မှတ်စုမှတ်တမ်း

ဒေါင်းအဆင်ဆန်းတွေနဲ့ ပုဝါအလံလူ (တံဆိပ်ခေါင်းများ)

August 31, 2012
ဒေါင်းအဆင်ဆန်းတွေနဲ့ ပုဝါအလံလူ (တံဆိပ်ခေါင်းများ)

ဦးအုန်းကျော် သြဂုတ် ၃၁၊ ၂၀၁၂ “ပြီးခဲ့တဲ့လတွေတုံးက အမေစု ဥရောပကိုခရီးထွက်တုံး ရိုက်ထားတဲ့ဓါတ်ပုံတွေထဲမှာ – ခွပ်ဒေါင်းပုံရင်ထိုးကလေး တပ်ထားတာ ကျနော်တွေ့ လိုက်မိတယ် ဦးလေးရ။ ဦးလေးရောသတိထားမိလား။” “အေးကွ … ဦးလေးလဲ တွေ့လိုက်တယ်။ ဓါတ်ပုံတွေကလဲ ခန့်ခန့်ငြားငြားနဲ့ အရမ်းကျက်သရေရှိတာဘဲကွနော်” “အဲဒီလို ခွပ်ဒေါင်း၊ ကဒေါင်းလေးတွေ တွေ့ရတော့ ဦးလေးရွတ်ရွတ်ပြနေတဲ့ ဆရာကြီး အဘိုးသခင်ကိုယ်တော်မှိုင်းရဲ့လေးချိုးကြီးထဲက “ကောင်းကျိုးထွေထွေနဲ့ ချန်စေမြစေသော၊ ဒေါင်းအိုးစေ တွန်စေကစေသော” ဆိုတဲ့အပိုဒ်ကလေးကို သွား,သွား သတိရမိတယ် ဦးလေးရေ” “အံမယ် … ငါ့တူက မဆိုးပါလားကွ။ ကဲ အဲဒီအပိုဒ်ကလေးရနေမှတော့ကွာ လေးချိုးကြီးတပုဒ်လုံးရသွားအောင် ကျက်လိုက်ပါလား” “ဖြေးဖြေးတော့ကျက်ပါ့မယ် ဦးလေးရာ။ ဒီနေ့တော့ ဒေါင်းနဲ့ပတ်သက်တဲ့ တံဆိပ်ခေါင်းတွေအကြောင်းပြောပြပါဦး” “အေးပါကွာ။ မင်းသိချင်တယ်ဆိုတာကိုကြားရတာဘဲ ဝမ်းသာလှပါပြီ။...

Read more »

လွတ်လပ်စွာ ကိုးကွယ်ခွင့်မူကို မည်သူတွေက ပြဋ္ဌာန်းပေးသနည်း (Ashin Dhammapiya)

August 31, 2012
လွတ်လပ်စွာ ကိုးကွယ်ခွင့်မူကို မည်သူတွေက ပြဋ္ဌာန်းပေးသနည်း (Ashin Dhammapiya)

လွတ်လပ်စွာ ကိုးကွယ်ခွင့်မူကို မည်သူတွေက ပြဋ္ဌာန်းပေးသနည်း ဒေါက်တာဓမ္မပိယ(ITBMU) မြန်မာပြည်သူ၊ ပြည်သား အများစုဟာ လွတ်လပ်ခွင့်နှင့် လွတ်လပ်ရေးတို့၏အဓိပ္ပါယ်များကို ရောရော ထွေးထွေး သိနေကြဆဲပါ။ လွတ်လပ်ရေးရရင် လွတ်လပ်ပြီလို့ အထင်ရှိနေသူတွေရှိနေသလို၊ ဒီမိုကရေစီရရင် ထင်ရာလုပ်လို့ရပြီလို့ ပြောသူများလည်းရှိနေဆဲပါ။ ̏လွတ်လပ်ခြင်း˝ ရဲ့အဓိပ္ပါယ်နှင့် ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ဆိုတဲ့ အဓိပ္ပါယ်တို့ကိုလည်း မသိသူတွေက များလွန်းနေသေးတယ်လို့ ထင်မြင်ယူဆမိခြင်းပါ။ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ ကျင့်သုံးနှိုင်ခြင်း မရှိသေးတော့ ရဟန်းရှင်လူ အတော်များများဟာ ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကို အသိခက်နေကြခြင်းပါ။ အဓိပ္ပါယ်များ ရှင်းလင်းသွားစေချင်ရင်   လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို မည်သူတွေက ပြဋ္ဌာန်းပးထားသနည်း ဆိုတဲ့ အမေးကို ရှေးဦးစွာ စဉ်းစားကြည့်နိုင် ဖို့ပါ။ ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ဆိုတဲ့စကားဟာ လွယ်မယောင်ယောင်နဲ့...

Read more »

သမိုင်းတကွေ့မှ သခင်ထွန်းအုပ် (ရဲဘော်သုံးကျိပ်) (Than Win Hlaing)

August 7, 2012

သမိုင်းတကွေ့မှ သခင်ထွန်းအုပ် (ရဲဘော်သုံးကျိပ်) သန်းဝင်းလှိုင်၊ သြဂုတ် ၇၊ ၂၀၁၂ ထက်မြက်သော တို့ဗမာအစည်းအရုံးခေါင်းဆောင်ဖြစ်ပြီး ဂျပန်ပြည်၌ အုပ်ချုပ်ရေးပညာကိုသာ သင်ယူ၍ ဗိုလ်ဘွဲ့မခံယူခဲ့သော ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်သည် နောင်တွင် မိမိအခွင့်အရေးရရှိရေးအတွက် လက်မောင်းသွေးဖောက်၍ သစ္စာပြုထားသည့် လုပ်ဖော်ကိုင်ဖက်ဗိုလ်ချုပ်အောင်ဆန်းအပေါ် အဆိုးရွားဆုံးသစ္စာဖောက်ပြီး နယ်ချဲ့အလိုတော်ရိဖြစ်သွားသောကြောင့် နောက်ပိုင်း မြန်မာနိုင်ငံရေးသမိုင်းတွင် တဖြည်းဖြည်းတိမ်မြှုပ်သွားခဲ့ရသော နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။ သခင်ထွန်းအုပ်ကို ၁၉၀၇ခုနှစ်ဒီဇင်ဘာလ၇ရက် စနေနေ့နံနက် ၁နာရီတွင် ပြည်ခရိုင် သဲကုန်းမြို့နယ် သိုက်တောရွာ၌ မြေပိုင်ရှင် ဦးရွှေ၊ ဒေါ်ရွှေသားတို့မှ ဖွားမြင်ခဲ့သည်။ အမည်အရင်းမှာ ကိုထွန်းအုပ်ဖြစ်ပြီး တို့ဗမာအစည်းအရုံးအဖွဲ့သို့ ဝင်သောအခါ သခင်ထွန်းအုပ် ဖြစ်လာသည်။ ဂျပန်၌ အုပ်ချုပ်ရေးပညာသင်စဉ်က ဂျပန်အမည်မှာ အိချီဟာရအိရှိရော (Ishihara Ishiyo)ဖြစ်သည်။ အသက်၎နှစ်အရွယ်တွင် မိခင်ကွယ်လွန်၍ အသက်၁၄နှစ်အရွယ်တွင် ဖခင်ကွယ်လွန်ခဲ့သည်။ ငယ်စဉ်က...

Read more »

ယဉ်ကျေးမှုသင်တန်းဖွင့်ရခြင်း စာတမ်း (Ashin Ariyasara)

August 7, 2012
ယဉ်ကျေးမှုသင်တန်းဖွင့်ရခြင်း စာတမ်း  (Ashin Ariyasara)

ယဉ်ကျေးမှုသင်တန်းဖွင့်ရခြင်း စာတမ်း အရှင်အရိယာစာရိ၊ ဥက္ကလံမြို့၊ ဓမ္မအေးရိပ်ကျောင်း သြဂုတ် ၇၊ ၂၀၁၂ သာသနာတော်နှစ်     ၂၅၅၆-ခု၊ မြန်မာသက္ကရာဇ်      ၁၃၇၄- ခု၊   ဒုတိယ၀ါဆိုလဆန်း (  ၄ )      ရက် (၀၇။၂၂။၂၀၁၂)- တနင်္ဂနွေနေ့တွင်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဥက္ကလံမြို့ရှိဓမ္မအေးရိပ်ကျောင်းမှာ၊ ဗုဒ္ဓယဉ်ကျေးမှု  အခြေပြုသင်တန်း ကို ဒုတိယအကြိမ် အဖြစ် ဖွင့်ဖြစ်ပါတယ်။ သင်တန်းစတင်ဖွင့်လှစ်တဲ့အခမ်းအနားမှာ သင်တန်းနှင့်စပ်တဲ့အကြောင်းအရာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောချင်ပါတယ်။           ယခုလိုဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းကို ဖွင့်လှစ်ခြင်းအားဖြင့် သင်တန်းကို တက်ရောက်သင်ယူကြတဲ့ အနာဂါတ်မျိုးဆက်သစ်များအတွက်- ၁။    ဗုဒ္ဓဘာသာရဲ့အခြေခံကောင်းများ နှင့်ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးများကို ပိုမိုသိရှိနားလည်သဘောပေါက် လာပြီး မြတ်ဗုဒ္ဓသာသနာတော်ကို လေးနက်စွာသက်ဝင်ယုံကြည်ကာ သဒ္ဓါတရားများတိုးပွားလာနိုင်ခြင်း။ ၂။ မိမိ၏တိုင်းပြည်နှင့်လူမျိုးအပေါ်၊  ဘာသာသာသနာနှင့်ရိုးရာယဉ်ကျေးမှု အမွေနစ်များ အပေါ်၌ မြတ်မြတ်နိုးနိုး...

Read more »

အညတရအကျဉ်းသားရဟန်းတော်များ(၂၃) – မဂ္ဂင်ဆရာတော်ဦးဝါသ၀ပဏ္ဍိ

August 2, 2012
အညတရအကျဉ်းသားရဟန်းတော်များ(၂၃) – မဂ္ဂင်ဆရာတော်ဦးဝါသ၀ပဏ္ဍိ

အရှင်ပညာနန္ဒ၊ သြဂုတ် ၂၊ ၂၀၁၂ ဆရာတော်ကြီးနှင့်ထောင်တွင်းအခြေအနေ ထောင်ထဲမှာ ထင်ရှားတဲ့ ဆရာတော်ကြီး တပါးကတော့ မဂ္ဂင်ဆရာတော် ဖြစ်ပါတယ်။ သက်တော်(၇၀)ကျော်၊  ထောင်ရှစ်နှစ် ကျခံနေရသူပါ။ ဆရာတော်ဟာ နိုင်ငံအတော်များများ ရောက်ဖူးပြီး ဘာသာစကားအမျိုးမျိုး တတ်ကျွမ်းတော်မူပါတယ်။ အိန္ဒိယနိုင်ငံမှာ ဘီအေ ဘွဲ့ ယူခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကျောင်းတက်တုန်းကျနော်တို့ မြန်မာစာဖတ်ပရိသတ်နဲ့ ရင်းနှီးတဲ့ ကမ္ဘာကျော် အိန္ဒိယစာရေးဆရာကြီး ရာဟုလာသံကိစ္စည်းနဲ့ခင်မင်ရင်းနှီးသူ  ဖြစ်ပါတယ်။ ရာဟုလာသံကိစ္စည်းအကြောင်းတွေ ပြန်ပြောပြတာ ကျောင်းသားတွေစိတ်ဝင်စားစရာကြီးပါ။  ဆရာတော်ဟာ အိန္ဒိယနိုင်ငံကနေ တိဘက်ကို ကုန်းကြောင်းလျှောက်ပြီးတိဘက်ဗုဒ္ဓဘာသာကိုနှစ်အတော်ကြာ  လေ့လာခဲ့ပါသေးတယ်။ထောင်ထဲ ရောက်နေချိန်မှာ ကျောင်းသားတွေ ချဉ်ခြင်း အတက်ဆုံးက စာသင်ချင်ကြတာပါ။ ဒါပေမယ့်ထောင်က စာဖတ်ခွင့် မပေးတော့ သမိုင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ အင်္ဂလိပ်စာ စတဲ့...

Read more »

တက္ကသိုလ်များအတွက် ပညာရေးမူဝါဒများကို အဘယ်သို့ ပြုပြင်ပြောင်လဲကြမည်နည်း

July 25, 2012
တက္ကသိုလ်များအတွက် ပညာရေးမူဝါဒများကို အဘယ်သို့ ပြုပြင်ပြောင်လဲကြမည်နည်း

ဒေါက်တာဓမ္မပိယ  ဇူလိုင် ၂၅၊ ၂၀၁၂ ယနေ့ မြန်မာနိုင်ငံရဲ့အခြေအနေ…။ လူပြောသူပြော များနေတဲ့သတင်းက ပညာရေး၊ စီးပွားရေးနှင့် လူ့အခွင့်ရေး သတင်းများပါ။ “ပေါက်ပင် ဘာကြောင့်ကိုင်းခဲ့ရတယ်˝ ဆိုတဲ့ အမေးကို အဖြေဖော်ထုတ်နိုင်ရေးအတွက် နိုင်ငံခေါင်းတော်ဆောင်များနှင့် ပြည်သူများ ပူးပေါင်းပြီး အဖြေကို ရှာဖွေညှိနှိုင်းနေကြခြင်းပါ။ အထူးသဖြင့် ပညာရေးမူဝါဒများ ပြုပြင်ပြောင်းလဲနိုင်ဖို့ပါ။ လွန်ခဲ့တဲ့သုံးရက်ခန့်က ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ နည်းပညာတက္ကသိုလ်ကြီးနှစ်ခုကို အဆင့်မြင့် တက္ကသိုလ်ကြီးများ ဖြစ်လာနိုင်စေရန် ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဆိုတဲ့ သတင်းကို ရေဒီယိုမှတဆင့် ကြားသိရ၍ ဝမ်းသာကြည်းနူး ဖြစ်မိခြင်းပါ။ ပညာရေးသတင်းမို့ အထူးစိတ်ဝင်စားမိခြင်းပါ။ တက္ကသိုလ်ပညာရေးမူဝါဒများကို ပြုပြင်ပြောင်းလဲတော့မည်ဆိုလျှင် အဘယ်သို့ ပြုပြင်ပြောင်းလဲကြမည်နည်း။ အဖြေရှာနိုင်ဖို့ပါ။ စဉ်းစားရမယ့်အချက်တွေ များစွာရှိနေသော်လည်း အရေးကြီးတဲ့အချက်ကို အဓိကထားပြီး စဉ်းစားနိုင်ကြဖို့ပါ။ ဘာကြောင့် ပညာရေးမူဝါဒများကို ပြုပြင်ပြောင်းလဲချင်ကြတာလဲ။...

Read more »

ရခိုင်ပြည်နယ် ငြိမ်ချမ်းရေး သုံးသပ်ချက် စာတမ်းများ ထွက်ရှိ

July 23, 2012
ရခိုင်ပြည်နယ် ငြိမ်ချမ်းရေး သုံးသပ်ချက် စာတမ်းများ ထွက်ရှိ

ရခိုင်ပြည်နယ် ငြိမ်ချမ်းရေး သုံးသပ်ချက် စာတမ်းများ ထွက်ရှိ မိုးမခ၊ ဇူလိုင် ၂၃၊ ၂၀၁၂ ယခင် ဇွန် ၈ က စတင်ပြီး ရခိုင်ပြည်နယ် နယ်စပ်ဒေသမှ အစပြု၍ ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားများကြောင့် အရေးအခင်းများ ဖြစ်ပွားခဲ့ပြီးနောက် ပြည်ပနိုင်ငံများနှင့် မူဆလင်နိုင်ငံများက ထုတ်ဖော်ပြောဆိုကြရာတွင် မြန်မာပြည်၊ ရခိုင်ဒေသတွင် ရိုဟင်ဂျာ အမည်ခံယူထားသည့် မူဆလင်များအား မြန်မာတို့က ရက်စက်စွာ သတ်ဖြတ်ဖျောက်ဖျက်နေသည်ဟု စွပ်စွဲချက်များ၊ ဆန္ဒပြကန့်ကွက်မှုများ ဖြစ်ပေါ်လာသည်။ အီရန်နိုင်ငံက ကုလသမဂ္ဂတပ်များ ၀င်ရောက်ပေးပါဟု ပြောဆိုသည်အထိ ဖြစ်လာသည်။ အတိတ်ကာလတလျောက်ကို ပြန်ကြည့်လျင် ကမ္ဘာနိုင်ငံအသီးသီးသည် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားနယ်စပ်ဒေသ ပြည်တွင်းစစ်များ၊ အတိုက်အခံ ဒီမိုကရေစီနိုင်ငံရေးသမားများအပေါ် အကြမ်းဖက် ဖမ်းဆီး အကျဉ်းချနေမှုများ၊ ၂၀၀၇ ရွှေဝါေ၇ာင်သံဃာတော်များ သတ်ဖြတ်နှိမ်နှင်းခံရခြင်း၊...

Read more »

ရန်ကုန်တက္ကသိုလ်ကို ကယ်တင်ပါ (တံဆိပ်ခေါင်းများ)

June 22, 2012
ရန်ကုန်တက္ကသိုလ်ကို ကယ်တင်ပါ (တံဆိပ်ခေါင်းများ)

ဦးအုန်းကျော် ဇွန် ၂၂၊ ၂၀၁၂  “ဦးလေးရေ…ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်ပြီးပြုပြင်ဖွင့်လှစ်ဖို့ ထိန်းသိမ်းဖို့ အကြံပြုတာတွေ တောင်းဆိုတာတွေ အခုတလော မီဒီယာတွေ မှာ တွေ့နေရတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ ဦးလေးရဲ့သဘောထား ကြားပါရစေခင်ဗျား” “ငါ့တူက ဦးလေးကို ငိုချင်လျက်လက်တို့ လာလုပ်နေပါလားကွာ။ အေး မင်းတို့ရဲ့ခေတ်မှာ မဖြစ်ညစ်ကျယ် အဝေးသင်တက္ကသိုလ် ဆိုတာ တွေနဲ့ပဲ ဘွဲ့ရခဲ့ကြတော့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့အစဉ်အလာကို လွမ်းမောတသစရာမရှိပဲ ဖြစ်နေတာပေါ့ကွာ။ ဒါပေမဲ့ ဦးလေးတို့လို လူကြီး တွေအဖို့မှာတော့ ရန်ကုန်တက္ကသိုလ်ကြီးမှာ ကျောင်းတက်ခဲ့ကြလေတော့ အခုလိုဖြစ်ပျက်နေတာ မြင်ရတာ ရင်ထဲမှာမချိဘူးကွ” “ဘယ်လို ဖြစ်ပျက်နေလို့လဲ ဦးလေးရ” “ဘယ်လို ဖြစ်ပျက်နေတယ်ဆိုတာကို မပြောခင် ဦးလေး ဘယ်လိုခံစားနေရတယ်ဆိုတာကို အရင်ပြောပြမယ်။ ဟိုတနေ့က ကမာရွတ်လှည်း တန်းမှာနေတဲ့ မိတ်ဆွေတယောက်ဆီအလည်သွားရင်း အဲ့ဒီတက္ကသိုလ်ဝင်းထဲကို...

Read more »

Maung Swan Yi – လူထုစိန်ဝင်း – သတ္တိကောင်းတဲ့ သတင်းစာဆရာ

June 18, 2012
Maung Swan Yi – လူထုစိန်ဝင်း – သတ္တိကောင်းတဲ့ သတင်းစာဆရာ

လူထုစိန်ဝင်း – သတ္တိကောင်းတဲ့ သတင်းစာဆရာ မောင်စွမ်းရည်၊ (ဇွန် ၁၂၊ ၂၀၀၆) မိုးမခပြန်လည်ဆန်းသစ်ခြင်း၊ ဇွန် ၁၈၊ ၂၀၁၂ လူထုစိန်ဝင်းဟာ ထောင်သက် စုစုပေါင်း ၁၃ နှစ် တိတိ ရှိပါတယ်။ ကိုကိုးကျွန်းအကျဉ်းထာင်ကို အပို့ခံရတဲ့ လူထုသတင်းစာ အယ်ဒီတာနဲ့ သတင်းထောက် ၃ ဦးအနက် လူထုစိန်ဝင်းလည်း ပါခဲ့ပါတယ်။ သတင်းစာဆရာဘ၀မှာ တသက်လုံး စွန့်စားကျင်လည်ခဲ့ပါတယ်။ စစ်တပ်က ထုနှက် ကန်ကျောက်တာတွေကို ဖွတ်ဖွတ်ကြေအောင် ခံခဲ့ရပါတယ် … ၊ မိုးမခမှာ ၂၀၀၆ ဇွန်လက ဖော်ပြခဲ့တဲ့ ဆရာမောင်စွမ်းရည်ရဲ့ စာမူကို ဆရာလူထုစိန်ဝင်း ကွယ်လွန်တဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပြန်လည် ဖော်ပြလိုက်ပါတယ်။ No tags for this...

Read more »

Suu – ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်း

June 18, 2012
Suu –  ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်း

“ပြည်သူတရပ်လုံးက ပါးပါးနပ်နပ် ပါဝင် ဆောင်ရွက်ကြဖို့လိုပါတယ်” နော်ဝေနိုင်ငံ အော်စလိုမြို့ နိုဘယ် ငြိမ်းချမ်းရေးဆု လက်ခံရယူပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်း မူရင်း နှင့် ဘာသာပြန် ဇွန် ၁၇၊ ၂၀၁၂ (မြန်မာဘာသာသို့ ပြန်ဆိုသူမှာ Dr ကောင်းမြတ်ကျော်ဖြစ်သည်။ မိုးမခက အနည်းငယ် ပြန်လည် တည်းဖြတ်ထားသည်) No tags for this post.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်