လူများ၊ ရုပ်ပုံလွှာများ

သမိုင်းတကွေ့မှ နိုင်ငံခြားသားများ

January 18, 2013
သမိုင်းတကွေ့မှ နိုင်ငံခြားသားများ

အိမ်ရှေ့စံ ဝေလမင်းသား သန်းဝင်းလှိုင် ဇန်န၀ါရီ ၁၈၊ ၂၀၁၃ ၁၉၂၁ ခု အောက်တိုဘာလ ၂၁ မှ ၂၄ရက်ထိ မန္တလေးမြို့တွင် နဝမအကြိမ်မြောက် ဂျီစီဘီအေ ခေါ် မြန်မာအသင်းများ၏ အသင်းချုပ်ကြီး ညီလာခံကျင်းပနေစဉ်မှာပင် ဗြိတိသျှ ပဉ္စမမြောက် ဂျော့ဘုရင်၏သားတော်ကြီး အိမ်ရှေ့စံ ဝေလမင်းသား မြန်မာနိုင်ငံသို့ ၁၉၂၂ ခုနှစ် ဇန်နဝါရီလ ၂ရက်နေ့တွင် တိုင်းခန်းလှည့်လည်ရန် ရောက်ရှိလာ မည့်သတင်းရောက်ရှိလာရာ ညီလာခံ ဒုတိယနေ့ ညနေပိုင်းတွင် ပြည်သူလူထုတို့ လိုလားသော အုပ်ချုပ်ရေးကို စီမံ၍ မပေးသော ဗြိတိသျှဘုရင်၏ကိုယ်စားလှယ်တော် အိမ်ရှေ့စံဝေလမင်းသား မြန်မာနိုင်ငံကို တိုင်းခန်းလှည့်လည်ရန် ရောက်ရှိလာလျှင် ခရီးဦးကြိုမပြုဘဲ သပိတ်မှောက်ရန်နှင့် ကြိုဆိုဧည့်ခံသူများကိုလည်း သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ ကြလေသည်။ ဂျီစီဘီအေ ကွန်ဖရင့် ဆုံးဖြတ်ချက်အရ...

Read more »

တက္ကသိုလ်သူငယ်ချင်း ခင်ဝမ်း ၊ ရေးသူ – မောင်ညီညွတ်

January 17, 2013
တက္ကသိုလ်သူငယ်ချင်း ခင်ဝမ်း ၊ ရေးသူ – မောင်ညီညွတ်

တက္ကသိုလ်သူငယ်ချင်း ခင်ဝမ်း ၊ ရေးသူ – မောင်ညီညွတ် (ဤ ဆောင်းပါးကို Mandalay Icon မဂ္ဂဇင်း 2012 June တွင် မူရင်း ပုံနှိပ် ဖော်ပြခဲ့သည်။) (ပုံ ၁ – “မောင်ညီညွတ် ၊ ပြေငြိမ်း ၊ ခင်ဝမ်း” သူငယ်ချင်း သုံးယောက်။ ဓာတ်ပုံ မျှဝေသူ – Doney MP) လူ့ ဘဝမှာ လူငယ်ဘဝဟာ ပျော်စရာအကောင်းဆုံး၊ လူငယ် ဘဝမှာမှ ကျောင်းသားဘဝဟာ ပျော်စရာအကောင်းဆုံး၊ ကျောင်းသားဘဝမှာလည်း တက္ကသိုလ်ကျောင်းသားဘဝဟာ ပျော်စရာအကောင်းဆုံးလို့   တက္ကသိုလ်ဘုန်းနိုင်ကသူ့ ရဲ့ ဝတ္ထုတပုဒ်ထဲမှာရေးခဲ့ဖူးပါတယ်။ ဘဝမှာလူဖြစ်လာခဲ့ပြီး ကြည်နူးပျော်ပိုက်စရာ လူဖြစ်ကျိုးနပ်ရပုံကို သိသာအောင်ရေးပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီစာပိုဒ်ကိုမျဉ်းသားပြီး ကျွန်တော်မှတ်သားထားခဲ့လို...

Read more »

ဗိုလ်ချုပ်ဘဝကို ထင်ဟပ်နေသော တေးသီချင်းများ

January 11, 2013
ဗိုလ်ချုပ်ဘဝကို ထင်ဟပ်နေသော တေးသီချင်းများ

သန်းဝင်းလှိုင် ဇန်န၀ါရီ ၁၁၊ ၂၀၁၃ လူ့လောကတွင် လူသေသော်လည်း နာမည်မသေသော ပုဂ္ဂိုလ်တို့၏အရေအတွက်ကား လွန်စွာနည်းပါးလှပေသည်။ ထိုနည်းပါးသော ပုဂ္ဂိုလ်တို့တွင် ဗိုလ်ချုပ်အောင်ဆန်းကား ယနေ့တိုင် ပြည်သူတို့လေးစားကြည်ညိုခြင်းခံရသော ထင်ရှားသည့်အမျိုးသားခေါင်းဆောင်ကြီးဖြစ်သည်။ ဗိုလ်ချုပ်သည် မိမိ၏ကိုယ်ရေးကိုယ်တာအကျိုးစီးပွားကို လုံးဝ အရေးမထားရုံသာမက နိုင်ငံနှင့် လူမျိုးအကျိုးစီးပွားအတွက်ကာလ၊ ဒေသ၊ ပယောဂမရွေးပေးဆပ်စွန့်လှူခဲ့သော အာဇာနည်ပုဂ္ဂိုလ်ဖြစ်သည်။ ဗိုလ်ချုပ်သည် သူ၏ တိုတောင်းလှသော သူ့ဘဝကို လေ့လာကြည့်မည် ဆိုလျှင် ကျောင်းသားဘဝ ကတည်းကပင်လျှင် ကိုယ်ကျိုးစွန့်အနစ်နာခံကာ အများအရေး၊ နိုင်ငံ့အရေးကို ဦးစားပေးဆောင်ရွက်ခဲ့သည်ကို တွေ့နိုင်လေသည်။ ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားနေစဉ် တက္ကသိုလ်သမဂ္ဂထုတ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်ကျောင်း သားကိုယ်စားလှယ်၊ တက္ကသိုလ်ကောင်စီဝင်အဖြစ်လည်းကောင်းတာဝန်ယူ ဆောင်ရွက်ခဲ့လေသည်။ ဗိုလ်ချုပ်အောင်ဆန်၏နိုင်ငံရေးကြိုးပမ်းဆောင်ရွက်မှုကား တချိန်ထက်တချိန်၊ တဆင့်ထက်တဆင့်...

Read more »

ရွှေနန်းထက်မှ ဧကရီသုံးပါး (၃)

January 9, 2013
ရွှေနန်းထက်မှ ဧကရီသုံးပါး (၃)

နယ်သာလန်ဘုရင်မကြီး ဘီထရစ် သန်းဝင်းလှိုင် ဇန်န၀ါရီ ၉၊ ၂၀၁၃   ယနေ့နယ်သာလန်နိုင်ငံကို စိုးစံနေသော ဧကရီဘုရင်မကြီးမှာ ၁၉၈၀ ပြည့်နှစ် ဧပြီလ ၃၀ ရက် နေ့မှစ၍ နန်းစံခဲ့သည်။ ဘီထရစ် (Beatrix Wilhelmina Armgard) ဖြစ်သည်။ သူ၏ သက်တော် သည် ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ဆိုလျှင် ၇၅ နှစ်ပြည့်၍ နန်းသက်မှာ ၃၂ နှစ် ရှိပြီဖြစ်သည်။ အင်ဂလန်နိုင်ငံ၏ တရားဝင်အမည်မှာ ‘နယ်သာလန်ဘုရင့်နိုင်ငံတော်’ The Kingdom of the Netherlands ဟူ၍ ဖြစ်သည်။ သို့သော် တချိန်က နယ်သာလန်ကို ဟော်လန်နိုင်ငံဟူ၍ လည်းကောင်း၊ ဒတ်ခ်ျနိုင်ငံဟူ၍လည်းကောင်း အမည်ကွဲအမျိုးမျိုးဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။ နယ်သာလန်နိုင်ငံသည်...

Read more »

မြန်မာ့သမိုင်းတကွေ့မှ နိုင်ငံခြားသားများ

January 5, 2013
မြန်မာ့သမိုင်းတကွေ့မှ နိုင်ငံခြားသားများ

သန်းဝင်းလှိုင် ဇန်န၀ါရီ ၅၊ ၂၀၁၃ ● မြန်မာပြည်မှ ဟယ်လင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ တောင်ကြီးမြို့ ဆေးရုံတွင် သူနာပြု ဆရာမအုပ်အဖြစ် လုပ်ကိုင်ခဲ့သော သူနာပြုဆရာမ ဟယ်လင်ရော့ဒရစ် (Helen Rodriguez) ကို အရှေ့တောင်အာရှ မဟာမိတ်စစ်သေနာပတိ လော့ဒ်မောင့်ဘက်တန်၏ ဇနီးက ‘ဟယ်လင်အော့ဖ်ဘားမား’ (Helen of Burma) ဟု မှည့်ခေါ်ခဲ့သည်။ အခြားသူများကလည်း သူ့ကို ‘ဟယ်လင်ဘော့ဖ်ဘားမား’ ဟူ၍ပင် ခေါ်ကြသလို စာများလည်း ရေးကြသည်။ ဟယ်လင်ရော့ဒရစ်ကို ဖခင်ပေါ်တူဂီလူမျိုး ခွဲစိတ်ကုဆရာဝန်ကြီး လင်းဘတ်ကင်နယ်ရော့ဒရစ် နှင့် မိခင် စကော့လူမျိုး သူနာပြုဆရာမ တို့မှ ၁၉၁၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ ချင်းတောင်တန်း၌ ဖွားမြင်ခဲ့သည်။...

Read more »

ရောက်တတ်ရာရာအတိုအစများ

December 22, 2012
ရောက်တတ်ရာရာအတိုအစများ

မောင်ရင်ငတေ ဒီဇင်ဘာ ၂၂၊ ၂၀၁၂ ● ပါရီမြို့စားရန်ကုန်မင်းသားကြီးရဲ့ ဘဝအနုပညာ ရန်ကုန်မင်းသားကြီးပါရီမြို့စားဆိုလို့ ၁၈၇၂ ခုနှစ်က ကင်းဝန်မင်းကြီးသံအဖွဲ့နဲ့အတူ ပြင်သစ်ပြည် ကို ရောက်ရှိခဲ့ပြီး ကျန်နေရစ်ခဲ့တဲ့မင်းသားတပါးပါးရဲ့ အဆက်နွယ်ထဲကလို့တော့ မထင်လိုက်ကြ ပါနဲ့၊ သူဟာအသက် ၇၀ ကျော်အရွယ်ရှိပြီး ပါရီမှာရောက်ရှိနေထိုင်ခဲ့တာ နှစ်ပေါင်းလေးဆယ်ကျော် ကြာခဲ့ပါပြီ၊ ဥရောပရောက် မြန်မာလူမျိုးများကြားဝယ် ယခုထက်ထိတိုင်အောင် လူသိအများဆုံး၊ လူကြား သူကြားထဲအဝင်ဆုံး၊ မောင်ရင်ငတေတို့လို နောက်ပိုင်းရောက်လာသူများနဲ့ အဆက်စပ် အရှိဆုံးသူတဦးဖြစ်ပါတယ်၊ BEYOND RANGOON ဆိုတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး နောက်ခံ ရုပ်ရှင်ဇာတ်ကားနဲ့ ကျော်ကြားလူသိများခဲ့တဲ့သူတဦးဖြစ်ခဲ့လို့ ရန်ကုန်မင်းသားကြီးလို့ တင်စားပြီး ခေါ်လိုက်ရခြင်း ဖြစ်ပါတယ်၊ မောင်ရင်ငတေနဲ့ မင်းသားကြီးဦးအောင်ကိုတို့ဟာ ဘယ်ဘဝကရှေးရေစက်လည်းတော့ မသိပါဘူး၊ ပါရီရောက်ပြီး သိပ်မကြာခင်ကာလက စတင်ပြီးတွေ့ဆုံခဲ့ရတာ ဒီကနေ့အထိတိုင်အောင်ပါဘဲခင်ဗျ၊ ဆယ်နှစ်ကျော်သက်တမ်းကာလမှာ...

Read more »

သခင်ဘသောင်း (၁၉၀၁-၁၉၈၁) ၏ ခဲကြောင်းပုံကြမ်း

December 13, 2012
သခင်ဘသောင်း (၁၉၀၁-၁၉၈၁) ၏ ခဲကြောင်းပုံကြမ်း

မောင်သော်က ဒီဇင်ဘာ ၁၃၊ ၂၀၁၂  ကျွန်တော်သည် စာပေနယ်သို့သာ မရောက်ရှိခဲ့လျှင် စာရေးဆရာကြီး သခင်ဘသောင်းအကြောင်းကို ရေး သားရန် ထိုက်တန်သူတစ်ဦး မဟုတ်ပါ။ သခင်ဘသောင်းနှင့် ခေတ်ပြိုင်သခင် စာရေးဆရာကြီး များသာလျှင် ရေးသားရန်သင့်သည့် ဆောင်းပါးဖြစ်ပါသည်။ ကျွန်တော်နှင့် ဆရာကြီးတို့၏ တွေ့ဆုံရမှုသည် နာမည်ကျော် ကလောင်ကြီးတစ်ချောင်းနှင့် အတောင်အလက် နုနယ်သေးသော ကလောင်ပေါက်စ လေးတစ်ဦး၏ တွေ့ဆုံ သိကျွမ်းရမှုသာဖြစ်ပါသည်။ သို့သော် စာပေနယ်တွင် ကလောင်သမား အချင်းချင်း သည် ရင့်သည်၊ နုသည် မရွေး ဖော်ရွေစွာ ပေါင်းတတ်သော စာပေဥာဉ်ရှိသူမို့ ဆရာကြီးနှင့် ကျွန်တော် သည် အသက်အရွယ်အားဖြင့် သားအဖပမာ ကွာခြားသော်လည်း ရင်းနှီးခင်မင်စွာပင် ပေါင်းသင်း ဆက်ဆံ ခဲ့ကြပါသည်။ စာရေးဆရာ သခင်ဘသောင်းကို ကျွန်တော်...

Read more »

“ခေါင်းကောင်းရင် ကိုယ်မရွေ့” (Dhamma Beri Sayadaw)

December 8, 2012
“ခေါင်းကောင်းရင် ကိုယ်မရွေ့”  (Dhamma Beri Sayadaw)

 “ခေါင်းကောင်းရင် ကိုယ်မရွေ့” (ခေါင်းဆောင်ကောင်း ဂုဏ်ရည်) ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၊ ဒီဇင်ဘာ ၈၊ ၂၀၁၂ လောကထဲမှာတော့ “ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး”လို့ မှတ်ချက်ဆိုရိုးစကား ရှိတယ်။ သာသနာတော်မှာ တော့ အဲဒီ  ဆိုရိုးစကားကို ဆန့်ကျင်ပြောင်းပြန်ပြုရလိမ့်မယ်လို့ ထင်တယ်။             လောကနဲ့ သာသနာဆိုတာကလဲ အခြေခံတရားချင်းရော ဦးတည်ချက်ချင်းရော ဖြောင့်ဖြောင့်ဆန့်ကျင် ကြတာဆိုတော့ တချို့ဖြစ်ရပ်တွေကလည်း ဖြောင့်ဖြောင့် ဆန့်ကျင်ကြပါတယ်။ ဖြစ်ရပ်တွေ ဆန့်ကျင်တော့ ဒီဖြစ်ရပ်တွေ အပေါ်မှာ ကောက်ချက်ချတဲ့ ဆိုရိုးစကားတွေလည်း ပြောင်းပြန်ဆန့်ကျင်တာဟာ ဓမ္မတာပဲပေါ့။             ဟုတ်တယ်လေ။ လောကဆိုတာက လောဘကို အရင်းတည်ပြီး သံသရာကို ရေစုန်လိုက်နေကြတာ မဟုတ်လား။ သာသနာ ဆိုတာကတော့ “ပဋိသောတဂါမိံ = ရေဆန်ကို ဦးတည်တယ်”လို့ မြတ်ဗုဒ္ဓကိုယ်တိုင် မိန့်ကြားခဲ့သလိုပဲ၊...

Read more »

ရွှေဖနောင့်ပိုင်ရှင် (Ashin Nanika)

December 3, 2012
ရွှေဖနောင့်ပိုင်ရှင်  (Ashin Nanika)

ရွှေဖနောင့်ပိုင်ရှင် အရှင်ဥာဏိကာဘိဝံသ (ကာလီဖိုးနီးယားတက္ကသိုလ်) ဒီဇင်ဘာ ၃၊ ၂၀၁၂ အမေရိကမှာသီတင်းသုံးနေကြတဲ့ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးရဲ့ တပည့်တွေက  ဆရာတော် ဘုရားကြီးပူဇော်ပွဲအတွက် စာတွေအသီးသီး ရေးပြီးသွားကြပြီ။ သူတို့တွေက ကိုယ်နဲ့စာရင် စာရေးတဲ့ အကျင့် သိပ်မရှိကြသူတွေ။ ကိုယ်ကတော့ ဘာရယ်သာ မဟုတ်တယ်။ ပြည်တွင်းက မဂ္ဂဇင်းအချို့၊ ဂျာနယ်အချို့။ ပြည်ပက အင်တာ နက်အပါအဝင် ဟိုဟိုဒီဒီ မြန်မာမီဒီယာတော်တော်များများမှာ ဆောင်းပါးတွေ ကဗျာတွေ မပြတ်မပြတ် ရေးနေတဲ့သူ။ ရေးပြီးသားဆောင်းပါးတွေကို စုပေါင်းပြီး စာအုပ်ထုတ်ဝေခဲ့တာလည်း လေးငါးအုပ်ခန့် ရှိပြီ။ ရှင်လူအကြားမှာလည်း အတန်အသင့် အသိအမှတ် ပြုခံရတဲ့ ကလောင်ရှင်တစ်ဦးလို့ ပြောလို့ရနေပြီ။ ဒီတော့ ဒီလိုသူတစ်ဦးက ကြုံတောင့်ကြုံခဲ ကိုယ်အလွန်လေးစား ကြည်ညိုရတဲ့ဆရာရင်းတစ်ပါးရဲ့ သက် တော်ရှယ်ဆယ်ပြည့် အထိမ်းအမှတ်ပူဇော်ပွဲအဖြစ် တပည့်သစ်ဟောင်းတွေက...

Read more »

စိုင်းခမ်းလိတ် ရဲ့ သီချင်းစာသားများ နောက်ကွယ် (Nyein Chan Aye)

December 2, 2012
စိုင်းခမ်းလိတ် ရဲ့ သီချင်းစာသားများ နောက်ကွယ်  (Nyein Chan Aye)

 စိုင်းခမ်းလိတ် ရဲ့ သီချင်းစာသားများ နောက်ကွယ် ကောက်နှုတ်တင်ပြသူ – ငြိမ်းချမ်းအေး၊ ဒီဇင်ဘာ ၂၊ ၂၀၁၂ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၈ ရက်နေ့ ရန်ကုန်မြို့၊  ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း “တော်ဝင်နှင်းဆီ” ခန်းမ မှာ ကျင်းပ ပြုလုပ်တဲ့ “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းအခမ်းအနား” မှာ “ဒေါက်တာ စိုင်းခမ်းလိတ်(စတီရီယိုခေတ်ဦး ဗမာ့ကိုယ်ပိုင်သံစဉ် တေးပြု ရှမ်းစာဆို) ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက သီချင်းနောက်ကြောင်း ရာဇဝင်များကို ပြန်လည် ကောက်နှုတ်တင်ပြခြင်း ဖြစ်ပါတယ်။ မူရင်း မိန့်ခွန်းကို လူအများ ဖတ်ပြီးသား ဖြစ်မှာပါ။ သီချင်း သမိုင်းရာဇဝင် အကြောင်းအရာတူ စု၊ Layout ပြောင်းပြီး ကောက်နှုတ်တင်ပြသူ စာရေးသူ ရဲ့ ကိုယ်ပိုင်အာဘော်မှတ်ချက်တချို့ထည့်ကာ မဖတ်ရသေးသူများ ဖတ်ဖြစ်အောင် ပြန်လည်တင်ပြခြင်း ဖြစ်ပါတယ်။ ကောက်နှုတ်တင်ပြသူ ရဲ့ကိုယ်ပိုင်အာဘော်မှတ်ချက် ဟာ ဆရာစိုင်းခမ်းလိတ် ရဲ့ မူရင်း မိန့်ခွန်း အာဘော်နဲ့ လုံးဝမသက်ဆိုင်ဘဲ စာရေးသူ(ငြိမ်းချမ်းအေး) ရဲ့ ကိုယ်ပိုင် အမြင်သာ ဖြစ်ကြောင်းလည်း ဒီစာစု ဖတ်ဖြစ်သူ မိုးမခ စာဖတ်ပရိသတ်များ သတိပြုစေလိုပါတယ်။ ဆရာ ‘စိုင်းခမ်းလိတ်’ မိန့်ခွန်း ကို သူရဲ့ မိသားစု ဖွင့်ထားတဲ့ “Dr. Sai Kham Leik’s Facebook Page” မှ ကိုးကားရယူပါတယ်။ စိုင်းခမ်းလိတ် ကိုယ်ပိုင်သံစဉ်သီချင်းများ စတင်ရေးဖြစ်လာပုံ ရှမ်းထုံးစံအရ ၀ါတွင်းအဖိတ်နေ့မှာ ရှမ်းလူငယ်မောင်မယ်တွေ ဘုန်းကြီးကျောင်းကိုလာပြီး ဘုန်းကြီးတွေအတွက် ခဲဖွယ်၊ ရေနွေး၊ တရားနာမယ့် လူတွေအတွက် ရေနွးကြမ်း၊ အကြော်၊ဥပုသ်နေ့မှာဘုရားဆွမ်းတော်ကပ်ဖို့၊ ဘုန်းကြီးအာရုံဆွမ်း၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်