ဖြစ်ရပ်များ၊ အမှတ်တရများ

Dhamma Beri Sayadaw – လူထုဦးစိန်ဝင်း ကွယ်လွန်ခဲ့သည့်အတွက် ၀မ်းနည်းစကား

June 18, 2012
Dhamma Beri Sayadaw – လူထုဦးစိန်ဝင်း ကွယ်လွန်ခဲ့သည့်အတွက် ၀မ်းနည်းစကား

(ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ) ဇွန် ၁၈၊ ၂၀၁၂ လူထုရဲ့ နောင်မျိုးဆက်ပြည်သူတွေအတွက် အသက်ရှင်နေသမျှ လူထုနဲ့အတူ ရပ်တည်သွားမယ်လို့ ဘုန်းဘုန်းနဲ့ တွေ့စဉ်မှာ ကတိစကားပြောကြားခဲ့တဲ့ လူထုဦးစိန်ဝင်း … လူထုရဲ့ လက်ကျန်မျိုးဆက်တဦးအနေနဲ့၎င်း လူထုအတွက် စိုက်လိုက်မတ်တပ် ရေးခဲ့တဲ့ ဂျာနယ်လစ်တဦးအနေနဲ့၎င်း လူထုအတွက် လိုအပ်နေတဲ့အချိန်မှာ ဆုံးပါးခဲ့တဲ့အတွက် နှမျောမဆုံးဖြစ်မိပါကြောင်း ဓမ္မဘေရီ ဆရာတော် အရှင်ဝီရိယ (ခေတ္တ ယူအက်စ်အေ) (photo – http://enigmaimages.wordpress.com/2011/04/01/military-democracy-and-tea-with-the-peoples-veteran/ ) No tags for this post.

Read more »

Maung Yit – လူထုစိန်ဝင်း အမှတ်တရ

June 18, 2012
Maung Yit – လူထုစိန်ဝင်း အမှတ်တရ

မောင်ရစ်၊ ဇွန် ၁၈၊ ၂၀၁၂ ဆရာ လူထုစိန်ဝင်း ဆုံးပြီလို့ ဖုံးထဲကို မက်ဆိတ် ၀င်တယ်၊ ဂျီမေးထဲကို တက်စ် ၀င်တယ်။ ဖေ့စ်ဘွတ်ထဲကို တက်ဂ် ၀င်တယ်။ ရန်ကုန်မှာ ဆန်းဒေးည သန်းကောင်ယံ၊ ဒီဖက်မှာ ဆန်းဒေးမနက်ခင်း။ သတင်းသမားတွေအတွက် ဆန်းဒေးနဲ့ မန်းဒေးတွေဟာ သတင်းအေးတဲ့အချိန်၊ သတင်းထူး၊ သတင်းဦး အရေးပေါ်ဖြစ်ပြန်ရင်လည်း သတင်းသမားတွေ လူမစုံတဲ့ အားလပ်ရက် ဖြစ်နေတာမို့ ရှိတဲ့သူတွေနဲ့ တက်သုတ်ရိုက်ရတဲ့ နေ့မျိုးပေါ့။ အဲသည်လို သတင်းတွေ သတင်းသမားတွေ ပါးလျားနေတဲ့ နေ့ (ည) မှာ ဆရာလူထု (ဦး) စိန်ဝင်း ဆုံးတယ်။ ဒီနေ့အတွက် မြန်မာပြည်က စာနယ်ဇင်းတွေအတွက် တုန်လှုပ်သွားတဲ့ သတင်း၊ အားလုံးဟာ ရောက်တဲ့ နေရာတွေကနေ...

Read more »

Moe Kho – အိမ်ပြန်ချင်သူများ အတွက် ခိုင်ထူးရဲ့သီချင်းကောင်းလေး တပုဒ်

June 17, 2012
Moe Kho –  အိမ်ပြန်ချင်သူများ အတွက် ခိုင်ထူးရဲ့သီချင်းကောင်းလေး တပုဒ်

မိုးခို၊ ဇွန် ၁၇၊ ၂၀၁၂           ရေခြား မြေခြားမှာ မိဝေး ဖဝေး ဆွေမျိုးဝေး မိသားစုဝေးနဲ့ အလွမ်းတွေ ရင်မှာပိုက်ပြီး ရုန်းကန်နေကြသူတွေ ဒီဘက်ခေတ်မှာ ပိုပြီးများလာတယ်။ (ဟိုး..အရင်ခေတ်တွေ တုန်းကကတော့ သင်္ဘောသားနဲ့ ပညာတော်သင်တွေလောက်ပဲ ရှိတာ)။           မိုင်ပေါင်း ကုဋေဝေးပါစေ ဆက်သွယ်ရေး ကရိယာတွေက ပိုပီးကောင်းလာတာမို့ (ကမ္ဘာကြီကလဲ တဖြေးဖြေး ပြားလာရုံတင်မက ခွက်တောင် ခွက်ဝင်လာတာမို့) အလွမ်းတွေကို ကုစားချင်သလား အလွယ်ကလေးရယ်။ ခလုပ်တချက် နှိပ်လိုက်ရုံနဲ့ အသံကြားရုံတင်မက ရုပ်ကိုပါ (အရှင်လတ်လတ်) မြင်ရတဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ ပေါ်နေပြီလေ။ တယောက်နဲ့ တယောက် မြင်ရ ကြားရ အလွမ်းတွေကို ခြေဖျက်နိုင်ကြပြီပေါ့။ အဲ့ဒီလို ချစ်သူတွေ ကြားက အလွမ်း သားသမီးနဲ့ မိဘကြားက...

Read more »

ရန်ကုန်မှ အပြန်

April 16, 2012
ရန်ကုန်မှ အပြန်

အရှင်ဝီရသူ ဧပြီ ၁၆၊ ၂၀၁၂ စာရေးသူအတွက်မူ တခါမျှ ရန်ကုန်ပရိသတ်နှင့် ထိတွေ့ဖူးခြင်းမရှိလေသောကြောင့် ရန်ကုန်ပရိသတ်နှင့် ထိတွေ့ခွင့်ရသည်ကိုပင် ကျေးဇူး တင်ရမည် ဖြစ်ပေသည်။ တရားပွဲများ ဆက်လက်ပင့်ကြရာ အချိန်မရ၍သာ လက်မခံနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အာဖဂန်သံစဉ်မှ မြန်မာသံစဉ်သို့ ပြောင်းသွားသော်လည်း အားပေးမြဲဖြစ်သော ရန်ကုန်ပရိသတ်ကို အထူးကျေးဇူးတင်ရမည် ဖြစ်ပေ၏။ အပြန် လေယာဉ်ပေါ်တွင် တိပိဋကဓရ တိပိဋကကောဝိဒ (အာဂုံပြန်ဆိုရော၊ ရေးဖြေပါ) အောင်မြင်ခဲ့သူ တိပိဋက အသစ်စက်စက် တိပိဋက ပူပူနွေးနွေးဖြစ်သော တေရသမတိပိဋကဓရ ဆရာတော် ဦးဣန္ဒာစရိယနှင့် ထိုင်ခုံမှာ အတူဆုံဖြစ်ကြပေသည်။ စာရေးသူက ယာအစွန်၊ တိပိ ဋကဆရာတော်က အလယ်ကောင်၊ စီးပွားရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဝဲအစွန်တွင် အတူထိုင်ကြရလေသည်။ တိပိဋကဆရာတော် ဦးဣန္ဒာစရိယကမိတ်ဆက်ပေး၍ ဝန်ကြီးနှင့်စကား...

Read more »

၁၉၉၂ မြောက်ပိုင်း ABSDF တွင် ရက်စက်စွာလုပ်ကြံစွပ်စွဲခံခဲ့ရသောသူများထဲမှ လူတစ်ယောက်၏မိသားစုဘဝ

March 27, 2012
၁၉၉၂ မြောက်ပိုင်း ABSDF တွင် ရက်စက်စွာလုပ်ကြံစွပ်စွဲခံခဲ့ရသောသူများထဲမှ လူတစ်ယောက်၏မိသားစုဘဝ

 စိန်စိန်သူ မတ်လ ၂၇၊ ၂၀၁၂ ကျမဖေဖေ၏သေဆုံးမှုတွင် ရက်စက်စွာပါဝင်ဆင်နွှဲခဲ့ကြသောသူများသည်လည်း မိဘ၊ မိသားစုဘ၀ မျှော်လင့်ချက်၊ အနာဂတ်ဘ၀ဆိုတာ ရှိကြမှာပင်။ သို့သော် လူသားချင်းစာနာစိတ်၊ ကိုယ်ချင်းစာစိတ်ကင်းမဲ့စွာ ဖေဖေအပါအ၀င် လူပေါင်းများစွာ၏အသက်၊ မိသားစုဘ၀၊ အနာ ဂတ်ပေါင်းများစွာကို ရက်ရက်စက်စက် ဖျက်ဆီးခဲ့ကြပါသောလူတစ်စုသည် အမှန်တကယ်ရှိခဲ့ပါတယ်။ ထိုလူတစု၏ လုပ်ကြံစွပ်စွဲမှုကို ခံခဲ့ရ သော အမှန်တကယ်နစ်နာသူများစွာထဲကတဦးဖြစ်သည့် ကျမဖေဖေ၏ဘ၀အကြောင်းကို ပြောပြလိုပါတယ်။ ဖေဖေဦးစိန်ကို ၁၉၄၄ ခု၊ မတ်လ ၂၈ ရက်နေ့မှာ ပဲခူးတိုင်း၊ စစ်ကွင်းမြို့တွင် မွေးဖွားခဲ့ပါတယ်။ ဦးသန်း၊ ဒေါ်စောညွှန့်တို့၏ သားသမီး (၆) ယောက်တွင် အငယ်ဆုံးသားပါ။ ကျမအဖွား မေမေကြီးဒေါ်စောညွှန့် ကျမကိုပြောခဲ့သော စကားတစ်ခွန်းရှိပါတယ်။ “ငါ အချစ်ဆုံးနဲ့ အမုန်း ဆုံးက တယောက်တည်း” ဟုပါ။...

Read more »

မြူတိမ်ဝေဝေ … တောင်ခိုးဝေးဝေး (၂၀)

February 20, 2012
မြူတိမ်ဝေဝေ … တောင်ခိုးဝေးဝေး (၂၀)

မေခ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၂ ( Twilight over Burma – Serial Translation) အခန်း (၉) သူ့ဝါးတဲလေးထဲတွင် အကျဉ်းသားအဖြစ် နေရသည်မှာ ဒုတိယနေ့ပင်ကုန်ဆုံးတော့မည် ဖြစ်လေသည်။ အရင်နေ့တွေကလိုပဲ စဝ်အဖို့ လွတ်မြောက်ရန် ပိုမိုနီးစပ်သောအခြေအနေကို မမြင်ရသေးချေ။ မိန်းတိုင်းမှာ ကွန်မြူနစ်တွေလား အခြားသောင်းကျန်းသူတွေလား ဘယ် သူကများ သူလို လူပေါင်းမည်မျှကို ဖမ်းထားခဲ့ပြီလဲဟု သူတွေးနေမိလေသည်။ သူ့အတွက် ကူညီပေးရန် ဝန်ကြီးချုပ် ဦးနုအပေါ်ထားရှိသော မျှော်လင့်ချက်သည်လည်း လျော့နည်းလာတော့သည်။ အကယ်၍ ဖြစ်နိုင်လျှင် ကမ္ဘာကုလသမဂ္ဂကပါဝင်လာပြီး နယ်စပ်ကဘိန်းကိစ္စကို ဖြေရှင်းပေးနိုင်လျှင် ပြေလည်နိုင်သည်။ သို့သော်လည်း သည်ကိစ္စကလည်း အချိန်အတော်ယူရပေဦးမည် ဖြစ်ပြန်သည်။ အခုတော့သူသည် အဖိုးတန်သော ကုန်ပစ္စည်းတခုလို ကျန်နေရစ်တော့သည်။ သူသည် သူ့ညာလက်ဝါးကိုဖြန့်ပြီး...

Read more »

ဝမ်းနည်းဖွယ်ရာ အာအိုင်တီ

February 18, 2012
ဝမ်းနည်းဖွယ်ရာ အာအိုင်တီ

ဝတ်မှုန် ဖေဖော်ဝါရီ ၁၈၊ ၂၀၁၂ မြန်မာတပြည်လုံး ပညာရေးချုံးချုံးကျလာတာ အာအိုင်တီတခုတည်းအတွက် ၀မ်းနည်းနေရမလား ..ပြောလာရင်လဲ၊ ခံရမှာပါ။ ဘာကြောင့် များ အစိတ်စိတ်အမွှာမွှာကွဲသွားရသလဲဆိုတာ စဉ်းစားမိပြီး၊ အာအိုင်တီကျောင်းဆင်းများ ဆရာပဲထိုင်ပြီးကန်တော့နေမဲ့ပွဲများကနေ တခုခု လုပ်ဖို့ လိုလာပြီထင်ပါတယ်။ အင်တာနက်ဝက်ဆိုဒ် http://www.most.gov.mm/techuni/ ကိုကြည့်လိုက်တော့ အာအိုင်တီ (ရန်ကုန်စက်မှုတက္ကသိုလ်) RIT-Rangoon Institute of Technology ကို ရန်ကုန်နည်းပညာတက္ကသိုလ် YTU Yangon Technology University လို့ အမည်ပြောင်းလိုက်ပါတယ်။ ယခင်က ၆နှစ်တက်မှ ရတဲ့ B.E အင်ဂျင်နီယာဘွဲ့ကို အခုခေတ် အစိတ်စိတ်၊ အပိုင်းပိုင်း တက်နေရပါတယ်။ အရင်က ၃ နှစ်တက်ရတဲ့ ဒီပ လိုမာ ဂျီတီအိုင်ကို ၂ နှစ်ပဲတက်ရတယ်။ နောက်ထပ်...

Read more »

Law Eh Soe – ရိုက်ခတ်နေဆဲ ရွှေဝါရောင်လှိုင်းလုံးများ

February 8, 2012
Law Eh Soe – ရိုက်ခတ်နေဆဲ ရွှေဝါရောင်လှိုင်းလုံးများ

ရိုက်ခတ်နေဆဲ ရွှေဝါရောင်လှိုင်းလုံးများ လောအယ်စိုး၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၂ သာမန်လူသားတဦးဖြစ်သော ကျနော်သည် ချစ်ခင်တတ်သော စိတ်ရှိသလို မုန်းလဲ မုန်းတတ်ပါသည်။ ကောင်းမှန်းသိပေမဲ့ ပြုလုပ်နိုင်ရန် ခက်ခဲသော ခွင့်လွှတ်တတ်ခြင်းကို လက်တွေ့ ကျင့်ဆောင်နိုင်ရန် ဘုရားရှင်ထံမှ ခွန်အားယူရပါသည်။     အထက်ပါ စိတ်နေ သဘောထား နှစ်ခုအပြင် သာမန်လူသားဖြစ်သော ကျနော့်ထံ၌ မည်ကဲ့သို့မျှ ဟန်ဆောင်၍ မရနိုင်တော့သည့် ကြောက်ရွံစိတ်များ ၀င်ခဲ့သော အချိန်များလဲ ရှိခဲ့ပါသည်။ ထို ထိတ်လန့်ဘွယ်ရာ ကြုံဆုံခဲ့ရသော အဖြစ်အပျက်တခုကို ပြန်၍ မြင်ယောင်မိပါသည်။     ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွေမှာ စစ်အစိုးရသည် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၏ အရှေ့မုဒ်ဦးနှင့် ဆူးလေမီပွိုင့်တို့တွင် ရဟန်းနှင့်ကျောင်းသားပြည်သူတွေကို...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်