လူများ၊ ရုပ်ပုံလွှာများ

လှကျော်ဇော – ကျွန်မ နောင်တ

October 12, 2016
လှကျော်ဇော – ကျွန်မ နောင်တ

လှကျော်ဇော – ကျွန်မ နောင်တ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၆ ၂၀ဝ၉ ခုနှစ်၊ ဖေဖေအသက် ၉၀ ပြည့်အပြီးမှာ ဆီးချုပ် ဝမ်းချုပ်ဖြစ်ပြီး ကယောင်ကတမ်းတေ ပြောလာလို့ ဆေးရုံတင်ရပါတယ်။ ဆေးရုံရာက်တော့ သွေးစစ်ကြည့်ပြီး Acidosis ဖြစ်တယ်ဆိုပြီး အသက်အရွယ်ကလည်း ကြီးရင့်မှုကြောင့် ဆရာဝန်တွေက ICU ထဲ သွင်းလိုက်ကြပါတယ်။ ဖေဖေ ပထမဆုံးအကြိမ် ICU ထဲဝင်ရတာပါ။ အဲဒီထဲ ဖေဖေ ၂ ရက်လောက် မျောနေပါတယ်။ သတိကောင်းကောင်း ရလာတဲ့အခါ အနားမှာ ကျမကမရှိ၊ လူစိမ်းတွေချည်းဖြစ်၊ စကားကလည်း မပေါက်ဆို တော့ ဖေဖေက သူ့တကိုယ်လုံး တပ်ဆင်ထားတဲ့ ပိုက်တွေ၊ အပ်တွေ ဆွဲဖြုတ်ပြီး သောင်းကျန်းပါတော့တယ်။ ဒီတင် ဆရာဝန်များ...

Read more »

စိတ်တိုင်းကျ ကိုအောင်ထိုက်နှင့် ဘကြီးမိုး

October 4, 2016
စိတ်တိုင်းကျ ကိုအောင်ထိုက်နှင့် ဘကြီးမိုး

စိတ်တိုင်းကျ ကိုအောင်ထိုက်နှင့် ဘကြီးမိုး  (ကုမုဒြာဂျာနယ်၊ စက်တင်ဘာ ၂၈၊ ၂၀၁၆) မိုးမခ၊ အောက်တိုဘာ ၄၊ ၂၀၁၆ မနက်အစောကြီး ဘကြီးမိုး တစ် ယောက် မောနင်းစတားကိုအသွား ကားပေါ်မှာရှိနေတုန်း တော်ဝင်နှင်းဆီ ကိုစိုးညွန့် ဆီက ဖုန်းလာတယ်။ စိတ်တိုင်းကျ ကိုအောင်ထိုက် ဆုံးရှာပြီတဲ့။ ဘကြီးမိုး ယုံဖို့ ခက်လိုက်တာ။ ၁၂ ရက်နေ့ ဦးဝင်းတင်ဖောင်ဒေးရှင်းက ထောက်ပံ့ကူညီမှုပွဲမှာ နာယကစားပွဲမှာ ထိုင်နေကြတဲ့ အန်ကယ်ဦးတင်ဦး၊ ဦးအုန်းထွန်းနဲ့ ဘကြီးမိုးတို့ကို ပြုံးပြုံးရွှင်ရွှင် လန်း လန်းဆန်းဆန်း မျက်နှာချိုချိုနဲ့ သူ နေ ကောင်း ပြီလို့ ကိုအောင်ထိုက်က ဘကြီးမိုး တို့ သုံး ယောက်စလုံးကို လက်ဆွဲ နှုတ် ဆက်ပြီး လာပြောတာ၊ ဘကြီးမိုးတို့...

Read more »

လှကျော်ဇော – ကျွန်မတို့ရဲ့ဆရာမကြီး ရဲဘော်ငွေ

October 1, 2016
လှကျော်ဇော – ကျွန်မတို့ရဲ့ဆရာမကြီး ရဲဘော်ငွေ

လှကျော်ဇော – ကျွန်မတို့ရဲ့ဆရာမကြီး ရဲဘော်ငွေ ကွယ်လွန်ခြင်းရက်လည်နေ့ – ၁၅-၃-၂၀၁၄ အမှတ်တရ (မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၆ ၁၉၇၈ ခုနှစ် သြဂုတ်လ မှ ၁၉၈၉ ခုနှစ်ဧပြီလအထိ ၁၀ နှစ်ကျော် အတူတကွ နေထိုင်ခဲ့ပြီး ကျွန်မရဲ့“လက်နက်ကိုင်တော်လှန်ရေးသမားဘဝဖြတ်သန်းမှုကိုအောင်မြင်စွာကျော်ဖြတ်နိုင်အောင် နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ပညာပေးပြုပြင်တည်ဆောက်ပေးခဲ့တဲ့ ကျွန်မရဲ့တော်လှန်ရေးဘဝ ‘လက်ဦးဆရာ၊ ဆရာမကြီး ရဲဘော်ငွေ ထာဝစဉ် ဥဒါန်းတွင်ပါစေ” ကျွန်မဆရာမကြီးကို ၁၉၇၈ ခုနှစ်၊ သြဂုတ်လ-၁၅ ရက် ပါတီနေ့အလွန် ရက်တရက်မှာ စတင်သိရှိခဲ့ရပါတယ်။ အဲဒီနေ့က ကျွန်မတို့ ပါတီဌာနချုပ် ဗဟိုရုံးချုပ်က လူအားလုံး အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ရုံးစိုက်ရာပန်ဆန်းကို ပြောင်းရွှေ့ ရောက်ရှိလာကြတာဖြစ်ပါတယ်။ အဲဒီတုန်းက ဆရာမကြီးဟာ စစ်ဒေသဆေးရုံရဲ့ဒုနိုင်ငံရေးမှူးပါ။ ခရိုင်အဆင့်ကေဒါပါ။ အမျိုးသမီးရဲဘော်တွေအကြားမှာ အတော်အဆင့်မြင့်ပါတယ်။ ဒါကြောင့် ပါတီထဲက...

Read more »

မိုးမြင့် – စိတ်တိုင်းကျ တဲ့ ဈာပန

October 1, 2016
မိုးမြင့် – စိတ်တိုင်းကျ တဲ့ ဈာပန

    မိုးမြင့် – စိတ်တိုင်းကျ တဲ့ ဈာပန  (သူ့ဖေ့စ်ဘွတ်) မိုးမခ၊ အောက်တိုဘာ ၁၊ ၂၀၁၆ ရေဝေးသုသာန်ကိုရောက်တော့ အချိန်နည်းနည်း စောပါသေးတယ်။ ကားရပ်လိုက်တော့ အစောင့်သူငယ်လေးက ဒီနေရာကားအကြီးကြီးတွေရပ်တဲ့နေရာခင်ဗျလို့ဆိုပါတယ်။ ပြီးတော့နေရာတနေရာကို ညွှန်ပြပါတယ်။ ရုံးခန်းလိုနေရာတခုရဲ့ရှေ့မှာပါ။ တာဝန်ရှိသူများကလည်း ပြာပြာသလဲ ရှေ့က ကာထားတာတွေ ဖယ်ပေးပါတယ်။ ကားထဲကကိုယ့်ကို သေသေချာချာ အနားကပ်အကဲခပ်ပြီးတော့မှ ကိုယ်ဟာ ဗီအိုင်ပီမဟုတ်။ ဘီပီအိုင်လောက်သာ ဖြစ်တယ်ဆိုတာ သိသွားကြပြီး နောက်ထဲမှာကားသွားရပ်ဖို့ ပြောပြန်ပါတယ်။ သူတို့ခေါ်သွားတဲ့နေရာက အဆောက် အဦနောက်ထဲက သီးခြားကားရပ်နေရာလေးဖြစ်ပါတယ်။ ကောင်းပါပြီဆိုပြီး ခန်းမဘက် လျှောက်ခဲ့ပါတယ်။ ခန်းမရှေ့မှာတော့ ကိုအောင်ထိုက်အတွက် ပန်းခြင်းပန်းခွေတွေ အစုလိုက် အပြုံလိုက်ကြီး တွေ့ပါတယ်။ အဝင်ဝမှာတွေ့တဲ့ မိတ်ဆွေသူငယ်ချင်းဟောင်းတွေနဲ့နှုတ်ဆက်ပြီး ခန်းမထဲငဲ့ကြည့်လိုက်တော့ တရုတ်ရိုးရာအဝတ်အဆင်တွေနဲ့ ကန်တော့နေတာ မြင်ရပါတယ်။...

Read more »

မောင်စွမ်းရည် ● မန်းတက္ကသိုလ်ကျောင်းသား မောင်ဘဂျမ်း (၁)

September 23, 2016
မောင်စွမ်းရည် ● မန်းတက္ကသိုလ်ကျောင်းသား မောင်ဘဂျမ်း (၁)

Tin Moe and Maung Swan Yi (2006) – MoeMaKa   မောင်စွမ်းရည် ● မန်းတက္ကသိုလ်ကျောင်းသား မောင်ဘဂျမ်း (၁) (မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၆ အညာကျေးလက်လူငယ်တွေဟာ စတုတ္ထတန်းအောင်ရင်၊ သတ္တမတန်းအောင်ရင်၊ ဒသမတန်း အောင်–၊ အဆင့် တဆင့်ဆင့်မှာ ကျောင်းထွက်ပြီး မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ၊ စာရေး၊ စာချီ စသဖြင့် လုပ်ဖို့လောက်ပဲ ရည်မှန်းချက်ထားတဲ့ ခေတ်မျိုးမှာ တင်မိုး (ကိုဘဂျမ်း) လူလားမြောက် လာခဲ့တာပါ။ စာတွေဖတ်လို့မျက်စိပွင့်ပြီး ကျောင်းနေလိုစိတ်ပြင်းပြပေမဲ့ တက္ကသိုလ်ထိ မရည်မှန်းခဲ့ပါဘူး၊ မရည်မှန်းဝံ့ရှာပါ။ ကိုဘဂျမ်းဟာ ကန်မြဲဇဂျမ်းက ထွက်ပြေးပြီး ရေစကြိုမှာ ကျောင်းတက်ခဲ့ပါတယ်။ ဆွေမျိုးတွေဆီမှာ ချို့ချို့ငဲ့ငဲ့ ကျောင်းနေတယ်။ သူစာတော်တာကို...

Read more »

ထွန်းဝင်းငြိမ်း – သူ့စာများကပြောတဲ့ သခင်အုန်းမြင့်

August 27, 2016
ထွန်းဝင်းငြိမ်း – သူ့စာများကပြောတဲ့ သခင်အုန်းမြင့်

  ထွန်းဝင်းငြိမ်း – သူ့စာများကပြောတဲ့ သခင်အုန်းမြင့် (သူ့ဖေ့စ်ဘွတ်) မိုးမခ၊ သြဂုတ် ၂၇၊ ၂၀၁၆ လေး ရှည်မှ နိုင်ငံရေးအကျဉ်းသား စာရေးလျှင် တိုးတက်ရေးအုန်းမြင့်ဟု ကလောင်အမည် ရေးထိုးတတ်သည့် သခင်အုန်းမြင့်ကို ၁၉၉၁ ခုနှစ်လောက်က အင်းစိန် အကျဉ်း ထောင်ထဲတွင် စတင်တွေ့ဖူးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သခင်အုန်းမြင့်အား န၀တစစ်အစိုးရက နိုင်ငံရေးပုဒ်မဖြင့် ထောင် ၅ နှစ်ချကာ အင်းစိန်အကျဉ်းထောင်၏ လေးရှည်ဟုခေါ်သော တိုက်တွင်ထားသည်။ ကျွန်တော်က လေးတိုဟုခေါ်သည့် တိုက်တွင် နေခဲ့ရသည်။ ထိုစဉ်က အင်းစိန်ထောင်၏ တိုက်ဝင်းတွင် တိုက်အမှတ် ၁ မှ ၆ အထိရှိသည်။ ကြိုးတိုက်က သပ်သပ်ရှိသည်။ ၄ တိုက်ကို အခန်း ၁ မှ ၂၀...

Read more »

မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း

August 26, 2016
မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း

Saya Swan & Tin Moe with Pwintphyu Nandar (@ 2006) မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း (မိုးမခ) သြဂုတ် ၂၆၊ ၂၀၁၆ ဂျပန်ခေတ်မှာ ကိုဘဂျမ်းက အသက်၁၃-၄နှစ်အရွယ်ရှိပါပြီ။ “ဂျပန်ခေတ်အကြောင်း အမှတ်တရပြောစမ်း” လို့ အပြန်အလှန် မေးကြ ဖြေကြဖူးပါတယ်။ သူပြောတာက ဂျပန်ခေတ်မှာ ကျနော်မှတ်မိတာကတော့ဗျာ၊ မြင်းခြံကနေ စစ်ဘေးရှောင်လာတဲ့ မိသားစုဝင်ထဲက ကောင်မလေးတယောက်နဲ့ ရင်းနှီးခင်မင်ဖူးတယ်ဗျ၊ အသားညိုညို၊ နာမည်တောင် ကျနော် မှတ်မိသေးတယ်၊ —– တဲ့၊ နာမည်ပြောတော့ ကျွန်တော်တို့ မြင်းခြံက ဂါးဗားမင်းကျောင်းမှာ ကျွန်တော်တို့ထက် တတန်းကြီးတဲ့ ကျောင်းသူတဦး ဖြစ်နေပါတယ်။ “ခင်ဗျားက အဲဒီကျောင်းသူ၊ မြို့ကြီးသူလိုဟာမျိုးကို စာပေးရဲလို့လား၊...

Read more »

ကာတွန်းဆရာကြီး (ဦး) ဖေသိန်း ကွယ်လွန်ခြင်း (၇) နှစ်ပြည့် အမှတ်တရ

June 20, 2016
ကာတွန်းဆရာကြီး (ဦး) ဖေသိန်း ကွယ်လွန်ခြင်း (၇) နှစ်ပြည့် အမှတ်တရ

ကာတွန်းဆရာကြီး (ဦး) ဖေသိန်း ကွယ်လွန်ခြင်း (၇) နှစ်ပြည့် အမှတ်တရ မိုးမခ ( ဇွန် ၂၀၊  ၂၀၁၆) ၁၉ ဇွန် ၂၀၁၆ ခုနှစ်ဟာ ကာတွန်းဆရာကြီး (ဦး) ဖေသိန်း ကွယ်လွန်ခြင်း (၇) နှစ်ပြည့် နှစ်လည် ဖြစ်ပါတယ်။ ၁၉၂၄ ခုနှစ် ဖွား ပန်းတနော်ဇာတိ ဆရာကြီးဟာ ၁၉၄၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝ အသက် ၂၀ ကျော် အရွယ် မှာကတည်းက စတင်ပြီး သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှာ သရုပ်ဖော်ပုံများ၊ ကာတွန်များ ရေးဆွဲခဲ့သူ တဦးပါ။ ဆရာကြီးရဲ့ သတင်းစာကာတွန်း၊ နိုင်ငံရေးကာတွန်း၊ မျက်မှောက်ရေးရာ အခြေခံ ကာတွန်း၊ ကလေးများအတွက် ရုပ်ပြကာတွန်း၊ ပညာပေးကာတွန်း၊...

Read more »

ထွန်းဝင်းငြိမ်း – ဒဂုန်တာရာနှင့် ငြိမ်းချမ်းရေး (သို့) နိုင်ငံရေး ယဉ်ကျေးမှုအား လေ့လာခြင်း

June 18, 2016
ထွန်းဝင်းငြိမ်း – ဒဂုန်တာရာနှင့် ငြိမ်းချမ်းရေး (သို့) နိုင်ငံရေး ယဉ်ကျေးမှုအား လေ့လာခြင်း

မူရင်းဆောင်းပါးမှပုံကို ကူးယူဖော်ပြပါသည်။ ဆရာဒဂုန်တာရာက ကိုလိုနီခေတ်၊ ဖက်ဆစ်ခေတ်၊ ဖဆပလခေတ်၊ လွတ်လပ်ရေးရပြီးသောခေတ်၊ ဒီမိုကရေစီလှုပ်ရှားသော ခေတ်စသည်ဖြင့် ခေတ်များကို ဖြတ်သန်းလာရင်း နိုင်ငံရေးအဓိပ္ပာယ်ကို သူ၏တွေ့ကြုံခံစားမှုဖြင့် နားလည်ခဲ့ရသည်ဟု ဆိုသည်။ ကိုလိုနီခေတ်က တပြည်လုံး ရိုက်ခတ်ခဲ့သော ဒို့ဗမာသီချင်းတွင် ဒို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ။ ဒို့ကိုယ်ကျိုး လုံးလုံးမပါ ဟူသော စကားများကို ကြားရပေလိမ့်မည်။ ယင်းသည် ကိုလိုနီခေတ်က သိရှိခဲ့သော နိုင်ငံရေးအနှစ်သာရဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ ………… ထွန်းဝင်းငြိမ်း – ဒဂုန်တာရာနှင့် ငြိမ်းချမ်းရေး (သို့) နိုင်ငံရေး ယဉ်ကျေးမှုအား လေ့လာခြင်း (မိုးမခ၊ သစ်ခက်သံလွင်) ဇွန် ၁၈၊ ၂၀၁၆ နိဒါန်း ဆရာဒဂုန်တာရာသည် စစ်နှင့်တော်လှန်ရေးကို ဖြတ်ခဲ့ရသည်။ ခေတ်များကို ဖြတ်သန်းလာရင်း နိုင်ငံရေးအဓိပ္ပယ်ကို သူ၏တွေ့ကြုံခံစားမှုဖြင့် နားလည်ခဲ့ရသည်ဟု...

Read more »

မောင်တူး – မောင်သော်က ကွယ်လွန်ခြင်း ၂၅ နှစ် ရှစ်စက္ကန့်ငြိမ် ကဗျာများ

June 11, 2016
မောင်တူး – မောင်သော်က ကွယ်လွန်ခြင်း ၂၅ နှစ် ရှစ်စက္ကန့်ငြိမ် ကဗျာများ

  မောင်တူး – မောင်သော်က ကွယ်လွန်ခြင်း ၂၅ နှစ် ရှစ်စက္ကန့်ငြိမ် ကဗျာများ (မိုးမခ) ဇွန် ၁၂၊ ၂၀၁၆ ဆရာ မောင်သော်က ကျဆုံးခဲ့တာ အခု ၂၀၁၆ ခုနှစ် ဇွန်လ ၁၁ ရက်မှာ ၂၅ နှစ် ပြည့်ပြီ။ ဒီစာကို ဖတ်နေရင်း သူ့ကွယ်လွန်ခြင်း ၂၅ နှစ်အတွက် ၈ စက္ကန့်ငြိမ်ပြီး ဂုဏ်ပြုပေးလိုက်ပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လိုလားသူဆိုရင်ပေါ့။ ဒါမှမဟုတ် သူ့စာတွေ ဖတ်ဖူးသူဆိုရင် ပြည်သူ့စာရေးဆရာကြီးတဦး အပေါ် လေးစား သတိရလိုက်ပါ။ သူက သရော်စာတွေ ရေးခဲ့သူမို့ သူ့သရော်စာတွေ ပြန်စဉ်းစားပြီး ပြုံးမိရင်လည်း ပြုံးစိစိလုပ်ကြပေါ့ဗျာ။ ဒါပေမဲ့ သူ့လုပ်ရပ်တွေနဲ့ သူ့ရဲ့သံမဏိ စိတ်ဓာတ်နဲ့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်