ဖြစ်ရပ်များ၊ အမှတ်တရများ

ထွန်းဝင်းငြိမ်း-ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေး အယူအဆ

March 23, 2017
ထွန်းဝင်းငြိမ်း-ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေး အယူအဆ

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေး အယူအဆ  ထွန်းဝင်းငြိမ်း မိုးမခ(သစ်ခက်သံလွင်)၊ မတ် ၂၃၊ ၂၀၁၇  “ထိုသို့ ကြည်ဖြူမြတ်နိုးပြီး ကိုးစားလောက်သည်၊ အားထားလောက်သည်ဟု တိုင်းပြည် ခေါင်းဆောင်အရာတွင်တင်မြှောက်လိုက်သောအခါ အချို့ခေါင်းဆောင်တို့မှာ ငါသည်ကား သာမညမဟုတ် ဥက္ကဋ္ဌတည်းဟူသော သတင်းဟိတ်နှင့် အင်္ဂလိပ်စာတတ်၊ ပုဂ္ဂိုလ်မြတ်၊ ပုဂ္ဂိုလ်ထူးဟု နတ်ရူးကို ဗုံနှင့်မြှောက်သကဲ့သို့ ဂုဏ်မောက်လိုသော ယင်းစိတ်ဖြင့် အမျိုးသား ချင်းတို့အပေါ်မှာပင် နင်းနှိမ်ချိုးဖဲ့၍….. နိဒါန်း   ဆရာကြီးသခင်ကိုယ်တော်မှိုင်း “ဘဘမှိုင်း မီးသင်္ဂြိုဟ်လျှင် အရိုးပြာကလေးများ နည်းနည်းလောက်လိုချင်ပါသည်။ မိမိဇာတိပျဉ်းမနားတွင် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် စေတီတည်ထား ကိုးကွယ်လိုပါသည်။” ဒါဟာ နိုင်ငံကျော် ရုပ်ရှင်မင်းသမီး (ဒေါ်) ခင်သန်းနုရေး သားခဲ့တဲ့ အမှတ်တရ စာသားဖြစ်ပါတယ်။  ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၈၇၆ – ၁၉၆၄) ကွယ် လွန်တော့...

Read more »

မောင်လူရေး – လွမ်းစရာသွေးနှိုးလှုပ်ရှားမှုများ

March 16, 2017
မောင်လူရေး – လွမ်းစရာသွေးနှိုးလှုပ်ရှားမှုများ

  မောင်လူရေး – လွမ်းစရာသွေးနှိုးလှုပ်ရှားမှုများ (မိုးမခ) မတ် ၁၆၊ ၂၀၁၇ ၈၉/၉၀ ကာလတွေတုန်းက ဖိနှိပ်မှုတွေက ပက်စက်လွန်းတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ အရှိန်လျော့ပြီး သွေးအေးမသွားအောင် ဗကသ၊ မတကသ၊ မန္တလေးခရိုင်၊ စက်မှု၊ ရေဇင်းစတဲ့ ကျောင်းသားသမဂ္ဂမျိုးစုံက ကျောင်းသားတွေ၊ မနတလတို့ အလုပ်သမားအဖွဲ့တို့က နိုင်ငံရေးသမားတွေနဲ့ လေးပြင်လေးရပ် သံဃာ့သာမဂ္ဂီက သံဃာတွေပေါင်းပြီး မန္တလေးမှာ နိုင်ငံရေးလှုပ်ရှားမှုမျိုးစုံ တရစပ် မနားတမ်းလုပ်ခဲ့ကြတယ်။ အဲဒီတုန်းက နိုင်ငံရေးလှုပ်ရှားမှုတွေကို သေးနှုတ်သွားအောင် စစ်အစိုးရက ဝါဒဖြန့်ချီရေးစာတွေ နိုင်ငံပိုင်သတင်းစာတွေကနေ တရစပ်ရေးနေတဲ့အချိန်ပေါ့။ ၈၈-အရေးအခင်းမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်တွေကို သင်္ကန်းဝတ်ဆိုတဲ့ အသုံးအနှုံးနဲ့ စတင်သုံးနှုံးရေးသားတယ်။ ရဟန်းအစစ်တွေ မဟုတ်ပါဘူးဆိုတဲ့အဓိပ္ပါယ်နဲ့ပေါ့လေ။ သာသနာရေးဌာနက လူတွေ အားကိုးနဲ့ပေါ့။ သံဃာ့သာမဂ္ဂီက အဲဒါကို ဆန့်ကျင်ကန့်ကွက်တဲ့...

Read more »

ငြိမ်းချမ်းသူ – သူ့အမှာ သူ့စာ သူ့ကဗျာ သူ့ရုပ်ပုံလွှာ

February 18, 2017
ငြိမ်းချမ်းသူ – သူ့အမှာ သူ့စာ သူ့ကဗျာ သူ့ရုပ်ပုံလွှာ

ငြိမ်းချမ်းသူ – သူ့အမှာ သူ့စာ သူ့ကဗျာ သူ့ရုပ်ပုံလွှာ (မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇ (အရုဏ်ဦး စာပေက စီစဉ်တဲ့ ဆရာမောင်စွမ်းရည် ၈၀ပြည့် စာစုကဗျာစုကနေ ကူးယူဖော်ပြပါတယ်) ၁။ ကဗျာနဲ့ ကျွန်တော် “ငြင်းခုံရန်နှင့် ငြင်းပယ်ရန် စာဖတ်ခြင်း မပြုပါနှင့်၊ ယုံကြည်ရန်နှင့် သူများပြောသမျှကို လက်ခံရန်လည်း စာဖတ်ခြင်း မပြုပါနှင့်၊ စကားကြီး စကားကျယ်နှင့် ဆွေးနွေးရန်လည်း စာဖတ်ခြင်း မပြုပါနှင့်၊ နှိုင်းချိန်ရန်နှင့် တွေးတောရန်အတွက် စာဖတ်ခြင်း ပြုပါလေ။” နိုင်ငံတကာ ရသစာတမ်းမှာ Francis Bacon (UK) က အခုလို ရေးသားခဲ့ဖူးပါတယ်။ အဲဒီလို သဘောထား စိတ်ဓာတ်မျိုးနဲ့ ကျွန်တော် စာဖတ်ခဲ့ပါတယ်။ ကဗျာစပ်ခဲ့ပါတယ်။ အထူးသဖြင့် ကဗျာနဲ့...

Read more »

နိုင်လင်း – စာပေစစ်သည် မောင်စွမ်းရည်သို့ 

February 16, 2017
နိုင်လင်း – စာပေစစ်သည် မောင်စွမ်းရည်သို့ 

မောင်စွမ်းရည် သက် ၈၀ပြည့် အမှတ်တရ မိုးမခအစီအစဉ် နိုင်လင်း – စာပေစစ်သည် မောင်စွမ်းရည်သို့  (မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇ ချည့်နဲ့ လူ့ ဘောင် ခေတ်အမှောင်ကို လှောင်ပြောင်ထိုးနှက် ချိုးဖျက်ကြံရည် စာပေစစ်သည် မောင်စွမ်းရည်။ ဆရာမောင်စွမ်းရည် အသက် ၈၀ ပြည့်မည်ဆိုတော့ ကဗျာတပုဒ်နဲ့ ဂုဏ်ပြု ပူဇော်မယ် စိတ်ကူးမိပါတယ်။ ဒါပေမဲ့ ကဗျာရေးရင်း ဆောင်းပါးရေးချင်စိတ် ပေါ်လာတယ်။ ရေးစရာ အကြောင်းအရာတွေက အများသားဆိုတော့ ဘာရေးရမလဲ။ ဖြစ်နိုင်ရင် ဆရာမောင်စွမ်းရည်ရဲ့  လက်ရာ ကဗျာ၊ စာပေတွေကို ပြည့်ပြည့်စုံစုံ လေ့လာပြီး သူ့ ဘ၀၊ သူ့ စာပေ သုံးသပ်ချက် ရေး ချင်တာပါ။ အဲသလိုဆိုရင်...

Read more »

စိုးမိုးအောင် ● ဒေါသဂျမ်း

February 16, 2017
စိုးမိုးအောင် ● ဒေါသဂျမ်း

ပန်းချီ အောင်ကျော်မိုး စိုးမိုးအောင် ● ဒေါသဂျမ်း (မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇ အမေရိကန်ပြည်ထောင်စု နော့ကယ်ရိုလိုင်းနားတက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်နွေဦးပုံရိပ်ဟာ ကျွန် တော်တို့ကျင်လည်ခဲ့ရတဲ့ အင်းလျား၊ ကန်နံဘေးက ရန်ကုန်တက္ကသိုလ်ရဲ့ နွေဦးပုံရိပ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ အင်မ တန်လှပတဲ့ သစ်ပင်တွေအုပ်ဆိုင်းပြီး သာယာတဲ့ရှုခင်းအလှအပတွေ အုပ်ဆိုင်းပြီး သာယာတဲ့ရှုခင်း အလှအပ တွေက တခုနဲ့တခုသိပ်မကွာခြားလှပါဘူး။ အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်ခဲ့ရတဲ့ ကျွန်တော့်အတွက် တခါတခါလွမ်းမောဖွယ်ရာ ခံစားချက်မျိုး ရရှိခဲ့ပါတယ်။ ဘ၀တလျှောက်လုံးလိုလို လူငယ်တွေရဲ့တက်ကြွတဲ့စိတ်ဓာတ်နဲ့ သူတို့ရဲ့လှုပ်ရှားမှုတွေ ကို စိတ်ဝင်စားစွာနဲ့ လေးလေးစားစား တန်ဖိုးထားရင်း အချိန်တွေကုန်ဆုံးခဲ့ရတာတွေကိုလည်း ကျွန်တော် တခါမှနောင်တမရခဲ့ပါဘူး။ အမေရိကန်တက္ကသိုလ် ကျောင်းသားကျောင်းသူတွေရဲ့ ဖြတ်လတ်ပြီး ချစ်စရာကောင်း တဲ့ပုံရိပ်ကလေးတွေနဲ့ မြန်မာတက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ သွက်လက်ချက်ချာတဲ့ ပုံရိပ်ကလေး တွေဟာ သိပ်မကွာခြားလှပါဘူး။...

Read more »

မျိုးဆွေသန်း ● စေ့စပ်ရေးမှ ငြိမ်းချမ်းရေးသို့

February 3, 2017
မျိုးဆွေသန်း ● စေ့စပ်ရေးမှ ငြိမ်းချမ်းရေးသို့

မျိုးဆွေသန်း ● စေ့စပ်ရေးမှ ငြိမ်းချမ်းရေးသို့ (မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၁၇ ပိတောက်ပွင့်သစ် မဂ္ဂဇင်း ထုတ်ဝေတဲ့ ကဗျာဆရာ မောင်စိမ်းနီ (ဦးစိမ်းနီ) တမြန်မနေ့ည (၁၁) နာရီက ဆုံးပါးသွားပါတယ်တဲ့။ ချစ်စွာသော တပည့်ဖြစ်သူ ခန့်မင်းထက်ရဲ့ ဖခင်ဖြစ်သူ ဦးစိမ်းနီက သားဖြစ်သူ ကဗျာဆရာ၊ ဒီဖိုင်းဆရာ၊ တော်လှန်ရေးသမား၊ အရက်သမားခန့်မင်းထက်အတွက်ညစာ ထမင်းချိုင့်ကို လမ်းကူးပြီး သွားပို့တာ သားဖြစ်သူ ခန့်မင်းထက်ရဲ့အိမ်ဝင်းတံခါးတွေ လုံအောင်ပိတ်ပေးပြီးမှ နှလုံးရပ်ပြီး သေဆုံးသွားပါတယ်တဲ့၊ အဲဒီတော့မှနှလုံးရောဂါရှိမှန်းလည်း သိကြပါတယ်။ ဦးစိမ်းနီလားလို့ ကျွန်တော့်မေးရင် ပြောနိုင်တာ ၂ ခုရှိပါတယ်၊ ကျွန်တော်ထိုင်တဲ့ လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာ က ဗျာဆရာ၊ စာရေးဆရာအားလုံးကို အယုတ်အလတ်အမြတ်မရွေး လက်ဖက်ရည်ဖိုး သူလာတိုင်းပေးတယ်။ ညနေ သောက်ဖို့...

Read more »

မောင်စွမ်းရည် – တင်မိုးရဲ့ သူငယ်ချင်းများ (၁)

January 24, 2017
မောင်စွမ်းရည် – တင်မိုးရဲ့ သူငယ်ချင်းများ (၁)

မောင်စွမ်းရည် – တင်မိုးရဲ့ သူငယ်ချင်းများ (၁) (မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၇ လူတိုင်းမှာ အသိမိတ်ဆွေတွေအများကြီးရှိကြပါတယ်။ ဒါပေမဲ့ ၀ါသနာတူ၊ စိတ်တူကိုယ်တူ၊ ဥာဏ်ရည် တူချင်းမှ ပိုပြီးရင်းနှီးခင်မင်တက်ကြပါတယ်။ တင်မိုးမှာ အဲသလိုခင်မင်သူတွေ ၄၊ ၅၊ ၁၀ယောက်ရှိတဲ့အနက် အမျိုးသမီးထဲကတော့ တစ်ဦးပဲရှိတယ်ထင်ပါတယ်။ ဒေါ်မာမာအေးပါ။ အဆိုကျော် အနုပညာရှင်၊ စာရေးဆရာ မာမာအေးဖြစ်ပါတယ်။ ကဗျာလေးဘာလေးလဲ ရေးပါတယ်။ မာမာအေးမှာ အပေါင်းအသင်းတွေ အများကြီးရှိတာပေါ့။ ကျွန်တော်တို့ထက်တောင် လူပေါင်းစုံပါ တယ်။ လူပေါင်းစုံတယ်ဆိုလို့ လူတိုင်းနဲ့အဆင်ပြေအောင် အလိုလုပ်အကြိုက်ဆောင်ပြီး ပေါင်းသင်းတတ်တာ မျိုးတော့လဲမဟုတ်ပါ။ မကြိုက်ရင်မကြိုက်သလိုလဲ စွက်ကနဲ၊ ပတ်ကနဲ ပြောတတ်လှပါတယ်။ တင်မိုးနဲ့သူနဲ့က တော့ သိပ်ပြီးအဆင်ပြေပါတယ်။ မောင်နှမအတိုင်းလိုပါပဲ။ တင်မိုးရဲ့ဝါသနာဟာ အဓိကဘာလဲဆိုရင် ‘ကဗျာ’လို့ လူတိုင်းလွယ်လွယ်ပဲ...

Read more »

မောင်ရစ် – ဆရာဦးတင်မိုး အိမ်မပြန်ခင် အဝေးရောက် ကျနော်တို့ကို စုစည်းညီညွတ်စေခဲ့

January 11, 2017
မောင်ရစ် – ဆရာဦးတင်မိုး အိမ်မပြန်ခင် အဝေးရောက် ကျနော်တို့ကို စုစည်းညီညွတ်စေခဲ့

  မောင်ရစ် – ဆရာဦးတင်မိုး အိမ်မပြန်ခင် အဝေးရောက် ကျနော်တို့ကို စုစည်းညီညွတ်စေခဲ့ (မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၇ ဦးတင်မိုး အရိုးအိုး အိမ်ပြန်လာတော့မယ်ဆိုတော့ သူ့ကျေးဇူးတွေအကြောင်း ပြန်စဉ်းစားမိသမျှ ဒီမှာ ရေးထားချင်တယ်။ အရေးတော်ပုံနောက်ပိုင်း ပြည်ပရောက် မြန်မာစာပေလောကကို ထူထောင်သူ ပျိုးထောင်သူ စာပေသမားတဦးအဖြစ် ဆရာဦးတင်မိုးကို ကမ္ဗည်းအသစ် စိုက်ထူရမှာ ဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာစာပေလောကကို မျိုးစေ့ချ ပျိုးထောင်သူတွေဟာ ဦးတင်မိုးနဲ့ ခေတ်ပြိုင်စာပေသူငယ်ချင်းတွေလို့ ကောက်ချက် ချရမှာပါ။ သူတို့တွေက ပါလီမာန်ခေတ်မှာ ကြီးပြင်းလာပြီး န၀တခေတ်မှာ ပြည်ပကို ရောက်ရှိလာကျချိန်ကလည်း တခေတ်တည်း တပြိုင်တည်း နီးပါး ဖြစ်ပါတယ်။ သူတို့တွေကတော့ တင်မိုး၊ မောင်စွမ်းရည်၊ ၀င်းဖေ၊ မာမာအေး၊ မောင်သာရတို့ ဖြစ်ပါတယ်။...

Read more »

လှကျော်ဇော – မေမေ့ရဲ့ အပြောင်မြောက်ဆုံးသော အခန်းကဏ္ဍ

October 18, 2016
လှကျော်ဇော – မေမေ့ရဲ့ အပြောင်မြောက်ဆုံးသော အခန်းကဏ္ဍ

လှကျော်ဇော – မေမေ့ရဲ့ အပြောင်မြောက်ဆုံးသော အခန်းကဏ္ဍ (မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၆ ကျမရဲ့“အလွမ်းစာပန်းခြင်းလေး”စာအုပ်ရဲ့အခန်းတခန်းမှာ ဒီလိုရေးဖူးပါတယ်။ “မေမေဟာ ဖေဖေ့ကို ပါရမီတောက်လျှောက်ဖြည့်လာရာမှာ ထူးခြားပြောင်မြောက်လှတဲ့ကဏ္ဍတခုကတော့ ကျမတို့ တောတွင်းရောက်ပြီး လေးနှစ်အကြာ မေမေနောက်ကလိုက်လာပြီး ပန်ဆန်းမှာ ကျမတို့နဲ့ အေးအတူပူအမျှ ပျော်ပျော်ရွှင်ရွှင် နေခဲ့မှုပါပဲ” ဒီလိုရေးခဲ့ဖူးပေမယ့် အခုပြန်လည်စဉ်းစားကြည့်မိတဲ့အခါ အဲဒီအခန်းကဏ္ဍထက် ပိုမိုပြောင်မြောက်တဲ့ အခန်းကဏ္ဍတခု မေမေဖြတ်သန်းခဲ့ဖူးတယ်ဆိုတာ သတိရမိပါတယ်။ တကယ်တော့ မေမေဟာ ငယ်စဉ်ကတည်းကစလို့ မတောင့်မတ မကြောင့်မကြနေခဲ့ရသူပါ။ မိဘများလက်ထက်မှာလည်း ခြွေရံသင်းပင်းများစွာနဲ့ နေခဲ့ရပါတယ်။ အိမ်ထောင်ကျတော့လည်း လျှမ်းလျှမ်းတောက် စစ်ဗိုလ်တဦးနဲ့ လက်ထပ်ခဲ့ရပြီး ငယ်ငယ် ရွယ်ရွယ်ကလေးနဲ့ ဗိုလ်ချုပ်ကတော်ဘဝကို ရရှိသူပါ။ ဖေဖေဗိုလ်မှူးချုပ်ရာထူးနဲ့ တိုင်းမှူးဖြစ်တော့ ၃၀ ကျော်လေးပဲ ရှိပါသေးတယ်။ အဲသလို ဘဝတလျှောက်...

Read more »

အောင်ဝေး – ကို ေ ရႊ ေ အ ာ င္ ေ ၀ း တို ့ မ ႏၱ ေ လ း မွ ာ နှဲ မှု တ် ခဲ့ ကြ စ ဉ် က

August 24, 2016
အောင်ဝေး – ကို ေ ရႊ ေ အ ာ င္ ေ ၀ း တို ့ မ ႏၱ ေ လ း မွ ာ နှဲ မှု တ် ခဲ့ ကြ စ ဉ် က

Ko Aung Way & Son – in the past   THE WHITE RAINBOW အောင်ဝေး – ကို ေ ရႊ ေ အ ာ င္ ေ ၀ း တို ့ မ ႏၱ ေ လ း မွ ာ နှဲ မှု တ် ခဲ့ ကြ စ ဉ် က (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၆ ခေတ်ကလည်း မကောင်းဟန်၊ စနစ်ကလည်း ညောင်းပြန်၊ အဖြစ်ကလည်း ဟောင်းတန်သလောက် တော့ ဟောင်းနေပါပြီ။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်