သာထက်အောင်

သာထက်အောင် – ပျော်ပါသော်ကော ဒုက္ခကမ္ဘာ

June 2, 2018
သာထက်အောင် – ပျော်ပါသော်ကော ဒုက္ခကမ္ဘာ

သာထက်အောင် – ပျော်ပါသော်ကော ဒုက္ခကမ္ဘာ (မိုးမခ) ဇွန် ၂၊ ၂၀၁၈ ” ခင်ဗျား – အသက်ကလေးရလာရင် စိတ်ချမ်းသာအောင်နေတတ်ဖို့ အရေးကြီးတယ်။ ဖြစ်နိုင်ရင် အင်တာနက် မကြည့်နဲ့ ၊ ဖေ့စ်ဘုတ်မဖတ်နဲ့ ၊ ရွှေပြည်ကြီးက စိတ်ဆင်းရဲစရာသတင်းတွေ နားမစွင့်နဲ့၊ အကွဲအပြဲ အဆဲအဆိုတွေ များလှတဲ့ မြန်မာအသင်းအဖွဲ့ဆိုတာတွေနဲ့ သွား မပတ်သက်နဲ့ ကိုယ့်လူ။ အဲဒါဆို အထိုက်အလျောက်တော့ စိတ်ဆင်းရဲခြင်းကင်းနိုင်ပါတယ်။” ဒီမှာရောက်နေတာကြာပြီဖြစ်တဲ့ ကျွန်တော့်ထက် အသက်ရော ၀ါရော နည်းနည်းပိုကြီးတဲ့ မိတ်ဆွေတယောက်ရဲ့ သြ၀ါဒပါ။ ခက်တာက ကျွန်တော်ကလည်း ကျွန်တော်ပဲ၊ သူပြောသလိုမနေတတ်ဘူး၊ အင်တာနက်လည်းကြည့်တယ် ဖေ့စ်ဘုတ်လည်းဖတ်တယ် (အဲ … ကွန်မင့်တွေတော့ မဖတ်ရဲဘူး၊ တစ်တစ်ခွခွဆဲဆို ကြိမ်းမောင်းထားတာတွေ ကြောက်လို့ ရွံလို့။)...

Read more »

သာထက်အောင် ● ရွှေခွက်ကို မြေခွက်လို့ထင်ရဲတဲ့သူ

May 1, 2018
သာထက်အောင် ● ရွှေခွက်ကို မြေခွက်လို့ထင်ရဲတဲ့သူ

သာထက်အောင် ● ရွှေခွက်ကို မြေခွက်လို့ထင်ရဲတဲ့သူ (မိုးမခ) မေ ၁၊ ၂ဝ၁၈ လူမျိုးတိုင်းမှာ ထင်ရှားတဲ့ ယေဘုယျသဘောဆောင်တဲ့၊ ကောင်းတဲ့အရည်အချင်း ညံ့တဲ့အရည်အချင်းတွေ ရှိတတ်ကြပါ တယ်။ ဥပမာ – ဂျပန်လူမျိုးဆိုရင် အလုပ်အလွန်ကြိုးစားတယ်ဆိုတဲ့ အရည်အချင်းက အသိအမှတ်မပြုချင်လို့ မရပါဘူး။ ပျင်းတဲ့ ဂျပန်ကော မရှိနိုင်ဘူးလား။ ဒါ ယေဘုယျသဘောကို ပြောတာပါ။ တရုတ်လူမျိုးဆိုရင် လောဘကြီးတယ်၊ အတ္တများ တယ်လို့ မြင်တတ်ကြပါတယ်။ လောဘမကြီးတဲ့ အတ္တနည်းတဲ့ တရုတ်တွေလည်း ရှိနိုင်ပါတယ်။ ထို့အတူပါပဲ  အော်ဇီတွေအပျော်အပါးမက်မောတယ်လို့ နာမည်ကြီးပါတယ်။ အပျော်အပါးသိပ်မမက်တဲ့ အော်ဇီတွေလည်း တွေ့ဖူးပါတယ်။ ကျွန် တော်တို့ ရွှေမြန်မာတွေကိုလည်း အလုပ်လုပ်ရာမှာ နှေးကွေးတယ်၊ ပျင်းတယ်လို့ မြန်မာပြည်မှာနေသွားဖူးတဲ့ scott ရွှေရိုးတို့ ကအစ ရေးခဲ့ဖူးပါတယ်။...

Read more »

သာထက်အောင် ● နင် ထမင်းကိုမုန်းပြီလား

March 5, 2018
သာထက်အောင် ● နင် ထမင်းကိုမုန်းပြီလား

သာထက်အောင် ● နင် ထမင်းကိုမုန်းပြီလား  (မိုးမခ) မတ်လ ၅၊ ၂၀၁၈ မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့တိုင်းပြည်ဖြစ်ပြီး ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်တဲ့ လူအများစုနေထိုင်ရာအရပ်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓဘာသာမှာ ဘုရားသားတော်လို့ ရည်ညွှန်းခေါ်ဆိုတဲ့ ဆရာတော်သံဃာတော်များကို အင်မတန်မှလေးစားကြည်ညိုပြီး ဆရာတော်သံဃာတော်များရဲ့ အဆိုအမိန့် ဟောကြားတဲ့တရားတော်များကိုလည်း လေး လေးစားစား နာယူမှတ်သားလေ့ရှိပါတယ်။ ကျေးလက်တောရွာများမှာဆိုရင် သာမန်ဦးပဇ္ဇင်းလေးတပါးကြွလာတာ လမ်း ပေါ်မှာဆုံမိရင်တောင် အရိပ်နင်းမိမှာစိုးလို့ ခပ်လှမ်းလှမ်းကနေ မြေပေါ်ပုဆစ်တုပ်ထိုင် ခယဝပ်တွားရှိခိုးဦးတင်ပြုကြတဲ့ မြင်ကွင်းကို မြန်မာတိုင်းမြင်ဖူးကြလိမ့်မယ်ထင်ပါတယ်။ အဲသည်လို သာသနာ့ဝန်ဆောင် ရဟန်းသံဃာများကို ကြည်ညိုဝပ်တွားလေးစားရင်းစွဲရှိတဲ့မြန်မာတွေမှာ အနေအစားချောင်လို့ သင်္ကန်းဝတ်ထားတဲ့ ရဟန်းတု ရဟန်းယောင် အချို့ကြောင့် အကြည်ညိုတွေပျက်၊ စိတ်လက်မအီမသာဖြစ်ကြရတာလည်း ကနေ့ငြင်းမရတဲ့ကိစ္စတခုပါ။ ထေကြီးဝါကြီး သိက္ခာကြီးဆရာ တော်ကြီးများလည်း ဒီအလ္လဇ္ဇီသင်္ကန်းဝတ်အချို့ကြောင့် ကိုယ်စိတ်နှစ်ပါးဆင်းရဲကြတယ်လို့ ကြားသိရပါတယ်။ နောက်ကွယ် ကနေ...

Read more »

သာထက်အောင် ● ကန်တဲ့လူကကန် ဖြဲတဲ့သူကဖြဲ

February 21, 2018
သာထက်အောင် ● ကန်တဲ့လူကကန် ဖြဲတဲ့သူကဖြဲ

သာထက်အောင် ● ကန်တဲ့လူကကန် ဖြဲတဲ့သူကဖြဲ (မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၈ ၁၉၈၀ ခုနှစ်အလွန်ကာလတခုမှာ ကျွန်တော်ဟာ ပရိုက်ဘိတ်တက္ကစီမောင်းစားရင်းနဲ့ တနေ့မတော့ အော်ဒါကြီးကြီးတခုနဲ့ ချိတ်မိပါတယ်။ ကျွန်တော့်ကားကို နေ့တိုင်းငှားစီးပြီး တနေ့တရာကျော် (စားပြီး သောက်ပြီး) ရနေတော့ အဲဒီခေတ်အခြေအနေ နဲ့ မဆိုးဘူးပြောလို့ရပါတယ်။ နောက်တော့ ကျွန်တော်လည်း ဂိတ်ကိုတောင်မရောက်တော့ပဲ တနေကုန်သူနဲ့လျှောက်သွားနေ တာ ရန်ကုန်မြို့တခွင် ပြဲပြဲစင်ဆိုပါတော့။ အဲဒီလို သွားရင်း လာရင်းနဲ့ ရင်းနှီးလာတော့ သူ့အလုပ်ထဲ ကျွန်တော်ပါမှန်းမသိ ပါ လာပါတော့တယ်။ သူနဲ့ပတ်သက်ပြီး ဘောလုံးသမားအချို့နဲ့လည်း ရင်းနှီးလာပါတယ်။ ဒီလိုနဲ့ဘောလုံးပွဲလုပ်ပွဲ (ခေါက်ဆွဲပွဲ) တွေအကြောင်း တဖြည်းဖြည်း သဘောပေါက်လာပါတော့တယ်။ တကယ်တော့ ဘယ်ဘောလုံးသမားမှ ကိုယ့်ဂိုးကိုယ် မသွင်းချင်ကြပါဘူး။ ငါ့ဝမ်းပူစာမနေသာလို့ပဲ ပြောကြပါစို့။ ပထမတန်း...

Read more »

သာထက်အောင် ● ခြစားတဲ့အိမ်

October 30, 2017
သာထက်အောင် ● ခြစားတဲ့အိမ်

သာထက်အောင် ● ခြစားတဲ့အိမ် (မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၇ အခု ကျွန်တော်အခြေချနေထိုင်တဲ့ ဆစ်ဒနီမြို့ရဲ့ရာသီဥတုက ဆောင်းလည်းမမည် နွေလည်းမပီ သေးတဲ့ Spring လို့ခေါ်တဲ့ နွေဦးရာသီပါ။ နေလို့ထိုင်လို့ကောင်းရုံလေးဆိုပါတော့။ နေလို့တော့ကောင်း ပါရဲ့။ တနေ့တခြား ပူနွေးလာတဲ့ရာသီဥတုက ကျွန်တော်တို့လို အပူပိုင်းကလာတဲ့သူအဖို့ မမှုပေမယ့် ဒီနှစ်နွေက ၅၀ ဒီဂရီ စင်တီဂရိတ် အထိ ရောက်နိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားလို့ နေရတာခပ်လန့်လန့်ပါပဲ။ ပူနွေးလာတဲ့ရာသီဥတုနဲ့အတူ တဆောင်းတွင်းလုံး ပျောက်ချက်သားကောင်းနေတဲ့ ပုရွက်ဆိတ် တို့၊ ပိုးဟပ်တို့၊ ယင်ကောင်တို့ ဟိုနားတကောင် သည်နားတကောင် တွေ့လာရပါပြီ။ ဒါကြောင့် Mortein ဆိုတဲ့ ပိုးမွှားသတ်ဆေးတဘူး ပြေးဝယ်ပြီး ဟိုနားရှူးရှူး ဒီနားရှူးရှူး လိုက်ဖြန်းနေရပါတယ်။ တကယ်တော့ ဒါက လက်ပူတိုက်လုပ်တာပါ။ ရှေ့လျှောက် ဒီထက်ပူလာရင်...

Read more »

သာထက်အောင် ● မမွဲဘယ်သူနေပါ့မယ်

March 7, 2017
သာထက်အောင် ● မမွဲဘယ်သူနေပါ့မယ်

  သာထက်အောင် ● မမွဲဘယ်သူနေပါ့မယ် (မိုးမခ) မတ် ၇၊ ၂၀၁၇ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် နှစ်ကုန်ပိုင်းလောက်က ဇနီးလုပ်သူ အားလပ်ရက် တလယူ ရွှေပြည်ကြီး သွားလည်ပြီး ပြန်လာတော့ တော်တော်ပျော်လာပုံပေါ်ပါတယ်။ သြဇီ ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁, ၀၀၅ ကျပ် မရစဖူးရခဲ့တော့ သူသုံး လို့ တယ်ကောင်းဆိုပဲ။ မင်းတယောက်အတွက်တော့ သုံးလို့ကောင်း၊ ဖြုန်းလို့ကောင်း၊ ဒေါ်လာဈေးတတ်တာ ကိုပဲ မင်းမှာအပျော်ကြီးပျော်နေ၊ အေး .…ကျန်ခဲ့တဲ့ မင်းအမေ၊ အမ၊ အမျိုးအဆွေ နိုင်ငံတူ၊ နိုင်ငံသားတွေ ဒေါ်လာဈေးတတ်တဲ့ဒဏ် ဘယ်လောက်ခံကြရသလဲဆိုတာ မင်းသိသလားဆိုတော့မှ ငြိမ်သွားပါတော့တယ်။ ရတောင့်ရခဲ့ လူ့ဘ၀ခဏတာမှာ ကျိကျိတက် မချမ်းသာဦးတော့ အသက်ကလေးတချောင်းတော့ သက်တောင့်သက်သာလေး မွေးသွားချင်ကြတာ လူ့ဓမ္မတာပါ။...

Read more »

သာထက်အောင် ● တိုင်းပြည်ရဲ့ဆင်းရဲဒုက္ခကို လေဖြင့်မကယ်တင်နိုင်ပါ

February 28, 2017
သာထက်အောင် ● တိုင်းပြည်ရဲ့ဆင်းရဲဒုက္ခကို လေဖြင့်မကယ်တင်နိုင်ပါ

သာထက်အောင် ● တိုင်းပြည်ရဲ့ဆင်းရဲဒုက္ခကို လေဖြင့်မကယ်တင်နိုင်ပါ မိုးမခ။ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇ စာမရေးဖြစ်တာကြာပါပြီ၊ တိုင်းပြည်ရဲ့ဆင်းရဲဒုက္ခသတင်းတွေ မြင်ရကြားရပြီး စိတ်မသက်မသာဖြစ်၊ ရန်ကုန်လေဆိပ်မှာ နေ့ခင်းကြောင်တောင်ကြီး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်တဲ့ကိစ္စမှ တရားခံလည်းမိ လက်နက်လည်းမိပါလျက် ဘာ့ကြောင့်သတ်တယ် ဘယ်သူကခိုင်းစေတယ်ဆိုတာ ခုထိမပေါ်သေးတော့ စိတ်မသက်သာဖြစ်ရုံကနေ စိတ်ဆိုးဒေါသဖြစ်တဲ့ အဆင့်အထိ တရိပ်ရိပ်တက်လာပြီး စာရေးဖို့ အာရုံမရလောက်အောင် စိတ်ရှုပ်ထွေးခဲ့ရပါတယ်၊ ရခိုင်ဘက်က ဘင်္ဂါလီအရေး UN ကဖိအားတွေပေးတော့မှ ပြူးတာပြာတာဖြစ်၊ စုံစမ်းရေးကော်မရှင်တွေဖွဲ့၊ ပြည်တွင်းမှလုပ်ချင်ရာလုပ်လို့ရတယ်ဆိုတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အသိအမြင်အတွေးအခေါ် တိမ်လွန်းတဲ့အကျိုးကျေးဇူးတွေ ခုတော့ကောင်းကောင်းကြီးခံစားနေရပါပြီ။ ဒီနှစ်ပြည်ထောင်စုနေ့မှာ အစဉ်အလာရှိခဲ့တဲ့ ပင်လုံမြို့လေးကို နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ကိုယ်တိုင် ကြွချီလာပြီး ကကြခုန်ကြ အောင်ပွဲတွေခံနေချိန်မှာ အရှေ့မြောက်ပိုင်းမှာတော့ လက်နက်ကြီးငယ် တအုန်းအုန်းထုသံနဲ့ ပြည်ထောင်စုနေ့ကို ကြိုဆိုရင်း စစ်ပြေးဒုက္ခသည်တွေ မျက်ရည်ပင်လယ်ဝေကြရပါတယ်/...

Read more »

သာထက်အောင် ● ရှေးမကျ တကျပုံပြင်

November 21, 2016
သာထက်အောင် ● ရှေးမကျ တကျပုံပြင်

သာထက်အောင် ● ရှေးမကျ တကျပုံပြင် (မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၆ ၁၉၇၃ ခုနှစ် ရန်ကုန်တက္ကသိုလ်က စိတ်ပညာအဓိကနဲ့ ဘွဲ့ရလာတော့ လူက အသက် နှစ်ဆယ် စွန်းစွန်းပဲရှိ ပါသေးတယ်။  ဘွဲ့မရခင် ကျောင်းတက် နေတုန်းမှာတော့ အဆောင်ကြေး၊ ထမင်းလခ၊ အပိုသုံး၊ ကျောင်းလခတွေကို အိမ် ကပို့ပေး ထောက်ပံ့ပေးလို့ သိပ်မပူရပေမယ့် ကျောင်းပြီးဘွဲ့ရတဲ့အထိ အိမ်ကိုမှီခိုနေရသေးတယ်ဆိုရင် သိပ်မဟုတ်တော့ပါဘူး။  မန္တလေးက Transfer လုပ်လာတဲ့သူဆိုတော့ အစိုးရ အဆောင် မရလို့ နာနတ်တော လမ်းထဲက ပုဂ္ဂလိကအဆောင်မှာ ငှားနေပြီး လှည်းတန်းတ၀ိုက်က ရွှေမြိုင်တို့ ဒေါ်အေးကြင်တို့ဆိုတဲ့ ထမင်းဆိုင် တွေကတော့ ကျွန်တော်တို့လို အပြင်ဆောင် သမားတွေ မှီခိုအားထားရဆိုပါတော့။  ပြည်လမ်း လိုင်းပေါက်နားက ဗာစီတီ...

Read more »

သာထက်အောင် ● မြားပစ်သမား

November 17, 2016
သာထက်အောင် ● မြားပစ်သမား

သာထက်အောင် ● မြားပစ်သမား မိုးမခ။ နိုဝင်ဘာ ၁၇၊ ၂၀၁၆ စာမဖတ်ဖြစ်ခဲ့တဲ့ ရက်မရှိပေမယ့် စာမရေးဖြစ်တဲ့ရက်တွေတော့ ကျွန်တော့်ဘ၀မှာ အများကြီး ရှိခဲ့ပါတယ်။ တခါတလေ ရေးရင်းတန်းလန်းနဲ့ပဲ ဘာ့ကြောင့် ငါ ဒါတွေရေးနေပါ လိမ့်…အတွေးနယ်ချဲ့ရင်းနဲ့ အရေးရပ်သွားတဲ့ ရက်တွေလည်း ရှိခဲ့ပါတယ်။ စာတွေရေးလို့ ဘာတွေရခဲ့သလဲ ငွေလား၊ အင်း…အင်း..သူဌေးတွေကြားရင် ရယ်နေပါဦးမယ်။ ဒါဖြင့် ကျော်ကြားမှု၊ နာမည်ကြီးမှုကြောင့်လား၊ ကိုယ်စာရေးမှန်း အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ် တောင် သိမထင်ပါဘူး။ ဒါဖြင့် တိုင်းပြုပြည်ပြု၊ လူ့အကျိုးပြု၊ ပြည်သူကို အလင်းဖွင့်ပေးဖို့၊ ပညာပေးဖို့ စတဲ့ ကြီးကြီးကျယ်ကျယ် ကိစ္စတွေကြောင့်များလား တခုမှ မဟုတ်ပါဘူး။ ကုရာနတ္ထိဆေးမရှိတဲ့ ၀မ်းတွင်းပါရောဂါတမျိုးဖြစ်တဲ့ မရေးရမနေနိုင်လို့ ရေးခြင်းကလွဲလို့ တခြားပြစရာဆင်ခြေဆင်လက်မရှိပါ။ စာဖတ်တဲ့သူက ကိုယ့်စာဖတ်ပြီး သဘောကျလို့၊...

Read more »

သာထက်အောင် ● သြဇာရှိတဲ့ ကလောင်

November 7, 2016
သာထက်အောင် ● သြဇာရှိတဲ့ ကလောင်

သာထက်အောင် ● သြဇာရှိတဲ့ ကလောင် (မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၆ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ သောက်ဟယ် စားဟယ်၊ ပျော်ဟယ် ပါးဟယ်၊ တဝါးဝါး တဟားဟား တရုန်ရုန်း နေရမယ့်အရွယ် မဟုတ်တာတကြောင်း၊ ဘဝပေးအခြေအနေအရ တယောက်ထီးတည်းနေရတဲ့အချိန်က ပိုများလာတာက လည်းတကြောင်း၊ မျှော်လင့်စရာ တောက်ပတဲ့ အနာဂတ်ရယ်လို့လည်း သိပ်မရှိတော့တာကလည်း တကြောင်း၊ ခုတော့ အားအားရှိ စာဖတ်၊ စာရေး၊ အင်တာနက်ကြည့်၊ တီဗီကြည့် ညောင်းရင် လမ်းထလျှောက် ဟိုငေး ဒီငိုင်နဲ့ စိတ်က အတိတ်ကို မကြာမကြာပြန်ရောက်ပါတယ်။ ‘ငိုချင်လျက် လက်တို့’ ဆိုသလို အတိတ်လွမ်းဝေဒနာ စွဲကပ်နေတုန်း ဖေ့စ်ဘွခ်ပေါ်မှာ ကုန်းဇောင်း ကျောင်း နှစ် ၁၀၀ ပြည့် အခမ်းအနားနဲ့ ဆရာကန်တော့ပွဲလုပ်တဲ့အကြောင်း ဖတ်လိုက်ရတော့...

Read more »

သာထက်အောင် ● မကျွတ်နိုင်သေးတဲ့ အထင်သေး အမြင်သေးခံ ဘဝ

October 30, 2016
သာထက်အောင် ● မကျွတ်နိုင်သေးတဲ့ အထင်သေး အမြင်သေးခံ ဘဝ

သာထက်အောင် ● မကျွတ်နိုင်သေးတဲ့ အထင်သေး အမြင်သေးခံ ဘဝ (မိုးမခ) အောက်တိုဘာ ၃ဝ၊ ၂ဝ၁၆ ဒီမနက်အင်တာနက်ဖွင့်ကြည့်ရင်းနဲ့ မိုးမခမှာ ကိုသန်းလွင်ရေးထားတဲ့ “သမ္မတကြီးထံ အိတ်ဖွင့်ပေးစာ (၂)” ဆိုတဲ့ ဆောင်း ပါးဖတ်လိုက်ရပါတယ်။ ဆောင်းပါးရဲ့ဆိုလိုရင်းကတော့ မြန်မာနိုင်ငံသားတွေ ပြည်ပထွက်တဲ့အခါ မြန်မာပတ်စပို့ကိုင်ဆောင်ရတော့ ရောက်လေရာ မျက်နှာငယ်ရတဲ့အကြောင်း၊ ပြည်ပမှာရှိတဲ့ မြန်မာသံရုံးတွေကလည်း မြန်မာနိုင်ငံသားတွေ ဒုက္ခ၊ သုက္ခနဲ့တွေ့ရင် ကူညီ စောင့်ရှောက်လေ့မရှိကြောင်း? နိုင်ငံတော်ပုံရိပ် လူမျိုးပုံရိပ်ကျဆင်းရတဲ့အကြောင်း၊ လူအတော်များများသိပြီး ကိစ္စတွေကို သမ္မတကြီးသိအောင် ရင်ဖွင့်ရေးသားထားတာတွေ ဖတ်လိုက်ရပါတယ်။ မြန်မာပတ်စပို့ကိုင်ပြီး ပြည်ပထွက်လာခဲ့တဲ့ ကျွန်တော်၊ နှစ်ပေါင်း၂ဝ ကျော်ကြာ ပြည်ပမှာ အခြေချနေထိုင်လာခဲ့တော့ ကိုယ် တွေ့အရရော သူတွေ့အရပါ မြန်မာတွေ ဘယ်လိုမျက်နှာငယ်ခဲ့ရတယ်၊  ဘယ်လောက်မျက်နှာ ငယ်ကြရတယ်ဆိုတာသိပါ တယ်။ ...

Read more »

သာထက်အောင် ● အပူတောမှာ မောလှပြီ

October 9, 2016
သာထက်အောင် ● အပူတောမှာ မောလှပြီ

  သာထက်အောင် ● အပူတောမှာ မောလှပြီ (မိုးမခ)  အောက်တိုဘာ ၈၊ ၂၀၁၆ မိသားစုတစုပဲဖြစ်ဖြစ် ရပ်ကွက်တခုပဲဖြစ်ဖြစ် တိုင်းပြည်တပြည်ပဲဖြစ်ဖြစ် သိပ်ဆင်းရဲလာပြီဆိုရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ စုပြုံလာတတ်တာသဘာဝပါ။ မိသားစုတခုမှာပဲ သိပ်ဆင်းရဲလာပြီဆိုရင် ဆင်းရဲခြင်းဒဏ်ကို အံကြိတ် မခံနိုင်တဲ့အခါ သားသမီးတွေပျက်စီး လာတတ်တယ်။ မိန်းမတွေဖောက်ပြန်လာတတ်တယ်။ ရာဇ၀တ်မှုမကင်းတဲ့ ငွေရှာနည်းတွေကို ယောက်ျား လုပ်သူတွေက ကြံတတ်ပါတယ်။ ဒါ့ကြောင့် ဆင်းရဲသားရပ်ကွက်တွေမှ ဆဲကြ၊ ဆိုကြ၊ ရိုက်ကြ၊ နှက်ကြ၊ ဆူညံ ပွတ်လောထနေတာတွေ တွေ့ရတတ်ပါတယ်။ ဆင်းရဲလို့ ပညာမသင်နိုင် ပညာမတတ်လို့ အသိဉာဏ်ခေါင်းပါး၊ အသိဉာဏ် ပညာ ဗဟုသုတ ခေါင်းပါးတော့ ဆင်းရဲတွင်းက မတက်နိုင်၊ ဒီလို ဆိုးသွမ်း သံသရာထဲမှာ ကရွက်ကင်း လျှောက်နေရတဲ့ဘ၀က လွတ်အောင်ကျွတ်အောင်ဆိုတာ...

Read more »

သာထက်အောင် ● ပျင်းတယ်ဆိုတာ မွေးရာပါရောဂါမဟုတ်ပါ

August 29, 2016
သာထက်အောင် ● ပျင်းတယ်ဆိုတာ မွေးရာပါရောဂါမဟုတ်ပါ

  သာထက်အောင် ● ပျင်းတယ်ဆိုတာ မွေးရာပါရောဂါမဟုတ်ပါ (မိုးမခ) သြဂုတ် ၂၉၊ ၂၀၁၆ တိုင်းပြည်နဲ့ လူမျိုး တကယ်ကြီးပွားတိုးတက်ချင်တယ်၊ ဆင်းရဲတွင်းက လွတ်ချင်တယ်ဆိုရင် ခေတ်ဟောင်းစနစ်ဟောင်းက လွဲမှားစွာ ကျင့်သုံးခဲ့တဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်၊ ပညာရေးစနစ်တွေကို ရဲရဲကြီး ပြင်ရပါလိမ့်မယ်။ ထို့အတူပဲ ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်နေတဲ့၊ နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့ အကျင့်ဆိုး၊ စရိုက်ဆိုးတွေကိုလည်း ပြတ်ပြတ်သားသား ဖယ်ရှားရပါလိမ့်မယ်။ ကနေ့အထိ ရွှေမြန်မာတွေ ပျော်ပျော်ကြီး လုပ်နေတဲ့ တွေ့တဲ့နေရာ အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ၊ လူပုံအလယ် ဆေးလိပ်တို အားရပါးရကြီး သောက်နေတာ၊ ကားကို ရပ်ချင်သလိုရပ်နေကြတာ စတဲ့ စည်းမရှိ၊ ကမ်းမရှိ ဖြစ်နေတာ တွေအပြင် စိတ်ပျက်ဖို့ကောင်းတဲ့ အကျင့်ဆိုးတခုကတော့ “အချိန်မလေးစားခြင်း”ပါပဲ။ မမှားဘူးထင်လို့ ထပ်ရေးပါရစေ။ ရွှေမြန်မာအတော်များများ...

Read more »

သာထက်အောင် ● စနစ်ကောင်းလျှင် ဆယ်အိမ်ခေါင်းမလိုပါ

August 7, 2016
သာထက်အောင် ● စနစ်ကောင်းလျှင် ဆယ်အိမ်ခေါင်းမလိုပါ

သာထက်အောင် ● စနစ်ကောင်းလျှင် ဆယ်အိမ်ခေါင်းမလိုပါ (မိုးမခ) သြဂုတ် ၇၊ ၂၀၁၆ ကြာတော့ကြာပါပြီ၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကထင်ပါရဲ့။  မကြာခင်က သေဆုံးသွားပြီဖြစ်တဲ့ ကျွန်တော့်ခွေးမလေးရဲ့ စူးစူးဝါးဝါးဟောင်သံကြားတာနဲ့ ကျွန်တော်လည်း အိမ်တံခါးဖွင့်ပြီး ကြည့်လိုက်တော့ ခြံထောင့် တနေရာမှာ ကင်းလိပ်ချော (Grass Lizard) တကောင်နဲ့ ခွေးမလေးနဲ့ ဖိုက်တင်ချတော့မယ့် အနေအထားကို တွေ့ရပါတယ်။ ကင်းလိပ်ချောကလည်း ပါးစပ်ကြီး ဟ ဟ ပြီး ရန်မူတဲ့ အခြေအနေမျိုး။ ခွေးမလေးကလည်း ဟောင်လည်းဟောင်၊ ကိုက်လည်း ကိုက်ထင်ပါရဲ့။  ပါးစပ်မှာ သွေးစလေးတွေ တွေ့ပါတယ်။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိပါဘူး။ ကင်းလိပ်ချောကလည်း တော်တော်လေးကြီးတော့ ကျွန်တော်လည်း ခပ်လန့်လန့်ပါ။ ဒီသတ္တ၀ါမျိုးက အဆိပ်ရှိလား၊ မရှိလားလည်း ကျွန်တော်မသိပါ။ သူ့ပါးစပ်က ပြာနှမ်းနှမ်းနဲ့...

Read more »

သာထက်အောင် ● အာဇာနည်နေ့လွန် အတွေး

July 27, 2016
သာထက်အောင် ● အာဇာနည်နေ့လွန် အတွေး

Photo – Than Htay Maung သာထက်အောင် ● အာဇာနည်နေ့လွန် အတွေး (မိုးမခ) ၂၇ ဇူလိုင်၊ ၂၀၁၆ ပြီးခဲ့တဲ့အင်္ဂါနေ့ (၁၉ ဇူလိုင်) ညနေပိုင်း၊ ထုံးစံအတိုင်း ဖေ့စ်ဘွတ်ခ် ပွတ်ရင်း တရိပ်ရိပ်တက်လာတဲ့ အနယ်နယ်အရပ်ရပ်မှာ ချီးကျင်းပကြတဲ့ အာဇာနည်နေ့ အထိမ်းအမှတ်ပွဲတွေကိုငေးရင်း ဟိုးလွန်ခဲ့တဲ့ ၂၇ နှစ်က အာဇာနည်နေ့လူထုချီတက်ပွဲအကြောင်း ခေါင်းထဲရောက်လာပါတယ်။ လွတ်လပ်ရေးဖခင်ကြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျ ဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုခွင့်၊ ဂါရ၀ပြုခွင့် နှစ်ပေါင်းများစွာပိတ်ပင်ခံ ထားရတော့ ခုလိုလွတ်လွတ်လပ်လပ်လည်း ဂါရ၀ပြုခွင့်ရရော၊ လူတွေဟာ ဆည်ရေကာတာကြီးကျိုး ပေါက်သလို ဒလဟောစုပြုံတိုးဝှေ့ပြီးတော့ အားရပါးရကြီး အလေးပြုခဲ့ကြပါတယ်။ ရန်ကုန်မှာမို့ မိုးထဲ ရေထဲမှာပဲ အချိန်တွေအများကြီးပေးပြီးမှ ဂါရ၀ပြုခွင့်ရကြတာပါ။ ဟိုးလွန်ခဲ့တဲ့ ၂၇...

Read more »

သာထက်အောင် ● အတောမသတ်နိုင်တဲ့ အလွဲလွဲအချော်ချော်တွေ

July 8, 2016
သာထက်အောင် ● အတောမသတ်နိုင်တဲ့ အလွဲလွဲအချော်ချော်တွေ

သာထက်အောင် ● အတောမသတ်နိုင်တဲ့ အလွဲလွဲအချော်ချော်တွေ (မိုးမခ) ဇူလိုင် ၈၊ ၂၀၁၆ ခုတလော တွေ့မြင်ကြားသိနေရတဲ့ ရွှေပြည်ကြီးက အမြီးအမောက် မတည့်မှုလေးအချို့ ရေးပြချင်ပါတယ်။ ရွှေပြည်ကြီးက အလွဲအချော်တွေ အမြီး အမောက်မတည့်မှုတွေရေးချင်ရင် ဇွဲကောင်းဖို့၊ ၀ီရိယကောင်းဖို့တော့ လိုလိမ့်မယ် ထင်ပါတယ်။ အလွဲအချော်တွေကလည်း အများသားကလား။ အခန်းဆက်ဝတ္ထု ရှည်ကြီး ဖြစ်သွားနိုင်ပါတယ်။ ရေးနိုင်တယ်ဆိုရင်ပေါ့။ အချို့အလွဲအချော်တွေက မသိမှုကိုအခြေခံပြီး ဖြစ်လာတဲ့အလွဲအချော် တွေ၊ အချို့အမြီးအမောက်မတည့်မှုတွေက အကြောက်တရားကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ အ မြီး အမောက်မတည့်မှုတွေ၊ အကြောက်တရားကိုပဲ အကြောင်းပြုပြု၊ မသိမှုကို အခြေခံ ခံ အလွဲအချော်တွေ အမြီးအမောက် မတည့်မှုတွေကို လက်ခံနေရတယ်ဆိုကတည်းက ကျွန်တော်တို့ ‘ညံ့’ လို့ ဆိုတာ ထင်ရှားပါတယ်။ လွဲရင်လွဲမှန်း၊ မှန်းရင်မှားမှန်း ထောက်ပြရဲတဲ့...

Read more »

သာထက်အောင် ● စနစ်ကောင်း၊ လူကောင်းမှ ခေတ်ပြောင်းမည်

June 14, 2016
သာထက်အောင် ● စနစ်ကောင်း၊ လူကောင်းမှ ခေတ်ပြောင်းမည်

သာထက်အောင် ● စနစ်ကောင်း၊ လူကောင်းမှ ခေတ်ပြောင်းမည် (မိုးမခ) ဇွန် ၁၄၊ ၂၀၁၆ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး၊ ၂၀၁၆ ဧပြီလ ၁ရက်နေ့မှာ စတင်တာဝန်ယူခဲ့တဲ့ ဒီချုပ်အစိုးရ စတက်ပြီး မကြာခင်မှာပဲ ရက် ၁၀၀ စီမံချက် ဆိုတာကြီးကို ကြေညာခဲ့ပါတယ်။  တိုးတက် အောင်မြင်မှုတွေကို အာသာငမ်းငမ်း မြင်ချင်ကြတဲ့ ပြည်သူ တွေမှာလည်း ရက် ၁၀၀ ကို လက်ချိုးရေပြီး စောင့်ကြည့်နေကြပါပြီ။  တိုးတက်ဖွံ့ဖြိုးပြီး အရှိန်ရနေတဲ့ အင်အားကြီး နိုင်ငံ တွေဖြစ်တဲ့ အမေရိကန်တို့လို အင်္ဂလန်တို့လို နိုင်ငံတွေမှာတောင် ခေါင်းဆောင် အပြောင်းအလဲ အစိုးရအပြောင်းအလဲဖြစ်ခဲ့ရင် ရက် ၁၀၀ အတွင်း တိုးတက်အောင်မြင်မှုတွေ သိသိသာသာကြီး မမြင်နိုင် မတွေ့နိုင်သေးတော့ကား အဖက်ဖက်က...

Read more »

သာထက်အောင် ● ဖက်မှာလားမောင်ရဲ့… ကြောက်တယ်ရှင်

May 14, 2016
သာထက်အောင် ● ဖက်မှာလားမောင်ရဲ့… ကြောက်တယ်ရှင်

သာထက်အောင် ● ဖက်မှာလားမောင်ရဲ့… ကြောက်တယ်ရှင် (မိုးမခ) မေ ၁၄၊ ၂၀၁၆ မြန်မာစကားမှာ “သူများယောင်လို့ ယောင် အမောင် တောင်မှန်း မြောက်မှန်းမသိ” ဆိုတဲ့ စကားပုံကို အသုံးအတော်များ ကြပါတယ်။   ကြားရဖန်များလို့ ရိုးသလိုတောင် ဖြစ်နေပါပြီ။  စကားပုံက ရိုးကောင်းရိုးပေမယ့် နေ့စဉ်ဘဝမှာတော့  သူများ ယောင်လို့ ရောယောင်လုပ်နေပြီး ကိုယ်လုပ်တဲ့  အလုပ်ရဲ့ အဓိပ္ပာယ်နဲ့ အနှစ်သာရ တိတိပပ သိတဲ့လူက ခပ်ရှားရှားပါ။ သူများနိုင်ငံကလူတွေ ဆံရှည်ထားတယ်၊ တချို့က ပိုနီတေးလ် (Ponytail) နောက်မှာချည်ထားတယ်။  ရွှေပြည်ကြီးက လူငယ်အချို့လိုက်လုပ်တယ်။  လုပ်ခွင့်ရှိပါတယ်။  ကိုယ့်ဆံပင်ပဲ သျှောင်ထုံးပဲ ထားထား၊ ခေါင်းတုံးပဲ ရိတ်ရိတ် ဘယ်သူ့မှ မထိခိုက်သရွေ့ ဘာပြဿနာမှ မရှိပါဘူး။  သူတို့ ဆံပင်...

Read more »

သာထက်အောင် – တန်ဖိုးသိတဲ့သူနဲ့ တန်ဖိုးရှိတဲ့လူ

May 6, 2016
သာထက်အောင် – တန်ဖိုးသိတဲ့သူနဲ့ တန်ဖိုးရှိတဲ့လူ

Like King Louis XVI before him, Lavoisier was executed by guillotine along with his father-in-law and 26 other “tax farmers” after the French Revolution. သာထက်အောင် – တန်ဖိုးသိတဲ့သူနဲ့ တန်ဖိုးရှိတဲ့လူ (မိုးမခ) မေ ၆၊ ၂၀၁၆ အလုပ်ကနားလိုက်ပြီဖြစ်လို့ အချိန်ပိုအချိန်အားလေးရလာတော့ ရွှေပြည်ကြီးက ညီအစ်ကိုမောင်နှမတွေ မိတ်ဆွေတွေဆီ မကြာမကြာဖုန်းဆက်ဖြစ်ပါတယ်။ ခုတလော သူတို့တွေဆီက ပြန်ကြားရတဲ့ သံပြိုင်တေး တပုဒ်ကတော့ “ပူလို့သေတော့မယ်” ဆိုတဲ့အသံပါပဲ။ ဖေ့စ်ဘွတ်ခ်ပေါ်မှာလည်း တွေ့ပါတယ်။ ချောက်၊ မြင်းခြံ၊ ပခုက္ကူ၊ စစ်ကိုင်း၊ မိထ္ထီလာ၊ မန္တလေးဆိုတဲ့ အရပ်တွေမှာ...

Read more »

သာထက်အောင် – လော်စပီကာနှင့် ရုပ်ရှင်ရုံထဲက နိုင်ငံတော်အလံ

April 21, 2016
သာထက်အောင် – လော်စပီကာနှင့် ရုပ်ရှင်ရုံထဲက နိုင်ငံတော်အလံ

သာထက်အောင် – လော်စပီကာနှင့် ရုပ်ရှင်ရုံထဲက နိုင်ငံတော်အလံ (မိုးမခ)၊ ဧပြီ ၂၁ ၂၀၁၆ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းထဲက မလွတ်နိုင် မကျွတ်နိုင်သေးတဲ့ ရွှေပြည်ကြီးဟာ ကမ္ဘာပေါ်မှာတရားဝင်ရုံးပိတ်ရက် အများဆုံးနိုင်ငံစာရင်းထဲမှာတော့ အခုချိန်ထိ တံခွန်စိုက်ဆဲပါ။ ငွေကြေးတောင့်တင်းတတ်နိုင်သူများကတော့ ပြည်ပခရီး၊ ပြည်တွင်းခရီး စိတ်အပန်းဖြေ လူအညောင်းပြေ သွားနိုင်လာနိုင်ကြပေမယ့် လူအများစုကတော့ အပူဒဏ်ကို လှိမ့်ပိန့်ခံရင်း သင်္ကြန်တွင်းပျင်းစရာကာလတခုကို ဘယ်လိုကျော်ဖြတ်ခဲ့တယ် မသိပါဘူး။ လူကြီးပိုင်းက အခါတွင်းနားအေးပါးအေး ဥပုသ်သီလစောင့်ချင်သူများရှိသလို၊ လူလတ်ပိုင်းကလည်း တူးပို့ တူးပို့ လုပ်ရမယ့် အရွယ်မဟုတ်တော့ စိတ်အေးလက်အေး နားနားနေနေစာဖတ်ချင်ကြတဲ့သူ ဗီဒီယိုခွေလေးကြည့်ချင်တဲ့သူ စသဖြင့် သင်္ကြန်ကာလကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျော်ဖြတ်ဖို့ ကြိုးစားတဲ့အချိန်မှာ စိတ်ညစ်စရာ အကောင်းဆုံးကိစ္စတခုကတော့ ဂိတ်ဆုံးအထိ Volume တင်ထားတဲ့ လော်စပီကာတို့ ဆောင်းဘောက်တို့ပါပဲ။ ဖေ့စ်ဘွတ်ကိုဝင်ကြည့်တော့လည်း ဒီလော်စပီကာဆိုတာကြီးကို...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်