လူများ၊ ရုပ်ပုံလွှာများ

ရောက်တတ်ရာရာအတိုအစများ

December 22, 2012
ရောက်တတ်ရာရာအတိုအစများ

မောင်ရင်ငတေ ဒီဇင်ဘာ ၂၂၊ ၂၀၁၂ ● ပါရီမြို့စားရန်ကုန်မင်းသားကြီးရဲ့ ဘဝအနုပညာ ရန်ကုန်မင်းသားကြီးပါရီမြို့စားဆိုလို့ ၁၈၇၂ ခုနှစ်က ကင်းဝန်မင်းကြီးသံအဖွဲ့နဲ့အတူ ပြင်သစ်ပြည် ကို ရောက်ရှိခဲ့ပြီး ကျန်နေရစ်ခဲ့တဲ့မင်းသားတပါးပါးရဲ့ အဆက်နွယ်ထဲကလို့တော့ မထင်လိုက်ကြ ပါနဲ့၊ သူဟာအသက် ၇၀ ကျော်အရွယ်ရှိပြီး ပါရီမှာရောက်ရှိနေထိုင်ခဲ့တာ နှစ်ပေါင်းလေးဆယ်ကျော် ကြာခဲ့ပါပြီ၊ ဥရောပရောက် မြန်မာလူမျိုးများကြားဝယ် ယခုထက်ထိတိုင်အောင် လူသိအများဆုံး၊ လူကြား သူကြားထဲအဝင်ဆုံး၊ မောင်ရင်ငတေတို့လို နောက်ပိုင်းရောက်လာသူများနဲ့ အဆက်စပ် အရှိဆုံးသူတဦးဖြစ်ပါတယ်၊ BEYOND RANGOON ဆိုတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး နောက်ခံ ရုပ်ရှင်ဇာတ်ကားနဲ့ ကျော်ကြားလူသိများခဲ့တဲ့သူတဦးဖြစ်ခဲ့လို့ ရန်ကုန်မင်းသားကြီးလို့ တင်စားပြီး ခေါ်လိုက်ရခြင်း ဖြစ်ပါတယ်၊ မောင်ရင်ငတေနဲ့ မင်းသားကြီးဦးအောင်ကိုတို့ဟာ ဘယ်ဘဝကရှေးရေစက်လည်းတော့ မသိပါဘူး၊ ပါရီရောက်ပြီး သိပ်မကြာခင်ကာလက စတင်ပြီးတွေ့ဆုံခဲ့ရတာ ဒီကနေ့အထိတိုင်အောင်ပါဘဲခင်ဗျ၊ ဆယ်နှစ်ကျော်သက်တမ်းကာလမှာ...

Read more »

သခင်ဘသောင်း (၁၉၀၁-၁၉၈၁) ၏ ခဲကြောင်းပုံကြမ်း

December 13, 2012
သခင်ဘသောင်း (၁၉၀၁-၁၉၈၁) ၏ ခဲကြောင်းပုံကြမ်း

မောင်သော်က ဒီဇင်ဘာ ၁၃၊ ၂၀၁၂  ကျွန်တော်သည် စာပေနယ်သို့သာ မရောက်ရှိခဲ့လျှင် စာရေးဆရာကြီး သခင်ဘသောင်းအကြောင်းကို ရေး သားရန် ထိုက်တန်သူတစ်ဦး မဟုတ်ပါ။ သခင်ဘသောင်းနှင့် ခေတ်ပြိုင်သခင် စာရေးဆရာကြီး များသာလျှင် ရေးသားရန်သင့်သည့် ဆောင်းပါးဖြစ်ပါသည်။ ကျွန်တော်နှင့် ဆရာကြီးတို့၏ တွေ့ဆုံရမှုသည် နာမည်ကျော် ကလောင်ကြီးတစ်ချောင်းနှင့် အတောင်အလက် နုနယ်သေးသော ကလောင်ပေါက်စ လေးတစ်ဦး၏ တွေ့ဆုံ သိကျွမ်းရမှုသာဖြစ်ပါသည်။ သို့သော် စာပေနယ်တွင် ကလောင်သမား အချင်းချင်း သည် ရင့်သည်၊ နုသည် မရွေး ဖော်ရွေစွာ ပေါင်းတတ်သော စာပေဥာဉ်ရှိသူမို့ ဆရာကြီးနှင့် ကျွန်တော် သည် အသက်အရွယ်အားဖြင့် သားအဖပမာ ကွာခြားသော်လည်း ရင်းနှီးခင်မင်စွာပင် ပေါင်းသင်း ဆက်ဆံ ခဲ့ကြပါသည်။ စာရေးဆရာ သခင်ဘသောင်းကို ကျွန်တော်...

Read more »

“ခေါင်းကောင်းရင် ကိုယ်မရွေ့” (Dhamma Beri Sayadaw)

December 8, 2012
“ခေါင်းကောင်းရင် ကိုယ်မရွေ့”  (Dhamma Beri Sayadaw)

 “ခေါင်းကောင်းရင် ကိုယ်မရွေ့” (ခေါင်းဆောင်ကောင်း ဂုဏ်ရည်) ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၊ ဒီဇင်ဘာ ၈၊ ၂၀၁၂ လောကထဲမှာတော့ “ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး”လို့ မှတ်ချက်ဆိုရိုးစကား ရှိတယ်။ သာသနာတော်မှာ တော့ အဲဒီ  ဆိုရိုးစကားကို ဆန့်ကျင်ပြောင်းပြန်ပြုရလိမ့်မယ်လို့ ထင်တယ်။             လောကနဲ့ သာသနာဆိုတာကလဲ အခြေခံတရားချင်းရော ဦးတည်ချက်ချင်းရော ဖြောင့်ဖြောင့်ဆန့်ကျင် ကြတာဆိုတော့ တချို့ဖြစ်ရပ်တွေကလည်း ဖြောင့်ဖြောင့် ဆန့်ကျင်ကြပါတယ်။ ဖြစ်ရပ်တွေ ဆန့်ကျင်တော့ ဒီဖြစ်ရပ်တွေ အပေါ်မှာ ကောက်ချက်ချတဲ့ ဆိုရိုးစကားတွေလည်း ပြောင်းပြန်ဆန့်ကျင်တာဟာ ဓမ္မတာပဲပေါ့။             ဟုတ်တယ်လေ။ လောကဆိုတာက လောဘကို အရင်းတည်ပြီး သံသရာကို ရေစုန်လိုက်နေကြတာ မဟုတ်လား။ သာသနာ ဆိုတာကတော့ “ပဋိသောတဂါမိံ = ရေဆန်ကို ဦးတည်တယ်”လို့ မြတ်ဗုဒ္ဓကိုယ်တိုင် မိန့်ကြားခဲ့သလိုပဲ၊...

Read more »

ရွှေဖနောင့်ပိုင်ရှင် (Ashin Nanika)

December 3, 2012
ရွှေဖနောင့်ပိုင်ရှင်  (Ashin Nanika)

ရွှေဖနောင့်ပိုင်ရှင် အရှင်ဥာဏိကာဘိဝံသ (ကာလီဖိုးနီးယားတက္ကသိုလ်) ဒီဇင်ဘာ ၃၊ ၂၀၁၂ အမေရိကမှာသီတင်းသုံးနေကြတဲ့ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးရဲ့ တပည့်တွေက  ဆရာတော် ဘုရားကြီးပူဇော်ပွဲအတွက် စာတွေအသီးသီး ရေးပြီးသွားကြပြီ။ သူတို့တွေက ကိုယ်နဲ့စာရင် စာရေးတဲ့ အကျင့် သိပ်မရှိကြသူတွေ။ ကိုယ်ကတော့ ဘာရယ်သာ မဟုတ်တယ်။ ပြည်တွင်းက မဂ္ဂဇင်းအချို့၊ ဂျာနယ်အချို့။ ပြည်ပက အင်တာ နက်အပါအဝင် ဟိုဟိုဒီဒီ မြန်မာမီဒီယာတော်တော်များများမှာ ဆောင်းပါးတွေ ကဗျာတွေ မပြတ်မပြတ် ရေးနေတဲ့သူ။ ရေးပြီးသားဆောင်းပါးတွေကို စုပေါင်းပြီး စာအုပ်ထုတ်ဝေခဲ့တာလည်း လေးငါးအုပ်ခန့် ရှိပြီ။ ရှင်လူအကြားမှာလည်း အတန်အသင့် အသိအမှတ် ပြုခံရတဲ့ ကလောင်ရှင်တစ်ဦးလို့ ပြောလို့ရနေပြီ။ ဒီတော့ ဒီလိုသူတစ်ဦးက ကြုံတောင့်ကြုံခဲ ကိုယ်အလွန်လေးစား ကြည်ညိုရတဲ့ဆရာရင်းတစ်ပါးရဲ့ သက် တော်ရှယ်ဆယ်ပြည့် အထိမ်းအမှတ်ပူဇော်ပွဲအဖြစ် တပည့်သစ်ဟောင်းတွေက...

Read more »

စိုင်းခမ်းလိတ် ရဲ့ သီချင်းစာသားများ နောက်ကွယ် (Nyein Chan Aye)

December 2, 2012
စိုင်းခမ်းလိတ် ရဲ့ သီချင်းစာသားများ နောက်ကွယ်  (Nyein Chan Aye)

 စိုင်းခမ်းလိတ် ရဲ့ သီချင်းစာသားများ နောက်ကွယ် ကောက်နှုတ်တင်ပြသူ – ငြိမ်းချမ်းအေး၊ ဒီဇင်ဘာ ၂၊ ၂၀၁၂ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၈ ရက်နေ့ ရန်ကုန်မြို့၊  ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း “တော်ဝင်နှင်းဆီ” ခန်းမ မှာ ကျင်းပ ပြုလုပ်တဲ့ “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းအခမ်းအနား” မှာ “ဒေါက်တာ စိုင်းခမ်းလိတ်(စတီရီယိုခေတ်ဦး ဗမာ့ကိုယ်ပိုင်သံစဉ် တေးပြု ရှမ်းစာဆို) ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက သီချင်းနောက်ကြောင်း ရာဇဝင်များကို ပြန်လည် ကောက်နှုတ်တင်ပြခြင်း ဖြစ်ပါတယ်။ မူရင်း မိန့်ခွန်းကို လူအများ ဖတ်ပြီးသား ဖြစ်မှာပါ။ သီချင်း သမိုင်းရာဇဝင် အကြောင်းအရာတူ စု၊ Layout ပြောင်းပြီး ကောက်နှုတ်တင်ပြသူ စာရေးသူ ရဲ့ ကိုယ်ပိုင်အာဘော်မှတ်ချက်တချို့ထည့်ကာ မဖတ်ရသေးသူများ ဖတ်ဖြစ်အောင် ပြန်လည်တင်ပြခြင်း ဖြစ်ပါတယ်။ ကောက်နှုတ်တင်ပြသူ ရဲ့ကိုယ်ပိုင်အာဘော်မှတ်ချက် ဟာ ဆရာစိုင်းခမ်းလိတ် ရဲ့ မူရင်း မိန့်ခွန်း အာဘော်နဲ့ လုံးဝမသက်ဆိုင်ဘဲ စာရေးသူ(ငြိမ်းချမ်းအေး) ရဲ့ ကိုယ်ပိုင် အမြင်သာ ဖြစ်ကြောင်းလည်း ဒီစာစု ဖတ်ဖြစ်သူ မိုးမခ စာဖတ်ပရိသတ်များ သတိပြုစေလိုပါတယ်။ ဆရာ ‘စိုင်းခမ်းလိတ်’ မိန့်ခွန်း ကို သူရဲ့ မိသားစု ဖွင့်ထားတဲ့ “Dr. Sai Kham Leik’s Facebook Page” မှ ကိုးကားရယူပါတယ်။ စိုင်းခမ်းလိတ် ကိုယ်ပိုင်သံစဉ်သီချင်းများ စတင်ရေးဖြစ်လာပုံ ရှမ်းထုံးစံအရ ၀ါတွင်းအဖိတ်နေ့မှာ ရှမ်းလူငယ်မောင်မယ်တွေ ဘုန်းကြီးကျောင်းကိုလာပြီး ဘုန်းကြီးတွေအတွက် ခဲဖွယ်၊ ရေနွေး၊ တရားနာမယ့် လူတွေအတွက် ရေနွးကြမ်း၊ အကြော်၊ဥပုသ်နေ့မှာဘုရားဆွမ်းတော်ကပ်ဖို့၊ ဘုန်းကြီးအာရုံဆွမ်း၊...

Read more »

စိတ်ဝင်စားဖွယ် လူမှုဖွံ့ဖြိုးရေးကွန်ယက် နဲ့ ကိုနေမျိုးဇင်တို့၏ လှုပ်ရှားမှုများ

November 27, 2012
စိတ်ဝင်စားဖွယ် လူမှုဖွံ့ဖြိုးရေးကွန်ယက် နဲ့ ကိုနေမျိုးဇင်တို့၏ လှုပ်ရှားမှုများ

စိတ်ဝင်စားဖွယ် လူမှုဖွံ့ဖြိုးရေးကွန်ယက် နဲ့ ကိုနေမျိုးဇင်တို့၏ လှုပ်ရှားမှုများ မိုးမခကောက်နုတ်ချက်၊ နိုဝင်ဘာ ၂၇၊ ၂၀၁၂   စစ်မှုထမ်းဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ နိုင်ငံရေးနဲ့ လူမှုရေး နိုးကြားတက်ကြွ လှုပ်ရှားသူ ကိုနေမျိုးဇင်နဲ့ မိတ်ဆွေစေတနာရှင်များ စုပေါင်းဆောင်ရွက်နေတဲ့ လူမှုဖွံဖြိုးရေးကွန်ယက်ဖွဲ့စည်းပုံကို သူတို့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ဆက်ထားတာကို ကူးယူဖော်ပြလိုက်ပါတယ်။ သူတို့ကွ            န်ယက်လှုပ်ရှားမှုက ဗီဒီယိုမှတ်တမ်းများကိုလည်း ယူကျု ချန်နယ်မှာ တင်ဆက်နိုင်သလောက် စုစည်းတင်ဆက်ထားတာကို တွေ့ရပါတယ်။ ယခုအချိန်မှာတော့ အလုပ်သမားများ၊ တောင်သူလယ်သမားများနဲ့ အာဏာရှင်များ၊ လုပ်ငန်းရှင်များရဲ့ အငြင်းပွားမှုများ၊ အရေးအခင်းများဆီကို ကိုယ်တိုင်သွားရောက် လေ့လာမှုများ၊ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါတယ်။ ကျေးလက်တောရွာများကို သွားရောက်ပြီး ကွန်ပျူတာနဲ့ နည်းပညာအသုံးချ အခြေခံသင်တန်းများ ပို့ချ မျှဝေပေးနေတာကိုလည်း တွေ့ရပါတယ်။ သူတို့စတင်ခဲ့တဲ့ အခြေခံကို အောက်ပါအတိုင်း...

Read more »

မင်းကိုနိုင် အတက် ခွေးဘီလူး က အကြွေ

November 24, 2012
မင်းကိုနိုင် အတက် ခွေးဘီလူး က အကြွေ

မင်းကိုနိုင် အတက် ခွေးဘီလူး က အကြွေ (သောင်းကြွယ် ရေးသားသည်။) စစ်တွေ ၊ ၂၄ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ မင်းကိုနိုင် နဲ့ စစ်တွေထောင်ထဲမှာ အတူဖြတ်သန်းခဲ့ဖူးသူ၊ မင်းကိုနိုင်ရဲ့ ရခိုင်စကား လေ့ကျင့်ဖက် ရခိုင်ကျူတာ လို့ ပြောကြသူ၊ စစ်တွေမှာ ထစ်ခနဲ ဆိုရင် အာဏာပိုင် တွေက အနည်းဆုံး အဆင့် ခေါ်ယူစစ်ဆေးမေးမြန်းတာကို ခံရသူ၊ ၁၉၈၈ စစ်တွေမြို့ သပိတ် ကော်မတီ ၀င်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစံရွှေဦး (ခေါ်) ခွီးဘလူးဟာ တစ်နှစ်ကျော်မျှ လည်ချောင်းကင်ဆာ ဒဏ်ကို ခံစားပြီးနောက် ပြီးခဲ့တဲ့ နိုဝင်ဘာလ...

Read more »

သာသနာပြု မူကြိုဆရာကြီး ဦးအောင်သင်း

November 19, 2012
သာသနာပြု မူကြိုဆရာကြီး ဦးအောင်သင်း

ဝီရသူ (မစိုးရိမ်) နိုဝင်ဘာ ၁၉၊ ၂၀၁၂ 10.11.2012- ရက်နေ့က ဖြစ်သည်။ စာရေးသူသည် စာရေးဆရာကြီး ဦးအောင်သင်းအိမ်သို့ သွားရောက်ဖြစ်ခဲ့၏။ ဆရာကြီးမှာ အသက်(၈၄)နှစ်ကျော် အရွယ်ဖြစ်သည့်အပြင် ခြေဖမိုးများရောင်သည့် ရောဂါကြောင့် အိုမင်းရင့်ရော်လျက်ရှိ၏။ ယခင်ကလို စကားပြောဟန်ပန်ပင် အားမပါတော့ပေ။ ခပ်တိုးတိုး ခပ်ယဲ့ယဲ့သာ ပြောဆိုနိုင်ပေသည်။ စာရေးသူက အသင့်ပါလာသော ကိုယ်တိုင်ရေး စာအုပ်နှင့် အားဆေးတစ်ဗူး လက်ဆောင်ပေးလိုက်၏။ ဆေးကုသ စရိတ်အဖြစ် ငွေကျပ်သုံးသောင်းလည်း ပေးလှူလိုက်၏။ ဆရာကြီးက- “တပည့်တော်က လှူရမှာပါ ကိုယ်တော်”ဟု အားတုံ့အားနာ ပြောရှာလေသည်။ သူရေးသော စာအုပ်တစ်ထပ်ကြီးကိုလည်း တစ်အုပ်ချင်းလက်မှတ်ထိုး၍ ပြန်လှူရှာ၏။ ဆရာကြီးကို ကြည့်ရသည်မှာ စိတ်မချမ်းသာ။ သူကတော့ ဇရာကိုလည်း မှုပုံမရ။ ဗျာဓိကိုလည်း မှုပုံမပေါ်။ စကားတွေ တသီကြီးသာ...

Read more »

ထူးဆန်းထွေလာ ဆိုနီယာ

November 19, 2012
ထူးဆန်းထွေလာ ဆိုနီယာ

Spring Flowers နိုဝင်ဘာ ၁၉၊ ၂၀၁၂  ၁၉၄၆….အီတလီမြောက်ပိုင်းက လူစီယာနာ ဆိုတဲ့မြို့ငယ်လေးတစ်ခုမှာ အန်တိုနီယာ ဆိုတဲ့မိန်းကလေးတစ်ယောက်ကို မွေးခဲ့တယ်။ အဖေလက်သမား ၊ အမေက ကလေးသုံးယောက်ကိုထိန်းကျောင်းတဲ့သာမန်အိမ်ရှင်မပါ ။  အန်တိုနီယာဟာ အနီးအနားက ဘုရားကျောင်းတစ်ခုမှာ ပညာသင်ပြီး ကလေးဘ၀ကို သူလိုငါလိုဘဲ ဖြတ်သန်းခဲ့တယ် ။ အီတလီစစ်စစ်တွေက မွေးပြီး ကက်သလစ်ဘာသာဝင်မိသားစုထဲမှာ ကြီးပြင်းခဲ့တဲ့အဲဒီသေးသေးကွေးကွေး ကလေးမလေးဟာ သူ့ရဲ့အသက် ၂၀ ကျော်နောက်ပိုင်း ဘ၀တစ်ခုလုံးကို ဘာသာမတူ၊ လူမျိုးမတူ၊ ယဉ်ကျေးမှုမတူတဲ့နေရာတစ်ခုက ထိတ်ထိတ်ကြဲ နိုင်ငံရေးမိသားစုတစ်စုထဲမှာ ဖြတ်သန်းသွားရလိမ့်မယ်လို့ဘယ်သူက ထင်ခဲ့မှာတဲ့လဲ ။ သူ့ကို မွေးခဲ့တဲ့အီတလီနဲ့သူအခုနေနေတဲ့အိန္ဒိယဟာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ဘာသာတရား ဘာများဆိုင်ပါသလဲ ။ အဲလို ဘာမှမဆိုင်သော်လည်း အီတလီ သူကလေး  အန်တိုနီယာဟာ  လက်ရှိမှာ...

Read more »

ဝိုင်းရဲ့ဆည်းဆာ၏ နိဂုံး

November 16, 2012
ဝိုင်းရဲ့ဆည်းဆာ၏ နိဂုံး

ငြိမ်းချမ်းအေး နိုဝင်ဘာ ၁၆၊ ၂၀၁၂ “ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် (၁၉၇၁)” တေးစု က စပြီး သူနေထိုင်အသက်ရှင်ခဲ့တဲ့ ကမ္ဘာမြေကြီးအတွက် ငြိမ်းချမ်းတဲ့ သီချင်းသံစဉ်တွေနဲ့ ဆယ်စုနှစ် လေးစု တိုင် သီချင်းတေးစုပေါင်းများစွာဖြင့် ပြန်လည်ကျေးဇူးဆပ်ခဲ့တဲ့ ဂီတပညာရှင် ခင်မောင်တိုး တယောက် ခု သူချစ်တဲ့ ကမ္ဘာမြေကြီး၊ မိသားစု၊ လူသားတွေနဲ့ ဂီတသံစဉ်သီချင်းတွေ ကို ကျောခိုင်းနှုတ်ဆက် ထွက်သွားခဲ့ပါပြီ…။  ကျနော်တို့ နေထိုင်ကြီးပြင်းခဲ့ရတဲ့ ကမ္ဘာဟာ မပြည့်စုံမှုတွေ၊ အလိုမကျမှုတွေ၊ တုန့်နှောင်မှုတွေ၊ လွတ်လပ်မှု ကို ချင်ခြင်းတပ်မက်မှုတွေနဲ့ ပြည့်နေပေမယ့် ခင်မောင်တိုး နဲ့ မဇ္စျိမလှိုင်းအုပ်စု ရဲ့ လေးနက်တဲ့ ဒဿနအတွေးအခေါ်တွေပါတဲ့ သီချင်းစာသားတွေ နဲ့ တည်ငြိမ်အေးဆေးတဲ့ သံစဉ်တွေက ကျနော်တို့ရဲ့ ဒီ အကျည်းတန်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်