မှတ်စုမှတ်တမ်း

U Kyi Maung – ဦးကြည်မောင်ရဲ့ နိုင်ငံရေးစာတမ်း

April 21, 2012
U Kyi Maung – ဦးကြည်မောင်ရဲ့ နိုင်ငံရေးစာတမ်း

၉၀ ရွေးကောက်ပွဲရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ ကွယ်လွန်သူ ဦးကြည်မောင်ရဲ့ နိုင်ငံရေးစာတမ်း ပြည်သူ့ခေတ်ဂျာနယ်အခမ်းဆက် ပြန်လည်ကောက်နုတ်ချက်၊ ဧပြီ ၂၁၊ ၂၀၁၂ ( ဧပြီလထဲမှာ ပြည်သူ့ခေတ်ဂျာနယ်မှာ ဦင်္းကြည်မောင်ရဲ့ နိုင်ငံရေးစာတမ်း ၁ခု အခမ်းဆက်ပါလာတယ်။ ဦးကြည်မောင်ကို ပြန်လည်မိတ်ဆက်ရရင် အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်တဦး၊ ၉၀ ရွေးကောက်ပွဲမှာ ပါတီကို အနိုင်ရပါတီအဖြစ် ဦးဆောင်ခဲ့သူ၊ တပ်မတော်ခေါင်းဆောင်တဦးဖြစ်ပါတယ်။ ၂၀၀၄ မှာ ဆရာကွယ်လွန်တယ်။ ပါတီထူထောင်ချိန်က စတင်ပြီး သုတေသနဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်လို့ သူ့ကိုယ်ရေးအကျဉ်းမှာ ဖော်ပြထားတာကြောင့် ကိုလိုနီခေတ် ကျောင်းသားသပိတ်အရေးတော်ပုံတပ်သားတဦးအဖြစ်ကနေ အမျိုးသားရေးအတွက် စွမ်းစွံတမန်ဆောင်ရွက်ခဲ့သူ ဒီမိုကရေစီခေါင်းဆောင်တဦးရဲ့ မာန်မာနမရှိမှုကို ဖော်ကျုးထားသလိုဖြစ်နေတယ်လို့ ခံစားမိပါတယ်။ ၂၀၀၃ ခုနှစ် တနှစ်လုံး လူငယ်တွေအတွက် စာမျက်နှာ ၆၀ လောက်ရှိတဲ့ နိုင်ငံရေးစာတမ်းတွေ ရေးနေခဲ့ပါတယ်။...

Read more »

မှော်ရုံဟေဝန် … တောမြိုင်စွန်

March 24, 2012
မှော်ရုံဟေဝန် … တောမြိုင်စွန်

သိန်းသန်းဦး (၁၉၇၄၊ ၇၅၊ ၇၆၊ တိုက်ပွဲဝင်ရဲဘော်ဟောင်း) မတ်လ ၂၄၊ ၂၀၁၂ ဝေးလံသောအရပ်မှ ရေစီးသံလို အသံသဲ့သဲ့ ကြားနေရသည်။ ပတ်ဝန်းကျင်တခုလုံးက ညဖြစ်လေသလားမသိ မှောင်မှောင်မဲမဲ။ အရင်း တုန်းကာ အဖျားသွယ်သွားသော အမျိုးအမည်မသိ ပင်အုပ်ကြီးများနှင့် တော၏အလယ်ခေါင်တွင် ကျနော်ရောက်နေသည် ထင်သည်။ မျက်စိတဆုံး ပင်အုပ် တောအုပ်။ ကြည့်လေရာ ခြာခြာလည်။ ထိုပင်အုပ်ထိပ်ဖျားလွတ်ရာနေရာတွင် ကောင်းကင်ကို မှိန်ဖျဖျဖြစ်နေရသည်။ ကြယ်တပွင့် လတစင်းမရှိ။ ဟိုးကောင်းကင်မှ နှင်းစက်လား မိုးစက်လားမသိ ရေစက်များက ခြောက်သွေ့တင်းမာနေသော ကျနော့်နှုတ် ခမ်းထက်သို့ ကျလာသည်။ ရေစက်များ၏အတွေ့က အေးမြစူးရှစွာ ကျနော့်မနောအာရုံထဲ ထိုးဖောက်ဝင်လာသည်။ ရေစီးသံသဲ့သဲ့က ခေါ်သံအဖြစ် တဖြေးဖြေးပီပြင် ကျယ်လောင်လာသည်။ ညီလေး . . . ညီလေး...

Read more »

ရှင်မဖြူကျွန်းရယ်၊ Shahpuri (Shapooree) Island and St. Martin Island များကို ရှေးမြေပုံများအရတင်ပြခြင်း

March 23, 2012
ရှင်မဖြူကျွန်းရယ်၊ Shahpuri (Shapooree) Island and St. Martin Island များကို ရှေးမြေပုံများအရတင်ပြခြင်း

မွန်ဦးမြေ မတ်လ ၂၃၊ ၂၀၁၂ အထက်ပါကျွန်းများအကြောင်းနှင့် ပိုင်ဆိုင်မှုများအကြောင်းကို ဆရာငြိမ်းချမ်းအေးက – စိန့်မာတင်၊ ရှင်မဖြူနဲ့  အင်္ဂလိပ်-မြန်မာ ပထမစစ် – အကြောင်းကို အများစိတ်ဝင်စားပြီး မှတ်သားဘွယ်ကောင်းတဲ့စာစောင်ကို ဖတ်ရပါတယ်။ ယခုစာစီနေတဲ့အချိန်အထိ မှတ်ချက်ပေါင်း ၃၇ ခုအထိဆွေးနွေးကြတာကိုကြည့်ပြီး အများစိတ်ဝင်စားတာရယ်၊ ဆရာကိုယ်တိုင် စိတ်ရှည်လက်ရှည်ရှင်းပြထားတာတွေကို အထူးကျေးဇူး တင်မိပါတယ်။ ကျနော်ကိုယ်တိုင်က သမိုင်းဆရာလည်းမဟုတ် စာရေးဆရာလည်းမဟုတ်ပေမဲ့၊ ရှေးမြေပုံတစ်ချပ်နှင့် စာအုပ်တစ်အုပ် ကြောင့် အထက်ပါကျွန်းများအကြောင်းကို ကျတော်နားလည်သလို အားဖြည့်ကူညီလိုပါသည်။ ပထမဦးဆုံး ကျနော့်မှာရှိသော မြေပုံအညွှန်းမှာ အောက်ပါအတိုင်းရေးထားပါသည်။ အထက်ပါစာအရ ၁၈၅၇ လန်ဒန်မြို့မှထုပ်ဝေခဲ့ပါသည်။ ဌင်းမြေပုံမှ စိန့်မာတင်ကျွန်းနေရာကိုကွက်ပြီးကူးယူ ဖေါ်ပြပါသည်။ အောက်ပါပုံ ကိုကြည့်ပါ၊ စက်ဝိုင်းအနီပြထားသောနေရာတွင်းမှာ St. Martin Is. ဆိုသောကျွန်းမှာ (မြစ်ကို...

Read more »

အညတရအကျဉ်းသားရဟန်းတော်များ (၁၅) ရွှေဝါရောင် ဦးကောဝိဒ

March 21, 2012
အညတရအကျဉ်းသားရဟန်းတော်များ (၁၅) ရွှေဝါရောင် ဦးကောဝိဒ

အရှင်ပညာနန္ဒ မတ်လ ၂၁၊ ၂၀၁၂ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကာလတုန်းက စစ်အဏာရှင်တွေရဲ့ လူမဆန်စွာဖမ်းဆီးခြင်းခံခဲ့ရတဲ့ မြို့ နယ်သံဃနာယက ဥက္ကဋ္ဌဟောင်းဆရာတော်ဦးကောဝိဒဟာ၂၀၁၁၊ အောက်တိုဘာ ၁၂ ရက်နေ့ကမှ သရက်ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဆရာတော် ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာခဲ့ပေမဲ့လည်း အာဏာပိုင်တွေရဲ့ အနီးကပ်စောင့်ကြည့်တာကို No tags for this post.

Read more »

Than Win Hlaing – မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများအပေါ် စစ်တမ်းထုတ်ကြည့်ခြင်း အပိုင်း ၃(က)

March 11, 2012
Than Win Hlaing – မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများအပေါ် စစ်တမ်းထုတ်ကြည့်ခြင်း အပိုင်း ၃(က)

သန်းဝင်းလှိုင်။ မတ် ၁၁၊ ၂၀၁၂   Seated Left to Right: Hon’ble U Kyaw Nyein , Sir Ba U , Lady Rance, Hon’ble Thakin Nu , HE Sir Hubert Rance , The Earl of Listowel , Hon’ble Bo Let Ya , Sir Gilbert Laithwaite, Hon’ble U Tin Tut...

Read more »

အညတရအကျဉ်းသားရဟန်းတော်များ (၁၄) ဆရာတော် အရှင်သုမင်္ဂလလင်္ကာရ

March 3, 2012
အညတရအကျဉ်းသားရဟန်းတော်များ (၁၄) ဆရာတော် အရှင်သုမင်္ဂလလင်္ကာရ

အရှင်ပညာနန္ဒ မတ်လ ၃၊ ၂၀၁၂ (၁) ၁၉၉၀ ခုနှစ်က ပတ္တနိကုဇ္ဇနသပိတ်မှောက်ကံဆောင်ပွဲမှာ ထင်ရှားကျော်ကြားတဲ့ဆရာတော်တွေအများအပြား န၀တစစ်အစိုးရရဲ့မတရားဖမ်း ဆီးခြင်းခံခဲ့ရပါတယ်။အဖမ်းခံခဲ့ရတဲ့ဆရာတော်တွေထဲမှာ ပိဋကတ်သုံးပုံဆောင် ဆရာတော်တပါး ပါဝင်ပါတယ်။ အဲဒီဆရာတော်ကြီးက တော့ ရန်ကုန် မဟာဂန္ဓာရုံကျောင်းတိုက်က ဆရာတော်အရှင်သုမင်္ဂလလင်္ကာရဖြစ်ပါတယ်။ မန္တလေးမှာသံဃာတွေသပိတ်ကံဆောင်တော့ ရန်ကုန်မှာရှိတဲ့ သံဃာတော်တွေလည်း ခြောက်ထပ်ကြီးဘုရားဝင်းအတွင်းမှာ သပိတ်ကံ ဆောင်ဘို့ စီစဉ်ကြပါတယ်။ သပိတ်ကံဆောင်သင့် မဆောင်သင့်ကို မန္တလေးသံဃာထုက ရန်ကုန်မှာရှိတဲ့ ဆရာတော်ဦးသုမင်္ဂလထံသို့ စာ ရေး ဆက်သွယ်မေးမြန်းလျှောက်ထားခဲ့ပါတယ်။ အဲဒီအချိန်အခါတုန်းကဆရာတော်ဦးသုမင်္ဂလက သူ့ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသခဲ့ပါတယ်။ ဆွမ်းလောင်းပွဲမှာ ရဟန်းတော်တွေကို သေနတ်နဲ့ပစ်တဲ့ စစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံ၊ ပြည်သူတွေကိုနှိပ်စက်သတ်ဖြတ်ပုံတွေအတွက် ပတ္တနိက္ကုဇ္ဇနကံ ဆောင် ထိုက် မဆောင်ထိုက်ဆုံးဖြတ်ပေးဘို့ ဘုန်းတော်ကြီးဆီကိုစာလာကပ်ကြပါတယ်။ ဘုန်းကြီးဆီ စာရောက်တာကို ထောက်လှမ်းရေးကသိတော့ အရှင်ဘုရား ဖြစ်နိုင်ရင်...

Read more »

မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး (၂၁)

February 24, 2012
မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး (၂၁)

မေခ ဖေဖော်ဝါရီ ၂၄၊ ၂၀၁၂ (Twilight over Burma – Serial Translation) အခန်း (၁ဝ) စံအိမ်တော်ရှေ့က မြေပြန့်လေးမှာ သုစန္ဒာဘေးကချထားသော ကြိမ်ထိုင်ခုံလေးမှာလွတ်နေသည်။ ခါတိုင်းလို စဝ်ကတောင်ကြီးနှင့် ရန်ကုန် တွင် အစည်းဝေးတက်အလုပ်များနေလို့ လွတ်နေတာမျိုးတော့ မဟုတ်ချေ။ သို့သော် သည်တကြိမ်တွင်တော့ လွတ်နေသော ကြိမ်ကုလားထိုင် လေးမှာ ခြားနားသော အဓိပ္ပါယ်ရှိနေသည်။ ထိုအရာများသည် ကြောက်ရွံ့စိုးထိတ်စရာများသာလျှင် ဖြစ်နိုင် ကျန်ရစ်နေနိုင်လေသည်။ သုစန္ဒာသည် မျက်လုံးကိုပိတ်ထားလိုက်သည်။ စိတ်တန်ခိုးဖြင့် မြင်နိုင်သော ဈာန်မျိုးကိုရလိုက်ချင်သည်။ စဝ်ဘယ်နေရာမှာပဲ ရှိနေရှိနေ တန်ခိုးစွမ်းအားဖြင့် ဆက်သွယ် လိုက်ချင်မိတော့သည်။ သူမ နမ့်ပန်းကိုစရောက်ခါစက တိုင်းယိုင်လူမျိုးတို့၏ ဘဝအစိတ်အပိုင်းတွင် လက် ခံကြသော ဝိညာဉ်လောက ပရလောက စိတ်တန်ခိုး အောက်လမ်းပညာတို့နှင့်ပတ်သက်သော...

Read more »

Naung Kyaw – ကိုထိန်လင်းသို့ အိတ်ဖွင့်ပေးစာ

February 23, 2012
Naung Kyaw – ကိုထိန်လင်းသို့ အိတ်ဖွင့်ပေးစာ

ကိုထိန်လင်းသို့ အိတ်ဖွင့်ပေးစာ နောင်ကျော်၊ (ကောင်းကင်အင်တာနက်ကယူတယ်) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂ ကိုထိန်ရေ ဒီရက်ပိုင်းထဲမှာ မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းတွေရဲ့ မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့ အခမ်းအနား (၂) ပွဲကို ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ရန်ကုန်မှာ၊ (၁၂)ရက်နေ့က မန္တလေးမှာ ကျင်းပခဲ့တော့ အဲဒီနှစ်ပွဲစလုံးကို ကျွန်တော် အလေးအနက်ထားပြီး တက်ဖြစ်အောင် တက်ခဲ့တယ်။ ရန်ကုန်မှာလုပ်တဲ့ ပွဲမှာ ခင်ဗျားနဲ့ ကျွန်တော်ပြန်ဆုံ ဖြစ်ခဲ့ပြီး စကားနည်းနည်းလောက်ပဲ ပြောဖြစ်ခဲ့ကြလို့ ကျွန်တော် သဘောထားကို ဒီပေးစာနဲ့ ခင်ဗျားဆီလှမ်းပြောလိုက်တာပါ။           ခင်ဗျားနဲ့ ကျွန်တော်စပြီး တွေ့ဖြစ်ခဲ့ကြတာဟာ 1999 ခုနှစ်ဝန်းကျင်ဆိုတော့ရယ်၊ မန္တလေးထောင်ထဲမှာ အကျဉ်းသားဘ၀နဲ့ ဆုံခဲ့ကြတာရယ်ကို မှတ်မိနေပါသေးတယ်။ အဲ့ဒီအချိန်တုန်းက ခင်ဗျားတို့ မြောက်ပိုင်း အေဘီပြန်ထွက်ပြေးလားပြီး...

Read more »

Soe Linn – သူကြွေးရှိက ဆပ်ရမည် ၄ နဲ့ ၅

February 21, 2012
Soe Linn – သူကြွေးရှိက ဆပ်ရမည် ၄ နဲ့ ၅

သူကြွေးရှိက ဆပ်ရမည် ၄ နဲ့ ၅ စိုးလင်း၊ (သူ့ဖေ့စ်ဘွတ်ကယူတယ်) ဖေဖော်ဝါရီ ၂၁ ၂၀၁၂            ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၁၂) ရက်ပွဲမှာ ကျွန်တော်တို့ အားလုံးနီးပါး ပြန်ဆုံခဲ့ကြပါတယ်။ အဟောင်းတွေအသစ်ဖြစ် စကားတွေပြောလို့မကုန်ခဲ့ပါဘူး။ အကိုကြီး (ကိုထွန်းအောင်ကျော်) အပါအ၀င် ကြွေလွင့်ခဲ့သူအားလုံး အတွက် ကျွန်တော်တို့ တတ်နိုင်သမျှ ကြိုးစားပေးခဲ့ကြပါတယ်။           အောင်မိုးဝင်းရေးခဲ့သလို ထွန်းအောင်ကျော်၊ စိုးလင်း၊ အောင်နိုင်ဆိုတာ အတော်တွဲခဲ့ကြတာပါ။ ၁၉၈၉ မေ ၁၉-၂၀ မန္တလေးတက္ကသိုလ်အင်းဝခန်းမမှာကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံ (ဗကည) အပြီးမှာ ဒီသုံးဦးပိုရင်နှီးခဲ့ကြပါတယ်။ သွားအတူ၊ စားအတူ၊ အိပ်အတူ ကာလတွေပေါ့ ဒီလိုနဲ့ မြောက်ပိုင်းကိုသွားဖို့ ဖြစ်လာတဲ့ အခါ သူတို့နှစ်ဦးက အရင်...

Read more »

List of Killed Students – မြန်မာစစ်အစိုးရ၏ ထောက်လှမ်းရေးများဟု စွတ်စွဲပြီး သတ်ဖြတ်ခံရသူ ကျောင်းသား၊လူငယ်များ စာရင်း ထွက်ရှိ

February 10, 2012
List of Killed Students – မြန်မာစစ်အစိုးရ၏ ထောက်လှမ်းရေးများဟု စွတ်စွဲပြီး သတ်ဖြတ်ခံရသူ ကျောင်းသား၊လူငယ်များ စာရင်း ထွက်ရှိ

မြန်မာစစ်အစိုးရ၏ ထောက်လှမ်းရေးများဟု စွတ်စွဲပြီး သတ်ဖြတ်ခံရသူ ကျောင်းသား၊လူငယ်များ စာရင်း ထွက်ရှိ မိုးမခအထောက်တော် ၀၀၂၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၁၂ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) ပါဂျောင်ဒေသ၊ လိုင်စင်စခန်းတွင် စစ်ထောက်လှမ်းရေးများဟု မတရားစွပ်စွဲကာ နှိပ်စက် သတ်ဖြတ်ခံရပြီး သေဆုံးခဲ့ရသူများစာရင်း ထွက်ရှိလာသည်ကို တွေ့ရသည်။ ဖေ့စ်ဘွတ်ပေါ်တွင် အဆိုပါစာရင်း ထွက်ရှိလာခြင်း ဖြစ်ပြီး  ၁၉၉၂ ဖေဖော်ဝါရီလ ၁၂ ရက် တွင် သတ်ဖြတ်ခံရသည့် ကျောင်းသားများစာရင်း ပါဝင်သည်ကို တွေ့ရသည်။ အဆိုပါ အရေးအခင်းကြောင့် ထွက်ပြေးလွတ်မြောက်လာသူ ကျောင်းသား လူငယ် ၇၀ ဥိး ရှိသည်ဟု ရေးသားထားသည်။ အမှန်တရား သည် သင်တို့နှင့်အတူ ရှိသည်၊ သင်တို့ ကောင်းရာသုဂတိ လားပါစေဟုလည်း...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်