ့ပါတယ်။ လူသားရဲ့...

Read more »

ငြိမ်းချမ်းအေး ● ဖော်ထုတ်ရမယ့် ‘ပုံစံမျိုးစုံ’ ရှိ လိင်အကြမ်းဖက်မှုများ

November 29, 2016
ငြိမ်းချမ်းအေး ● ဖော်ထုတ်ရမယ့် ‘ပုံစံမျိုးစုံ’ ရှိ လိင်အကြမ်းဖက်မှုများ

ငြိမ်းချမ်းအေး ● ဖော်ထုတ်ရမယ့် ‘ပုံစံမျိုးစုံ’ ရှိ လိင်အကြမ်းဖက်မှုများ (The Ladies News / မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၆ အမျိုးသမီးငယ်များ၊ ကလေးငယ်များ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုနဲ့ ဆက်စပ်ပြီး စာနယ်ဇင်း ထုတ်ဖော် တင်ပြမှုများလာခြင်းနဲ့အတူ လူအများကြားမှာ ပြောစရာ ဆိုစရာ၊ စိုးရိမ်စရာ ဖြစ်လာနေပါတယ်။ တကယ့်တကယ်တော့ ဒီပြဿနာဟာ အရင့်အရင် ခေတ်တွေမှာလည်း အတွင်းမှာ လှိုက်စားနေတဲ့ လိင်ပိုင်းဆိုင်ရာ ကျား-မ လူမှု-ကျန်းမာ-ပညာ ခွဲခြားမှု၊ လိင်ကို အခြေပြု အကြမ်းဖက်မှု၊ အသားယူမှု၊ အမြတ်ထုတ်မှုများ နဲ့ ဆက်နွှယ်နေပါတယ်။ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှု၊ မသိ နားမလည်မှု၊ “ငါမွေးထားတဲ့ ကလေး ငါ ပိုင်တယ်” ထင်နေတဲ့၊ “ကလေး/လူငယ်ဆိုရင် လူကြီး...

Read more »

သာထက်အောင် ● ရှေးမကျ တကျပုံပြင်

November 21, 2016
သာထက်အောင် ● ရှေးမကျ တကျပုံပြင်

သာထက်အောင် ● ရှေးမကျ တကျပုံပြင် (မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၆ ၁၉၇၃ ခုနှစ် ရန်ကုန်တက္ကသိုလ်က စိတ်ပညာအဓိကနဲ့ ဘွဲ့ရလာတော့ လူက အသက် နှစ်ဆယ် စွန်းစွန်းပဲရှိ ပါသေးတယ်။  ဘွဲ့မရခင် ကျောင်းတက် နေတုန်းမှာတော့ အဆောင်ကြေး၊ ထမင်းလခ၊ အပိုသုံး၊ ကျောင်းလခတွေကို အိမ် ကပို့ပေး ထောက်ပံ့ပေးလို့ သိပ်မပူရပေမယ့် ကျောင်းပြီးဘွဲ့ရတဲ့အထိ အိမ်ကိုမှီခိုနေရသေးတယ်ဆိုရင် သိပ်မဟုတ်တော့ပါဘူး။  မန္တလေးက Transfer လုပ်လာတဲ့သူဆိုတော့ အစိုးရ အဆောင် မရလို့ နာနတ်တော လမ်းထဲက ပုဂ္ဂလိကအဆောင်မှာ ငှားနေပြီး လှည်းတန်းတ၀ိုက်က ရွှေမြိုင်တို့ ဒေါ်အေးကြင်တို့ဆိုတဲ့ ထမင်းဆိုင် တွေကတော့ ကျွန်တော်တို့လို အပြင်ဆောင် သမားတွေ မှီခိုအားထားရဆိုပါတော့။  ပြည်လမ်း လိုင်းပေါက်နားက ဗာစီတီ...

Read more »

သာထက်အောင် ● မြားပစ်သမား

November 17, 2016
သာထက်အောင် ● မြားပစ်သမား

သာထက်အောင် ● မြားပစ်သမား မိုးမခ။ နိုဝင်ဘာ ၁၇၊ ၂၀၁၆ စာမဖတ်ဖြစ်ခဲ့တဲ့ ရက်မရှိပေမယ့် စာမရေးဖြစ်တဲ့ရက်တွေတော့ ကျွန်တော့်ဘ၀မှာ အများကြီး ရှိခဲ့ပါတယ်။ တခါတလေ ရေးရင်းတန်းလန်းနဲ့ပဲ ဘာ့ကြောင့် ငါ ဒါတွေရေးနေပါ လိမ့်…အတွေးနယ်ချဲ့ရင်းနဲ့ အရေးရပ်သွားတဲ့ ရက်တွေလည်း ရှိခဲ့ပါတယ်။ စာတွေရေးလို့ ဘာတွေရခဲ့သလဲ ငွေလား၊ အင်း…အင်း..သူဌေးတွေကြားရင် ရယ်နေပါဦးမယ်။ ဒါဖြင့် ကျော်ကြားမှု၊ နာမည်ကြီးမှုကြောင့်လား၊ ကိုယ်စာရေးမှန်း အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ် တောင် သိမထင်ပါဘူး။ ဒါဖြင့် တိုင်းပြုပြည်ပြု၊ လူ့အကျိုးပြု၊ ပြည်သူကို အလင်းဖွင့်ပေးဖို့၊ ပညာပေးဖို့ စတဲ့ ကြီးကြီးကျယ်ကျယ် ကိစ္စတွေကြောင့်များလား တခုမှ မဟုတ်ပါဘူး။ ကုရာနတ္ထိဆေးမရှိတဲ့ ၀မ်းတွင်းပါရောဂါတမျိုးဖြစ်တဲ့ မရေးရမနေနိုင်လို့ ရေးခြင်းကလွဲလို့ တခြားပြစရာဆင်ခြေဆင်လက်မရှိပါ။ စာဖတ်တဲ့သူက ကိုယ့်စာဖတ်ပြီး သဘောကျလို့၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်