လူများ၊ ရုပ်ပုံလွှာများ

မင်းဇင် – ဆရာနဲ့ နောက်ဆုံးညစာ

February 2, 2017
မင်းဇင် – ဆရာနဲ့ နောက်ဆုံးညစာ

မင်းဇင် – ဆရာနဲ့ နောက်ဆုံးညစာ (မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၇ ဆရာဦးကိုနီ အလုပ်ကြံခံရတယ်ကြားတော့ စိတ်ထိခိုက် တုန်လှုပ်မိပါတယ်။ ဒီလ ၁၁ ရက်နေ့ ကပဲ ဆရာဦးတင်အေး စီစဉ်ပေးလို့ ဆရာဦးကိုနီ အပါအ၀င် ပါမောက္ခဆရာကြီးတွေ၊ ပညာရှင်ကြီးတွေနဲ့ ညစာ စားရင်း နာရီပေါင်းများစွာ စကားတွေ တ၀ ပြောဖြစ်ခဲ့ပါသေးတယ်။ ကျနော်တို့ လူ့ အဖွဲ့ စည်းမှာ မလုံခြုံမှုတွေ ဒင်းကြမ်းပြည့်နေတဲ့ အကြောင်း စကားစပ်မိကြတော့ ဆရာဦးကိုနီက တရားဥပဒေ စိုးမိုးရေးကို (သီအိုရီ သဘောတရား ကိန်းကြီးခန်းကြီး တွေ မပါဘဲ) ရှေ့ နေချုပ်၊ ပြည်ထဲရေးနဲ့ တရားရေး အဆက်အစပ်တွေကို လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲကနေ ရိုးရှင်း အားပါစွာနဲ...

Read more »

သားကြီးမောင်ဇေယျ – မဟူရာကောင်းကင် ပေါ်က မျက်ရည်စက်များ

January 31, 2017
သားကြီးမောင်ဇေယျ – မဟူရာကောင်းကင် ပေါ်က မျက်ရည်စက်များ

ပန်းချီ သန်းဌေးမောင် သားကြီးမောင်ဇေယျ – မဟူရာကောင်းကင် ပေါ်က မျက်ရည်စက်များ (မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၁၇ (29-01-2017) တနင်္ဂနွေနေ့မို့ ကျွန်တော်တို့ DVB ရုံးမှာ လူနည်းနေပါတယ်။ အောင်မင်္ဂလာ ရုံးက နေ မြို့ထဲ ဗိုလ်ကလေး ဈေးနားက ရုံးကို အတော်များများပြောင်းကုန်ကြပြီ။ ဒီနေ့ဟာတနင်္ဂနွေနေ့လည်းဖြစ် ၊ ဒီရက်ပိုင်း အတွင်း ရုံးအပြောင်းအရွှေ့တွေနဲ့ မို့ အောင်မင်္ဂလာရုံးမှာ ခါတိုင်းထက် လူပိုနည်းနေပါတယ်။ မနက်ပိုင်းက ၇၄ – ၇၆ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း ကိုကျော်ဝင်းဆုံးတဲ့ သတင်းတွေ လူမှုကွန်ယက် စာမျက်နှာပေါ်တက်လာတယ်။ သူငယ်ချင်းတွေ ရဲ့ ၀မ်းနည်း ကြေကွဲသံတွေ စိမ့်ထွက်လာတယ်။ ၁၉၇၆ ခုနှစ် အင်းစိန်ထောင် ၃ ဆောင် ပုံစံကိုင်အပြီး...

Read more »

ဘိုင်အို ဦးတင်အေး – မြန်မာ့ဒီမိုကရေစီ၏ “မဟူရာသူရဲကောင်း” (သို့) “မြန်မာ့ပုလဲနက်”

January 31, 2017
ဘိုင်အို ဦးတင်အေး – မြန်မာ့ဒီမိုကရေစီ၏ “မဟူရာသူရဲကောင်း” (သို့) “မြန်မာ့ပုလဲနက်”

ဘိုင်အို ဦးတင်အေး – မြန်မာ့ဒီမိုကရေစီ၏ “မဟူရာသူရဲကောင်း” (သို့) “မြန်မာ့ပုလဲနက်” (မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၁၇ ညီလေး-ကိုနီ … မနေ့ကသတင်းဆိုးကို စကြားရတော့ ရင်ထဲမချိတင်ကဲ ခံစားရလွန်းလို့၊ ပြည့်ကျပ်နေလွန်းလို့ ဘာကိုဘာမှ မရေးဖြစ်ခဲ့ပါ။ ဒီနေ့မနက် သားကိုဆုံးရှုံးလိုက်ရတဲ့ အမေ၊ လင်ယောက်ျားကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့ ချစ်ဇနီးနဲ့ သမီးတို့သားတို့ရဲ့သောကကို ရင်မှာပိုက် တိုင်းပြည်ဒီမိုကရေစီရေးအတွက် အသက်စတေးသွားရှာတယ့် ဖခင်အပေါ် နားလည်မှု ပေးနိုင်တဲ့မိသားစုရဲ့  ပုံရိပ်ကို တွေ့လိုက်ရတော့ မရေးဘဲမနေနိုင် နှလုံးသွေးကို သစ္စာတိုင်ပြီး ဒီစာစုကိုရေးပါသည်။ ဦးကိုနီသည်ကား ကျွန်တော့ထက် ငါးနှစ်ငယ်သည်။ ကျွန်တော်တို့ တိုင်းပြည်ကောင်းစားရေးအတွက် “လူစိတ်ရှိသူ နိုင်ငံသားကောင်း စိတ်ဓါတ်ရှိသူ” ဖြစ်၍ ညီအစ်ကိုရင်းသဖွယ် ခင်မင်စွာပေါင်းသင်းကြပါသည်။ ကျွန်တော်၏ မိခင်နှင့်ဖခင်တို့အားလည်း...

Read more »

မောင်စွမ်းရည် – ဆရာဝန်စာရေးဆရာ ကဗျာဆရာမကြီး ဒေါ်ကြည်အေး

January 26, 2017
မောင်စွမ်းရည် – ဆရာဝန်စာရေးဆရာ ကဗျာဆရာမကြီး ဒေါ်ကြည်အေး

မောင်စွမ်းရည် – ဆရာဝန်စာရေးဆရာ ကဗျာဆရာမကြီး ဒေါ်ကြည်အေး (မိုးမခ) ဇန်န၀ါရီ ၂၆၊ ၂၀၁၇ သြော်… ကြယ်ပွင့်တွေဟာ တစ်ပွင့်ပြီးတစ်ပွင့် ကြွေကျနေကြတာပါပဲလား။ ခုလဲ စာပေကြယ်ပွင့် တစ်ပွင့် ကြွေခဲ့ပြန်ပါပကော။ “ကြည်အေး” တဲ့။ အမည်ရင်းကတော့ ဒေါ်ကြည်ကြည်ပဲ ဖြစ်ပါတယ်။ ရန်ကုန် ဇာတိတဲ့။ ၁၉၂၉ ခုနှစ် ဒီဇင်ဘာ ၁၃ မှာ မွေးဖွားသူဖြစ်လို့၊ ခုကွယ်လွန်ချိန် ၂၀၁၆ ဒီဇင်ဘာလ ၂၈ မှာ သူ့အသက်ဟာ ၈၇ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ မိဘတွေက ကုန်သည်မျိုးရိုးဖြစ်လို့ သမီးမိန်းကလေးကို ပညာရေးမှာ အားမပေးခဲ့ပါဘူး။ ဒါ့ကြောင့် ပညာရေး ပြတ်တောင်း ပြတ်တောင်းဖြစ်ခဲ့ရတာ ခဏခဏပါပဲတဲ့။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ သုံးတန်း အောင်ပြီး ပညာသင်ပျက်ခဲ့ရတယ်။ စစ်ကြီးပြီးလို့...

Read more »

မောင်စွမ်းရည် – တင်မိုးရဲ့ သူငယ်ချင်းများ (၁)

January 24, 2017
မောင်စွမ်းရည် – တင်မိုးရဲ့ သူငယ်ချင်းများ (၁)

မောင်စွမ်းရည် – တင်မိုးရဲ့ သူငယ်ချင်းများ (၁) (မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၇ လူတိုင်းမှာ အသိမိတ်ဆွေတွေအများကြီးရှိကြပါတယ်။ ဒါပေမဲ့ ၀ါသနာတူ၊ စိတ်တူကိုယ်တူ၊ ဥာဏ်ရည် တူချင်းမှ ပိုပြီးရင်းနှီးခင်မင်တက်ကြပါတယ်။ တင်မိုးမှာ အဲသလိုခင်မင်သူတွေ ၄၊ ၅၊ ၁၀ယောက်ရှိတဲ့အနက် အမျိုးသမီးထဲကတော့ တစ်ဦးပဲရှိတယ်ထင်ပါတယ်။ ဒေါ်မာမာအေးပါ။ အဆိုကျော် အနုပညာရှင်၊ စာရေးဆရာ မာမာအေးဖြစ်ပါတယ်။ ကဗျာလေးဘာလေးလဲ ရေးပါတယ်။ မာမာအေးမှာ အပေါင်းအသင်းတွေ အများကြီးရှိတာပေါ့။ ကျွန်တော်တို့ထက်တောင် လူပေါင်းစုံပါ တယ်။ လူပေါင်းစုံတယ်ဆိုလို့ လူတိုင်းနဲ့အဆင်ပြေအောင် အလိုလုပ်အကြိုက်ဆောင်ပြီး ပေါင်းသင်းတတ်တာ မျိုးတော့လဲမဟုတ်ပါ။ မကြိုက်ရင်မကြိုက်သလိုလဲ စွက်ကနဲ၊ ပတ်ကနဲ ပြောတတ်လှပါတယ်။ တင်မိုးနဲ့သူနဲ့က တော့ သိပ်ပြီးအဆင်ပြေပါတယ်။ မောင်နှမအတိုင်းလိုပါပဲ။ တင်မိုးရဲ့ဝါသနာဟာ အဓိကဘာလဲဆိုရင် ‘ကဗျာ’လို့ လူတိုင်းလွယ်လွယ်ပဲ...

Read more »

မောင်စိုးချိန် ● ကြည်အေး… သို့မဟုတ်

January 18, 2017
မောင်စိုးချိန် ● ကြည်အေး… သို့မဟုတ်

မောင်စိုးချိန် ● ကြည်အေး… သို့မဟုတ်    (မိုးမခ) ဇန်နဝါရီ ၁၈၊ ၂ဝ၁၇ (က) “ဆရာရေ ဆရာမကြီးဒေါ်ကြည်အေးဆုံးရှာပြီ။ အခုပဲ facebook မှာ သူကွယ်လွန်သွားတဲ့သတင်းကို ဥက္ကာနဲ့အတူဖတ်နေ ကြတာ” ကိုဥက္ကာက အိမ်တခါးကိုဆွဲဖွင့်၊ အိမ်ခန်းထဲကျနောဝင်လာသည်နှင့် တပြိုင်နက် ကြားလိုက်ရသည့် သတင်းစကား။ ကို ဝင်းထွန်းညွန့် (လဘသ-မန်း) က ထိုသတင်းကိုပြောပြစဉ် လျှပ်စစ်ကြင်စက် အတို့ခံရသလို နှလုံးခုန်သံ တခဏ ရပ်ဆိုင်းသွား သည်ဟု ခံစားရသည်။ ဝမ်းနည်းကြေကွဲမှု၊ နှမျောတသမှု။ အမသဖွယ် ချစ်ခင်လေးစာခဲ့သမျှ တသကြေကွဲမဆုံး ခံစား လိုက်ရသည်။ လမင်းတစင်း ကြွေဆင်းခဲ့လေပြီကော။ ၂ဝ၁၆ ဒီဇင်ဘာ ၂၈၊ အသက် ၈၇ နှစ် မမနဲ့ စာပေအရ ကျွမ်းဝင်...

Read more »

မောင်ရစ် – ဆရာဦးတင်မိုး အိမ်မပြန်ခင် အဝေးရောက် ကျနော်တို့ကို စုစည်းညီညွတ်စေခဲ့

January 11, 2017
မောင်ရစ် – ဆရာဦးတင်မိုး အိမ်မပြန်ခင် အဝေးရောက် ကျနော်တို့ကို စုစည်းညီညွတ်စေခဲ့

  မောင်ရစ် – ဆရာဦးတင်မိုး အိမ်မပြန်ခင် အဝေးရောက် ကျနော်တို့ကို စုစည်းညီညွတ်စေခဲ့ (မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၇ ဦးတင်မိုး အရိုးအိုး အိမ်ပြန်လာတော့မယ်ဆိုတော့ သူ့ကျေးဇူးတွေအကြောင်း ပြန်စဉ်းစားမိသမျှ ဒီမှာ ရေးထားချင်တယ်။ အရေးတော်ပုံနောက်ပိုင်း ပြည်ပရောက် မြန်မာစာပေလောကကို ထူထောင်သူ ပျိုးထောင်သူ စာပေသမားတဦးအဖြစ် ဆရာဦးတင်မိုးကို ကမ္ဗည်းအသစ် စိုက်ထူရမှာ ဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာစာပေလောကကို မျိုးစေ့ချ ပျိုးထောင်သူတွေဟာ ဦးတင်မိုးနဲ့ ခေတ်ပြိုင်စာပေသူငယ်ချင်းတွေလို့ ကောက်ချက် ချရမှာပါ။ သူတို့တွေက ပါလီမာန်ခေတ်မှာ ကြီးပြင်းလာပြီး န၀တခေတ်မှာ ပြည်ပကို ရောက်ရှိလာကျချိန်ကလည်း တခေတ်တည်း တပြိုင်တည်း နီးပါး ဖြစ်ပါတယ်။ သူတို့တွေကတော့ တင်မိုး၊ မောင်စွမ်းရည်၊ ၀င်းဖေ၊ မာမာအေး၊ မောင်သာရတို့ ဖြစ်ပါတယ်။...

Read more »

မောင်တူး ● စာရေးဆရာကြီး ပီမိုးနင်း ကွယ်လွန်ခြင်း (၇၆) နှစ်

January 5, 2017
မောင်တူး ● စာရေးဆရာကြီး ပီမိုးနင်း ကွယ်လွန်ခြင်း (၇၆) နှစ်

မောင်တူး ● စာရေးဆရာကြီး ပီမိုးနင်း ကွယ်လွန်ခြင်း (၇၆) နှစ် (မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၇ “စာရေးဆရာဆိုပြီး နာမည်ရလာအောင် ရေးတတ်ဖို့ မလွယ်ဘူး။ နာမည်ရ စာရေးဆရာ ဖြစ်လာတော့လဲ ကြီးပွားဖို့ မလွယ်ဘူး။ ဆရာ့ကိုပဲ ကြည့်တော့။ လုံးလယ် လုံးလယ် လိမ့်တိမ့် လိမ့်တိမ့်နဲ့ လူမဖြစ်နိုင်တော့ဘူး။   ဒိပြင် ကြီးပွားမဲ့အလုပ်တွေ အများကြီး ရှိပါတယ်။ လက်မလွန်ခင် ပြန်ဆုတ်သွားပါကွာ။” ဒါက စာရေးဆရာ ဇေယျကို ပီမိုးနင်း ပြောသွားခဲ့တဲ့စကားပါ။  ဆရာကြီးပီမိုးနင်းကွယ်လွန်ခဲ့တာ ၇၆ နှစ်ပြည့်ပါပြီ။ ပထမ ကမ္ဘာစစ်ပြီးခေတ်ကနေ ဒုတိယ ကမ္ဘာစစ်မစခင်လောက်အထိ မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ စာရေး ဆရာကြီးပါ။ မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ်၊ နတ်တော်လပြည့်ကျော်...

Read more »

မောင်စွမ်းရည် – တင်မိုးရဲ့ သစ်ရွက်ကြွေလေးပေါ်မှာရေးတဲ့ မှတ်တမ်းများ

December 2, 2016
မောင်စွမ်းရည် – တင်မိုးရဲ့ သစ်ရွက်ကြွေလေးပေါ်မှာရေးတဲ့ မှတ်တမ်းများ

မောင်သာနိုး၊ တင်မိုး၊ မောင်စွမ်းရည်၊ (၂၀၀၄ ခုနှစ် အမေရိကားမှ ဆုံကြစဉ်က) ဓာတ်ပုံ ရန်ဝင်း (တောင်တံခါး) မောင်စွမ်းရည် – တင်မိုးရဲ့ သစ်ရွက်ကြွေလေးပေါ်မှာရေးတဲ့ မှတ်တမ်းများ (မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၆ တင်မိုးရေးတဲ့ စာအုပ်ကလေးကို ဝေဖန်ရေးဖို့ စိတ်မကူးပါ။ ခုရေးမှာက တင်မိုးနဲ့ပတ်သက်ပြီး စပ်မိစပ် ရာ မှတ်မိမှတ်ရာကလေးတွေကို ရေးချင်လို့ပါ။ ကျွန်တော်က မန္တလေးတက္ကသိုလ်ကို ၁၉၅၆-၅၇ ပညာသင်နှစ်မှာ ရောက်ပါတယ်။ တင်မိုးက မန္တလေး တက္ကသိုလ်ကို ၁၉၅၇-၅၈ ပညာသင်နှစ်မှာ ရောက်ပါတယ်။ တက္ကသိုလ်က နံရံကပ်စာစောင်တစ်ခုရှေ့မှာ စာအတူဖတ်ရင်းက စာပေမိတ်ဆွေဖြစ်သွားပြီးနောက် သူဟာ ကျွန်တော့်ကို “မခွာတမ်း” လို့ ပြောရအောင် တွယ်ကပ်နေပါတော့တယ်။ သူနဲ့ ကျွန်တော် မြင်ြးံခနယ် တောကျေးလက်ဒေသက...

Read more »

မောင်စွမ်းရည် – မိုးချိုသင်းရဲ့မှတ်တမ်း

November 24, 2016
မောင်စွမ်းရည် – မိုးချိုသင်းရဲ့မှတ်တမ်း

တင်မိုးနဲ့ မောင်စွမ်းရည် (၂၀၀၆) မောင်စွမ်းရည် – မိုးချိုသင်းရဲ့မှတ်တမ်း (မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆ မိုးချိုသင်းဆိုတာ ကဗျာဆရာကြီး တင်မိုးရဲ့သားသမီးလေးယောက်အနက် အငယ်ဆုံးသမီးပါ။ အငယ် ဆုံးသားကလေးယောက်ရှိခဲ့ဖူးပေမဲ့ သဘောင်္လိုက်ရင်း ကွယ်လွန်သွားခဲ့ရှာပါတယ်။ ဒီစာအုပ်မှာ သမီးထွေး မိုးချိုသင်းက သူ့ဖခင်၊ မိခင်နဲ့ မောင်နှမအားလုံး အကြောင်းကို သူသိမြင်ခံစားမိသလို စီကာပတ်ကုံးရေသား ထားပါတယ်။ သူ့မှာ တူမလေးတွေလဲ ခြောက်ယောက်ရှိသတဲ့။ အားလုံးက ဘယ်လ်ဂျီယံနဲ့ သူ့အစ်မမိုးမိုးနှင်း နဲ့ အတူနေကြတယ်။ အမလတ် မိုးအေးလဲ သူ့ကလေးတွေနဲ့အတူ ဘယ်လ်ဂျီယံ မှာပဲနေတယ်။ မိုးချိုသင်းက သူ့ခင်ပွန်းနဲ့အတူ အမေရိကန်ပြည်ထောင်စု၊ လော်စ်အိန်ဂျဲလိစ်မှာ အခြေချနေတယ်။ သူ့ဖခင်က ကဗျာဆရာ ကြီး ဦးတင်မိုးက ရာသီဥတုမျှတတဲ့လော့စ်အိန်ကျဲလိစ်မှာ သမီးငယ်မိုးချိုသင်းနဲ့ အတူနေခဲ့တယ်။ ကွယ်လွန်...

Read more »

မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၃)

November 20, 2016
မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၃)

မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၃) ပညာရေးဝန်ကြီးဌာနရဲ့အဓိကရည်မှန်းချက်က အောင်ချက်မြင့်မားရေးတဲ့ (မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၆ ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော...

Read more »

မိုးမိုးစံ ● အဖေ့ကောက်ကြောင်းတစ (တင်မိုး အမှတ်တရ)

November 19, 2016
မိုးမိုးစံ ● အဖေ့ကောက်ကြောင်းတစ (တင်မိုး အမှတ်တရ)

မိုးမိုးစံ ● အဖေ့ကောက်ကြောင်းတစ (တင်မိုး အမှတ်တရ) (မိုးမခ ပြန်လည်ဆန်းသစ်ခြင်း) နိုဝင်ဘာ ၁၉၊ ၂၀၁၆ ကဗျာ ဆရာကြီး တင်မိုး (နိုဝင်ဘာ ၁၉၊ ၁၉၃၃ ဖွား – ဇန်နဝါရီ ၂၂၊ ၂၀၀၇ ဆုံး) အမှတ်တရ ၁၉၉၀ နိုဝင်ဘာ (၁၇) ရက်တွင် အမေ ကွယ်လွန်သည်။ အရင်က သေခြင်းတရားနှင့် တခါမျှ တေ့တေ့ဆိုင်ဆိုင် ရင်မဆိုင်စဖူး၊ တိုက်ရိုက်မပါတ်သက် စဖူး။ ရင်ဆိုင်ရတော့ မိသားစု (၇) ယောက်တွင် အချစ်ရဆုံး၊ အရေးပါဆုံး မိခင် မမျှော်လင့်ဘဲ ကွယ်လွန်သွားသည်။ ခံစားရသည်မှာ...

Read more »

လှကျော်ဇော – မေမေ့ရဲ့အပြောင်မြောက်ဆုံးသော အခန်းကဏ္ဍ

November 16, 2016
လှကျော်ဇော –  မေမေ့ရဲ့အပြောင်မြောက်ဆုံးသော အခန်းကဏ္ဍ

လှကျော်ဇော –  မေမေ့ရဲ့အပြောင်မြောက်ဆုံးသော အခန်းကဏ္ဍ (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၆ ကျမရဲ့ “အလွမ်းစာပန်းခြင်းလေး” စာအုပ်ရဲ့အခန်းတခန်းမှာ ဒီလိုရေးဖူးပါတယ်။ “ မေမေဟာ ဖေဖေ့ကို ပါရမီ တောက်လျှောက်ဖြည့်လာရာမှာ ထူးခြားပြောင်မြောက်လှတဲ့ ကဏ္ဍတခုကတော့ ကျမတို့ တောတွင်းရောက်ပြီး လေးနှစ်အကြာ မေမေနောက်ကလိုက်လာပြီး ပန်ဆန်းမှာ ကျမတို့နဲ့ အေးအတူပူအမျှ ပျော်ပျော်ရွှင်ရွှင် နေခဲ့မှုပါပဲ” ဒီလိုရေးခဲ့ဖူးပေမယ့် အခုပြန်လည်စဉ်းစားကြည့်မိတဲ့အခါ အဲဒီအခန်းကဏ္ဍထက် ပိုမိုပြောင် မြောက်တဲ့အခန်းကဏ္ဍတခု မေမေဖြတ်သန်းခဲ့ဖူးတယ်ဆိုတာ သတိရမိပါတယ်။ တကယ်တော့ မေမေဟာ ငယ်စဉ်ကတည်းကစလို့ မတောင့်မတ မကြောင့်မကြနေခဲ့ရသူပါ။ မိဘများလက်ထက်မှာလည်း ခြွေရံသင်းပင်းများစွာနဲ့ နေခဲ့ရပါတယ်။ အိမ်ထောင်ကျတော့လည်း လျှမ်းလျှမ်းတောက်စစ်ဗိုလ်တဦးနဲ့လက်ထပ်ခဲ့ရပြီး ငယ်ငယ် ရွယ်ရွယ်ကလေးနဲ့ ဗိုလ်ချုပ်ကတော် ဘဝကို ရရှိသူပါ။ ဖေဖေဗိုလ်မှူးချုပ်ရာထူးနဲ့ တိုင်းမှူးဖြစ်တော့ ၃၀ ကျော်လေးပဲ...

Read more »

မာန် (တောင်လုံးပြန်) – ဆရာမင်းသစ်အင်တာဗျူး – ၈

November 13, 2016
မာန် (တောင်လုံးပြန်) – ဆရာမင်းသစ်အင်တာဗျူး – ၈

မာန် (တောင်လုံးပြန်) – ဆရာမင်းသစ်အင်တာဗျူး – ၈ (လူငယ်တွေ ကျမ်းပိစေမည့် လူကြီးတို့၏ စာပေဂိုဏ်းများ) (မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၆ မာန်။ ။ ကျနော်ကြားဖူးတာလေးတခုမေးပါရစေဆရာ ၊ဆရာစာပေနယ်မှာ ကျင်လည်ရင်းနဲ့ ဆရာ အဝကျွန်းချစ်မောင်တို့ ဆရာမြတ်ခိုင်တို့နဲ့ နယ်ခရီး ထွက်ဖြစ်တဲ့အကြောင်း ညပိုင်းတွေပါ လျောက်လည်ဖြစ်တယ်လို့ ကျနော်ကြားဖူးတယ်၊ အဲဒါလေးသိပါရစေဆရာ။ မင်းသစ်။ ။ ကျနော် အဝကျွန်းတို့ မြတ်ခိုင်တို့နဲ့ ခရီးမသွားဖူးဘူး။ မာန်။ ။ ဒါဆို ကျနော်အမှတ်မှားတာဖြစ်မယ်၊ ဆရာဟိန်းလတ်နဲ့လူချင်းမှားတာနေမယ်.. မင်းသစ်။ ။ ဟုတ်မယ်၊ ကျနော်တော့ မသွားဖူးဘူး၊ လွဲသွားပြီ မာန်။ ။ ဆရာ့စာပေအကြောင်း ဆက်ပြောပါဦးဆရာ မင်းသစ်။ ။ အဲဒါပဲ၊ နောက်ကျတော့လည်း ပြတ်သွားပြန်ရော...

Read more »

ထွန်းဝင်းငြိမ်း – သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ – အပိုင်း(၂)

November 13, 2016
ထွန်းဝင်းငြိမ်း – သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ – အပိုင်း(၂)

ထွန်းဝင်းငြိမ်း – သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ – အပိုင်း(၂) (ပြည်သူ့အရေး ဂျာနယ်) မိုးမခ၊ နိုဝင်ဘာ ၁၃၊ ၂၀၁၆ သခင်သိန်းဖေ- မူရင်းဓာတ်ပုံကို လေးစားမှုဖြင့် ဖော်ပြသည်။ ဗိုလ်မှူးအောင်ပြောပြခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းခေါ် သခင်ရှုမောင်မောင်၏ သခင်ဘဝအစိတ်အပိုင်း အချို့ကို သခင်သိန်းဖေက ပြန်လည်ပြောပြရာတွင် အခြားသမိုင်းမှတ်တမ်းများ၌ မတွေ့ရသေးသော အချက်အလက်အသစ်များ ပါဝင်ပါသည်။ သို့သော် တွေးဆဖွယ်ကောင်းသောအချက်များအဖြစ် သခင် သိန်းဖေက ပြောပြပါသည်။ “တို့ဗမာအစည်းအရုံးကို သခင်သိန်းမောင်တို့၊ သခင်ဘသောင်းတို့ စခဲ့တာပဲ။ အန်ကယ်တို့ လူငယ်တွေ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ခဲ့တာက သခင်တွေကို အတုယူကြတာပေါ့။ သခင်တွေက ထောင်လည်း ခဏခဏကျတယ်။ နိုင်ငံရေး အတက်ကြွဆုံးကလည်း သူတို့ပဲ။ အဲဒါနဲ့ အန် ကယ်တို့က သူတို့ကို...

Read more »

ခင်လွန်း – ပုရွက်ဆိတ်တကောင်ရဲ့ ထမင်းတနပ်

November 11, 2016
ခင်လွန်း – ပုရွက်ဆိတ်တကောင်ရဲ့ ထမင်းတနပ်

Photo – Sampsonia Way Magazine   ခင်လွန်း – ပုရွက်ဆိတ်တကောင်ရဲ့ ထမင်းတနပ် (ဆရာမောင်အောင်ပွင့် (၇၁) နှစ်မြောက်မွေးနေ့ ဦးညွှတ်ဂုဏ်ပြုခြင်း) (မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၆ မနှစ်က ငြိမ်းချမ်းရေးကဗျာဆရာကြီး မောင်အောင်ပွင့် အသက် (၇၀) ပြည့်နှစ်မှာ ကျနော် လွမ်းလို့ရေးခဲ့တဲ့စာလေး ဒီနေ့ပြန်တင်ရင်း ဒီနှစ်နဲနဲလေး ထပ်တိုးပြောပါရစေ။ အဲဒါရေးတုန်းက ဖတ်သူဘက်က ဘာမှမဟုတ်လောက်ပေမယ့် စာရေးနေတဲ့ ကျနော့်မှာတော့ အရာရာတရိပ်ရိပ် စိတ်ထဲမြင်နေရလို့ စာရေးရင်း ဝမ်းနည်း သလိုလို လွမ်းဆွတ်သလိုလိုခံစားရင်း မျက်ရည်လဲ (နှာရည်တွေလဲကျ) ကျမိပါတယ်။ သေချာတာက ကျနော် အခုပြန်ဖော်ပြတဲ့စာကို ရေးခဲ့တုန်းက မေးရိုး ကြီးထောင်းထောင်းထအောင် အံကြိတ်ထားမိတာကိုလဲ သတိရနေမိတယ်။ တမျိုးပဲ ဒီခံစားမှုမျိုးက ဥပမာနှိုင်းပြောဖို့တော်တော်ခက်တယ်။ သေချာတာက တယောက်ဘဝကိုတယောက်၊...

Read more »

ထွန်းဝင်းငြိမ်း – သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ

November 10, 2016
ထွန်းဝင်းငြိမ်း – သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ

ထွန်းဝင်းငြိမ်း – သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ (ပြည်သူ့အရေး) မိုးမခ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၆ နိဒါန်း ယခုဖော်ပြမည့်စာမူမှာ လွန်ခဲ့သော ၅ နှစ်ခန့်က သခင်သိန်းဖေအား သွားရောက်တွေ့ဆုံမေးမြန်၍ ရေးသား ထားခြင်း ဖြစ်ပါသည်။ သို့သော် ထိုစဉ်က စာပေစီစစ်ရေးဖြတ်သန်းရသဖြင့် အပြည့်အစုံ ဖော်ပြခွင့်မရပါ။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေးတိုက်ပွဲတွင်ကိုယ်တိုင် ပါဝင်ဖြတ်သန်းခဲ့သူ တဦး၏ သက်ရှိထင်ရှားပြောကြားချက်များကိုသမိုင်းမှတ်တမ်းအဖြစ် လေ့လာနိုင်စေရန် ဖော်ပြလိုခြင်း ဖြစ်ပါ သည်။ ရိုဗာစကောက်နှင့် မြို့မလူငယ် “မောင်ရင်လေးတို့ကိုအန်ကယ်ပြောချင်တာက” ဟု အစချီကာစကားဆိုလေ့ရှိသော အဘ သခင်သိန်းဖေ သည် အသက် ၁၀၁ နှစ်တွင် ကွယ်လွန်ခဲ့သည်။ ပါရမီလမ်းတွင်ရှိသောနေအိမ်တွင် သခင်သိန်းဖေ ၏ မွေးနေ့ပွဲများ၊ တော်လှန်ရေးနေ့...

Read more »

ဇာဝါရီ – ပြည်သူ့နှလုံးသားထဲ အစဉ်ရှင်သန်နေသူ

October 30, 2016
ဇာဝါရီ – ပြည်သူ့နှလုံးသားထဲ အစဉ်ရှင်သန်နေသူ

ဇာဝါရီ – ပြည်သူ့နှလုံးသားထဲ အစဉ်ရှင်သန်နေသူ (မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၆ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က ထိုင်းနိုင်ငံ (မြန်မာအများစုအခေါ် ယိုဒယားပြည်) ကို ရောက်ခဲ့ပြန်တယ်။ ဘဝမှာ ပထမဦးဆုံးအကြိမ် ဒုတိယအိမ် (နိုင်ငံ) ဖြစ်လာခဲ့တဲ့ ထိုင်းနိုင်ငံကို ၁၉၈၉ နှစ်လယ်ပိုင်းလောက်မှာ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ရှိသွားခဲ့တယ်။ အဲဒီတုန်းက လူက ငှက်ဖျားရောဂါနဲ့ သတိမေ့ သေလုမျောပါး – ထိုင်းနယ်စပ် မဲဆော့မြို့ ကို ကံကောင်းထောက်မစွာနဲ့ ဆေးကုသဖို့ ရောက်ရှိသွားခဲ့တာ။ ရောဂါသက်သာ သတိရလို့ ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ရွှေသိုင်းကြိုး ရွှေနားကွပ် အဖြူရောင် စစ်ဝတ်စုံနဲ့ တည်ကြည်ခန့်ငြား၊ ဥပဓိရုပ်ကောင်းလှတဲ့ ဘုရင်ကြီးရဲ့  ဓါတ်ပုံကြီးက မိမိ့ဦးခေါင်းထက် နံရံမှာ။ နောက်တော့ မိမိကို...

Read more »

မောင်စွမ်းရည် – ဦးသော်ကောင်း

October 12, 2016
မောင်စွမ်းရည် – ဦးသော်ကောင်း

မောင်စွမ်းရည် – ဦးသော်ကောင်း (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၆ ရန်ကုန်တက္ကသိုလ်၊ ဗဟိုစာကြည့်တိုက်ကိုသွားရင်း စိမ်းစိုမြူးလွင့်နေတဲ့ သော်ကပင်ကလေးတွေ ၀န်းရံနေတာကို မြင်ရတယ်။ သော်ကပင်ကလေးတွေကို မြင်ရရင် “သော်ကောင်း” ကို ပိုလို့ သတိရစရာ ဖြစ်ရပ့ါတယ်။ “သော်ကောင်း” ဆိုတဲ့ နာမည်ကြားရင် ကျွန်တော့်ရင်ထဲမှာ လေးစားချစ်ခင်မှု လှိုင်းဂယက်တွေ ထတတ်ပါတယ်။ “သော်ကောင်း”၊ “စာကြည့်တိုက်” ၊ “စာအုပ်စာပေ” ဆိုတဲ့ စကားလုံးတွေဟာ နိမိတ်ပုံတွေ ရောယှက် နေတဲ့ စကားလုံးလေးတွေ ဖြစ်ပါတယ်။ စာကြည့်တိုက်တို့ ၊ စာအုပ်စာပေတို့ ဆိုတာ အသိပညာအလိမ္မာ တရားတို့ရဲ့ စုဝေးရာဖြစ်ပါတယ်။ သက်ရှိသတ္တ၀ါတွေအတွင်း လူနဲ့ တိရစ္ဆာန်တို့ရဲ့ အဓိက ခြားနားချက်ဟာ “စာအုပ်စာပေ” ပဲ ဖြစ်တယ်လို့ စဉ်းစားမိဖူးပါတယ်။...

Read more »

လှကျော်ဇော – ကျွန်မ နောင်တ

October 12, 2016
လှကျော်ဇော – ကျွန်မ နောင်တ

လှကျော်ဇော – ကျွန်မ နောင်တ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၆ ၂၀ဝ၉ ခုနှစ်၊ ဖေဖေအသက် ၉၀ ပြည့်အပြီးမှာ ဆီးချုပ် ဝမ်းချုပ်ဖြစ်ပြီး ကယောင်ကတမ်းတေ ပြောလာလို့ ဆေးရုံတင်ရပါတယ်။ ဆေးရုံရာက်တော့ သွေးစစ်ကြည့်ပြီး Acidosis ဖြစ်တယ်ဆိုပြီး အသက်အရွယ်ကလည်း ကြီးရင့်မှုကြောင့် ဆရာဝန်တွေက ICU ထဲ သွင်းလိုက်ကြပါတယ်။ ဖေဖေ ပထမဆုံးအကြိမ် ICU ထဲဝင်ရတာပါ။ အဲဒီထဲ ဖေဖေ ၂ ရက်လောက် မျောနေပါတယ်။ သတိကောင်းကောင်း ရလာတဲ့အခါ အနားမှာ ကျမကမရှိ၊ လူစိမ်းတွေချည်းဖြစ်၊ စကားကလည်း မပေါက်ဆို တော့ ဖေဖေက သူ့တကိုယ်လုံး တပ်ဆင်ထားတဲ့ ပိုက်တွေ၊ အပ်တွေ ဆွဲဖြုတ်ပြီး သောင်းကျန်းပါတော့တယ်။ ဒီတင် ဆရာဝန်များ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်