ၾသစေၾတးလ်

ငြိမ်းချမ်းအေး – သောက်ရမ်း ဘာသာမပြန်ကြနဲ့

August 16, 2016
ငြိမ်းချမ်းအေး  – သောက်ရမ်း ဘာသာမပြန်ကြနဲ့

ငြိမ်းချမ်းအေး  – သောက်ရမ်း ဘာသာမပြန်ကြနဲ့ (The Ladies News Journal / မိုးမခ) သြဂုတ် ၁၆၊ ၂၀၁၆ ပြီးခဲ့တဲ့ သီတင်းပတ် ၄ ရက် သြဂတ်စ် ကြေးမုံ စာမျက်နှာ ၈ မှာ “လူ ၆၀၀ ကျော် အမည်မည်းစာရင်းမှ ပယ်ဖျက်” ခေါင်းစဉ်နဲ့ သတင်းဖတ်လိုက်ရပါတယ်။ သတင်းက အဲဒီတုန်းက ထိပ်တန်း ဖြစ်သွားတဲ့ မြန်မာနိုင်ငံသားဟောင်း လက်ရှိ အမေရိကန်နိုင်ငံသား ပရဟိတ အွန်လိုင်း အင်္ဂလိပ်စာ ဆရာ ဦးမောင်မောင်ဝမ်း တရားဝင် ပြည်ဝင်ခွင့် လက်မှတ်လျှောက်ထားဝင်လာပြီး ရန်ကုန် လေဆိပ်ကျမှ သူ့နာမည် Blacklist ဝင်နေလို့ လှည့်ပြန်ပို့ခံထိခဲ့တာနဲ့ ဆက်စပ်ဖြစ်လာတာပါ။ သတင်းအရ အစိုးရသစ်က အရင်အစိုးရများ...

Read more »

သာထက်အောင် ● စနစ်ကောင်းလျှင် ဆယ်အိမ်ခေါင်းမလိုပါ

August 7, 2016
သာထက်အောင် ● စနစ်ကောင်းလျှင် ဆယ်အိမ်ခေါင်းမလိုပါ

သာထက်အောင် ● စနစ်ကောင်းလျှင် ဆယ်အိမ်ခေါင်းမလိုပါ (မိုးမခ) သြဂုတ် ၇၊ ၂၀၁၆ ကြာတော့ကြာပါပြီ၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကထင်ပါရဲ့။  မကြာခင်က သေဆုံးသွားပြီဖြစ်တဲ့ ကျွန်တော့်ခွေးမလေးရဲ့ စူးစူးဝါးဝါးဟောင်သံကြားတာနဲ့ ကျွန်တော်လည်း အိမ်တံခါးဖွင့်ပြီး ကြည့်လိုက်တော့ ခြံထောင့် တနေရာမှာ ကင်းလိပ်ချော (Grass Lizard) တကောင်နဲ့ ခွေးမလေးနဲ့ ဖိုက်တင်ချတော့မယ့် အနေအထားကို တွေ့ရပါတယ်။ ကင်းလိပ်ချောကလည်း ပါးစပ်ကြီး ဟ ဟ ပြီး ရန်မူတဲ့ အခြေအနေမျိုး။ ခွေးမလေးကလည်း ဟောင်လည်းဟောင်၊ ကိုက်လည်း ကိုက်ထင်ပါရဲ့။  ပါးစပ်မှာ သွေးစလေးတွေ တွေ့ပါတယ်။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိပါဘူး။ ကင်းလိပ်ချောကလည်း တော်တော်လေးကြီးတော့ ကျွန်တော်လည်း ခပ်လန့်လန့်ပါ။ ဒီသတ္တ၀ါမျိုးက အဆိပ်ရှိလား၊ မရှိလားလည်း ကျွန်တော်မသိပါ။ သူ့ပါးစပ်က ပြာနှမ်းနှမ်းနဲ့...

Read more »

သာထက်အောင် ● အာဇာနည်နေ့လွန် အတွေး

July 27, 2016
သာထက်အောင် ● အာဇာနည်နေ့လွန် အတွေး

Photo – Than Htay Maung သာထက်အောင် ● အာဇာနည်နေ့လွန် အတွေး (မိုးမခ) ၂၇ ဇူလိုင်၊ ၂၀၁၆ ပြီးခဲ့တဲ့အင်္ဂါနေ့ (၁၉ ဇူလိုင်) ညနေပိုင်း၊ ထုံးစံအတိုင်း ဖေ့စ်ဘွတ်ခ် ပွတ်ရင်း တရိပ်ရိပ်တက်လာတဲ့ အနယ်နယ်အရပ်ရပ်မှာ ချီးကျင်းပကြတဲ့ အာဇာနည်နေ့ အထိမ်းအမှတ်ပွဲတွေကိုငေးရင်း ဟိုးလွန်ခဲ့တဲ့ ၂၇ နှစ်က အာဇာနည်နေ့လူထုချီတက်ပွဲအကြောင်း ခေါင်းထဲရောက်လာပါတယ်။ လွတ်လပ်ရေးဖခင်ကြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျ ဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုခွင့်၊ ဂါရ၀ပြုခွင့် နှစ်ပေါင်းများစွာပိတ်ပင်ခံ ထားရတော့ ခုလိုလွတ်လွတ်လပ်လပ်လည်း ဂါရ၀ပြုခွင့်ရရော၊ လူတွေဟာ ဆည်ရေကာတာကြီးကျိုး ပေါက်သလို ဒလဟောစုပြုံတိုးဝှေ့ပြီးတော့ အားရပါးရကြီး အလေးပြုခဲ့ကြပါတယ်။ ရန်ကုန်မှာမို့ မိုးထဲ ရေထဲမှာပဲ အချိန်တွေအများကြီးပေးပြီးမှ ဂါရ၀ပြုခွင့်ရကြတာပါ။ ဟိုးလွန်ခဲ့တဲ့ ၂၇...

Read more »

ငြိမ်းချမ်းအေး ● အင်္ဂလိပ်စာ သေချာပေါက် မတတ်စေတဲ့ ကိုယ်တွေ့များ

July 21, 2016
ငြိမ်းချမ်းအေး ● အင်္ဂလိပ်စာ သေချာပေါက် မတတ်စေတဲ့ ကိုယ်တွေ့များ

ငြိမ်းချမ်းအေး ● အင်္ဂလိပ်စာ သေချာပေါက် မတတ်စေတဲ့ ကိုယ်တွေ့များ (Education Digest / မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၆ အင်္ဂလိပ်စာကို ဒုတိယဘာသာစကားအနေနဲ့ သေချာပိုင်နိုင် လေ့လာလိုသူ မြန်မာပြည်က လူငယ်များနဲ့ တွေ့တိုင်း အင်္ဂလိပ်စာလေ့လာပုံ ဗဟုသုတတွေကို ကိုယ်တွေ့နဲ့ ယှဉ်ပြောမိဆိုမိတယ်။  အများဆုံး ပြောဖြစ်တာကတော့ အင်္ဂလိပ်စာ သေချာပေါက် မတတ်မယ့် နည်းတွေကို ဖြတ်သန်းခဲ့မှု အတွေ့အကြုံနဲ့ ပြောမိတာပါ။  ကိုယ်တိုင်က ပညာရေးစနစ်ဆိုးကို ဖြတ်လာရသူမို့  မတတ်မယ့်နည်းတွေကို ပိုသိနေတာပေါ့။  လူငယ်တွေ အနေနဲ့ ကျနော်တို့ ဖြတ်သန်းခဲ့သလို လမ်းလွဲလိုက်ရင်း သေချာပေါက် မတတ်မယ့်နည်းတွေနဲ့ အချိန်ကုန် နေမှာစိုးလို့ အင်္ဂလိပ်စာအတွက် ဆောင်ရန်တွေကို ဇောင်းမပေးဘဲ၊ ရှောင်ရန်တွေကိုသာ ပြောဖြစ်တာ များပါတယ်။ ပထမဆုံး...

Read more »

ငြိမ်းချမ်းအေး – သွေးစွန်းသမိုင်းမှသည် အနာဂတ်သစ်ဆီသို့

July 19, 2016
ငြိမ်းချမ်းအေး – သွေးစွန်းသမိုင်းမှသည် အနာဂတ်သစ်ဆီသို့

  ငြိမ်းချမ်းအေး – သွေးစွန်းသမိုင်းမှသည် အနာဂတ်သစ်ဆီသို့ (The Ladies News / မိုးမခ) ၁၉ ဇူလိုင်၊ ၂၀၁၆   လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် ခေတ်စနစ်မှာတော့ သမိုင်းက သွေးစွန်းခဲ့မှု အစုစု ဒဏ်တွေ၊ နောက်ဆက်တွဲ အမုန်းတွေကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရေစင်ပက်ဖျန်း ဆေးကြောကာ၊ သတ်ဖြတ်မှုတွေအားလုံး ကျော်လွှား ချေဖျက် သမိုင်းသစ်တွင်ဖို့ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုက မျှော်လင့်နေကြပါတယ်။ တိုင်းပြည်မှာ လက်နက်ကိုင် ဖိနှိပ်ခြင်းဓလေ့၊ အင်အားကြီးသူ အောင်နိုင်တဲ့ တောတွင်းလုပ်ထုံး၊ အကြမ်းဖက်ဝါဒ၊ စစ်အာဏာရှင်စနစ်နဲ့ သွေးစွန်းရက်စွဲများ လုံးဝ ရပ်တန့် ပပျောက်အောင် လူထု၊ အစိုးရ၊ အရပ်ဘက်အဖွဲ့စည်းများနဲ့ အင်အားကြီး တပ်မတော်တို့ ပူးပေါင်း ဒီမိုကရေစီ လောက နိဗ္ဗာန်တည်ဆောက်နိုင်ဖို့ မျှော်ရည်နေကြပါတယ်။...

Read more »

အက်ဆစ်က မဖျက်ဆီးနိုင်ခဲ့တဲ့ အမျိုးသမီးကောင်းများရဲ့ စိတ်ဓာတ်အလှတွေ ဖေါ်ကျူးနေရာ ‘ဆုံစည်းရာ’ ကော်ဖီဆိုင်

July 13, 2016
အက်ဆစ်က မဖျက်ဆီးနိုင်ခဲ့တဲ့ အမျိုးသမီးကောင်းများရဲ့ စိတ်ဓာတ်အလှတွေ ဖေါ်ကျူးနေရာ ‘ဆုံစည်းရာ’ ကော်ဖီဆိုင်

အက်ဆစ်က မဖျက်ဆီးနိုင်ခဲ့တဲ့ အမျိုးသမီးကောင်းများရဲ့ စိတ်ဓာတ်အလှတွေ ဖေါ်ကျူးနေရာ ‘ဆုံစည်းရာ’ ကော်ဖီဆိုင် (ခင်လေး နှင့် ငြိမ်းချမ်းအေး ပူးပေါင်းရေးသား စုစည်းတင်ဆက်သည်) (မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၆ “နင် ငါ့မျက်နှာကို ဖျက်ဆီးနိုင်ပေမယ့် ငါ့ရဲ့ ရှင်သန်ချင်တဲ့ စိတ်ဆန္ဒကိုတော့ သတ်လို့မရဘူး၊။ နင် ငါ့ရဲ့ ရှင်သန်နေတဲ့ စိတ်ဓာတ်ကို အက်ဆစ်နဲ့ပက်လို့မရပါဘူး …. ….” ပုံ (၁) ■ မတရားမှုကို ခံခဲ့ရပေမယ့် ဘဝကို အပြုံးမပျက် ရဲရဲရင်ဆိုင် ဖြတ်သန်းနေတဲ့ အက်ဆစ်ဒဏ်ခံ အမျိုးသမီး ကြီးကျယ်လှတဲ့ ဂူဗိမာန် ဆောက်ကာ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို တိုင်းတာပြပြီး သမိုင်းမှာတွင်ကျန်စေခဲ့တဲ့ ရှားဘုရင်ကြီးရဲ့ တာ့ဂ်ျမဟာ (Taj Mahal) ရှိရာ အိန္ဒိယနိုင်ငံ...

Read more »

သာထက်အောင် ● အတောမသတ်နိုင်တဲ့ အလွဲလွဲအချော်ချော်တွေ

July 8, 2016
သာထက်အောင် ● အတောမသတ်နိုင်တဲ့ အလွဲလွဲအချော်ချော်တွေ

သာထက်အောင် ● အတောမသတ်နိုင်တဲ့ အလွဲလွဲအချော်ချော်တွေ (မိုးမခ) ဇူလိုင် ၈၊ ၂၀၁၆ ခုတလော တွေ့မြင်ကြားသိနေရတဲ့ ရွှေပြည်ကြီးက အမြီးအမောက် မတည့်မှုလေးအချို့ ရေးပြချင်ပါတယ်။ ရွှေပြည်ကြီးက အလွဲအချော်တွေ အမြီး အမောက်မတည့်မှုတွေရေးချင်ရင် ဇွဲကောင်းဖို့၊ ၀ီရိယကောင်းဖို့တော့ လိုလိမ့်မယ် ထင်ပါတယ်။ အလွဲအချော်တွေကလည်း အများသားကလား။ အခန်းဆက်ဝတ္ထု ရှည်ကြီး ဖြစ်သွားနိုင်ပါတယ်။ ရေးနိုင်တယ်ဆိုရင်ပေါ့။ အချို့အလွဲအချော်တွေက မသိမှုကိုအခြေခံပြီး ဖြစ်လာတဲ့အလွဲအချော် တွေ၊ အချို့အမြီးအမောက်မတည့်မှုတွေက အကြောက်တရားကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ အ မြီး အမောက်မတည့်မှုတွေ၊ အကြောက်တရားကိုပဲ အကြောင်းပြုပြု၊ မသိမှုကို အခြေခံ ခံ အလွဲအချော်တွေ အမြီးအမောက် မတည့်မှုတွေကို လက်ခံနေရတယ်ဆိုကတည်းက ကျွန်တော်တို့ ‘ညံ့’ လို့ ဆိုတာ ထင်ရှားပါတယ်။ လွဲရင်လွဲမှန်း၊ မှန်းရင်မှားမှန်း ထောက်ပြရဲတဲ့...

Read more »

ငြိမ်းချမ်းအေး – ဂုဏ်ပြုအပ်တဲ့ 7th July အနှစ်သာရနှင့် ပြောင်းလဲရမယ့် တပ်မတော်ရဲ့ Mindset

July 7, 2016
ငြိမ်းချမ်းအေး – ဂုဏ်ပြုအပ်တဲ့ 7th July အနှစ်သာရနှင့် ပြောင်းလဲရမယ့် တပ်မတော်ရဲ့ Mindset

ငြိမ်းချမ်းအေး – ဂုဏ်ပြုအပ်တဲ့ 7th July အနှစ်သာရနှင့် ပြောင်းလဲရမယ့် တပ်မတော်ရဲ့ Mindset (The Ladies News Journal/မိုးမခ) ဇူလိုင် ၇၊ ၂၀၁၆ ၁၉၆၂ ခုနှစ် 7th July ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားရာချီ ကျဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုနဲ့ ဇူလိုင် ၈ ရက်နေ့ နံနက် ၆ နာရီ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဒိုင်းနမိုက် ဗုံးခွဲခံရမှု သမိုင်းဖြစ်စဉ်ကြီးဟာ ဗမာ့နိုင်ငံရေးကို သုံးသပ်ရာမှာ အင်မတန် အရေးကြီးပါတယ်။ ပြည်သူနဲ့ လက်တွဲပြီး ခေတ်ပြောင်းတော်လှန်ရေးကြီး ဆင်နွှဲမယ် အသံကောင်းဟစ်ခဲ့သူ မတ်လ (၂) ရက်နေ့ အာဏာသိမ်းစစ်ကောင်စီ၊ မဆလပါတီနဲ့ စစ်တပ်ဟာ သုံးလကျော်ကာလလေးမှာပဲ စစ်ဘီလူး...

Read more »

ငြိမ်းချမ်းအေး – လိုအပ်နေတဲ့ တကိုယ်ရေ တည်းဖြတ်မှု

June 28, 2016
ငြိမ်းချမ်းအေး – လိုအပ်နေတဲ့ တကိုယ်ရေ တည်းဖြတ်မှု

ငြိမ်းချမ်းအေး – လိုအပ်နေတဲ့ တကိုယ်ရေ တည်းဖြတ်မှု (The Ladies News Journal / မိုးမခ) ဇွန် ၂၈၊ ၂၀၁၆ စာရေးသူ တယောက်၊ အနုပညာရှင် တယောက်ဟာ ရေးသားတင်ပြလိုတဲ့ အကြောင်းအရာ၊ စာ၊ ဓာတ်ပုံ၊ ကာတွန်း၊ ရုပ်ရှင် အစရှိတဲ့ ဖန်တီးမှုတွေ၊ အမြင်အာဘော် စာတွေမှာ တည်းဖြတ်သူ အယ်ဒီတာ လက်ထဲ မထည့်ခဲ့ ကိုယ်တိုင် တည်းဖြတ်ရတဲ့ အဆင့်ကိုလည်း ကျော်ဖြတ်ရပါသေးတယ်။ ဒါကို Self-censorship လို့ ခေါ်ပါတယ်။ ဒီလို လုပ်ရခြင်းမှာ အကြောင်းအမျိုးမျိုး ရှိတတ်ပါတယ်။ သိပ်မကောင်းလှတဲ့ ရည်ရွယ်ချက်နဲ့ ဆိုရင်တော့ အဂတိတရားကြောင့်လည်း မိမိ ဖန်တီးမှု ဒါမှမဟုတ် ယုံကြည်ရာ အတွေးအမြင်တခုခုကို တည်းဖြတ်မှု...

Read more »

ငြိမ်းချမ်းအေး ● လမ်းပေါ်ကဘဝများ

June 19, 2016
ငြိမ်းချမ်းအေး ● လမ်းပေါ်ကဘဝများ

ငြိမ်းချမ်းအေး ● လမ်းပေါ်ကဘဝများ (မိုးမခ) ဇွန် ၁၉၊ ၂၀၁၆   ဂီတစာဆို စောဘွဲ့မှူးရဲ့ ဆိုးပေလို ကလေးတွေရဲ့ ဘဝများအတွက် ဖခင်ကောင်းတွေ လိုပါတယ်။  စနစ်ကောင်း တခုလည်း လိုပါတယ်။  ဖခင်များနေ့ကို အမှတ်တရ ဂုဏ်ပြုကြရင် တိုင်းပြည်အနှံ့ လမ်းမတွေ ပေါ်က ဆိုးပေတွေကိုလည်း သတိရကြစေ ချင်ပါတယ်။  မညီမျှတဲ့ ကျား-မ စနစ်၊ ပစ္စည်းရှိ ပစ္စည်းမဲ လူ့ဘောင် လောက စနစ်ကို မတော်လှန်နိုင်ရင်တောင် တနိုင် ပြုပြင်ရာမှာ ပါဝင်ဖို့ တိုက်တွန်းပါတယ်။ လင်ကောင် မပေါ်တဲ့၊ အဖေ မရှိတဲ့ ကလေး ဆိုတာ မရှိပါ။  လင်တွေ၊ ဖခင်တွေ တာဝန်ယူမှု မရှိ၊ စွန့်ပစ် ရှောင်ခွာခြင်းခံရတဲ့ အမျိုးသမီးနဲ့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်