ပင်တိုင်ကဏ္ဍ

စိုးခိုင်ညိန်း – ကြာကြာတင်းတင်း ဆုပ်ခြေလိုက်တော့ လက်ထဲကမီးခဲဟာကြေမွပြီးသေသွားတယ်

August 11, 2018
စိုးခိုင်ညိန်း – ကြာကြာတင်းတင်း ဆုပ်ခြေလိုက်တော့ လက်ထဲကမီးခဲဟာကြေမွပြီးသေသွားတယ်

ကြာကြာတင်းတင်း ဆုပ်ခြေလိုက်တော့ လက်ထဲကမီးခဲဟာကြေမွပြီးသေသွားတယ် စိုးခိုင်ညိန်း (မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၈ ဒေါင်းအလံကို လွှင့်တင်လိုက်တာနဲ့ လမ်းတွေက သွေးသံရဲရဲနဲ့ ကုန်းထလာတယ်၊၊ လေထဲက ဝိညာဉ်တွေကို ရိုက်နှိုးဖို့ သေနပ်ပစ်ဖောက်စရာမလိုဘူး၊၊ ဖေါက်ထွင်းသွားတဲ့ ကျည်ဆံပေါက်တွေကနေကြည့်လိုက်တော့ ငရဲပျက်ဖွယ်အော်သံတွေ အပိုင်းပိုင်းအပြတ်ပြတ် အတုံးအရုန်းတွေ မီးတောက်မီးလျှံတွေဟာ လမ်းမတွေဆီ စီးဝင်လို့ ခြေပြတ်လက်ပြတ်တွေနဲ့ မြို့တွေဟာ သွေးငေါက်တောက် ပန်းထွက်လို့၊၊ ဘယ်တော့မှမမေ့ဘူး စဉ်းစားလိုက်တိုင်းဘယ်နေရာကြည့်ကြည့် ဒီမြင်ကွင်းပဲ ခင်ဗျားတို့မှားတာတခုက လူအားလုံး သတ်မပစ်နိုင်ခဲ့တာပဲ မသေတဲ့ကျုပ်တို့က အမာရွတ်ကိုယ်စီနဲ့ ကျန်ခဲ့တော့ သတိရတိုင်း ဒါကို မီးထွက်အောင်ပွတ်နေမိတယ် အဲဒီမီးနဲ့ ခင်ဗျားတို့ တနေ့လောင်ကြဦးမှာပါ ကျုပ်တို့ထဲကစီးနေတဲ့သွေးတွေဟာ လောင်အားကောင်းတဲ့လောင်စာပဲ၊၊ ၊၊ No tags for this post. Related posts...

Read more »

ဓာတ်ပုံထိန်ဝင်းရဲ့၈၈၈၈ လူထုအုံကြွမှု ဓာတ်ပုံပြပွဲ ဗိဿနိုး galleryမှာ ပြသနေ

August 10, 2018
ဓာတ်ပုံထိန်ဝင်းရဲ့၈၈၈၈ လူထုအုံကြွမှု ဓာတ်ပုံပြပွဲ ဗိဿနိုး galleryမှာ ပြသနေ

ဓာတ်ပုံထိန်ဝင်းရဲ့၈၈၈၈ လူထုအုံကြွမှု ဓာတ်ပုံပြပွဲ ဗိဿနိုး galleryမှာ ပြသနေ K (မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၈ ၈၈၈၈နှစ် ၃၀ပြည့် အထိမ်းအမှတ်အဖြစ် ဓာတ်ပုံထိန်ဝင်းရဲ့၈၈၈၈ လူထုအုံကြွမှုလို့ အမည်ပေးထားတဲ့ဓာတ်ပုံပြပွဲ ရန် ကုန်မြို့ဗဟန်းမြို့နယ်ကမ္ဘာအေးဘုရားလမ်း အမှတ် ၁၁၃၊3Bရှိ ဗိဿနိုး galleryမှာ သြဂုတ်လ ၈ရက်နေ့မှစတင်ကာ သြဂုတ်လ ၁၂ရက်ထိ နံနက်၉နာရီကနေ ညနေ ၆နာရီထိ ပြသလျက်ရှိပါတယ်။ အဆိုပါဓာတ်ပုံပြပွဲမှာ ဓာတ်ပုံထိန်ဝင်းရဲ့၈၈အရေးတော်ပုံအတွင်းကရိုက်ခဲ့တဲ့သမိုင်းဝင်ဓာတ်ပုံတွေပြသထားပြီး စစ်အစိုးရ ကာလများတလျှောက် တ၀က်နီးပါးလောက်က ပျက်စီးခဲ့ပြီး အဆိုပါ ဓာတ်ပုံတွေကို Amsterdam Archiveမှာ သိမ်းဆည်း ထားခဲ့ရတယ်လို့ သိရပါတယ်။ ပြပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး ဓာတ်ပုံပညာရှင် ဦးထိန်ဝင်းက “ဒီပွဲလုပ်ရတဲ့အကြောင်းက တော်တော်များများက ဒီ ဓာတ်ပုံတွေကို မမြင်ဖူးကြဘူးလေ၊ လွန်ခဲ့တဲ့နှစ် ၃၀က...

Read more »

ကာတွန်း စောငို – ၈၈ အနှစ် ၃၀ – ပိုစတာများ (၃)

August 10, 2018
ကာတွန်း စောငို – ၈၈ အနှစ် ၃၀ – ပိုစတာများ (၃)

ကာတွန်း စောငို – ၈၈ အနှစ် ၃၀ – ပိုစတာများ (၃) (မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၈ No tags for this post. Related posts No related posts.

Read more »

Copy နဲ့ content ဆန်းသစ်တီထွင်ခြင်း အသိပညာဖလှယ်ဆွေးနွေးပွဲ သြဂုတ်လ၁၀ရက်

August 10, 2018
Copy နဲ့ content ဆန်းသစ်တီထွင်ခြင်း အသိပညာဖလှယ်ဆွေးနွေးပွဲ သြဂုတ်လ၁၀ရက်

Copy နဲ့ content ဆန်းသစ်တီထွင်ခြင်း အသိပညာဖလှယ်ဆွေးနွေးပွဲ သြဂုတ်လ၁၀ရက် K (မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၈ Copy နဲ့ content ဆန်းသစ်တီထွင်ခြင်း အမည်ရတဲ့ ဖန်တီးမှုနယ်ပယ်က အသက်မွေးမှု အတတ်ပညာတွေအကြောင်း အသိပညာဖလှယ်ပွဲကို ရန်ကုန်မြို့ဗဟန်းမြို့နယ် Gothe-Institut Myanmar (ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက် လမ်းထောင့်၊ ဗဟန်း၊ ရွှေကောင်းဟော့ပေါ့အနီး၊ ဗဟန်း(၃) လမ်းမှတ်တိုင်)မှာ သြဂုတ်လ ၁၀ရက် ညနေ ၆:၃၀ မှ ၈:၃၀ ထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါပွဲကို Creative Perspectives Myanmar က ဦးဆောင်ကျင်းပတာဖြစ်ပြီး ဦးဆောင်ဆွေးနွေးမယ့်သူများကတော့ ကိုပြည့်ဖြိုးနိုင် @Kelvin (Content Specialist and Social Strategist)၊ ကိုဥာဏ်ဟိန်း...

Read more »

ကိုသန်းလွင် ● လာအိုရေကာတာကျိုးပေါက်ခြင်း

August 10, 2018
ကိုသန်းလွင် ● လာအိုရေကာတာကျိုးပေါက်ခြင်း

ကိုသန်းလွင် ● လာအိုရေကာတာကျိုးပေါက်ခြင်း (မိုးမခ) သြဂတ်စ် ၁၀၊ ၂၀၁၈ (၁) လာအိုနိုင်ငံတွင် တည်ဆောက်ဆဲ ရေကာတာကြီး မကျိုးပေါက်ခင်ကဤရေကာတာကြီးကျိုးပေါက်တော့မည်ဖြစ်ကြောင်း အင်ဂျင်နီယာများက သိကြပါသည်။ အင်ဂျင်နီယာတဦးကဆိုလျင် မဖြစ်မီ သုံရက်ကြို၍ ရေကာတာ ကျိုးပေါက်တော့မည်ဖြစ် ကြောင်းကြိုတင်သိခဲ့ပါသည်။ ရေကာတာထိပ်တွင် မြေနိမ့်ဆင်းနေသည်မှာ ၄ လက္မခန့် ရှိကြောင်းသိခဲ့ပါသည်။ သို့ပါသော် လည်း ရေအောက်တွင်နေကြသော ကျေးရွာသူ/ကျေးရွာသားများ မသိခဲ့ကြပါ။ တကယ်က ဒလဟောကျဆင်းလာသော ရေတွေက ကျေးရွာများ၊ စိုက်ပျိုးခင်းများ၊ လူအများ၊ လူတို့ကျွေးမွေးထားသော တိရိစ္ဆာန်များကို သိမ်းကျုံး ယူဆောင်သွားပါ တော့သည်။ (၂) ကုမ္ပဏီများက ရေကာတာကြီး ကျိုးပေါက်တော့မည်ဖြစ်ကြောင်းလာအိုအာဏာ ပိုင်များထံသတင်းပို့ကြသည်ဟု ဆိုပါသည်။ အချို့သောကျေးရွာများမှာ လူများရွှေ့ပြောင်းနေပြီဖြစ်ပါပြီ၊ ယခုအချိန် အထိလူ ၂၇ ဦးသေဆုံးပြီး လူများစွာမှာ...

Read more »

မိုးကျော်အောင် – ထိုနံရံပြိုလဲအောင် ငါတို့သံပြိုင်တေးဆိုခဲ့ကြပေါ့

August 9, 2018
မိုးကျော်အောင် – ထိုနံရံပြိုလဲအောင် ငါတို့သံပြိုင်တေးဆိုခဲ့ကြပေါ့

ထိုနံရံပြိုလဲအောင် ငါတို့သံပြိုင်တေးဆိုခဲ့ကြပေါ့ မိုးကျော်အောင် (မိုးမခ) သြဂုတ် ၉၊ ၂၀၁၈ လွန်ခဲ့တဲ့ နှစ် ၃၀ ဆီက ဒီကနေ့လိုညမျိုးမှာ ကျနော်တို့မိတ်ဆွေသူငယ်ချင်းတစုဟာ ခမ်းနားကြီးကျယ်လှတဲ့ သမိုင်းဖြစ်ရပ်ကြီးတခုရဲ့တစွန်းတစကို တို့ထိပါဝင်ဖို့ အစပြုခဲ့ကြပါတယ်။ ပျဉ်းမနားမြို့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုအရေးတော်ပုံရဲ့ဇာတ်လမ်းအစဟာ အဲဒီနေ့ည ဘီအိုစီရပ်က “ပန်းရိုးမ“ ကဖေးကနေ အစပြုမြစ်ဖျား ခံခဲ့တယ်ဆိုရင် မှားမယ်မထင်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၃၀၊ အဲဒီနေ့မနက် (၈-၈-၈၈ မနက်) က ပန်းရိုးမဆိုင်မှာ အချိန်နဲ့အမျှဝင်ထွက်စားသောက်နေလို့ ရင်းနှီးကျွမ်းဝင်နေတဲ့ ရန်ကုန် ဝိဇ္ဖာ-သိပံ္ပကျောင်းသား ကိုဖုန်းမြင့် ကျနော့်ဆီရောက်လာပါတယ်။ သူနဲ့အတူပါလာတဲ့ အရပ်ပုပြတ်ပြတ်ကျောင်းသားတယောက်နဲ့လည်း မိတ်ဆက်ပေးပါတယ်။ ရန်ကုန် ဝ/သ ကျောင်းသား ကိုစိန်ရွှေပါ။ သူတို့က စကားတီးတိုးပြောလာပါတယ်။ ဒီနေ့(၈-၈-၈၈) ပျဉ်းမနားမှာ လူထုလှုပ်ရှားမှုမဖြစ်သေးလို့ စိတ်ထဲခံပြင်းနေကြတဲ့အကြောင်း၊...

Read more »

ကေဇော်မိုး – သွေးစွန်းနေတဲ့အမှန်တရားကို မုသာဝါဒနဲ့ ဖုံးကွယ်လို့မရဘူး

August 9, 2018
ကေဇော်မိုး – သွေးစွန်းနေတဲ့အမှန်တရားကို မုသာဝါဒနဲ့ ဖုံးကွယ်လို့မရဘူး

 သွေးစွန်းနေတဲ့အမှန်တရားကို မုသာဝါဒနဲ့ ဖုံးကွယ်လို့မရဘူး ကေဇော်မိုး (မိုးမခ) သြဂုတ် ၉၊ ၂၀၁၈ မိုးတွေရွာနေတုန်းပဲလား ငါတို့သွေးတွေ အတုံးအရုန်းစီးဝင်သွားတဲ့မြစ်တခုထဲ သမိုင်းဘီးတပတ်က အမှန်တရားကိုယူဆောင်ဖော်ပြခဲ့ပြီ။ ရဲရဲတောက်လူမသိသူမသိ သူရဲကောင်းတွေ အရေးတော်ပုံမြေမှာ ရွက်ခြောက်တွေကြွေသလို လွင့်စင်သွားတဲ့ လေဝဲအသက်တွေ ဘုမသိဘမသိ မြေဇာပင်တွေ စနစ်နဲ့ဓလေ့ဆိုးညစ်ကြီးထဲ စစ်နဲ့အာဏာကို အလံမလှဲစတမ်းတော်လှန်ကြ။ ဟေ့… ခေတ်ကောင်းနေတုန်း နင်းချေဖျက်ဆဲ လူမိုက်တွေ ယူဂျီတွေ အဖျက်အမှောက်တွေ လက်နှစ်လုံးစာအလိုတွေ တံဆိပ်ကပ်ပုံမချနဲ့။ ဒါ တရားသဖြင့်ဆန့်ကျင်ခဲ့တဲ့ ဖိနှိပ်ခံပြည်သူတို့ရဲ့အုံကြွပွဲ ဒါ အာဏာငန်းဖမ်းသူတွေကို ရှုတ်ချတော်လှန်ပွဲ ဒါ ဥဒါန်းမကြေဒေါင်းတွေက မွေးလိုက်တဲ့တော်လှန်ရေး ဒါ သွေးရဲရဲနီသွားတဲ့ တံတားနီညနေခင်းမှာစိုက်ထားတဲ့ ဒေါင်းအလံ ဘယ်လိုပဲ သေးသိမ်အောင် ပုံဖျက်ဖျက် တရားသဖြင့် ကျနော်တို့ရဲ့နှလုံးသားမှာစူးတယ် ထပ်ပြောမယ် သွေးစွန်းနေတဲ့အမှန်တရားကို မုသာဝါဒနဲ့ဖုံးကွယ်လို့မရဘူး ကမ္ဘာမကြေထပ်ပြောမယ်...

Read more »

ကာတွန်း စောငို – ၈၈ အနှစ် ၃၀ – ပိုစတာများ (၂)

August 9, 2018
ကာတွန်း စောငို – ၈၈ အနှစ် ၃၀ – ပိုစတာများ (၂)

ကာတွန်း စောငို – ၈၈ အနှစ် ၃၀ – ပိုစတာများ (၂) (မိုးမခ) သြဂုတ် ၉၊ ၂၀၁၈ No tags for this post. Related posts No related posts.

Read more »

ခေတ်ဂျာနယ် နှင့် မောင်မိုးသူ

August 9, 2018
ခေတ်ဂျာနယ် နှင့် မောင်မိုးသူ

ခေတ်ဂျာနယ် နှင့် မောင်မိုးသူ (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ သြဂုတ် ၂၀၁၈ ခေတ်ဂျာနယ်တိုက်ကို တည်ထောင်သူကတော့ ကိုအေးမောင်နဲ့ ဦးလေးကိုတို့ ဖြစ်ပါတယ်။ ဦးလေးကိုက ပြည်လမ်းက ပုံနှိပ်တိုက်ပိုင်ရှင်ဖြစ်ပြီး ကိုအေးမောင်ကတော့ နိုင်ငံရေးသမား ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး ဂျာနယ်တစ်စောင်ထုတ်ဝေဖို့ စီစဉ်ရာမှာ အယ်ဒီတာအဖြစ် ကိုသာနိုးကိုတာဝန်ပေးချောဆွဲပါတယ်။ ထုံးစံအတိုင်းပါပဲ ကိုသာနိုးက မောင်မိုးသူကို ချောဆွဲပြီး ခေတ်ဂျာနယ်ရဲ့ တိုက်ထိုင်တာဝန်ကိုပေးပါတယ်။ ပြောရမယ်ဆိုရင် ကိုသာနိုးရော မောင်မိုးသူပါ အယ်ဒီတာနာမည်များအဖြစ် ခေတ်ဂျာနယ်မှာ ပါဝင်ခြင်းမရှိကြပါဘူး။ ထုတ်ဝေသူ လိုင်စင်ယူထားတဲ့ ဦးလေးကိုရဲ့ ပုံနှိပ်တိုက်က ဖိုမင် မောင်ကျော်ညွန့်ဖြစ်ပါတယ်။ ခေတ်ဂျာနယ်ကို ဩဂုတ်လ ၆ ရက် ဟီရိုရှီးမား အထိမ်းအမှတ်နဲ့ စတင်ထုတ်ဝေပါတယ်။ ခေတ်ဂျာနယ်ရဲ့ ပင်တိုင်ပန်းချီဆရာ ဝင်းဖေဖြစ်ပါတယ်။ တစ်နေ့ ခေတ်ဂျာနယ်...

Read more »

ဝင်းအောင်ကြီး (မောင်အောင်မွန်) – ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၄)

August 9, 2018
ဝင်းအောင်ကြီး (မောင်အောင်မွန်) – ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၄)

ဝင်းအောင်ကြီး (မောင်အောင်မွန်) – ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၄)  RIT ကျောင်းသားညှိသည့်မီး နိုင်ငံအနှံ့ပြန့်သွား (မိုးမခ) သြဂုတ် ၉၊ ၂၀၁၈ (၁) ဧရာဝတီမြစ်ကိုသိရန် မြစ်ဝကျွန်းပေါ်၊ မြစ်ဆုံသာမက မေခနှင့်မလိခ အထိလိုက်ကြည့်မှပြည့်စုံမည်။ ချင်းတွင်းမြစ် ပူးပေါင်းလာပုံကိုလည်း ချန်ထား၍မရ။ စနစ်တကျလေ့လာ ဘက်စုံကနေကြည့်ကြရပါမည်။ (၂) ၈-၈-၈၈ အရေးအခင်း၊ ဖုန်းမော်နေ့ စသည်တို့ကို မွေးဖွားပေးလိုက်သော နေရာက ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ၊ နေ့က ၁၉၈၇ ခု၊ စက်တင်ဘာလ ၅ ရက်နေ့၊ သူတို့ထုတ်၍ သုံးစွဲနေကြသည့် ငွေစက္ကူများကို တရားမ၀င်ကြေညာလိုက်ပြန်ပြီ။ ကျောင်းလခ၊ အဆောင်ခ၊ ယုတ်စွအဆုံး လက်ဖက်ရည်ဖိုးပင် မကျန်လောက်အောင် ဖြစ်သွားရသည့် အခြေအနေကြောင့် ရန်ကုန်စက်မှုတက္ကသိုလ်...

Read more »

ကာတွန်း ATH ရဲ့ တံခါးလေးဖွင့်ပါဦး …

August 8, 2018
ကာတွန်း ATH ရဲ့ တံခါးလေးဖွင့်ပါဦး …

ကာတွန်း ATH ရဲ့ တံခါးလေးဖွင့်ပါဦး … (မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၈ No tags for this post. Related posts No related posts.

Read more »

ကာတွန်း စောငို – ၈၈ အနှစ် ၃၀ – ပိုစတာများ (၁)

August 8, 2018
ကာတွန်း စောငို – ၈၈ အနှစ် ၃၀ – ပိုစတာများ (၁)

ကာတွန်း စောငို – ၈၈ အနှစ် ၃၀ – ပိုစတာများ (၁) (မိုးမခ) သြဂုတ် ၈၊ ၂၀၁၈ No tags for this post. Related posts No related posts.

Read more »

၈၈၈၈ နှစ် ၃၀ပြည့် အထိမ်းအမှတ် ရန်ကုန်မြို့က အနုပညာလှုပ်ရှားမှုများ

August 8, 2018
၈၈၈၈ နှစ် ၃၀ပြည့် အထိမ်းအမှတ် ရန်ကုန်မြို့က အနုပညာလှုပ်ရှားမှုများ

၈၈၈၈ နှစ် ၃၀ပြည့် အထိမ်းအမှတ် ရန်ကုန်မြို့က အနုပညာလှုပ်ရှားမှုများ K (မိုးမခ) သြဂုတ် ၈၊ ၂၀၁၈   (၁) 30Th MEMORIAL ART EXHIBITION ပန်းချီပြပွဲ မြန်မာနိုင်ငံ စာနယ်ဇင်း သရုပ်ဖော်ပန်းချီဆရာအသင်းမှ ကြီးမှူးကျင်းပတဲ့ ၈၈၈၈အရေးတော်ပုံကြီးရဲ့ နှစ်၃၀ပြည့် အမှတ် တရအဖြစ် စာနယ်ဇင်း ပန်းချီဆရာ အယောက်၃၀ကျော်ရဲ့ပန်းချီကားများကို ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ၃၅လမ်း (လယ်)၊ အမှတ်၁၅၀/၁၆၀ရှိ moon ပန်းချီပြခန်းမှာ သြဂုတ်လ ၈ရက်နေ့ မနက်၉နာရီမှညနေ ၅နာရီထိ ပြသသွားမယ်လို့ သိရပါတယ်။ အဆိုပါပြပွဲကို သြဂုတ်လ ၈ရက်နေ့မှ ၁၁ရက်နေ့ထိ ပြသသွားမှာဖြစ်ပြီး ပြပွဲနဲ့ပတ်သက်ပြီး ပါဝင်ပြသမယ့် ပန်းချီဆရာမ မမွှေးက “၆၂ခုနှစ်မှယနေ့ထိစစ်အာဏာရှင်စံနစ်ကို တော်လှန်တိုက်ပွဲဝင်ခဲ့ကြရင်း တောထဲမှာ ထောင်တွေထဲမှာ...

Read more »

ဇင်လင်း ● ရှစ်လေးလုံးအရေးတော်ပုံ (သို့မဟုတ်) မြန်မာ့သမိုင်းဝင် နိုင်ငံရေးအချိုးအကွေ့

August 7, 2018
ဇင်လင်း ● ရှစ်လေးလုံးအရေးတော်ပုံ (သို့မဟုတ်) မြန်မာ့သမိုင်းဝင် နိုင်ငံရေးအချိုးအကွေ့

ဇင်လင်း ● ရှစ်လေးလုံးအရေးတော်ပုံ (သို့မဟုတ်) မြန်မာ့သမိုင်းဝင် နိုင်ငံရေးအချိုးအကွေ့ (မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၈ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်မှာ မကြာလှသေးဟု ထင်ရသော်လည်း ယခု ၂၀၁၈ ခုနှစ်တွင် နှစ်ပေါင်း ၃ဝ ပြည့်ခဲ့ပေပြီ။ ဆယ်စုနှစ် သုံးစုမျှသော အချိန်ကာလ အတောအတွင်း ရှစ်လေးလုံးအရေးတော်ပုံတွင် ပြည်သူလူထု လိုလား တောင်းဆိုခဲ့ကြသော လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး အစရှိသည့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များကို လက်တွေ့ခံစားနိုင်ရန် ဆက်လက်ကြိုးပမ်းနေကြရဆဲရှိသည်။ ရှစ်လေးလုံးပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံတွင် ပြည်သူလူထု၏ တောင်းဆိုချက်သည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု (Political System Change) ဖြစ်ပါသည်။ လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသည့် ဒီမိုကရေစီ ရပိုင်ခွင့်ကို တောင်းဆိုခြင်း...

Read more »

မောင်စွမ်းရည် ● ရှစ်လေးလုံး အရေးတော်ပုံ

August 7, 2018
မောင်စွမ်းရည် ● ရှစ်လေးလုံး အရေးတော်ပုံ

မောင်စွမ်းရည် ● ရှစ်လေးလုံး အရေးတော်ပုံ (မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၈ ဒို့ ဗမာပြည် ပြည်သူစည်းရုံး၊ ရှစ်လေးလုံးကား နှစ်သုံးဆယ်ပင် တိုင်ခဲ့ပြီ။ ရှမ်း ချင်း ကချင် ကရင် ကယား မွန် မြန်မာ ရခိုင် တရုတ် ကုလား ကျောင်းသား ရဟန်း ဘမ်းရွက်သီလရှင် မျက်မမြင်ရော မျက်မြင်ရော တူတံဇဉ်ရော ပေါက်ပြားရော လေးရောမြားရော ဒုတ်ဒါးရော တောရောမြို့ပါ ဗမာတပြည်လုံး ခြိမ့်ခြိမ့်ချုန်းခဲ့ မဆုံးနေ့ည ကြွေးကြော်ကြပြီ ဒီလိုဟစ်ကြွေး သွေးစည်းပြီ။ “စစ်အာဏာရှင်၊ အလိုမရှိ၊ အလိုမရှိ” “တစ်ပါတီစနစ် တိုက်ဖျက်ပစ် တိုက်ဖျက်ပစ်” “ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး” “လူ့အခွင့်အရေး ရရှိရေး ဒို့အရေး ဒို့အရေး” ဒို့အရေးမို့...

Read more »

ဝင်းအောင်ကြီး (မောင်အောင်မွန်) – ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၃)

August 7, 2018
ဝင်းအောင်ကြီး (မောင်အောင်မွန်) – ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၃)

ဝင်းအောင်ကြီး (မောင်အောင်မွန်) – ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၃) (မိုးမခ) သြဂုတ် ၇၊ ၂၀၁၈  သတင်းမဂ္ဂဇင်းလာပြီ (၁) ကိုတင်မောင်မြင့်၊ ကိုမြတ်ငြိမ်းနှင့် ကျွန်တော်တို့အား ခေါ်ယူတွေ့ဆုံ ရှင်းပြချိန်မှာပင် အထတလှအောင်သည် သတင်းမဂ္ဂဇင်း ထုတ်ဝေခွင့်ရထားပြီးနေပြီ။ ကြံတတ်ဖန်တတ်သူကြီးက အထက်သို့ ခပ်မြက်မြက်ပေး၍ ရခြင်းဖြစ်ပေလိမ့်မည်။ (၂) ကြာရှည်စွာတည်တန့်ရေးအတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရမည်၊ ကိုတင်မောင်မြင့်က ဒုတိယ အယ်ဒီတာချုပ်၊ ကိုမြတ်ငြိမ်းက အုပ်ချုပ်မှု အယ်ဒီတာ၊ ပြည်ပရေးရာ ၀င်းအောင်ကြီး ၊ အယ်ဒီတာလို့မထည့်–ဖေါင်းပွနေမှာမို့–ပြီးတော့ (၄) ယောက်စလုံး တွဲပြီးရောပြီးလုပ်ကြမည်၊ ပင်တိုင်ဆောင်းပါးရှင်များ ထားရှိမည်၊ စွန့်စားစရာရှိ (၄)ယောက်သဘောတူမှလုပ်မည်၊ စိတ်တူကိုယ်တူ –စသဖြင့် ရှင်းပြတော့ ၀မ်းသာရ အားတက်ကြရ၏။ (၃) ပေဖူးလွှာ...

Read more »

ကာတွန်း မောင်ရစ် – အနှစ် ၃၀

August 7, 2018
ကာတွန်း မောင်ရစ် – အနှစ် ၃၀

ကာတွန်း မောင်ရစ် – အနှစ် ၃၀ (မိုးမခ) သြဂုတ် ၇၊ ၂၀၁၈ No tags for this post. Related posts No related posts.

Read more »

ရန်ကုန်တက္ကသိုလ်မှာ ကျင်းပနေတဲ့ နှစ် ၃၀ ပြည့် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားမြင်ကွင်များ

August 7, 2018
ရန်ကုန်တက္ကသိုလ်မှာ ကျင်းပနေတဲ့ နှစ် ၃၀ ပြည့် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားမြင်ကွင်များ

ရန်ကုန်တက္ကသိုလ်မှာ ကျင်းပနေတဲ့ နှစ် ၃၀ ပြည့် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားမြင်ကွင်များ K (မိုးမခ) သြဂုတ် ၇၊ ၂၀၁၈ နှစ် ၃၀ ပြည့် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို ၈၈၈၈ အရေးတော်ပုံ နှစ် – ၃၀ ပြည့် အခမ်းအနား ဖြစ်မြောက်ရေးကော်မတီမှကြီးမှူးကာ သြဂုတ်လ ၆ရက်မှ ၈ရက်ထိ သုံးရက်ကြာ ရန်ကုန်တက္ကသိုလ်ဝင်းရှိ တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)မှာ ပြုလုပ်ကျင်းပလျက်ရှိပါတယ်၊၊ သြဂုတ်လ ၆ရက်နေ့ မနက်ပိုင်းမှ စတင်ကာ အခမ်းအနားဖွင့်လှစ်ကျင်းပခဲ့ပြီး တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)မှာ ၈၈၈၈ အထိမ်းအမှတ် ထောင်တွင်းအနုပညာများပြသခြင်း၊ ကဗျာ၊ ကာတွန်း၊ သီချင်း၊ ပန်းချီလက်ရာများကို တင်ဆက်ပြသ လျက်ရှိပြီး ၀ိဇ္ဖာခန်းမမှာ ရှစ်လေးလုံး...

Read more »

၈၈၈၈(သို့) နှစ် ၃၀ ပြည့် ပြည်သူ့အရေးအခင်းကြီး

August 7, 2018
၈၈၈၈(သို့) နှစ် ၃၀ ပြည့် ပြည်သူ့အရေးအခင်းကြီး

၈၈၈၈(သို့) နှစ် ၃၀ ပြည့် ပြည်သူ့အရေးအခင်းကြီး K ငြိမ်းချမ်း၊ (မိုးမခ) သြဂုတ် ၇၊ ၂၀၁၈   စာရေးသူ -ကိုကိုလေး (ဘာသာပြန်) စာအုပ်အမည် – TRUTH ။ အမှန်တရား၊ ၈၈၈၈ အရေးတော်ပုံသမိုင်း အမျိုးအစား – နိုင်ငံရေး ထုတ်ဝေသည့်တိုက် – ယဉ်မျိုးစာပေ ထုတ်ဝေသည့်ကာလ – ၂၀၁၈၊ သြဂုတ်လ တန်ဖိုး- ၃၅၀၀ ကျပ် မြန်မာ့နိုင်ငံရေး သမိုင်းဖြစ်စဉ်ထဲမှာ အကြီးမားဆုံးနဲ့အကျယ်ပြန့်ဆုံးအထိရောက်ဆုံး လူထုအရေးတော်ပုံကြီးကိုပြပါဆို ရင်တော့ ၈၈၈၈ လူထုအရေးအခင်းကြီးကို မလွဲမသွေပြန်သွားရမှာပဲဖြစ်ပါတယ်။ ၁၉၆၂ခု မတ်လ၂ရက်နေ့မှာ ဗိုလ်ချုပ် ကြီးနေ၀င်း ခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီဟာ အတင်းအဓမ္မ အာဏာသိမ်းယူခဲ့လို့ ပြည်သူလုထုတတွေ စစ်အုပ် ချုပ်ရေးအောက်...

Read more »

လူငယ်ပန်းချီဆရာ အောင်ကြည်စိုးရဲ့အမာရွတ်အမည်ရတဲ့ တကိုယ်တော်ပန်းချီပြပွဲ

August 7, 2018
လူငယ်ပန်းချီဆရာ အောင်ကြည်စိုးရဲ့အမာရွတ်အမည်ရတဲ့ တကိုယ်တော်ပန်းချီပြပွဲ

လူငယ်ပန်းချီဆရာ အောင်ကြည်စိုးရဲ့အမာရွတ်အမည်ရတဲ့ တကိုယ်တော်ပန်းချီပြပွဲ K (မိုးမခ) သြဂုတ် ၇၊ ၂၀၁၈ ပန်းချီဆရာ အောင်ကြည်စိုးရဲ့အမာရွတ် (Scar Series) အမည်ရတဲ့တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့ဒဂုံမြို့နယ်၊ အောင်ဆန်းအားကစားကွင်းမြောက်ဘက်အမှတ် ၂၃ရှိ OK Art Galleryမှာ သြဂုတ်လ ၈ရက်နေ့မှ ၁၂ရက်နေ့ထိပြသ သွားမယ်လို့သိရပါတယ်။ အဆိုပါပြပွဲကို ဖွင့်ပွဲရက် သြဂုတ်လ ၈ရက်နေ့ နေ့လယ် ၁နာရီကနေ ၄နာရီထိဖွင့်လှစ်ပြသွားမှာဖြစ်ပြီ ပြပွဲရက်များအတွင်း သြဂုတ်လ ၁၂ ရက်ထိ နံနက် ၉နာရီမှ ည ၆နာရီထိ ဆက်လက်ပြသွားမယ်လို့ သိရပါတယ်။ အခရိုင်းလစ်အမျိုးအစား ပန်းချီကားပေါင်း၂၀ကျော်ကို ပြသသွားမှာဖြစ်ပြီး ပြပွဲနဲ့ပတ်သက်ပြီး ပန်းချီအောင်ကြည်စိုးက “ပြီးခဲ့တဲ့နှစ် တလပိုင်းကတည်းက ပြပွဲရက်ယူပြီးကတည်းက တနှစ်ပတ်လုံး ခေါင်းထဲထည့်ထားခဲ့တာပေါ့။ ဒီနေ့ဒီရက်မှာ လုပ်မယ်ဆိုပြီးတော့။ အကြောင်းအရာကတော့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်