ဖြစ်ရပ်များ၊ အမှတ်တရများ

ကိုကြီးသာရ အသက်ရာကျော် ရှည်ပါစေ

March 2, 2016
ကိုကြီးသာရ အသက်ရာကျော် ရှည်ပါစေ

ကိုကြီးသာရ အသက်ရာကျော် ရှည်ပါစေ မောင်စွမ်းရည် (အောက်တိုဘာ ၂၇၊ ၂၀၀၉) (မိုးမခပြန်လည်ဆန်းသစ်) စာရေးဆရာ မောင်သာရရဲ့ အသက်ဟာ ၇၈ နှစ် ပြည့်မြောက်လို့ ၇၉ ထဲ ရောက်ခဲ့ပါပြီ။ ၈၀ တန်းပေါ့။ ဗမာလူမျိုး တယောက်အနေနဲ့ အသက် ၈၀ တန်းအထိ နေရတယ် ဆိုတာ တော်တော့ကို ကုသိုလ်ထူးလို့ပါ။ ဒီကြားထဲကကိုပဲ ကဗျာဆရာကြီးမင်းသုဝဏ်၊ ၀တ္ထုရေးဆရာကြီး မောင်ထင်နဲ့ သတင်းစာဆရာမကြီး လူထုဒေါ်အမာတို့ဟာ အသက် ၉၀ ကျော် ၁၀၀ နီးနီး နေသွားကြရပြီး မကြာခင်မှာ ကွယ်လွန်သွားခဲ့ကြပါတယ်။ ကျနော်တို့ ကိုကြီးသာရကတော့ မနှစ်က တော်တော်ချူချာတယ်။ နှလုံးလည်း ခွဲစိတ်ကုသ ခဲ့ရတယ်။ ကြေးမုံဦးသောင်းလည်း နှလုံးခွဲစိတ်ကုလသရသလို သူလည်း ခွဲရတာ ဆိုတော့...

Read more »

မောင်လင်းယုန် (ရှမ်းပြည်) – ” မေမေ့အိပ်မက်”

February 27, 2016
မောင်လင်းယုန် (ရှမ်းပြည်) – ” မေမေ့အိပ်မက်”

မောင်လင်းယုန် (ရှမ်းပြည်) ၈၄ နှစ် ကွယ်လွန်ကြောင်း သိရှိရသည့်အတွက် မိုးမခက ၀မ်းနည်းမှတ်တမ်း ပြုအပ်ပါသည်။ သရုပ်ဖော်ပုံမှာ ဆရာကြီး ၇၅ နှစ်ပြည့်မွေးနေ့ အမှတ်တရ ပန်းချီ ယဉ်မင်းပိုက် ရေးဆွဲသည့် ပုံတူ ဖြစ်ပါသည်     မောင်လင်းယုန် (ရှမ်းပြည်) – ” မေမေ့အိပ်မက်” (မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆ သည်ည ..ကျမအိပ်မောကျစဉ် အိပ်မက်မြင်ခဲ့ရ ရင်တွင်းအသည်းခိုက်ကြေကွဲစရာ ခုတိုင်..ကျမ ငိုနေဆဲပါ။ ကျမ  ပူမှုပွားအောင်ထားရစ်ခဲ့တဲ့ ကျမရဲ့  ရင်နှစ်သည်းခြာ၊ သူ့ ရုပ်ပုံလွှာ အော်..သည်ရင်သွေး၊ ကျမ မွေးပါရက် မကျွေးသာတဲ့  မယ့်သည်းခြာ။ ကောင်းကင်ဘုံမြင့်အတွင်း ချင်းနင်းဝင်ကာ ကျမရဲ့ကလေးကို  ရှာစဉ် ညင်ညင်သာသာ  သန့်သန့်ကြည်ကြည်...

Read more »

ခက်ဦး – စနေတစ်နေ့ ဆရာမြနှင့် စာဖတ်သံများ

February 19, 2016
ခက်ဦး – စနေတစ်နေ့ ဆရာမြနှင့် စာဖတ်သံများ

ပန်းချီ မုတ်သုံ ခက်ဦး – စနေတစ်နေ့ ဆရာမြနှင့် စာဖတ်သံများ  (မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆ ဆရာမြသန်းတင့်ရဲ့ပုံတစ်ပုံ ဖေ့စ်ဘွတ်ခ်ပေါ်မှာတွေ့လိုက်ရသည် ဆရာမြသန်းတင့်ချစ်သူများဆိုတဲ့ ဂရုတစ်ခု ဆက်တွေ့ရပြန်သည် ။ လွန်ခဲ့သော ၁၈နှစ်ခန့်က မထင်မရှားရှိခဲ့သည့်ကျွန်တော့်ရဲ့ အတိတ်က ရက်စွဲတစ်ခု၊  စာမျက်နှာတရွက်၊  ကျွန်တော့်ကို ဖတ်ရှုသွားခဲ့ဖူးသော စာမျက်နှာတရွက်။ အခု ကျွန်တော့်ကို ဖုန်မှုန့်ကလေးများ ခပ်ရွရွမှုတ်ထုတ်ပြီး ပြန်လည်လှန်လှော ဖတ်ရှုခံနေရသလို ခံစားလိုက်ရပြန်ပါသည် ။ လွန်ခဲ့သော ၁၈ နှစ်ခန့်က ရက်စွဲတစ်ခု၏ တနေ့သော စနေ တရက်တွင်ဖြစ်ပါသည် ။ ကျွန်တော်က ထိုနေ့တွင် တောင်ငူမြို့ ရေတာရှည်၊ ဇေယျဝတီ၊ ကြံလုပ်ငန်း ရုံးတစ်ရုံးတွင် တယ်လီဖုန်းစောင့် ဝန်ထမ်းတစ်ဦးဘဝနှင့် ရုံးအချိန်ပိုဆင်းနေခဲ့ရပါသည် ၊ ထိုနေ့က...

Read more »

ကိုကိုကြီး – ” အသည်းမာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ “

February 7, 2016
ကိုကိုကြီး – ” အသည်းမာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ “

ကိုကိုကြီး – ” အသည်းမာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ “ (သူ့ဖေစ့်ဘွတ်) မိုးမခ၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၆ နိုင်ငံရေးအကျဉ်းသား မရှိပါဘူး လို့ ဘူးခါ ခဲ့တဲ့ အရင်အုပ်စိုးသူတွေလဲ အကျဉ်းထောင်ထဲရောက် ၊ အဖမ်းခံကြရ ၊ နေအိမ်အကျယ်ချုပ်ဖြစ်သူဖြစ် ။ သူတို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မလား ၊ မသတ်မှတ်ဘူးလား ။ ဘာဘဲဖြစ်ဖြစ် ဘဝတူလာတော့လဲ စာနာရတာပါဘဲ ။ အသည်းမာတယ်လို့ပြောရင် စိတ်ဓါတ်မာကျောတယ် ၊ ခံနိုင်ရည်ရှိတဲ့အဓိပ္ပာယ် ။ ဟုတ်ပါတယ် ။ ဝမ်းနည်းကြေကွဲစရာတွေ ခံစားရတာတောင် ဒီလူတွေရှေ့မှာတော့ မေးကြောကြီးတွေထောင်နေအောင် ကြိတ်ပြီးတင်းခံမယ် ၊ အသည်းမာတယ်ပေါ့ ။ အခုပြောချင်တာက တကယ့်ကို အသည်းမာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အားလုံးထဲမှာ အသည်းရဲ့ လုပ်ငန်းတာဝန်တွေဟာ အင်မတန်ထူးခြား ရှုတ်ထွေးပါတယ် ။ အဆိပ်အတောက်တွေအကုန်လုံးကို ခြေဖျက်စစ်ထုတ်ရတယ် လို့ဆိုပါတယ်...

Read more »

ဦးဇင်းဂျောင်းဂျောင်း(ရွှေဝါရောင်) – ဘဝ၏ အဆိုးဆုံး နေ့ရက်များ (၃)

January 25, 2016
ဦးဇင်းဂျောင်းဂျောင်း(ရွှေဝါရောင်) – ဘဝ၏ အဆိုးဆုံး နေ့ရက်များ (၃)

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်အရေးတော်ပုံ နေ့ရက်များကို သမိုင်းဝင်အောင် သရုပ်ဖော်ခဲ့သည့် ဟန်လေး၏ လက်ရာ   ဦးဇင်းဂျောင်းဂျောင်း(ရွှေဝါရောင်) – ဘဝ၏ အဆိုးဆုံး နေ့ရက်များ (၃) (မိုးမခ) ဇန်န၀ါရီ ၂၅၊ ၂၀၁၆ အင်းစိန် GTI စစ်ကြောရေးစခန်းရောက်ပြီး အကြေကွဲရဆုံး နေ့ရက်ကိုပြောပါ ဆိုလျှင် စက်တင်ဘာလ ၃၀ရက် ၂၀၀၇ ဟု ပြောရမည်ဖြစ်ပါသည်။ ထိုနေ့က မနက် ၅နာရီ က မိုးသည်းထန်စွာ ရွာနေခဲ့သည်။ နေ့လည်ပိုင်းမှသာ မိုးဖွဲလေး ကျနေသည်။ မနက်က ကုဋီ(အိမ်သာ) တက်ထွက်တော့ အားလုံးမိုးမိကြသည်။ အိမ်သာကလည်း အကာသာ ကာထားသဖြင့် မိုးမလုံ၊ အားလုံး အအေးပတ်နေကြသည်။ အဝတ်ကလည်း လဲစရာမရှိတာလည်း ပါသည်။   မနက် ၇နာရီကတည်းက စစ်ကြောခံ...

Read more »

မောင်စွမ်းရည် – အဖမ်း မခံရဖူးတဲ့ ကဗျာဆရာ

January 22, 2016
မောင်စွမ်းရည် – အဖမ်း မခံရဖူးတဲ့ ကဗျာဆရာ

တင်မိုးနဲ့ မောင်စွမ်းရည်၊ ၂၀၀၆ ခုနှစ်၊ မိုးမခတရားစခမ်း၊ မောင်စွမ်းရည် – အဖမ်း မခံရဖူးတဲ့ ကဗျာဆရာ (မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၆ အလယ်တန်းကျောင်း ဖတ်စာအုပ်တစ်အုပ်ထဲမှာ ဖတ်ရဖူးတာလေးတခုကို စွဲလန်းနေခဲ့ဖူးတယ်။ “ကြက်သီး မထဖူးသော မင်းသား” တဲ့။ ကျနော့်အပေါင်းအသင်းများကရော၊ စာဖတ်ပရိသတ်ကရော ကျနော့်ကို အထူးသတိပြုမိတာက “ အဖမ်းမခံရဖူးတဲ့ ကဗျာဆရာ” တဲ့။ ကျနော်ကိုယ်တိုင်က အမှတ်တမဲ့နေခဲ့တာပါ။ ခုလို သူပြောသူပြောများလာတော့မှ ကိုယ့်ကိုယ်ကိုယ် သတိထားမိလာရတယ် “အလို..ငါဟာ အဖမ်းမခံရဖူးတဲ့ ကဗျာဆရာပါလား” ။ “အဖမ်းမခံရဖူးတဲ့ တဦးတည်းသော ကဗျာဆရာပါကလား” လို့။ ဒီအကြောင်းကိုရေးရတာက “ အရှက်ပြေ” ဖြေရှင်းတာမျိုးမဟုတ်ပါ။ အဖမ်းမခံရတာကို ရှက်စရာတခုလို့လဲ သတိမထားမိပါ။ ရှက်စရာလို့လဲ မထင်ပါ။ မကောင်းတာလုပ်ရင်...

Read more »

မြင့်ကျော် – အဖေနှင့် အတိတ်က ပုံရိပ်များ

January 11, 2016
မြင့်ကျော် – အဖေနှင့် အတိတ်က ပုံရိပ်များ

  မြင့်ကျော် – အဖေနှင့် အတိတ်က ပုံရိပ်များ  (မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၆   ၂၀၀၃ ခုနှစ်၏ အစ ၄၈ နာရီမပြည့်မီတွင် အဖေလူ့လောကထဲမှ ထွက်ခွာသွားခဲ့သည်။ ၂၀၀၂ ခု ကုန်ခါနီး ဆေးရုံပေါ်တွင် ဝေဒနာနှင့် အားပြိုင်နေရစဉ် မြန်မာနိုင်ငံ၏ အာဏာရှင် ဦးနေ၀င်း ကွယ်လွန်သွားခဲ့သည်။ ထိုအဖြစ်ကို အဖေသာ သိခဲ့လျင် ဘယ်လိုခံစားရမည်လဲဟု ကျွန်တော့်စိတ်ထဲ ဖြစ်နေမိသည်။ ဘာကြောင့် ဦးနေ၀င်း ကွယ်လွန်သည့် အဖြစ်နှင့် အဖေ မကွယ်လွန်မီ ဝေဒနာရောဂါနှင့် နပန်းလုံးနေရသည့်အဖြစ်က သက်ဆိုင်သနည်းဟု မေးစရာရှိပေလိမ့်မည်။   အဖေသည် ဦးနု၏ သန့်ရှင်း ဖဆပလ ကိုထောက်ခံသူဖြစ်သည်။ နိုင်ငံရေးတွင် ဦးနုကို လေးစားသူဖြစ်သည်။ ကျွန်တော်တို့...

Read more »

ဂျူနီယာဝင်း – ဆရာကြီးဦးသက်ထွန်းသို့အမှတ်တရ

December 8, 2015
ဂျူနီယာဝင်း – ဆရာကြီးဦးသက်ထွန်းသို့အမှတ်တရ

(ဆရာကြီးဦးသက်ထွန်း အမှတ်တရစာအုပ်) ဂျူနီယာဝင်း – ဆရာကြီးဦးသက်ထွန်းသို့အမှတ်တရ (မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၅ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသက်ထွန်း၊ ဆွစ်ဇာလန်နိုင်ငံ စပိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသက်ထွန်း ဟူသော ဆရာကြီးဦးသက်ထွန်းကို ကျွန်မစတင်သိကျွမ်း ခင်မင်ခွင့်ရခဲ့ချိန်မှာ ဆရာကြီး ဒါရိုက်တာအဖြစ် ထွန်းဖောင်ဒေးရှင်းဘဏ်တွင် တာဝန်ယူစဉ်က ဖြစ်ပါသည်။ အချိန်ကာလအားဖြင့် ၂၀၀၈ ခုနှစ်လောက်မှာ ဖြစ်ပါသည်။ (ဆရာကြီးဦးသက်ထွန်းနှင့် ၂၀၀၈ခုနှစ် တုန်းက အမှတ်တရ နောက်တွင် ရပ်နေသူမှာ ကျွန်မ၏ဖခင် ဒေါက်တာခင်မောင်ဝင်း)                   ကျွန်မဘာသာပြန်ရေးသားခဲ့သော Lewis Carroll ‘s Alice in Wonderland...

Read more »

အောင်မှိုင်းဆန်း – နှင်းမုန်တိုင်းထဲက ၂၆ ရက် ။ အပိုင်း (၁ မှ ၁၀ အထိ)

November 26, 2015
အောင်မှိုင်းဆန်း – နှင်းမုန်တိုင်းထဲက ၂၆ ရက် ။ အပိုင်း (၁ မှ ၁၀ အထိ)

  အောင်မှိုင်းဆန်း – နှင်းမုန်တိုင်းထဲက ၂၆ ရက် ။ အပိုင်း (၁ မှ ၁၀ အထိ) (သူ့ဖေ့စ်ဘွတ်) မိုးမခ။ နိုဝင်ဘာ ၂၆၊ ၂၀၁၅ အပိုင်း – ၁   ဂျိမ်းကနဲမြည်သွားတဲ့ တိုက်တံခါးပိတ်သံက ကျနော့် နားထဲမှာတော့ ဒိန်းခနဲ မြည်ဟီးထွက်ပေါ်လာတဲ့ တိုက်ပွဲအချက်ပေး အမြောက်သံလိုလို …. “ငါ …. တိုက်ပွဲစလိုက်ပီ” လို့ ကိုယ့်ကိုယ်ကို ထင်းကနဲ သိလိုက်မိတယ်။ ကျနော် ရဲ့ အစာငတ်ခံဆန္ဒပြပွဲ ပထမနေ့က အခြေအနေသိပ်ပီး ဆိုးဆိုးဝါးဝါးနဲ့ မရင်ဆိုင်ရသေး။ အားလုံး ချောချောမွေ့မွေ့။ ၁ တိုက် ၂ ခန်းထဲလေးမှာ ….။   တကယ်တော့ ဒီ အစာငတ်ခံ ဆန္ဒပြ တာကို အရမ်း...

Read more »

မောင်လူပေ – RIT ကျောင်းသားတွေရဲ့ ၇၆ ခုနှစ်က အသံ၊ ခုထိလည်း ပဲ့တင်ထပ်နေဆဲ

October 30, 2015
မောင်လူပေ – RIT ကျောင်းသားတွေရဲ့ ၇၆ ခုနှစ်က အသံ၊ ခုထိလည်း ပဲ့တင်ထပ်နေဆဲ

မောင်လူပေ – RIT ကျောင်းသားတွေရဲ့ ၇၆ ခုနှစ်က အသံ၊ ခုထိလည်း ပဲ့တင်ထပ်နေဆဲ (မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၅ အဖြစ်အပျက်က ၁၉၇၆ခု ဇွန်လ ၆ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။အဲဒီအချိန်က အရေးအခင်းတွေ တန်းစီ ဖြစ်နေချိန်။ ၁၉၇၄မှာ ဦးသန့်အရေးအခင်း။ ၁၉၇၅မှာ အလုပ်သမားအရေးအခင်းနဲ့။ ဒီအဖြစ်အပျက်ဖြစ်တဲ့နှစ် ၁၉၇၆ မှာ မှိုင်းရာပြည့် အရေးအခင်းတွေ  ဖြစ်နေကြတယ်။ ကျောင်းသားတွေက နိုင်ငံရေးရေချိန်တက်နေကြပြီ။ တိုင်းပြည်စီးပွားရေးကလည်း မကောင်းတော့ ကုန်ဈေးနှုန်းတွေတက်။ ဒီလိုအခြေအနေတွေကြောင့် အစိုးရက ကျောင်းသားတွေကို ချွေးသိပ်တဲ့အနေနဲ့ တက္ကသိုလ်ကျောင်းတွေမှာ နိုင်ငံတိုးတက်ရေးအတွက် ကျောင်းသားများရဲ့အသံကို နားထောင်ဆွေးနွေးမယ် ဆိုပြီး လုပ်လာတာ။ ပထမဆုံး တိ/မွေးကုကျောင်းကို သွားကြတယ်။ အောင်မြင်ခဲ့တယ်။ ဒုတိယမြောက်အနေနဲ့ အာအိုင်တီကို ရောက်လာတာပါပဲတဲ့။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်