သမိုင်းနဲ့ အစဉ်အလာ

ကိုသစ်(သီတဂူ) – နာဂစ် အလွမ်းမပြေ

July 27, 2017
ကိုသစ်(သီတဂူ) – နာဂစ် အလွမ်းမပြေ

၂၀၀၈ မေလ နာဂစ်မုန်တိုင်းအပြီး မိန်းမလှကျွန်း မြင်ကွင်း (မိုးမခ) ကိုသစ်(သီတဂူ) – နာဂစ် အလွမ်းမပြေ (မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၇ ၂၀၀၈-ခုနှစ် မေလ ၂-ရက်နေ့က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းအကြောင်းကို လူတိုင်းသိကြပြီးဖြစ်သည်။ မြန်မာနိုင်ငံရဲ့ သမိုင်းတလျှောက် အသေအပျောက် အများဆုံးဖြစ်ခဲ့ရသည့် သည်နာဂစ်မုန်တိုင်းကြီးက လူ့အသက်တွေကိုသာမက အနာဂတ်တွေ၊ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေကိုပါ ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။ သူထားခဲ့တာက နာကျင်ခြင်းတွေ၊ စိုးရိမ်တုံလှုပ်ခြင်းတွေ၊ ပူဆွေးသောကတွေ စိတ်မချမ်းမြေ့ခြင်းနှင့် နာကျင်ကြေကွဲခြင်းတို့ပင်ဖြစ်သည်။ နာဂစ်ဖြစ်သောညက မိမိက ရန်ကုန်သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရောက်ရှိနေသည်မို့ ရန်ကုန်နာဂစ်အကြောင်းကို နဖူးတွေ့ ဒူးတွေ့ တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။ မှတ်မှတ်ရရ အဲဒီတုန်းက အရုဏ်ဆွမ်းနေချိန်မှာ ဆွမ်းကျောင်းတံခါးကြီးက ဘယ်လိုမှ ပိတ်မရတော့။ လေတွေ တဟူးဟူးတိုက်ခတ်နေပြီး မှန်တွေ တံခါးတွေ...

Read more »

လှကျော်ဇော- ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ

July 27, 2017
လှကျော်ဇော- ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးအမှတ် (၄၄) လှကျော်ဇော ၊ (မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၇ ဗိုလ်ကျော်ဇောရုပ်ရှင်ရိုက်မယ် ….တဲ့။ အခုတလော စစ်တပ်ကအထိမခံ ရွှေပန်းကန် ဖြစ်နေပြီး ထစ်ခနဲဆို ပုဒ်မ-၆၆(ဃ)နဲ့ဆွဲဖမ်း၊ တရားစွဲ၊ ထောင်ချလုပ်နေတာ တွေတွေ့ရပါတယ်။ သံဝေဂ ရစရာကောင်းပါတယ်။ “ကာလဝိဘက် နောက်ပိုးတက် တယ်” လို့သာသဘောထားကြပါလို့ ဆိုချင်ပါတယ်။ ငရဲမှအပ ဝဋ်အမြဲ ဆိုတဲ့စကားလည်း ရှိမဟုတ်လား။ ————————– လွမ်းလေသမျှက အဖြစ်အပျက်များနဲ့ တဆက်တစပ်တည်း ဖြစ်ခဲ့တဲ့ ကိစ္စရပ်တခုရှိခဲ့ပါတယ်။ ဖေဖေရုပ်ရှင်ရိုက်မယ်… ဆိုတဲ့သတင်းများ ထွက်လာတာပါ။ ၁၉၆၃ခု-နိုဝင်ဘာ (၁၄) ရက်နေ့မှာ-အဲဒီကာလက အုပ်ချုပ်နေတဲ့ စစ်အုပ်စုတော်လှန် ရေးကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တဖက်သတ် ရပ်ဆိုင်းလိုက်ပါတယ်။ ဒီနောက်မှာတော့ စစ်တပ်ရဲ့ စစ်ဘီးလူး...

Read more »

ကျော်ဝင်း – ဘဝ မာတိကာ နိုင်ငံရေး မာတိကာ – နှင့် မဟာဗျူဟာ မာတိကာများ

July 19, 2017
ကျော်ဝင်း – ဘဝ မာတိကာ နိုင်ငံရေး မာတိကာ – နှင့် မဟာဗျူဟာ မာတိကာများ

   ကျော်ဝင်း – ဘဝ မာတိကာ နိုင်ငံရေး မာတိကာ – နှင့် မဟာဗျူဟာ မာတိကာများ (စာရေးဆရာ ကျော်ဝင်း၏ ဖေ့စ်ဘွတ်မှ ကူးယူဖော်ပြပါသည်) မိုးမခ၊ ဇူလိုင် ၁၉ ၊ ၂၀၁၇(၁) ၁၈၊ ဇူလိုင်၊ ၂၀၁၇။ အာဇာနည်နေ့မတိုင်ခင် တစ်ရက်။ စစ်ပြီးခေတ် မြန်မာ့နိုင်ငံရေးတွင် အငြင်းပွားစရာ အကောင်းဆုံးဖြစ်ဖွယ်ရှိသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးကား နှုတ်ဆက်ထွက်ခွါသွားခဲ့ချေပြီ။ စီးပွားရေးပညာရှင်၊ နိုင်ငံရေးသမား၊ စာရေးဆရာနှင့် ဂျာနယ်လစ်၊ ဆရာကြီးမောင်စူးစမ်း ဖြစ်ပါသည်။ စွဲလန်းသူ အချို့က သူ့ကို တသသ ဖြစ်နေကြသည့်တိုင်၊ မကျေနပ်သူများကား သူ့ကို ကျိန်ဆဲနေကြပါလိမ့်မည်။ သူကတော့ ဘာကိုမှ ကြားနိုင်တော့မည်မဟုတ်တော့…။ အားလုံးကို ဥပက္ခာ ပြုသွားခဲ့ချေပြီ။ . . (၂) စစ်တွင်းက၊ တပ်မတော်သား။...

Read more »

မောင်မောင်စိုး ● ဆရာမြအား လွမ်းမိပါသည်

July 12, 2017
မောင်မောင်စိုး ● ဆရာမြအား လွမ်းမိပါသည်

မောင်မောင်စိုး ● ဆရာမြအား လွမ်းမိပါသည် (မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၇ ယခုရက်ပိုင်း ကျနော်နေ့စဉ် မနက်တိုင်းစာရေးဖြစ်သည်။ မနက်တိုင်း စာရေးဖြစ်ပြီး online ပေါ်တွင် post တွေတင်ဖြစ်ပါသည်။ စာရေးပျင်းသော ကျနော်ရေးရင်းနှင့် သိပ်မပျင်းတော့။ ဤသို့နေ့စဉ် စာရေးဖြစ်ရင်း ဆရာမြအား လွမ်းမိပါသည်။ ကျနော် လွမ်းမိသော ဆရာမြဆိုသူမှာ လွန်ခဲ့သော ၁၅ နှစ်ကျော်က ကွယ်လွန်သွားရှာပြီဖြစ်သော စာရေးဆရာ ဦးမြသန်းတင့်ဖြစ် ပါသည်။ ဆရာမြနှင့်ကျနော် စတင်ဆုံဘူးစဉ်ကာလက ၁၉၇၃ လောက်ဖြစ်သည်။ ထိုစဉ်က ဆရာမြ ကိုးကိုးကျွန်းက လွတ်ခါ စကာလလည်း ဖြစ်သည်။ ဆရာမြ၏ “ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” စာအုပ် ဂယက်ကြီးစွာထနေဆဲ ကာလ လည်းဖြစ်သည်။ ဆရာမြ၏သားငယ် ဖိုးလမင်း မွေးခါစကာလလည်း...

Read more »

နီဇူလိုင်-ကျောင်းသားသမဂ္ဂအဆောက်အဦကို ဘာကြောင့် အလောတကြီး တည်ဆောက်ချင်နေရတာလဲ

July 11, 2017
နီဇူလိုင်-ကျောင်းသားသမဂ္ဂအဆောက်အဦကို ဘာကြောင့် အလောတကြီး တည်ဆောက်ချင်နေရတာလဲ

ကျောင်းသားသမဂ္ဂအဆောက်အဦကို ဘာကြောင့် အလောတကြီး တည်ဆောက်ချင်နေရတာလဲ နီဇူလိုင် (မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၇          ၂၀၁၇  ဇူလိုင်(၇)ရက်..။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂအဆောက်အဦ ဟောင်း နေရာမှာ မျိုးဆက်အသီးသီးက ကျောင်းသားတွေ သွားရောက်စုရုံးကြပြီး (၅၅)နှစ်မြောက် ဆဲဗင်းဂျူလိုင် နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ကြတာကို သတင်းတွေထဲကနေ မြင်ရပါတယ်။          မိုးတဖွဲဖွဲ။ သမဂ္ဂရင်ပြင်ထဲက ကိုအောင်ကျော်ကျောက်တိုင်မှာ ခွပ်ဒေါင်းအလံလွှမ်းပြီး အလေးပြု နေကြတဲ့ နုနယ်ပျိုမြစ်တဲ့ဒီနေ့မျိုးဆက်ကျောင်းသားကျောင်းသူတွေမြင်လိုက်ရတော့ လွန်ခဲ့တဲ့ နှစ်ငါးဆယ် ကျော်က စစ်အာဏာရှင် ဗိုလ်နေဝင်းနဲ့အပေါင်းပါတွေရဲ့ လက်ချက်နဲ့ကျောင်းသားတွေ သွေးမြေကျခဲ့ သေ ဆုံးခဲ့ရတဲ့ ဇူလိုင်(၇)ဖြစ်ရပ်ကို မျိုးဆက်သစ်တွေဟာ မေ့မပစ်ကြဘူး။ သိနေကြတယ်။ သမိုင်းဝင်ကျောင်း သားသမဂ္ဂအဆောက်အဦကြီးကို ...

Read more »

မြတ်လှိုင်း-နှောင်ကြိုးမဲ့ သမဂ္ဂအလံတော်ကို အမြင့်မားဆုံးလွှင့်ထူကြ

July 7, 2017
မြတ်လှိုင်း-နှောင်ကြိုးမဲ့ သမဂ္ဂအလံတော်ကို အမြင့်မားဆုံးလွှင့်ထူကြ

နှောင်ကြိုးမဲ့ သမဂ္ဂအလံတော်ကို အမြင့်မားဆုံးလွှင့်ထူကြ မြတ်လှိုင်း (မိုးမခ) ဇူလိုင် ၇၊ ၂၀၁၇  ကျနော်တို့မြန်မာနိုင်ငံသမိုင်းမှာ ပထမကျောင်းသား သပိတ်ဟာ ၁၉၂၀ မှာပေါ်ပေါက်လာခဲ့ပါတယ်၊ အဲဒီ့ ၁၉၂၀ ကျောင်းသားပထမသပိတ်ကစပြီး ၁၉၃၁ ခုနှစ် မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂကိုစပြီး တည်ထောင်နိုင်ခဲ့ပါတယ်။ တကသကိုတည်ထောင်ပြီး နှစ်အနည်းငယ်ကြာ အပြီးမှာတော့ ဒုတိယကျောင်းသားသပိတ်ကို ၁၉၃၆ ခုနှစ်မှာ တိုက်ပွဲဝင်ဆင်နွဲနိုင်ခဲ့ပါတယ်။ အဲဒီအချိန်က တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူတာက ကိုနုပါ။ ကိုနုကိုတက္ကသိုလ်ကောင်စီနဲ့အာဏာပိုင်အဖွဲ့ကိုဝေဖန်တဲ့မိန့် ခွန်းပြောတာကြောင့် ကျောင်းထုတ်လိုက်တဲ့အပြင် မကြာမီ မှာပဲ သမဂ္ဂကထုတ်တဲ့ အိုးဝေမဂ္ဂဇင်းပါHellHoundatlarge ဆောင်းပါးကိုရေးသူရဲ့နာမယ်ကိုမပြောခဲ့တာကြောင့် အယ် ဒီတာ ကိုအောင်ဆန်းကိုကျောင်းထုတ် လိုက်ပါတယ်။ အဲဒီလိုကျောင်းထုတ်လို့ဖြစ်ပေါ်ခဲ့တဲ့ကျာင်းသား သပိတ်ပါ။ အဲဒီ ကျောင်းသားသမဂ္ဂကနေ တို့ဗမာအစည်းအရုံးခေါင်းဆောင် တွေအဖြစ် သခင်အောင်ဆန်း၊ သခင်နုတို့...

Read more »

ထွန်းဝင်းငြိမ်း ● သမိုင်းကြွေးကို ရှင်းစေချင်ပါတယ်

July 6, 2017
ထွန်းဝင်းငြိမ်း ● သမိုင်းကြွေးကို ရှင်းစေချင်ပါတယ်

ထွန်းဝင်းငြိမ်း ● သမိုင်းကြွေးကို ရှင်းစေချင်ပါတယ်(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၇ အဆောက်အဦးကိုသာ ဖြိုလို့ ရချင်ရမယ်။အမောင်တို့ ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ဘယ်တော့မှ ဖြိုလို့ မရဘူး။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၇၊၇၊၁၉၆၃ နေ့ ကျင်းပတဲ့ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးအခင်း နှစ်ပတ်လည် အခမ်းအနား သ၀ဏ်လွှာမှ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦး ဗုံးခွဲဖျက်ဆီး ခံခဲ့ရတဲ့ ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးအခင်းဟာ အခု ဂျူလိုင်လ ၇ ရက်နေ့မှာ ၅၅ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ဒီကာလအထိ နိဂုံးမချုပ်ရသေးပါဘူး။ အဲဒီအချိန်ကတည်းက ဗကသ၊ တကသ၊ ရကသ ကျောင်းသားသမဂ္ဂကြီး ၃ ခု စုစည်းပြီး တော်လှန်ရေးကောင်စီ စစ်အာဏာသိမ်းမှုကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ကျောင်းသားတွေက စစ်အာဏာရှင်စနစ်ကို...

Read more »

ဘာတေးလစ်တနာ – နောက်ဆုံးတော့ ပေါက်ဖော်ပါပဲ

June 27, 2017
ဘာတေးလစ်တနာ –  နောက်ဆုံးတော့ ပေါက်ဖော်ပါပဲ

ဘာတေးလစ်တနာ –  နောက်ဆုံးတော့ ပေါက်ဖော်ပါပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့်မြန်မာ(ဗမာ) နိုင်ငံ -အပိုင်း ၁၀ (သိန်းမြင့် ဘာသာပြန်သည်) မိုးမခ၊ ဇွန် ၂၇၊ ၂၀၁၇ နိဂုံး သုံးသပ်ချက် ဒီ ရှုထောင့်ကကြည့်ရင် “ပေါက်ဖေါ်” ဆိုတာ သင်္ကြန်အမြောက်ထက် နည်းနည်းလေးပဲ သာပါလိမ့်မယ်။ ဘေဂျင်း ဟာ ၁၉၆၀ခုနှစ်များကတည်း က မြန်မာနိုင်ငံ မှာ သူ ပြုစုပျိုးထောင်ခဲ့တဲ့ လုံခြုံစိတ်ချရတဲ့အနေအထားကို စွန့်လွှတ်မှာတော့ မဟုတ်ပါဘူး။ ထို့အတူပဲ သူ ခက်ခက်ခဲခဲ ရယူထားတဲ အိန္ဒိယ သမုဒ္ဒရာ သို ချဉ်းကပ်လမ်း ကိုလည်း တရုတ်က လွယ်လွယ်နဲ့ စွန့်လွှတ်မှာ မဟုတ်သလို ၊ဘေဂျင်း အတွက် မြန်မာရဲ့ ဗျူ ဟာမြောက်တည်ရှိနေမှု ကိုလည်း...

Read more »

ဘာတေးလစ်တနာ – ဘေဂျင်းရဲ့ ပေါ်လစီ မျက်နှာ ၃ ဘက်

June 25, 2017
ဘာတေးလစ်တနာ – ဘေဂျင်းရဲ့ ပေါ်လစီ မျက်နှာ ၃ ဘက်

ဘာတေးလစ်တနာ – ဘေဂျင်းရဲ့ ပေါ်လစီ မျက်နှာ ၃ ဘက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နဲ့ မြန်မာ (ဗမာ) နိုင်ငံ – အပိုင်း ၉ (သိန်းမြင့် ဘာသာပြန်သည်) မိုးမခ၊ ဇွန် ၂၅၊ ၂၀၁၇ ဘေဂျင်း ရဲ့ ပေါ်လစီ ကတော့ မြန်မာနိုင်ငံ အမေရိကန်ပြည်ထောင်စူ နဲ့  ဆက်ဆံရေးတိုးတက်နေချိန်မှာ မြန်မာ အပေါ်ဖိအားပေးဖို့ဆိုတာ သံသယရှိစရာ မလိုပါဘူး။ မြန်မာ ကို အနောက်နိုင်ငံ များရဲ့ လက်ထဲ “အပါ”မခံနိုင်ဘူးလို့ တရုပ်က မှတ်ယူထားပါတယ်။  အခြားဒေသ တွင်း က ဇာတ်ဆောင်များ ဆက်နွယ်တဲ့  မြန်မာနိုင်ငံ ရဲ့ နိုင်ငံခြားဆက်ဆံရေး မှာလည်း သူရှုံးသလောက်ကိုမြတ်၊ သူမြတ်သလောက်ကိုယ်ရှုံး လို့သတ်မှတ်ထားပုံရပါတယ်။ အင်အားတောင့်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး...

Read more »

ဘာတေးလစ်တနာ – ဩဇာညောင်းမှု ကို ပြန်လည်ရယူ၊ ပြိုင်ဘက်များ ကိုဟန့်တား

June 24, 2017
ဘာတေးလစ်တနာ – ဩဇာညောင်းမှု ကို ပြန်လည်ရယူ၊ ပြိုင်ဘက်များ ကိုဟန့်တား

ဘာတေးလစ်တနာ – ဩဇာညောင်းမှု ကို ပြန်လည်ရယူ၊ ပြိုင်ဘက်များ ကိုဟန့်တား တရုပ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဗမာ ( မြန်မာ) နိုင်ငံ –  အပိုင်း ၈ (သိန်းမြင့် ဘာသာပြန်) မိုးမခ၊ ဇွန် ၂၄၊ ၂၀၁၇ မြန်မာ နဲ့ အမေရိကန်ပြည်ထောင်စု ကြားက ဖွံဖြိုး တိုးတက်လာတဲ့  မိတ်ဆွေဖြစ်မှု ဟာ တရုပ်ကို မြန်မာနဲ့ဆက်ဆံရေးမှာ ကျားကန်ပေးမယ့် နည်းလမ်းသစ်များစတင်ရှာဖွေဖို့ နှိုးဆော်လိုက်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ တရုပ်ပြည်က ပညာရှင်ဆန်တဲ့ ဂျာနယ်များမှာ  ဘေဂျင်း ရဲ့ မြန်မာပြည်ဆိုင်ရာပေါ်လစီမှာ ဘာမှားနေသလဲ၊ ဒါကို ပြုပြင်ဖို့ ဘာတွေလုပ်နိုင်သလဲ၊ လုပ်သင့်သလဲ ဆိုတဲ့အချက်တွေကို လေ့လာဆန်းစစ်ထားတဲ့ ဆောင်းပါး မြောက်များစွာ ဖေါ်ပြလာကြပါတယ်။ အကြံပြုထားတဲ့ အရေးယူဆောင်ရွက်မှု တခုကတော့ မြန်မာနိုင်ငံထဲ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်