မှတ်စုမှတ်တမ်း

ပြည်တွင်း ဒီမိုကရေစီနှင့် ပြည်ပအကူအညီ (၄) – Reporter in Exile

September 24, 2012
ပြည်တွင်း ဒီမိုကရေစီနှင့် ပြည်ပအကူအညီ (၄)   – Reporter in Exile

ပြည်တွင်း ဒီမိုကရေစီနှင့် ပြည်ပအကူအညီ (၄)   အဝေးရောက် သတင်းထောက်တဦး  ၂၀၁၁ ခုနှစ် ပဲခူးခရီးစဉ်တုန်းက တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုရောက်စင်ပြိုင်အစိုးရ      ကျွန်တော်တို့၏ ပြည်ပဒီမိုကရေစီကျိုးပမ်းမှုများဖေါ်ပြလျှင် ပြင်ဦးလွင်နယ်မြေမှ ပြည်သူ့ကိုယ်စားလှယ် ဦးပီတာလင်းပင်နှင့် ဆက် သွယ်မိပုံကိုလည်းတင်ပြရန်လိုပါလိမ့်မည်။ ယိုးဒယားမြန်မာနယ်စပ်၌ဖွဲ့စည်းခဲ့သောစင်ပြိုင်အစိုးရအဖွဲ့တွင်၊ ဦးပီတာလင်းပင်က နိုင်ငံခြား ရေးဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၉၁ခုနှစ်လည်ပိုင်းတွင် ထိုအစိုးရအဖွဲ့ဝင်များအနက်မှပထမဆုံး ဦးပီတာလင်းပင် နယူးယောက်သို့ရောက်ရှိ လာသည်။      ဦးပီတာလင်းပင်ခေါင်းဆောင်သောအဖွဲ့တွင်၊ ယခင်ဝန်ကြီးဟောင်း သခင်သာခင်၏သားမက် ကွယ်လွန်သူဒေါက်တာခင်မောင်ကြွယ်၊ ဒီမိုကရေစီအရေးလှုပ်ရှားနေသူ ယိုးဒယားအခြေစိုက် (ဦး)စိုင်းထွန်းတို့ပါဝင်၏။ စိုင်းထွန်းမှာ ကျွန်တော်အတွင်းရေးမှူးအဖြစ်ဆောင်ရွက် နေသော၊ မြန်မာပြည်တွင်ဒီမိုကရေစီထွန်းကားရေး နိုင်ငံတကာ ပူးပေါင်းလက်တွဲဆောင်ရွက်မှု အဖွဲ့  (International Network for Democracy in Burma) ၏ အရှေ့တောင်အာရှဆိုင်ရာခေါင်းဆောင်ဖြစ်သည်။ ယင်းအဆက်အသွယ်အရ၊ ကျွန်တော်က သူတို့ အဖွဲ့ကိုနေ့လည်စာဖြင့်ဧည့်ခံခဲ့သည်။ ရံပုံငွေအခက်အခဲရှိနေခဲ့သော စင်ပြိုင်အစိုးရအတွက်လည်း ဆက်သွယ်ရေးလွယ်ကူစေရန်၊...

Read more »

ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ (၃) – Exile Reporter

September 21, 2012
ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ (၃) – Exile Reporter

ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ (၃) အဝေးရောက် သတင်းထောက်တဦး  စင်ပြိုင်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖြစ်သူ ဒေါက်တာစိန်ဝင်း အမေရိကန်ကွန်ဂရက်နှင့်ဆက်နွယ်၍       ဆိုခဲ့ပြီးသည့်အတိုင်း၊ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်ကို သိသူထောက်ခံသူမှာ၊ အင်္ဂလန်နိုင်ငံတွင်မှအပ၊ အခြားနိုင်ငံများတွင် အလွန်ရှားပါးလှ၏။ “Burma”ဟုပြောလျှင် “Bahama” (ဘဟားမားဟုခေါ်သော ဖလော်ရီဒါပြည်နယ်နှင့် ကျူးဘားနိုင်ငံ အကြား ရှိကျွန်းစုများ) ဟုထင်တတ်ကြသော အမေရိကန်နိုင်ငံ၌ ကွန်ဂရက်အမတ်များ၊ အစိုးရအဖွဲ့ဝင်များထည်းမှပင် သိကျွမ်းသူ နည်းပါး ခဲ့သည်။ မြန်မာနိုင်ငံနှင့်ပါတ်သက်သော ကြေငြာချက်များထုတ်လျှင်၊ စစ်အစိုးရကခေါ်ဝေါ်သုံးနှုံးလေ့ရှိသော ဒေါ်စုကြည် ဟူသည့် အမည်ကို သုံးတတ်ကြ၏။ ထို့ကြောင့် ကျွန်တော်က စစ်အစိုးရသည် ပြည်သူအားလုံးက လေးစားကြည်ညိုသော မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏အမည်ကို၊ သမီးဖြစ်သူ၏အမည်၌ပူးတွဲကာ အမည်ရင်းအတိုင်း ခေါ်ဆိုရန်ဝန်လေးနေကြကြောင်းနှင့်၊ သူ၏ အမည်ရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ကြောင်းရှင်းပြရသည်။ နောက်ပိုင်းတွင် အမေရိကန်အစိုးရနှင့် ကွန်ဂရက်အမတ်များ က၎င်း၊...

Read more »

သမိုင်းတကွေ့မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (Than Win Hlaing)

September 17, 2012
သမိုင်းတကွေ့မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်  (Than Win Hlaing)

သမိုင်းတကွေ့မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သန်းဝင်းလှိုင်၊ စက်တင်ဘာ ၁၇၊ ၂၀၁၂             ယနေ့မြန်မာနိုင်ငံတော်တွင် ဒီမိုကရေစီနိုင်ငံသစ်ကြီးတည်ဆောက်ရန်အတွက် ပြည်သူလူထုကြီးအား ဦးဆောင်ဦး ရွက်ပြုကာ တိုက်ပွဲဆင်နွှဲနေသူများတွင် ဒေါ်အောင်ဆန်းစုကြည်သည် လူထုထောက်ခံမှု၊ ယုံကြည်မှုနှင့် ကြည်ညိုလေးစား ခံရမှု အများဆုံးရရှိနေသော လူထုခေါင်းဆောင်ဖြစ်သည်။ တနည်းဆိုရသော် “ဒီမိုကရေစီတော်လှန်ရေးကြီး၏မိခင်” ဖြစ် သည်ကို မည်သူမျှ ငြင်းမရပေ။             ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရှင်အစိုးရကိုသာ ဖယ်ရှားနေသူမဟုတ်ဘဲ ဒီမိုကရေစီရရှိရေးအတွက် သူ့ ဘဝကို အပင်ပန်းအဆင်းရဲခံကာ အထီးကျန်ဘဝကို ပျော်ပျော်ကြီးပေးဆပ်၍ ကြံ့ကြံ့ခံဇွဲသတ္တိအပြည့်အဝဖြင့် တိုက်ပွဲဝင်နေ သော လူထုခေါင်းဆောင်ဖြစ်သည်။ ဤအချက်ကပင် သူ၏အမွန်မြတ်ဆုံးသော ဂုဏ်ဒြပ်ဖြစ်သည်။             ယင်းသို့ မြန်မာပြည်သူလူထုသာမက တစ်ကမ္ဘာလုံးကပါ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ် ကြည်ညိုလေးစား ယုံကြည်အားထားခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်ဖခင်ကြီးနှင့် မြန်မာ့လွတ်လပ်ရေးဗိသုကာ...

Read more »

ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ အပိုင်း (၂) (Reporter in Exile)

September 9, 2012
ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ အပိုင်း (၂) (Reporter in Exile)

အဝေးရောက် သတင်းထောက် တဦးရေးသားသည်။       စစ်အစိုးရက ၁၉၉၀ခုနှစ် မေလ ၂၇ရက်တွင် ရွေးကောက်ပွဲတခုကျင်းပမည်ဟုကြေငြာထား၏။ ပြည်တွင်းရှိပြည်သူအများစုတို့၏ ဆန္ဒမည်သို့ရှိနေမှန်း ကျွန်တော်မသိခဲ့သော်လည်း၊ နိုင်ငံတကာအစိုးရများနှင့် ပြည်ပရောက် ဒီမိုကရေစီအင်းအားစုအားလုံးကမူ ရွေးကောက်ပွဲမှာ မည်သည့်နည်းနှင့်မျှတရားမျှတလိမ့်မည်မဟုတ်ဟု ခံယူဆန့်ကျင်ခဲ့ကြသည်။ ဒီမိုကရေစီကြိုးပမ်းရေးနိုင်ငံတကာအဖွဲ့လိုနေသည်  ချီကာဂိုမြန်မာအသင်းနှင့်တွဲကာ အောင်အောင်မြင်မြင် တချီတမောင်းဆင်နွှဲနှိုင်ခဲ့သော်မင့် အထစ်အငေါ့ရှိခဲ့သည်ကိုကျွန်တော့ရင်ထည်း၌ဘဝင်မကျနှိုင်ဖြစ်လျှက်ကျန်ရစ်ပါ၏။ စိတ်ရင်းစေတနာရှိကြသော်လည်း အချိန်၊ အတွေ့အကြုံနှင့် နေရာဒေသကလည်း စကားပြောလာသည်။ ကျွန်တော့အနေနှင့်သည့်ထက်ကျယ်ကျယ်ပြန့် ပြန့်လှုပ်ရှားလိုစိတ် နေ့စဉ်နှင့်အမျှပြင်းပြလာနေပါ၏။ ၁၉၈၈ခုနှစ်တွင်၊ မယ်မယ်ရရ၊ အမေရိကန်ဗာဂျီးနီးယားပြည်နယ်(Virginia) အခြေစိုက်သော၊ မြန်မာပြည်တွင် ဒီမိုကရေစီပြန်လည်ထွန်းကားရေး ကော်မီတီ Committee for Restoration of Democracy in Burma (CRDB) ရှိပြီး၊ ယင်းအဖွဲ့နှင့်မည်ကာမတ္တဆက်နွယ်နေသော နိုင်ငံတကာအဖွဲ့ခွဲများ၊ အင်္ဂလန်၊ ဂျာမနီ နှင့် ဩစတြေးလျတို့၌တည်ရှိနေ၏။ အဖွဲ့ခေါင်းဆောင်မှာ ယခင် အမေရိကန်နိုင်ငံဆိုင်ရာ...

Read more »

ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ (Reporter in exile)

September 8, 2012
ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ (Reporter in exile)

အဝေးရောက် သတင်းထောက်တဦး ရေးသားသည်။  “သူစိတ်ပြောင်းသွားပြီ။ စစ်အစိုးရနဲ့ သူဆက်ဆွေးနွေးပြီးစေ့စပ်ချင်ပုံမပေါ်တော့ဘူး။ ဘုန်းကြီးကိုတောင် စကားသိပ်ပြောချင်ပုံ မတွေ့ရတော့ဘူ။ တကာကြီးနဲ့ ဘုန်းကြီးတို့ ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်ကုန်ပြီထင်တယ်” ဆိုင်းမပါဘုံမဆင့် ဆရာတော်က ညဉ်းညူလိုက်သည်။                   ဆရာကြီးရွှေဥဒေါင်းကို ကျွန်တော် မကြာခန သတိရနေပါ၏။ ဆရာကြီးရေးသားခဲ့သော ဝတ္ထုဆောင်းပါးများစွာကို ဖတ်ရှုဘူး သော်လည်း၊ ကျွန်တော့စိတ်တွင် ထာဝရစွဲနေသည့်စာမှာ ဝတ္ထု လည်းမဟုတ်၊ ဆောင်းပါးလည်းမမည်၊ ကြော်ငာဆန်ဆန် စာပိုဒ် တစုသာ ဖြစ်ပါသည်။                 ၇၀စုနှစ်လည်ပိုင်းတွင်၊ မန္တလေးမြို့သို့ ခေတ္တရောက်ရှိခိုက်၊ ဟံသာဝတီအယ်ဒီတာချုပ် ဦးဝင်းတင်နှင့် အမှုဆောင် အယ်ဒီတာ ဦးကျော်မြင့်တို့ထံ အလည်အပါတ် သွားရောက်ခ့သဲ ည်။ ရောက်တုန်း...

Read more »

ဒေါင်းအဆင်ဆန်းတွေနဲ့ ပုဝါအလံလူ (တံဆိပ်ခေါင်းများ)

August 31, 2012
ဒေါင်းအဆင်ဆန်းတွေနဲ့ ပုဝါအလံလူ (တံဆိပ်ခေါင်းများ)

ဦးအုန်းကျော် သြဂုတ် ၃၁၊ ၂၀၁၂ “ပြီးခဲ့တဲ့လတွေတုံးက အမေစု ဥရောပကိုခရီးထွက်တုံး ရိုက်ထားတဲ့ဓါတ်ပုံတွေထဲမှာ – ခွပ်ဒေါင်းပုံရင်ထိုးကလေး တပ်ထားတာ ကျနော်တွေ့ လိုက်မိတယ် ဦးလေးရ။ ဦးလေးရောသတိထားမိလား။” “အေးကွ … ဦးလေးလဲ တွေ့လိုက်တယ်။ ဓါတ်ပုံတွေကလဲ ခန့်ခန့်ငြားငြားနဲ့ အရမ်းကျက်သရေရှိတာဘဲကွနော်” “အဲဒီလို ခွပ်ဒေါင်း၊ ကဒေါင်းလေးတွေ တွေ့ရတော့ ဦးလေးရွတ်ရွတ်ပြနေတဲ့ ဆရာကြီး အဘိုးသခင်ကိုယ်တော်မှိုင်းရဲ့လေးချိုးကြီးထဲက “ကောင်းကျိုးထွေထွေနဲ့ ချန်စေမြစေသော၊ ဒေါင်းအိုးစေ တွန်စေကစေသော” ဆိုတဲ့အပိုဒ်ကလေးကို သွား,သွား သတိရမိတယ် ဦးလေးရေ” “အံမယ် … ငါ့တူက မဆိုးပါလားကွ။ ကဲ အဲဒီအပိုဒ်ကလေးရနေမှတော့ကွာ လေးချိုးကြီးတပုဒ်လုံးရသွားအောင် ကျက်လိုက်ပါလား” “ဖြေးဖြေးတော့ကျက်ပါ့မယ် ဦးလေးရာ။ ဒီနေ့တော့ ဒေါင်းနဲ့ပတ်သက်တဲ့ တံဆိပ်ခေါင်းတွေအကြောင်းပြောပြပါဦး” “အေးပါကွာ။ မင်းသိချင်တယ်ဆိုတာကိုကြားရတာဘဲ ဝမ်းသာလှပါပြီ။...

Read more »

လွတ်လပ်စွာ ကိုးကွယ်ခွင့်မူကို မည်သူတွေက ပြဋ္ဌာန်းပေးသနည်း (Ashin Dhammapiya)

August 31, 2012
လွတ်လပ်စွာ ကိုးကွယ်ခွင့်မူကို မည်သူတွေက ပြဋ္ဌာန်းပေးသနည်း (Ashin Dhammapiya)

လွတ်လပ်စွာ ကိုးကွယ်ခွင့်မူကို မည်သူတွေက ပြဋ္ဌာန်းပေးသနည်း ဒေါက်တာဓမ္မပိယ(ITBMU) မြန်မာပြည်သူ၊ ပြည်သား အများစုဟာ လွတ်လပ်ခွင့်နှင့် လွတ်လပ်ရေးတို့၏အဓိပ္ပါယ်များကို ရောရော ထွေးထွေး သိနေကြဆဲပါ။ လွတ်လပ်ရေးရရင် လွတ်လပ်ပြီလို့ အထင်ရှိနေသူတွေရှိနေသလို၊ ဒီမိုကရေစီရရင် ထင်ရာလုပ်လို့ရပြီလို့ ပြောသူများလည်းရှိနေဆဲပါ။ ̏လွတ်လပ်ခြင်း˝ ရဲ့အဓိပ္ပါယ်နှင့် ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ဆိုတဲ့ အဓိပ္ပါယ်တို့ကိုလည်း မသိသူတွေက များလွန်းနေသေးတယ်လို့ ထင်မြင်ယူဆမိခြင်းပါ။ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ ကျင့်သုံးနှိုင်ခြင်း မရှိသေးတော့ ရဟန်းရှင်လူ အတော်များများဟာ ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကို အသိခက်နေကြခြင်းပါ။ အဓိပ္ပါယ်များ ရှင်းလင်းသွားစေချင်ရင်   လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို မည်သူတွေက ပြဋ္ဌာန်းပးထားသနည်း ဆိုတဲ့ အမေးကို ရှေးဦးစွာ စဉ်းစားကြည့်နိုင် ဖို့ပါ။ ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ဆိုတဲ့စကားဟာ လွယ်မယောင်ယောင်နဲ့...

Read more »

သမိုင်းတကွေ့မှ သခင်ထွန်းအုပ် (ရဲဘော်သုံးကျိပ်) (Than Win Hlaing)

August 7, 2012

သမိုင်းတကွေ့မှ သခင်ထွန်းအုပ် (ရဲဘော်သုံးကျိပ်) သန်းဝင်းလှိုင်၊ သြဂုတ် ၇၊ ၂၀၁၂ ထက်မြက်သော တို့ဗမာအစည်းအရုံးခေါင်းဆောင်ဖြစ်ပြီး ဂျပန်ပြည်၌ အုပ်ချုပ်ရေးပညာကိုသာ သင်ယူ၍ ဗိုလ်ဘွဲ့မခံယူခဲ့သော ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်သည် နောင်တွင် မိမိအခွင့်အရေးရရှိရေးအတွက် လက်မောင်းသွေးဖောက်၍ သစ္စာပြုထားသည့် လုပ်ဖော်ကိုင်ဖက်ဗိုလ်ချုပ်အောင်ဆန်းအပေါ် အဆိုးရွားဆုံးသစ္စာဖောက်ပြီး နယ်ချဲ့အလိုတော်ရိဖြစ်သွားသောကြောင့် နောက်ပိုင်း မြန်မာနိုင်ငံရေးသမိုင်းတွင် တဖြည်းဖြည်းတိမ်မြှုပ်သွားခဲ့ရသော နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။ သခင်ထွန်းအုပ်ကို ၁၉၀၇ခုနှစ်ဒီဇင်ဘာလ၇ရက် စနေနေ့နံနက် ၁နာရီတွင် ပြည်ခရိုင် သဲကုန်းမြို့နယ် သိုက်တောရွာ၌ မြေပိုင်ရှင် ဦးရွှေ၊ ဒေါ်ရွှေသားတို့မှ ဖွားမြင်ခဲ့သည်။ အမည်အရင်းမှာ ကိုထွန်းအုပ်ဖြစ်ပြီး တို့ဗမာအစည်းအရုံးအဖွဲ့သို့ ဝင်သောအခါ သခင်ထွန်းအုပ် ဖြစ်လာသည်။ ဂျပန်၌ အုပ်ချုပ်ရေးပညာသင်စဉ်က ဂျပန်အမည်မှာ အိချီဟာရအိရှိရော (Ishihara Ishiyo)ဖြစ်သည်။ အသက်၎နှစ်အရွယ်တွင် မိခင်ကွယ်လွန်၍ အသက်၁၄နှစ်အရွယ်တွင် ဖခင်ကွယ်လွန်ခဲ့သည်။ ငယ်စဉ်က...

Read more »

ယဉ်ကျေးမှုသင်တန်းဖွင့်ရခြင်း စာတမ်း (Ashin Ariyasara)

August 7, 2012
ယဉ်ကျေးမှုသင်တန်းဖွင့်ရခြင်း စာတမ်း  (Ashin Ariyasara)

ယဉ်ကျေးမှုသင်တန်းဖွင့်ရခြင်း စာတမ်း အရှင်အရိယာစာရိ၊ ဥက္ကလံမြို့၊ ဓမ္မအေးရိပ်ကျောင်း သြဂုတ် ၇၊ ၂၀၁၂ သာသနာတော်နှစ်     ၂၅၅၆-ခု၊ မြန်မာသက္ကရာဇ်      ၁၃၇၄- ခု၊   ဒုတိယ၀ါဆိုလဆန်း (  ၄ )      ရက် (၀၇။၂၂။၂၀၁၂)- တနင်္ဂနွေနေ့တွင်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဥက္ကလံမြို့ရှိဓမ္မအေးရိပ်ကျောင်းမှာ၊ ဗုဒ္ဓယဉ်ကျေးမှု  အခြေပြုသင်တန်း ကို ဒုတိယအကြိမ် အဖြစ် ဖွင့်ဖြစ်ပါတယ်။ သင်တန်းစတင်ဖွင့်လှစ်တဲ့အခမ်းအနားမှာ သင်တန်းနှင့်စပ်တဲ့အကြောင်းအရာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောချင်ပါတယ်။           ယခုလိုဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းကို ဖွင့်လှစ်ခြင်းအားဖြင့် သင်တန်းကို တက်ရောက်သင်ယူကြတဲ့ အနာဂါတ်မျိုးဆက်သစ်များအတွက်- ၁။    ဗုဒ္ဓဘာသာရဲ့အခြေခံကောင်းများ နှင့်ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးများကို ပိုမိုသိရှိနားလည်သဘောပေါက် လာပြီး မြတ်ဗုဒ္ဓသာသနာတော်ကို လေးနက်စွာသက်ဝင်ယုံကြည်ကာ သဒ္ဓါတရားများတိုးပွားလာနိုင်ခြင်း။ ၂။ မိမိ၏တိုင်းပြည်နှင့်လူမျိုးအပေါ်၊  ဘာသာသာသနာနှင့်ရိုးရာယဉ်ကျေးမှု အမွေနစ်များ အပေါ်၌ မြတ်မြတ်နိုးနိုး...

Read more »

အညတရအကျဉ်းသားရဟန်းတော်များ(၂၃) – မဂ္ဂင်ဆရာတော်ဦးဝါသ၀ပဏ္ဍိ

August 2, 2012
အညတရအကျဉ်းသားရဟန်းတော်များ(၂၃) – မဂ္ဂင်ဆရာတော်ဦးဝါသ၀ပဏ္ဍိ

အရှင်ပညာနန္ဒ၊ သြဂုတ် ၂၊ ၂၀၁၂ ဆရာတော်ကြီးနှင့်ထောင်တွင်းအခြေအနေ ထောင်ထဲမှာ ထင်ရှားတဲ့ ဆရာတော်ကြီး တပါးကတော့ မဂ္ဂင်ဆရာတော် ဖြစ်ပါတယ်။ သက်တော်(၇၀)ကျော်၊  ထောင်ရှစ်နှစ် ကျခံနေရသူပါ။ ဆရာတော်ဟာ နိုင်ငံအတော်များများ ရောက်ဖူးပြီး ဘာသာစကားအမျိုးမျိုး တတ်ကျွမ်းတော်မူပါတယ်။ အိန္ဒိယနိုင်ငံမှာ ဘီအေ ဘွဲ့ ယူခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကျောင်းတက်တုန်းကျနော်တို့ မြန်မာစာဖတ်ပရိသတ်နဲ့ ရင်းနှီးတဲ့ ကမ္ဘာကျော် အိန္ဒိယစာရေးဆရာကြီး ရာဟုလာသံကိစ္စည်းနဲ့ခင်မင်ရင်းနှီးသူ  ဖြစ်ပါတယ်။ ရာဟုလာသံကိစ္စည်းအကြောင်းတွေ ပြန်ပြောပြတာ ကျောင်းသားတွေစိတ်ဝင်စားစရာကြီးပါ။  ဆရာတော်ဟာ အိန္ဒိယနိုင်ငံကနေ တိဘက်ကို ကုန်းကြောင်းလျှောက်ပြီးတိဘက်ဗုဒ္ဓဘာသာကိုနှစ်အတော်ကြာ  လေ့လာခဲ့ပါသေးတယ်။ထောင်ထဲ ရောက်နေချိန်မှာ ကျောင်းသားတွေ ချဉ်ခြင်း အတက်ဆုံးက စာသင်ချင်ကြတာပါ။ ဒါပေမယ့်ထောင်က စာဖတ်ခွင့် မပေးတော့ သမိုင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ အင်္ဂလိပ်စာ စတဲ့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်