
မင်းကျော်သက် နိုဝင်ဘာ ၆၊ ၂၀၁၂ မြသားငယ်တည့် ရေယမုန် ငွေလှိုင်းတွေဖြူစွာနဲ့ မြစ်ဧရာ နဒီကြောမှာ မျောကြဒိုက်ပုံ ကျူဝါးရုံ၊ တူစုံကွဲ့ဖော်နှော ဘုမ္မတီးငယ်နဲ့ ငှက်ကြီးရွှေဝံပိုတို့ ဝဲခိုလို့မျော။ (အမည်မသိ ရှေးစာဆို) စာဆိုရဲ့လေးချိုးကဗျာပါ “ မြစ်ဧရာ ” ဆိုတဲ့စာသားက ဧရာဝတီမြစ်ကြီးကို ညွှန်းနေတာ ဖြစ်ပါတယ်။ ကနေ့ မြန်မာပြည်သူပြည်သားများထဲက ဧရာဝတီကိုမသိတဲ့သူ ရှိမယ်မထင်ပါ ။ အကြောင်းကတော့ ဧရာဝတီနဲ့ မြန်မာ၊ မြန်မာနဲ့ ဧရာဝတီ မကွဲမပြား တစ်သားတည်းဆက်စပ်နေလို့ပါ ။ အရင်ဆုံး ဧရာဝတီဆိုတဲ့အမည်ကို စူးစမ်းတင်ပြချင်ပါတယ်။ အဘိဓာန်အဖွင့်က တုန်လှုပ်သောရေရှိသည့်မြစ်၊ ဧရာဝတမည်သော ခရမ်း ပိမ့်ပင်၊ လိမ္မော်ပင် အငယ်မျိုး (Citrus Auranteum) များပေါက် ရောက်ရာမြစ်ဖြစ်တယ်တဲ့။ ဧရာဝတီအမည်ရပုံကို ဘာသာစကားအရင်းအမြစ်ကနေ...
Recent Comments