မှတ်စုမှတ်တမ်း

မောင်ကို ● ဒီမိုကရေစီဆိုတာ နှလုံးသားကြီးမြတ်သူတွေနဲ့သာ ထိုက်တန်တယ်

December 8, 2016
မောင်ကို ● ဒီမိုကရေစီဆိုတာ နှလုံးသားကြီးမြတ်သူတွေနဲ့သာ ထိုက်တန်တယ်

မောင်ကို ● ဒီမိုကရေစီဆိုတာ နှလုံးသားကြီးမြတ်သူတွေနဲ့သာ ထိုက်တန်တယ် (မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၆ ပြန်ကြားရေးဝန်ကြီးဌာနကလုပ်တဲ့ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနဲ့ စာအုပ်ဈေးရောင်းပွဲ နောက်ဆုံးနေ့ လည်းဖြစ်လို့ လိုချင်တဲ့စာအုပ်လေးတွေဝယ်ရင်း ရောက်ဖြစ်ခဲ့တယ်။ ဒီနေ့ နောက်ဆုံးပိတ်ဖတ်ကြားမည့် ဆရာထွန်းဇော်ဌေး (ဦးဌေးလွင်) နဲ့ နေ့လည်လောက်ဆုံဖြစ်ရင်း စကားစမြည်ပြောဖြစ်ခဲ့တယ်။ သူဖတ်ရမဲ့ မြန်မာ့မြေယာနိုင်ငံရေး စာတမ်းအား ဖတ်ရန် အချိန်မရောက်မီ လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူ့မိတ်ဆွေအချို့ဖြစ်တဲ့ ဆရာနောင်ကျော် (ဦးဌေးသိန်း) ဆရာသိန်းသန်းဦးနဲ့ ဒေါက်တာရန်မျိုးသိန်းတို့စာတမ်းတွေ ဖတ်ကြားခွင့်မရခဲ့တဲ့အပေါ် စိတ်မသက်မသာဖြစ်ရတယ်ဆိုတဲ့အကြောင်းနဲ့ ဒီလိုဖြစ်စဉ်မျိုး မဖြစ်ထိုက်တာတော့ ဒီကနေ့ စာတမ်းဖတ်တဲ့အခါ ထည့်ပြောချင်တယ်ဆိုသဖြင့် ဆရာဖတ်မည့်ပွဲအား တက် ရောက်နားထောင်ဖြစ်ခဲ့တယ်။ ဆရာထွန်းဇော်ဌေး၏ သူ့စာတမ်း မဖတ်မှီ ပဏမစကား နိဒါန် စခဲ့တဲ့ စကားလေးကို ပြန်လည်...

Read more »

ဘေးဧရိယာရောက် ရွှေကူမေနှင်း စာပေဟောပြောပွဲ မှတ်တမ်း

November 23, 2016
ဘေးဧရိယာရောက် ရွှေကူမေနှင်း စာပေဟောပြောပွဲ မှတ်တမ်း

ဘေးဧရိယာရောက် ရွှေကူမေနှင်း စာပေဟောပြောပွဲ မှတ်တမ်း (မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၆ ဆန်ဖရန်ဘေးဧရိယာ၊ နိုဝင်ဘာ ၂၀၊ မှာ ဟောပြောခဲ့တဲ့ ရွှေကူမေနှင်း ဟောပြောပွဲ ရုပ်သံမှတ်တမ်း ကောက်နုတ်ချက် Tags: ဆန်ဖရန်, ရွှေကူမေနှင်း

Read more »

နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက် မတ်စောက်သောလမ်းများ (၂)

November 21, 2016
နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက် မတ်စောက်သောလမ်းများ (၂)

နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက် မတ်စောက်သောလမ်းများ (၂) (မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၆ ၂။ ပြည်တွင်းစစ်ရဲ့အစနဲ့ သမိုင်းအကျဉ်း ဗမာပြည်မှာ ပြည်တွင်းစစ်စဖြစ်တဲ့ကာလကို ၁၉၄၈ခုနှစ်၊ မတ်လ(၂၈)ရက်လို့ အားလုံးကလက်ခံထားတယ်။ ဒါပေမဲ့ဘယ် သူ့ကြောင့် ဖြစ်ရတယ်ဆိုတာနဲ့ပတ်သက်လို့ ကွဲလွဲချက်တွေရှိပါတယ်။ အထူးသဖြင့်အာဏာ ရအစိုးရအဆက်ဆက်က...

Read more »

နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သောလမ်းများ

November 18, 2016
နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သောလမ်းများ

နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သောလမ်းများ (မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၆ (၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ စာပေဗိမာန် က ပြုလုပ်မည့် ” ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲ” အတွက် စာတမ်းတောင်း၍ တင်သွင်းခဲ့သော်လည်း ပယ်ချခံရသည့် စာတမ်း ဖြစ်သည်။ ရှေ့နေကြီး ဦးသိန်းသန်းဦး (ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့်နောက်ပိုင်းသမိုင်းခေတ်ပြိုင်မော်ကွန်းများ) နှင့် ဒေါက်တာရန်မျိုးသိမ်း (၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း) တို့ စာတမ်းများ အပါအဝင် စာတမ်းရှင် ၁၁ ဦး အပယ်ခံရသည်။ မာတိကာ နိဒါန်း၁။ ငြိမ်းချမ်းရေးရဲ့အဓိပ္ပာယ် ၂။ ပြည်တွင်းစစ်အစနဲ့ သမိုင်းအကျဉ်း ၃။ စစ်ခြေလှမ်းနောက်က ကပ်လိုက်လာတဲ့ငြိမ်းချမ်းရေး ၄။ ဆွေးနွေးဖက်အပြောင်းအလဲများ (က) အစိုးရနဲ့လက်ဝဲအင်အားစု...

Read more »

လှကျော်ဇော – မေမေ့ရဲ့အပြောင်မြောက်ဆုံးသော အခန်းကဏ္ဍ

November 16, 2016
လှကျော်ဇော –  မေမေ့ရဲ့အပြောင်မြောက်ဆုံးသော အခန်းကဏ္ဍ

လှကျော်ဇော –  မေမေ့ရဲ့အပြောင်မြောက်ဆုံးသော အခန်းကဏ္ဍ (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၆ ကျမရဲ့ “အလွမ်းစာပန်းခြင်းလေး” စာအုပ်ရဲ့အခန်းတခန်းမှာ ဒီလိုရေးဖူးပါတယ်။ “ မေမေဟာ ဖေဖေ့ကို ပါရမီ တောက်လျှောက်ဖြည့်လာရာမှာ ထူးခြားပြောင်မြောက်လှတဲ့ ကဏ္ဍတခုကတော့ ကျမတို့ တောတွင်းရောက်ပြီး လေးနှစ်အကြာ မေမေနောက်ကလိုက်လာပြီး ပန်ဆန်းမှာ ကျမတို့နဲ့ အေးအတူပူအမျှ ပျော်ပျော်ရွှင်ရွှင် နေခဲ့မှုပါပဲ” ဒီလိုရေးခဲ့ဖူးပေမယ့် အခုပြန်လည်စဉ်းစားကြည့်မိတဲ့အခါ အဲဒီအခန်းကဏ္ဍထက် ပိုမိုပြောင် မြောက်တဲ့အခန်းကဏ္ဍတခု မေမေဖြတ်သန်းခဲ့ဖူးတယ်ဆိုတာ သတိရမိပါတယ်။ တကယ်တော့ မေမေဟာ ငယ်စဉ်ကတည်းကစလို့ မတောင့်မတ မကြောင့်မကြနေခဲ့ရသူပါ။ မိဘများလက်ထက်မှာလည်း ခြွေရံသင်းပင်းများစွာနဲ့ နေခဲ့ရပါတယ်။ အိမ်ထောင်ကျတော့လည်း လျှမ်းလျှမ်းတောက်စစ်ဗိုလ်တဦးနဲ့လက်ထပ်ခဲ့ရပြီး ငယ်ငယ် ရွယ်ရွယ်ကလေးနဲ့ ဗိုလ်ချုပ်ကတော် ဘဝကို ရရှိသူပါ။ ဖေဖေဗိုလ်မှူးချုပ်ရာထူးနဲ့ တိုင်းမှူးဖြစ်တော့ ၃၀ ကျော်လေးပဲ...

Read more »

မျက်ရှု ● ဒင်နဲ့ မြရဲ့ လောကနိဗ္ဗာန်

November 12, 2016
မျက်ရှု ● ဒင်နဲ့ မြရဲ့ လောကနိဗ္ဗာန်

မျက်ရှု ● ဒင်နဲ့ မြရဲ့ လောကနိဗ္ဗာန် (မိုးမခ မဂ္ဂဇင်း ဇွန်လ ၂၀၁၆) နိုဝင်ဘာ ၁၂၊ ၂၀၁၆ ခုတလော မိုးအေးအေးမှာ နားထောင်ဖြစ်နေတဲ့ သီချင်းတွေက ခင်မောင်ရင်၊ မကြည်အောင်နဲ့ လေဘာတီမြရင်တို့ရဲ့ သီချင်းတွေပါပဲ။ တနေ့ကတင် မောနင်းတင်တင်ရဲ့ သီချင်း အပုဒ် ၂၀ လောက် ရလာခဲ့လို့ ၀မ်းသာရသေး။ တချို့သီချင်းများက နားစွဲနေကျ မဟုတ်လေတော့ အသစ်အဆန်းလို ဖြစ်နေတယ်။ ခေတ်ဟောင်းသီချင်းတွေ ကြိုက်တာတော့ မှန်ပါတယ်။ သို့ပေမယ့် တချို့သီချင်းတွေကျတော့လည်း မကြိုက်ပြန်ဘူး။ ဥပမာ – အေ၀မ်းတင်မောင်ရဲ့ “ချစ်တယ်” တို့၊ “လူပျိုပေါက်” တို့ သီချင်းတွေ တယ် နားမတွေ့လှဘူး။ ခေတ်ဟောင်းသီချင်းပါမက ငွေရတု၊ ရွှေရတု ခေတ်က ရုပ်ရှင်ကားတွေဆိုရင်လည်း...

Read more »

မြန်မာစာရေးစာဆရာ ၃ ဦး အမေရိကန် စာပေဟောပြောပွဲခရီး လာရောက်မည်

November 2, 2016
မြန်မာစာရေးစာဆရာ ၃ ဦး အမေရိကန် စာပေဟောပြောပွဲခရီး လာရောက်မည်

မြန်မာစာရေးစာဆရာ ၃ ဦး အမေရိကန် စာပေဟောပြောပွဲခရီး လာရောက်မည် (မိုးမခ) နိုဝင်ဘာ၂၊ ၂၀၁၆ နိုဝင်ဘာ လလယ်ပိုင်းမှာ မြန်မာစာရေးဆရာများဖြစ်တဲ့ ကြည်မင်း၊ ရွှေကူမေနှင်း နဲ့ မိချမ်းဝေတို့ အမေရိကန်ပြည်ထောင်စုကို စာပေဟောပြောပွဲခရီးစဉ်အဖြစ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး စာပေဟောပြောပွဲကို နိုဝင်ဘာလ  ၂၀၊ ဆန်းဒေးမှာ ဆန်ဖရန်ဘေးဧရိယာမှာ ကျင်းပမှာဖြစ်ပြီး ဒုတိယစာပေဟောပြောပွဲကိုတော့ နယူးယောက်ပြည်နယ်မှာ ကျင်းပဖို့ ရှိပါတယ်။ အသေးစိတ်ကို ဆက်လက်တင်ပြပါမယ်။ လက်ခံရရှိထားတဲ့ စာရေးဆရာများရဲ့ အထုပ္ပတ္တိအကျဉ်းကို တင်ဆက်လိုက်ပါတယ်။   ကြည်မင်း (ကျော်စောမင်း) ၏ စာပေနှင့် ကိုယ်ရေးဘဝ အကျဉ်း စာရေးဆရာကြည်မင်း (ခေါ်) ကျော်စောမင်း (အမည်ရင်း ဦးမောင်မောင်စံ) ၏ Profession မှာတိရစ္ဆာန် ဆေးကုဆရာဝန်ဖြစ်ပြီး မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင်...

Read more »

လှမျိုးထွန်း ● မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ပြောင်းရန် ၁၉၇၆ ခုနှစ်တွင် အာဏာသိမ်းရန် ကြိုးပမ်းခြင်း

November 2, 2016
လှမျိုးထွန်း ● မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ပြောင်းရန် ၁၉၇၆ ခုနှစ်တွင် အာဏာသိမ်းရန် ကြိုးပမ်းခြင်း

  လှမျိုးထွန်း ● မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ပြောင်းရန် ၁၉၇၆ ခုနှစ်တွင် အာဏာသိမ်းရန် ကြိုးပမ်းခြင်း (The Ladies News Journal / မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၆ ဗိုလ်ကြီးအုံးကျော်မြင့်၏ အမှုက ၁၉၇၆ ခုနှစ်တွင် တိုင်းပြည်၏ စိတ်ဝင်စားမှုကို အခံရဆုံး ဖြစ်ခဲ့သည်။ အရပ်ထဲက လူတွေကတော့ နိုင်ငံတော် လုပ်ကြံမှုဟု ခေါ်ကြ၏။ မဆလအစိုးရ သတင်းစာတွေကတော့ နိုင်ငံ ခေါင်းဆောင်များကို လုပ်ကြံရန် ကြံစည်မှုဟု ခေါင်းကြီးတပ်ရေးခဲ့သည်။ လုပ်ကြံမှုကို ခေါင်းဆောင်သူက ကာကွယ်ရေးဦးစီးချုပ် အသစ်၏ ကိုယ်ရေးအရာရှိ၊ ပူးပေါင်း ဆောင်ရွက်သူတွေကလည်း တပ်မတော် အရာရှိကြီးများ၏ ကိုယ်ရေးအရာရှိတွေ၊ အသေးအမွှားကိစ္စကို အကြောင်းပြုကာ မကြာသေးခင်က ရာထူးမှ ထုတ်ပယ်ခြင်းခံရသော ဗိုလ်ချုပ်ကြီးဟောင်း...

Read more »

ဇာဝါရီ – ပြည်သူ့နှလုံးသားထဲ အစဉ်ရှင်သန်နေသူ

October 30, 2016
ဇာဝါရီ – ပြည်သူ့နှလုံးသားထဲ အစဉ်ရှင်သန်နေသူ

ဇာဝါရီ – ပြည်သူ့နှလုံးသားထဲ အစဉ်ရှင်သန်နေသူ (မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၆ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က ထိုင်းနိုင်ငံ (မြန်မာအများစုအခေါ် ယိုဒယားပြည်) ကို ရောက်ခဲ့ပြန်တယ်။ ဘဝမှာ ပထမဦးဆုံးအကြိမ် ဒုတိယအိမ် (နိုင်ငံ) ဖြစ်လာခဲ့တဲ့ ထိုင်းနိုင်ငံကို ၁၉၈၉ နှစ်လယ်ပိုင်းလောက်မှာ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ရှိသွားခဲ့တယ်။ အဲဒီတုန်းက လူက ငှက်ဖျားရောဂါနဲ့ သတိမေ့ သေလုမျောပါး – ထိုင်းနယ်စပ် မဲဆော့မြို့ ကို ကံကောင်းထောက်မစွာနဲ့ ဆေးကုသဖို့ ရောက်ရှိသွားခဲ့တာ။ ရောဂါသက်သာ သတိရလို့ ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ရွှေသိုင်းကြိုး ရွှေနားကွပ် အဖြူရောင် စစ်ဝတ်စုံနဲ့ တည်ကြည်ခန့်ငြား၊ ဥပဓိရုပ်ကောင်းလှတဲ့ ဘုရင်ကြီးရဲ့  ဓါတ်ပုံကြီးက မိမိ့ဦးခေါင်းထက် နံရံမှာ။ နောက်တော့ မိမိကို...

Read more »

လှကျော်ဇော – ကျွန်မသား ညီရှင်း သို့မဟုတ် ကလေးစစ်သားပြဿနာ

October 26, 2016
လှကျော်ဇော – ကျွန်မသား ညီရှင်း သို့မဟုတ် ကလေးစစ်သားပြဿနာ

လှကျော်ဇော – ကျွန်မသား ညီရှင်း သို့မဟုတ် ကလေးစစ်သားပြဿနာ ဝတောင်တန်းက လွမ်းပန်းချီ။ ဆောင်းပါးအမှတ်(၃) (မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၆ (၁) ဒီနှစ်(၂၀၁၆)ထဲ တရုတ်ပြည်တဝန်းမှာကျင်းပတဲ့–အနှစ်(၈၀)ပြည့် ခရီးရှည်ချီတက်ပွဲ (Long March) အခမ်းအနားတွေမှာ အသက်(၉၀) ပတ် လည်တပ်နီတော်သား (Red Army)ဟောင်းတွေ တက်ရောက်လာကြပါတယ်။ (၁၀၄) နှစ်ရွယ် ရဲဘော်ဟောင်းကြီးတဦးတောင်ပါသေး။ ခရီးရှည်ချီတက်ပွဲဆိုတာက-တရုတ်ကွန်မြူနစ်တွေဦးစီးတဲ့ တပ်နီတော်က အဲဒီကာလ တရုတ်ပြည်ကိုအုပ်ချုပ်နေတဲ့ ချန်ကေရှိတ်-ကူမင်တန် တပ်များရဲ့ ပြင်းထန်လှတဲ့ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ချေမှုန်းမှုများကို မခံနိုင်တော့တဲ့အဆုံး ဒီတိုက်ခိုက်မှုများကို ရှောင်ရှားရေးအတွက် သူတို့ တတွေ တည်ဆောက်ထားတဲ့ တရုတ်ပြည်တောင်ပိုင်းမှာရှိတဲ့ အခြေခံဒေသတွေ (ကျင်ကန်းစန်း အပါအဝင်) ကိုစွန့်ပစ်ပြီး ဟိုးအရှေ့မြောက် ဘက်ဒေသ (ယင်အန်း)ကို တတပ်လုံး သေနင်္ဂဗျူဟာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်