လူများ၊ ရုပ်ပုံလွှာများ

လှကျော်ဇော – မေမေ့ရဲ့အပြောင်မြောက်ဆုံးသော အခန်းကဏ္ဍ

November 16, 2016
လှကျော်ဇော –  မေမေ့ရဲ့အပြောင်မြောက်ဆုံးသော အခန်းကဏ္ဍ

လှကျော်ဇော –  မေမေ့ရဲ့အပြောင်မြောက်ဆုံးသော အခန်းကဏ္ဍ (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၆ ကျမရဲ့ “အလွမ်းစာပန်းခြင်းလေး” စာအုပ်ရဲ့အခန်းတခန်းမှာ ဒီလိုရေးဖူးပါတယ်။ “ မေမေဟာ ဖေဖေ့ကို ပါရမီ တောက်လျှောက်ဖြည့်လာရာမှာ ထူးခြားပြောင်မြောက်လှတဲ့ ကဏ္ဍတခုကတော့ ကျမတို့ တောတွင်းရောက်ပြီး လေးနှစ်အကြာ မေမေနောက်ကလိုက်လာပြီး ပန်ဆန်းမှာ ကျမတို့နဲ့ အေးအတူပူအမျှ ပျော်ပျော်ရွှင်ရွှင် နေခဲ့မှုပါပဲ” ဒီလိုရေးခဲ့ဖူးပေမယ့် အခုပြန်လည်စဉ်းစားကြည့်မိတဲ့အခါ အဲဒီအခန်းကဏ္ဍထက် ပိုမိုပြောင် မြောက်တဲ့အခန်းကဏ္ဍတခု မေမေဖြတ်သန်းခဲ့ဖူးတယ်ဆိုတာ သတိရမိပါတယ်။ တကယ်တော့ မေမေဟာ ငယ်စဉ်ကတည်းကစလို့ မတောင့်မတ မကြောင့်မကြနေခဲ့ရသူပါ။ မိဘများလက်ထက်မှာလည်း ခြွေရံသင်းပင်းများစွာနဲ့ နေခဲ့ရပါတယ်။ အိမ်ထောင်ကျတော့လည်း လျှမ်းလျှမ်းတောက်စစ်ဗိုလ်တဦးနဲ့လက်ထပ်ခဲ့ရပြီး ငယ်ငယ် ရွယ်ရွယ်ကလေးနဲ့ ဗိုလ်ချုပ်ကတော် ဘဝကို ရရှိသူပါ။ ဖေဖေဗိုလ်မှူးချုပ်ရာထူးနဲ့ တိုင်းမှူးဖြစ်တော့ ၃၀ ကျော်လေးပဲ...

Read more »

မာန် (တောင်လုံးပြန်) – ဆရာမင်းသစ်အင်တာဗျူး – ၈

November 13, 2016
မာန် (တောင်လုံးပြန်) – ဆရာမင်းသစ်အင်တာဗျူး – ၈

မာန် (တောင်လုံးပြန်) – ဆရာမင်းသစ်အင်တာဗျူး – ၈ (လူငယ်တွေ ကျမ်းပိစေမည့် လူကြီးတို့၏ စာပေဂိုဏ်းများ) (မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၆ မာန်။ ။ ကျနော်ကြားဖူးတာလေးတခုမေးပါရစေဆရာ ၊ဆရာစာပေနယ်မှာ ကျင်လည်ရင်းနဲ့ ဆရာ အဝကျွန်းချစ်မောင်တို့ ဆရာမြတ်ခိုင်တို့နဲ့ နယ်ခရီး ထွက်ဖြစ်တဲ့အကြောင်း ညပိုင်းတွေပါ လျောက်လည်ဖြစ်တယ်လို့ ကျနော်ကြားဖူးတယ်၊ အဲဒါလေးသိပါရစေဆရာ။ မင်းသစ်။ ။ ကျနော် အဝကျွန်းတို့ မြတ်ခိုင်တို့နဲ့ ခရီးမသွားဖူးဘူး။ မာန်။ ။ ဒါဆို ကျနော်အမှတ်မှားတာဖြစ်မယ်၊ ဆရာဟိန်းလတ်နဲ့လူချင်းမှားတာနေမယ်.. မင်းသစ်။ ။ ဟုတ်မယ်၊ ကျနော်တော့ မသွားဖူးဘူး၊ လွဲသွားပြီ မာန်။ ။ ဆရာ့စာပေအကြောင်း ဆက်ပြောပါဦးဆရာ မင်းသစ်။ ။ အဲဒါပဲ၊ နောက်ကျတော့လည်း ပြတ်သွားပြန်ရော...

Read more »

ထွန်းဝင်းငြိမ်း – သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ – အပိုင်း(၂)

November 13, 2016
ထွန်းဝင်းငြိမ်း – သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ – အပိုင်း(၂)

ထွန်းဝင်းငြိမ်း – သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ – အပိုင်း(၂) (ပြည်သူ့အရေး ဂျာနယ်) မိုးမခ၊ နိုဝင်ဘာ ၁၃၊ ၂၀၁၆ သခင်သိန်းဖေ- မူရင်းဓာတ်ပုံကို လေးစားမှုဖြင့် ဖော်ပြသည်။ ဗိုလ်မှူးအောင်ပြောပြခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းခေါ် သခင်ရှုမောင်မောင်၏ သခင်ဘဝအစိတ်အပိုင်း အချို့ကို သခင်သိန်းဖေက ပြန်လည်ပြောပြရာတွင် အခြားသမိုင်းမှတ်တမ်းများ၌ မတွေ့ရသေးသော အချက်အလက်အသစ်များ ပါဝင်ပါသည်။ သို့သော် တွေးဆဖွယ်ကောင်းသောအချက်များအဖြစ် သခင် သိန်းဖေက ပြောပြပါသည်။ “တို့ဗမာအစည်းအရုံးကို သခင်သိန်းမောင်တို့၊ သခင်ဘသောင်းတို့ စခဲ့တာပဲ။ အန်ကယ်တို့ လူငယ်တွေ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ခဲ့တာက သခင်တွေကို အတုယူကြတာပေါ့။ သခင်တွေက ထောင်လည်း ခဏခဏကျတယ်။ နိုင်ငံရေး အတက်ကြွဆုံးကလည်း သူတို့ပဲ။ အဲဒါနဲ့ အန် ကယ်တို့က သူတို့ကို...

Read more »

ခင်လွန်း – ပုရွက်ဆိတ်တကောင်ရဲ့ ထမင်းတနပ်

November 11, 2016
ခင်လွန်း – ပုရွက်ဆိတ်တကောင်ရဲ့ ထမင်းတနပ်

Photo – Sampsonia Way Magazine   ခင်လွန်း – ပုရွက်ဆိတ်တကောင်ရဲ့ ထမင်းတနပ် (ဆရာမောင်အောင်ပွင့် (၇၁) နှစ်မြောက်မွေးနေ့ ဦးညွှတ်ဂုဏ်ပြုခြင်း) (မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၆ မနှစ်က ငြိမ်းချမ်းရေးကဗျာဆရာကြီး မောင်အောင်ပွင့် အသက် (၇၀) ပြည့်နှစ်မှာ ကျနော် လွမ်းလို့ရေးခဲ့တဲ့စာလေး ဒီနေ့ပြန်တင်ရင်း ဒီနှစ်နဲနဲလေး ထပ်တိုးပြောပါရစေ။ အဲဒါရေးတုန်းက ဖတ်သူဘက်က ဘာမှမဟုတ်လောက်ပေမယ့် စာရေးနေတဲ့ ကျနော့်မှာတော့ အရာရာတရိပ်ရိပ် စိတ်ထဲမြင်နေရလို့ စာရေးရင်း ဝမ်းနည်း သလိုလို လွမ်းဆွတ်သလိုလိုခံစားရင်း မျက်ရည်လဲ (နှာရည်တွေလဲကျ) ကျမိပါတယ်။ သေချာတာက ကျနော် အခုပြန်ဖော်ပြတဲ့စာကို ရေးခဲ့တုန်းက မေးရိုး ကြီးထောင်းထောင်းထအောင် အံကြိတ်ထားမိတာကိုလဲ သတိရနေမိတယ်။ တမျိုးပဲ ဒီခံစားမှုမျိုးက ဥပမာနှိုင်းပြောဖို့တော်တော်ခက်တယ်။ သေချာတာက တယောက်ဘဝကိုတယောက်၊...

Read more »

ထွန်းဝင်းငြိမ်း – သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ

November 10, 2016
ထွန်းဝင်းငြိမ်း – သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ

ထွန်းဝင်းငြိမ်း – သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ (ပြည်သူ့အရေး) မိုးမခ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၆ နိဒါန်း ယခုဖော်ပြမည့်စာမူမှာ လွန်ခဲ့သော ၅ နှစ်ခန့်က သခင်သိန်းဖေအား သွားရောက်တွေ့ဆုံမေးမြန်၍ ရေးသား ထားခြင်း ဖြစ်ပါသည်။ သို့သော် ထိုစဉ်က စာပေစီစစ်ရေးဖြတ်သန်းရသဖြင့် အပြည့်အစုံ ဖော်ပြခွင့်မရပါ။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေးတိုက်ပွဲတွင်ကိုယ်တိုင် ပါဝင်ဖြတ်သန်းခဲ့သူ တဦး၏ သက်ရှိထင်ရှားပြောကြားချက်များကိုသမိုင်းမှတ်တမ်းအဖြစ် လေ့လာနိုင်စေရန် ဖော်ပြလိုခြင်း ဖြစ်ပါ သည်။ ရိုဗာစကောက်နှင့် မြို့မလူငယ် “မောင်ရင်လေးတို့ကိုအန်ကယ်ပြောချင်တာက” ဟု အစချီကာစကားဆိုလေ့ရှိသော အဘ သခင်သိန်းဖေ သည် အသက် ၁၀၁ နှစ်တွင် ကွယ်လွန်ခဲ့သည်။ ပါရမီလမ်းတွင်ရှိသောနေအိမ်တွင် သခင်သိန်းဖေ ၏ မွေးနေ့ပွဲများ၊ တော်လှန်ရေးနေ့...

Read more »

ဇာဝါရီ – ပြည်သူ့နှလုံးသားထဲ အစဉ်ရှင်သန်နေသူ

October 30, 2016
ဇာဝါရီ – ပြည်သူ့နှလုံးသားထဲ အစဉ်ရှင်သန်နေသူ

ဇာဝါရီ – ပြည်သူ့နှလုံးသားထဲ အစဉ်ရှင်သန်နေသူ (မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၆ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က ထိုင်းနိုင်ငံ (မြန်မာအများစုအခေါ် ယိုဒယားပြည်) ကို ရောက်ခဲ့ပြန်တယ်။ ဘဝမှာ ပထမဦးဆုံးအကြိမ် ဒုတိယအိမ် (နိုင်ငံ) ဖြစ်လာခဲ့တဲ့ ထိုင်းနိုင်ငံကို ၁၉၈၉ နှစ်လယ်ပိုင်းလောက်မှာ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ရှိသွားခဲ့တယ်။ အဲဒီတုန်းက လူက ငှက်ဖျားရောဂါနဲ့ သတိမေ့ သေလုမျောပါး – ထိုင်းနယ်စပ် မဲဆော့မြို့ ကို ကံကောင်းထောက်မစွာနဲ့ ဆေးကုသဖို့ ရောက်ရှိသွားခဲ့တာ။ ရောဂါသက်သာ သတိရလို့ ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ရွှေသိုင်းကြိုး ရွှေနားကွပ် အဖြူရောင် စစ်ဝတ်စုံနဲ့ တည်ကြည်ခန့်ငြား၊ ဥပဓိရုပ်ကောင်းလှတဲ့ ဘုရင်ကြီးရဲ့  ဓါတ်ပုံကြီးက မိမိ့ဦးခေါင်းထက် နံရံမှာ။ နောက်တော့ မိမိကို...

Read more »

မောင်စွမ်းရည် – ဦးသော်ကောင်း

October 12, 2016
မောင်စွမ်းရည် – ဦးသော်ကောင်း

မောင်စွမ်းရည် – ဦးသော်ကောင်း (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၆ ရန်ကုန်တက္ကသိုလ်၊ ဗဟိုစာကြည့်တိုက်ကိုသွားရင်း စိမ်းစိုမြူးလွင့်နေတဲ့ သော်ကပင်ကလေးတွေ ၀န်းရံနေတာကို မြင်ရတယ်။ သော်ကပင်ကလေးတွေကို မြင်ရရင် “သော်ကောင်း” ကို ပိုလို့ သတိရစရာ ဖြစ်ရပ့ါတယ်။ “သော်ကောင်း” ဆိုတဲ့ နာမည်ကြားရင် ကျွန်တော့်ရင်ထဲမှာ လေးစားချစ်ခင်မှု လှိုင်းဂယက်တွေ ထတတ်ပါတယ်။ “သော်ကောင်း”၊ “စာကြည့်တိုက်” ၊ “စာအုပ်စာပေ” ဆိုတဲ့ စကားလုံးတွေဟာ နိမိတ်ပုံတွေ ရောယှက် နေတဲ့ စကားလုံးလေးတွေ ဖြစ်ပါတယ်။ စာကြည့်တိုက်တို့ ၊ စာအုပ်စာပေတို့ ဆိုတာ အသိပညာအလိမ္မာ တရားတို့ရဲ့ စုဝေးရာဖြစ်ပါတယ်။ သက်ရှိသတ္တ၀ါတွေအတွင်း လူနဲ့ တိရစ္ဆာန်တို့ရဲ့ အဓိက ခြားနားချက်ဟာ “စာအုပ်စာပေ” ပဲ ဖြစ်တယ်လို့ စဉ်းစားမိဖူးပါတယ်။...

Read more »

လှကျော်ဇော – ကျွန်မ နောင်တ

October 12, 2016
လှကျော်ဇော – ကျွန်မ နောင်တ

လှကျော်ဇော – ကျွန်မ နောင်တ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၆ ၂၀ဝ၉ ခုနှစ်၊ ဖေဖေအသက် ၉၀ ပြည့်အပြီးမှာ ဆီးချုပ် ဝမ်းချုပ်ဖြစ်ပြီး ကယောင်ကတမ်းတေ ပြောလာလို့ ဆေးရုံတင်ရပါတယ်။ ဆေးရုံရာက်တော့ သွေးစစ်ကြည့်ပြီး Acidosis ဖြစ်တယ်ဆိုပြီး အသက်အရွယ်ကလည်း ကြီးရင့်မှုကြောင့် ဆရာဝန်တွေက ICU ထဲ သွင်းလိုက်ကြပါတယ်။ ဖေဖေ ပထမဆုံးအကြိမ် ICU ထဲဝင်ရတာပါ။ အဲဒီထဲ ဖေဖေ ၂ ရက်လောက် မျောနေပါတယ်။ သတိကောင်းကောင်း ရလာတဲ့အခါ အနားမှာ ကျမကမရှိ၊ လူစိမ်းတွေချည်းဖြစ်၊ စကားကလည်း မပေါက်ဆို တော့ ဖေဖေက သူ့တကိုယ်လုံး တပ်ဆင်ထားတဲ့ ပိုက်တွေ၊ အပ်တွေ ဆွဲဖြုတ်ပြီး သောင်းကျန်းပါတော့တယ်။ ဒီတင် ဆရာဝန်များ...

Read more »

စိတ်တိုင်းကျ ကိုအောင်ထိုက်နှင့် ဘကြီးမိုး

October 4, 2016
စိတ်တိုင်းကျ ကိုအောင်ထိုက်နှင့် ဘကြီးမိုး

စိတ်တိုင်းကျ ကိုအောင်ထိုက်နှင့် ဘကြီးမိုး  (ကုမုဒြာဂျာနယ်၊ စက်တင်ဘာ ၂၈၊ ၂၀၁၆) မိုးမခ၊ အောက်တိုဘာ ၄၊ ၂၀၁၆ မနက်အစောကြီး ဘကြီးမိုး တစ် ယောက် မောနင်းစတားကိုအသွား ကားပေါ်မှာရှိနေတုန်း တော်ဝင်နှင်းဆီ ကိုစိုးညွန့် ဆီက ဖုန်းလာတယ်။ စိတ်တိုင်းကျ ကိုအောင်ထိုက် ဆုံးရှာပြီတဲ့။ ဘကြီးမိုး ယုံဖို့ ခက်လိုက်တာ။ ၁၂ ရက်နေ့ ဦးဝင်းတင်ဖောင်ဒေးရှင်းက ထောက်ပံ့ကူညီမှုပွဲမှာ နာယကစားပွဲမှာ ထိုင်နေကြတဲ့ အန်ကယ်ဦးတင်ဦး၊ ဦးအုန်းထွန်းနဲ့ ဘကြီးမိုးတို့ကို ပြုံးပြုံးရွှင်ရွှင် လန်း လန်းဆန်းဆန်း မျက်နှာချိုချိုနဲ့ သူ နေ ကောင်း ပြီလို့ ကိုအောင်ထိုက်က ဘကြီးမိုး တို့ သုံး ယောက်စလုံးကို လက်ဆွဲ နှုတ် ဆက်ပြီး လာပြောတာ၊ ဘကြီးမိုးတို့...

Read more »

လှကျော်ဇော – ကျွန်မတို့ရဲ့ဆရာမကြီး ရဲဘော်ငွေ

October 1, 2016
လှကျော်ဇော – ကျွန်မတို့ရဲ့ဆရာမကြီး ရဲဘော်ငွေ

လှကျော်ဇော – ကျွန်မတို့ရဲ့ဆရာမကြီး ရဲဘော်ငွေ ကွယ်လွန်ခြင်းရက်လည်နေ့ – ၁၅-၃-၂၀၁၄ အမှတ်တရ (မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၆ ၁၉၇၈ ခုနှစ် သြဂုတ်လ မှ ၁၉၈၉ ခုနှစ်ဧပြီလအထိ ၁၀ နှစ်ကျော် အတူတကွ နေထိုင်ခဲ့ပြီး ကျွန်မရဲ့“လက်နက်ကိုင်တော်လှန်ရေးသမားဘဝဖြတ်သန်းမှုကိုအောင်မြင်စွာကျော်ဖြတ်နိုင်အောင် နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ပညာပေးပြုပြင်တည်ဆောက်ပေးခဲ့တဲ့ ကျွန်မရဲ့တော်လှန်ရေးဘဝ ‘လက်ဦးဆရာ၊ ဆရာမကြီး ရဲဘော်ငွေ ထာဝစဉ် ဥဒါန်းတွင်ပါစေ” ကျွန်မဆရာမကြီးကို ၁၉၇၈ ခုနှစ်၊ သြဂုတ်လ-၁၅ ရက် ပါတီနေ့အလွန် ရက်တရက်မှာ စတင်သိရှိခဲ့ရပါတယ်။ အဲဒီနေ့က ကျွန်မတို့ ပါတီဌာနချုပ် ဗဟိုရုံးချုပ်က လူအားလုံး အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ရုံးစိုက်ရာပန်ဆန်းကို ပြောင်းရွှေ့ ရောက်ရှိလာကြတာဖြစ်ပါတယ်။ အဲဒီတုန်းက ဆရာမကြီးဟာ စစ်ဒေသဆေးရုံရဲ့ဒုနိုင်ငံရေးမှူးပါ။ ခရိုင်အဆင့်ကေဒါပါ။ အမျိုးသမီးရဲဘော်တွေအကြားမှာ အတော်အဆင့်မြင့်ပါတယ်။ ဒါကြောင့် ပါတီထဲက...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်