ဖြစ်ရပ်များ၊ အမှတ်တရများ

ဝင်းအောင်ကြီး(မောင်အောင်မွန်) – ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ

July 23, 2015
ဝင်းအောင်ကြီး(မောင်အောင်မွန်) – ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ

၁၉၈၀ ရှုမ၀မဂ္ဂဇင်းအဖုံး ၀င်းအောင်ကြီး(မောင်အောင်မွန်) – ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမ၀ ကျနော်တွေးမိသလို ရေးပါမည် (၅၁) (မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၅ ၁၉၅၃ ခု၊ ရန်ကုန်တက္ကသိုလ် ရောက်လာပြီး စာပေ၀ါသနာ ပါသူများကြား နောက်ပိုင်းရောက်လာသူက မောင်ဆွေတင့်၊ ခေါ်လာသူက ကိုထွန်းမြင့် ( တက္ကသိုလ်မင်းမော်)။ သူက ဦးကျော်ရဲ့ သားအကြီးဆုံး၊ ရှုမ၀ ငယ်မွေးခြံပေါက်မို့ စက္ကူပုံပေါ် အိပ်လာသူလို့ နောက်လေ့ရှိတယ်။ မင်းမော်က ကဗျာဆရာ၊ ကျနော်က ၀တ္ထုတိုသမား၊ မောင်ဆွေက အဲဒီ ၂ မျိုးသာမက ပန်းချီဆွဲ၊ အယ်ဒီတာလုပ်။သီချင်းဆို၊ရုပ်ရှင်ဒါရိုက်တာလည်း ဖြစ်လိုက်သေးသူပါ။ ၁၉၆၂ ခု၊ ဇွန်လ ရှုမ၀ မောင်အောင်မွန်ရဲ့ ပြန်လည်ဆုံဆည်းရာ ပါလာစဉ်က အယ်ဒီတာချုပ်က ဦးကျော်၊...

Read more »

လှမြင့် (ရန်ကုန်တက္ကသိုလ်) – ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ

July 18, 2015
လှမြင့် (ရန်ကုန်တက္ကသိုလ်) – ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ

လှမြင့် (ရန်ကုန်တက္ကသိုလ်) – ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ   (ချင်းတွင်း၊ မိုးမခ) ပြန်လည်ဆန်းသစ်ခြင်း၊ ဇူလိုင် ၁၈၊ ၂၀၁၅ လှမြင့် (ရန်ကုန်တက္ကသိုလ်) ရဲ့ “ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ” ပြန်ပြောင်း ရှာဖွေ ဖော်ထုတ်မှုကို ချင်းတွင်း၊ မဂ္ဂဇင်း အမှတ် (၄ဝ)၊ ဇူလိုင်လ၊ ၂ဝဝ၉ ခု ထုတ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အာဇာနည် ခေါင်းဆောင်ကြီးများသည် နယ်ချဲ့တို့၏ သွေးခွဲ သပ်လျှိုမှု၊ အသားထဲမှ လောက်တွယ်မှု ဖြစ်ရပ်ဆိုးတို့ကို အရင်းခံလျက် ရေတိမ် နစ်ခဲ့ကြရသည့် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရသော...

Read more »

မောင်စွမ်းရည် – ဒေါ်အောင်ဆန်းစုကြည်နဲ့ ကဗျာဆရာများ

July 18, 2015
မောင်စွမ်းရည် – ဒေါ်အောင်ဆန်းစုကြည်နဲ့ ကဗျာဆရာများ

  cartoon win aung   မောင်စွမ်းရည် – ဒေါ်အောင်ဆန်းစုကြည်နဲ့ ကဗျာဆရာများ (မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၅   နိုင်ငံရေးသမားလို အများအကျိုးကို ထမ်းဆောင်ရသူတဦးဟာ စာပေ အနုပညာများကို မြတ်နိုးသူမဟုတ်ရင် နည်းနည်း စိုရိမ်ရပါတယ်။ စာပေအနုပညာများကို မမြတ်နိုးသူဟာ “ရုပ်ကြမ်း သမား”တွေ ဖြစ်တတ်ပါတယ်။ ရုပ်ကြမ်းသမားဆိုတာ စိတ်နှလုံးမနူးညံ့တဲ့၊ စာနာထောက်ထားမှု မရှိတဲ့။ ခံစားမှုမဲ့တဲ့ လူမျိုးကို ဆိုလိုပါတယ်။ နိုင်ငံကို ချစ်ကောင်း ချစ်ပေမဲ့ ပြည်သူလူထုအပေါ် ကရုဏာ နည်းတတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ စာပေအနုပညာများကို မြတ်နိုးတဲ့ နိုင်ငံရေး သမားတဦး ဖြစ်ပါတယ်။ ဒါကြောင့်လဲ ငြိမ်းချမ်းရေးကို မြတ်နိုးသူ၊ အကြမ်းနည်းနဲ့ ပြဿနာ ဖြေရှင်းတာကို မနှစ်သက်သူ ဖြစ်နေတာလို့...

Read more »

ဝင်းအောင်ကြီး – ကျနော်တွေးမိသလို ရေးပါမည် (ဆဲဗင်းဇူလိုင်)

July 8, 2015
ဝင်းအောင်ကြီး – ကျနော်တွေးမိသလို ရေးပါမည် (ဆဲဗင်းဇူလိုင်)

ဝင်းအောင်ကြီး – ကျနော်တွေးမိသလို ရေးပါမည် (ဆဲဗင်းဇူလိုင်) (မိုးမခ) ဇူလိုင် ၈၊ ၂၀၁၅ တကသ ဆိုင်မှာစားခဲ့တဲ့ နောက်ဆုံးနေ့လည်စာ ၁၉၆၂ ခု၊ ဇူလိုင်လ ၄ ရက်နေ့။ ကျောင်းသားဘ၀ ကိုယ့်အဆောင်မှာလည်း ထမင်းဟင်းကောင်းလို့ သွားလေ့မရှိပေမယ့် မြန်မာ့အသံရောက်တော့ မကြာခဏသွားစားဖြစ်တယ်။ အဲဒီနေ့က မှတ်မှတ်ရရ စာရေးဆရာသန်းဆွေ၊ ဦးသန်းမြင့်(အဘ)၊ ကိုခင်ရှိန်(မောင်ချစ်ယဉ်) နဲ့ပါ။ မကြုံစဖူး ပြောင်းလဲလာတာလည်းကြည့်၊ လိုက်ထမင်းအုပ်သေးလေးထားပေးလို့ ပူပူနွေးနွေး လိုသလောက်ထည့်၊ အရည်သောက်က အချဉ်ဆို ငါးပိထောင်း၊ တို့စရာထဲ ဓညင်းသီး တလုပ်စာအသင့်လှီးပေးထား၊ ကျနော်က ဥပါတဲ့ငါးပုဏ္ဏားဟင်း၊ ဘူးသီးဟင်းခါးနဲ့လိုက်အောင် မှာလိုက်တဲ့ ငါးဖယ်သုတ်ထဲ ကငရုတ်သီးစိမ်နဲ့ရှေက်ညွန့် တို့အရောင်းချင်းပြိုင် ရနံ့သင်းလှိုင်လှိုင်။ မချစ်စုသရက်သီးမှည့် အတုံးလှတွေစားအပြီး၊ ကော်ဖီခါးအအေးတခွက်သောက်။ ကိုနန်းဝေရဲ့ ပန်းချီကားကိုငေး၊ သူနဲ့ဆုံတဲ့အခါ...

Read more »

ဝင်းအောင်ကြီး – ကိုအောင်သင်း ကံဇာတာတက်လို့ ကျနော် မိန်းမအဆူ မခံလိုက်ရ

June 30, 2015
ဝင်းအောင်ကြီး – ကိုအောင်သင်း ကံဇာတာတက်လို့ ကျနော် မိန်းမအဆူ မခံလိုက်ရ

Saya U Aung Thin (1927 – 2014) ၀င်းအောင်ကြီး – ကိုအောင်သင်း ကံဇာတာတက်လို့ ကျနော် မိန်းမအဆူ မခံလိုက်ရ ကျနော်တွေးမိသလို ရေးပါမည် (၄၄) (မိုးမခ) ဇွန် ၃၀၊ ၂၀၁၅ ၁၉၇၀ နိုင်ငံတကာ စာအုပ်နှစ်စာပဟောပြောပွဲမှာ “ စာဖတ်သူခံစားရသော စာပေ့သြဇာ” စာတမ်းရှင် ဦးအောင်သင်းနဲ့ “ စစ်ပြီးခေတ် ၀တ္ထုတိုများ” စာတမ်းဖတ်တဲ့ကျနော် ဆုံတွေ့ကြခင်မင်လာကြသောအခါ၊ ကျနော့ထက် အသက် ၁၀ နှစ်ကြီးပေမယ့် ဦးအောင်သင်းလို့ ဆရာလို့မခေါ်ရ ဆိုတာနဲ့ ကိုအောင်သင်းလို့ခေါ်ရင်း ပြောမနာဆိုနာ ဖြစ်ခဲ့ရတာပါ။ သူ့အိမ်ကိုသွားတိုင်း ခွေးကြီးကဟောင်၊ မဟောင်တဲ့ တနေ့  … “ ခင်ဗျား လူဖြစ်ပြီးညံ့လိုက်တာ၊ ကိုအောင်သင်း ဒီအချိန်အိမ်မကပ်...

Read more »

ဂျူနီယာဝင်း – ကျင်းပဖြစ်ခဲ့တဲ့ နှစ်တစ်ရာပြည့် အမှတ်တရပွဲ

May 14, 2015
ဂျူနီယာဝင်း – ကျင်းပဖြစ်ခဲ့တဲ့ နှစ်တစ်ရာပြည့် အမှတ်တရပွဲ

ဂျူနီယာဝင်း  – ကျင်းပဖြစ်ခဲ့တဲ့ နှစ်တစ်ရာပြည့် အမှတ်တရပွဲ (မိုးမခ) မေ ၁၄၊ ၂၀၁၅ ဘဘကြီးဦးခင်မောင်လတ်နဲ့ မေမေကြီးဒေါ်ခင်မျိုးချစ်တို့ရဲ့ နှစ်တစ်ရာ ပြည့်အမှတ်တရအတွက် ရည်ရွယ်ရေးသားခဲ့တဲ့စာအုပ် A Memory of my Grandparents ကိုဘဘကြီးမေမေကြီးတို့ရဲ့ မိတ်ဆွေများ၊ စာပေသမားများ၊ သူတို့ကိုလေးစားချစ်ခင်သူများကိုလက်ဆောင်ပေးမယ်လို့ ၂၀၁၄ မေလမှာစတင် ရေးသားခဲ့ကတည်းက တွေးထားခဲ့တာပါ။  ကျွန်မကို ဘာကြောင့် မြန်မာလိုမရေးပဲ အင်္ဂလိပ်လိုရေးရတာလဲဆိုတဲ့ မေးခွန်းဟာ စရေးကတည်းကအမေးခံခဲ့ရပါတယ်။ ကျွန်မရဲ့ အင်္ဂလိပ်လို ဘလော့လေးတစ်ခုမှာ စတင်စမ်းသပ်ကာ အင်္ဂလိပ်လို ၂၀၁၁ နဲ့၂၀၁၂ မှာရေးသားဖြစ်ခဲ့ပါတယ်။ အဲသည်တုန်းကဆိုရင် အင်္ဂလိပ်လိုရေးရတာ မြန်မာလိုရေးရတာထက် ပိုပြီးလွတ်လပ်တဲ့ ခံစားချက်တွေရှိတာကြောင့် အင်္ဂလိပ်လိုပဲ ရေးချင်တဲ့စိတ်တွေ တောင်ဖြစ်လာရပါတယ်။ ဒါကြောင့်လဲဘဘကြီးမေမေကြီး တို့အကြောင်း နှစ်တရာပြည့်အမှတ်တရေ၇းမယ် လို့စိတ်ကူးလိုက်ချိန်မှာ...

Read more »

ဦးဆောင်သူခေါ်ရာ ယုံကြည်စွာလိုက်ခဲ့တယ်

May 14, 2015
ဦးဆောင်သူခေါ်ရာ ယုံကြည်စွာလိုက်ခဲ့တယ်

ဦးဆောင်သူခေါ်ရာ ယုံကြည်စွာလိုက်ခဲ့တယ်  ရန်နောင်(ဗိုလ်တထောင်) မိုးမခ မေ ၁၄ ၂၀၁၅ ၂၀၁၃ ခုနှစ်မှာ ဒီလှိုင်းမှာ သင်တန်းတက်ဖြစ်ခဲ့တယ်။ အရင်တုန်းကတော့ ဝါသနာပါရာ သတင်းတိုထွာလေးတွေ ရေးနေရာက ပိုမိုရေးဖြစ်အောင် ဒီလှိုင်းက ဖွင့်တဲ့ မီဒီယာသင်တန်းမှာ တက်ဖြစ်လိုက်တဲ့အခါ သတင်းလောကကို ခြေစုံပစ်ဝင်ရောက်ဖို့ ဖြစ်လာခဲ့တယ်။ ဒီမှာတင် ဆရာဇာနည်ရဲ့ မိုးမခ နဲ့ ဆုံဆည်းခဲ့ရတာပေါ့။ ဆရာဇာနည်က သတင်းအချို့ကို စမ်းသပ်ရေးခိုင်းပြီး သူ့ရဲ့ ဧရာဝတီဘလော့၊ မိုးမခဘလော့ နဲ့ ဝဘ်ဆိုက်တွေမှာ ကိုယ့်သတင်းလေးတွေ တင်ပေးတော့ ပီတိလေးတွေ စားသုံးပြီး ပျော်ခဲ့ရတာပေါ့လေ။ ၂၀၁၃ နှစ်ကုန်ပိုင်းလောင်တွင်တော့ မိုးမခရဲ့ ပဲ့ကိုင်ရှင် ဆရာမောင်ရစ် မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာခဲ့တယ်။ သူလာရောက်ခဲ့ချိန်ကစလို့ ကျနော့်ဘဝ တဆစ်ချိုးပြောင်းခဲ့ပြန်ခဲ့တယ်။ ဆရာရစ်နဲ့ စစတွေ့တဲ့နေရာကလည်း ယခုတော့ သမိုင်းဝင်နေရာသဖွယ်ဖြစ်နေတဲ့...

Read more »

နေ၀န်းနီ(မန္ထလေး) – ဘဘဦးဝင်းတင် နှင့်  နောက်ဆုံး တွေ့ဆုံခြင်း”

April 1, 2015
နေ၀န်းနီ(မန္ထလေး) – ဘဘဦးဝင်းတင် နှင့်  နောက်ဆုံး တွေ့ဆုံခြင်း”

  နေ၀န်းနီ(မန္ထလေး) – ဘဘဦးဝင်းတင် နှင့်  နောက်ဆုံး တွေ့ဆုံခြင်း” (မိုးမခ) ဧပြီ ၁၊ ၂၀၁၅          ၂၀၁၄ ခုနှစ် ဧပြီလ(၂၁)ရက် နေ့မှာ ဟံသာဝတီဦးဝင်းတင် (၈၄)နှစ် ကွယ် လွန် ခဲ့တယ် ။ ဒီနှစ် ၂၀၁၅ ဧပြီလ (၂၁) ရက် နေ့ဆို ဘဘကွယ် လွန်တာ တစ် နှစ် ပြည့်  လေပြီ။ ကျွန် တော် နဲ့ ဘဘဦးဝင်းတင် နောက် ဆုံး တွေ့ဆုံခဲ့ရတဲ့ နေ့ကမှတ် မှတ် ရရပါပဲ ၂၀၁၃ ခုနှစ် သြဂုဏ် လ (၆) ရက် နေ့...

Read more »

မောင်စွမ်းရည် – မျက်မှန်လေးတစ်လက် (သခင်တင်မြနဲ့ အမှတ်တရ)

March 8, 2015
မောင်စွမ်းရည် –   မျက်မှန်လေးတစ်လက် (သခင်တင်မြနဲ့ အမှတ်တရ)

Thakhin Tin Mya (1924-2015)   မောင်စွမ်းရည် –   မျက်မှန်လေးတစ်လက် (သခင်တင်မြနဲ့ အမှတ်တရ) (မိုးမခ) မတ် ၈၊ ၂၀၁၅   ကွန်မြူနစ်(ဟောင်း) သခင်တင်မြ ကွယ်လွန်ပြီဆိုတဲ့သတင်း ကြားရတော့ သူ့ကို လူပုဂ္ဂိုလ်တဦးအနေနဲ့ လွမ်းမိတာအမှန်ပါ၊ ကျွန်တော်တို့ငယ်စဉ်က သခင်တင်မြရဲ့ “ဘုံဘဝမှာဖြင့်” ကို စွဲစွဲလန်းလန်းဖတ်ခဲ့ဖူးပါတယ်၊ ဦးသိန်းဖေမြင့် ရဲ့ “ စစ်အတွင်းခရီးသည်” ၊  “မဟာမိတ်နှင့် ဗမာ့တမန်” တို့ကို ဖတ်ရသလိုပဲ။ ဖက်ဆစ်တော်လှန်ရေးသမိုင်းအတွက် ဒီစာအုပ်တွေသာ မထွက်ပေါ်ခဲ့ရင် “ရဲဘော်သုံးကျိပ်” နဲ့ “ကိစ္စပြီး”ရတော့မလိုပါပဲ။   သခင်တင်မြအကြောင်းကို အမှတ်တရရေးမယ်ဆိုရင် အများသိထားတဲ့ “ဘုံဘဝ” အပြင် ကျွန်တော့်အဖို့ သူ့အကြောင်းကို ရေးစရာထဲထဲဝင်ဝင်မသိပါ၊    ကျွန်တော်က...

Read more »

လှကျော်ဇော – ဦးလေးလှနှင့် ဒေါ်ဒေါ်မာသို့ ကန်တော့ပန်း

March 5, 2015
လှကျော်ဇော – ဦးလေးလှနှင့် ဒေါ်ဒေါ်မာသို့ ကန်တော့ပန်း

လှကျော်ဇော – ဦးလေးလှနှင့် ဒေါ်ဒေါ်မာသို့ ကန်တော့ပန်း (မိုးမခ) မတ် ၅၊ ၂၀၁၅ ၂၀၁၅ ခုနှစ်မှာ အမေအသက်(၁၀၀)ပြည့်သလို အဖေလည်း အသက်(၁၀၅)နှစ် ပြည့်တယ်လို့ ကိုဖိုးသံက ပြောပါတယ်။ ဒီတော့ ကျွန်မက ဦးလေးတို့ဒေါ်ဒေါ်တို့  နှစ်ယောက်စလုံးကို ဂါရ၀ပြုချင်လာပါတယ်။ ဒေါ်ဒေါ်အပေါ် ဖေဖေတင်ထားတဲ့ အကြွေးလည်းရှိပါတယ်။ ဒီအကြွေးကိုလည်း ကျွန်မက ဆပ်ချင်နေပါတယ်။ ဒါကြောင့်ပဲ ဂါရ၀ပြု ကန်တော့ပန်း စာလေးတစောင်ရေး လိုက်ပါတယ်။ ဖေဖေ့အကြွေးက ဒီလိုပါ။ ….ဖေဖေ့ကို ကိုယ်ရေးအတ္ထုပွတ္တိရေးဖို့ လူအတော်များများက တိုက်တွန်းဖူးပါတယ်။ ဒါပေမဲ့ ဖေဖေက (သူ့စကားအရ)- အတ္ထုပွတ္တိဆိုတာ ကိုယ်သေမှတခြားလူတွေ ရေးကြလိမ့်မယ်ဟု သဘောထားကာ ရေးဖို့ စိတ်မကူးခဲ့ပါဘူး–တဲ့။  အဲသလို ဖေဖေက သဘောထားခဲ့ပေမယ့် နောက်ပိုင်းမှာ ဖေဖေရေးဖြစ်သွားပါတယ်။ ရေးဖြစ်...

Read more »

ခိုင်မာကျော်ဇော – ရေဆန်လမ်းမှာ အလွမ်းတွေဝေ

February 14, 2015
ခိုင်မာကျော်ဇော – ရေဆန်လမ်းမှာ အလွမ်းတွေဝေ

ခိုင်မာကျော်ဇော – ရေဆန်လမ်းမှာ အလွမ်းတွေဝေ (မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅   အတီးမန်းရှာရေ အတီးက အတီးရဲ့ယုံကြည်ချက်တွေ အတီးရဲ့အချစ်တွေကို ကျမတို့ ကရင်အမျိုးသားထုအတွက်သာမက တိုင်းရင်းသားလူမျိုးပေါင်းစုံကိုပါ ဝေငှထားခဲ့ပြီး ဟောဒီ ကမ္ဘာကြီးထဲကနေ သူရဲကောင်းပီသစွာနဲ့ ထွက်ခွာသွားခဲ့ပေမယ့် ကျမတို့ကတော့ အတီးရဲ့အကြောင်းတွေကို သတိတရနဲ့ မမောနိုင်မပမ်းနိုင် ပြောကြရဦးမှာပါ။ အတီးသွေးနဲ့ ခင်းခဲ့တဲ့၊ အတီးယုံကြည်မျှော်လင့်တဲ့ ခရီးဆုံးပန်းတိုင်ဆီကို ဆက်လက် ချီတက်ရဦးမှာပါ။ အတီးကျဆုံးခဲ့တဲ့ ညက ကော်သူးလေကောင်းကင်ယံမှာ ကြယ်ကြီးတလုံး လင်းလက်ခဲ့တယ် အတီးရေ။ အဲဒီကြယ်ကြီးကို မြစ်ဝကျွန်းပေါ်ကပဲ ကြည့်ကြည့်၊ ပဲခူးရိုးမပေါ်ကပဲ ကြည့်ကြည့်၊ ဒေါနတောင်စဉ် တောင်တန်းပေါ်က ကြည့်ကြည့်၊ သံလွင် သောင်းရင်းနဲ့ ယွန်စလင်းကမ်းနံဘေးကပဲ ကြည့်ကြည့် ရွှန်းမြလင်းလက်နေတာကို တွေ့ရတယ်။ အဲဒီကြယ်ကြီးရဲ့ လင်းလက်မှုမှာ...

Read more »

ရဲဘော် ဇော်နောင် – ပဒိုမန်းရှာ၏ နောက်ဆုံးနေ့ရက်များနှင့် ကျနော်

February 14, 2015
ရဲဘော် ဇော်နောင် – ပဒိုမန်းရှာ၏ နောက်ဆုံးနေ့ရက်များနှင့် ကျနော်

ရဲဘော် ဇော်နောင် – ပဒိုမန်းရှာ၏ နောက်ဆုံးနေ့ရက်များနှင့် ကျနော် (မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅ အချိန်တွေ ကြာညောင်းလာခဲ့ပြီဖြစ်သော်လည်း ဒီလဒီရက်ကိုရောက်တိုင်း အတိတ်ရဲ့ဖြစ်ရပ်တွေ ကျနော့် အာရုံထဲ အသစ် တဖန် ပြန်ဝင်ရောက်လာပါတော့တယ်။ အချိန်ကာလအနေနဲ့ပြောရရင် ၂၀၀၇ ခုနှစ် နှောင်းပိုင်း ကနေ စရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ ကေအဲန်ယူခေါင်း ဆောင် များကို လုပ်ကြံမယ် ဆိုတဲ့သတင်း ကေအဲန်ယူအတွင်း ခါတိုင်းထက် ပိုထွက်ပေါ်လာခဲ့ပါတယ်။ အချိန်နှင့်အမျှ သတင်းတွေ တမျိုးပြီးတမျိုး ထွက်ပေါ်လာသော်လည်း လုပ်ကြံခံရမဲ့ စာရင်းထဲမှာ ပဒိုမန်းရှာရဲ့နာမည် အမြဲလို ပါဝင်နေခဲ့ပါတယ်။ ဒါကြောင့် ပဒိုမန်းရှာရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ အခြေအနေဖြစ် လာခဲ့ပါတယ်။ ဒါပေမယ့် ပဒိုမန်းရှာက တုန်လှုပ်မှုမရှိခဲ့ပါဘူး။ သွားမြဲ...

Read more »

ဝင်းအောင်ကြီး – လူအောင်ဆန်း (၁-၄)

February 8, 2015
ဝင်းအောင်ကြီး – လူအောင်ဆန်း (၁-၄)

  ဝင်းအောင်ကြီး – လူအောင်ဆန်း (၁-၄) မိုးမခ၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၅   တကသ ဥက္ကဋ္ဌ သခင်အောင်ဆန်း (၁၉၃၈-၃၉) လူအောင်ဆန်း (၁)   မဟတ္တမဂန္ဒီ၊ လင်ကွန်း၊ ဟိုချီမင်းတို့လို ကြည်ညို လေးစားတာထက် ဗိုလ်ချုပ်အောင်ဆန်းကျတော့ ဘာ့ကြောင့်ပိုရတာလဲ။  သူ့ကိုတော့ ချစ်တာကိုး။  ၁၉၅၃ ခု၊ ရန်ကုန်တက္ကသိုလ်ရောက်လာတော့ ဆေးရုံတက် သူနာပြုဆရာမလေးနဲ့ ဆုံချစ်ချင်တဲ့ စိတ်တောင်ပေါ်ခဲ့ဖူးလေရဲ့။   ကျနော်အသက်က ၁၆ နှစ်၊ ညနေဘက် အင်လျားကန်စောင်း လမ်းလျှောက်တဲ့အခါ ကျောင်သူအချော အလှလေးတွေကလည်း များလှပါဘိ။  ကျနော်နေရတဲ့ သထုံဆောင်က မလှမ်းမကမ်းမှာက တက္ကသိုလ်ဆေးရုံ။  နေထိုင်မကောင်းဖြစ်ဖို့ ဖျားနာဖို့များ ဆုတောင်းရလေမလား။   နောက်တော့ သူ့အကြောင်းစာတွေဖတ်ရ၊ မိန့်ခွန်းထဲက...

Read more »

မောင်ဦး – ၈/၈၂ အင်းလျားကို ကြိုဆိုခြင်း

February 1, 2015
မောင်ဦး – ၈/၈၂ အင်းလျားကို ကြိုဆိုခြင်း

  မောင်ဦး – ၈/၈၂ အင်းလျားကို ကြိုဆိုခြင်း (မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၅ လွန်ခဲ့တဲ့ ၂ ရက် (၂၉ ဇန္နဝါရီ ၂၀၁၅)က အဆိုတော် ‘မွန်းအောင်’တစ်ယောက် မြန်မာပြည်ကို ပြန်လာတယ်။ ဖေဖေါ်ဝါရီလထဲမှာ ဖျော်ဖြေပွဲတစ်ခု စီစဉ်မယ်လို့ ကြားရတဲ့အခါ သူ့ပရိသတ်တွေအားလုံးက ဝမ်းသာကြတယ်။ မွန်းအောင်ရဲ့ပွဲအတွက် စိတ်လှုပ်ရှားနေကြတယ်။ ဒီလိုအချိန်မှာ ကျွန်တော် ရေးခဲ့ဖူးတဲ့ စာတစ်ပုဒ်ကို သတိရမိတယ်။ ‘လွမ်း … ဝတ်မှုန်’ တဲ့။ အဲဒီ့စာထဲက တစ်ချို့တစ်ဝက်ကို ဖော်ပြပေးချင်ပါတယ်။ “မနေ့က (၁၁ ဇူလိုင် ၂၀၁၂) သူငယ်ချင်းတွေက ‘မွန်းအောင်နဲ့ တွေ့ဆုံခြင်း’ ဆိုတဲ့ ဧရာဝတီက သတင်းကိုမျှကြတယ်။ အဲဒီတုန်းက ‘မွန်းအောင်’ အကြောင်းရေးဖို့ စိတ်မကူးမိဘူး။ဒီနေ့မနက်...

Read more »

ကျော်ဟုန်း – အများနဲ့ မတူ တမူကွဲခြားတဲ့ ဗိုလ်ချုပ်အောင်ဆန်း

January 29, 2015
ကျော်ဟုန်း – အများနဲ့ မတူ တမူကွဲခြားတဲ့ ဗိုလ်ချုပ်အောင်ဆန်း

ကျော်ဟုန်း – အများနဲ့ မတူ တမူကွဲခြားတဲ့ ဗိုလ်ချုပ်အောင်ဆန်း (မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၁၅ ဘာလိုလိုနဲ့ ၂၀၁၅၊ ဖေဖော်ဝါရီ၊ ၁၃ ဆိုရင် ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ၁၀၀ ပြည့်နှစ် ရောက်ပြီပေါ့။  ဗိုလ်ချုပ်ရဲ့ ထူးခြားတဲ့အကြောင်းကို  ကျနော် ဆောင်းပါးရေးဖူးပါတယ်။ လွန်ခဲ့တဲ့ ၉ နှစ်တုန်းကပေါ့။ စင်္ကာပူကထုတ်တဲ့ ရွှေမြန်မာမဂ္ဂဇင်းကို ရေးပို့ဖူးတာပါ။ ရွှေမြန်မာကို ဒေါက်တာခင်မောင်လတ်က ဦးစီးထုတ်လုပ်တာပါ။  ရသစာပေ မဂ္ဂဇင်းအမျိုးအစားဖြစ်ပါတယ်။ အဲဒီ ရွှေမြန်မာဆီကို ကျနော့်ဆောင်းပါး ၂ စောင် ပို့ဖူးပါတယ်။ ပို့လိုက်တဲ့ ဆောင်းပါး ၂ စောင်အနက် တစ်ပုဒ်ကဖော်ပြခံရမှန်း ကျနော်သိရပေမယ့် ဗိုလ်ချုပ်နဲ့ဆက်နွယ်တဲ့ဆောင်းပါးက ဖော်ပြဖြစ် မဖြစ် မသိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ...

Read more »

ထင်အောင် – ကျွန်တော်ဆိုခဲ့ဘူးသော အေဝမ်းကသီချင်းများ

January 24, 2015
ထင်အောင် – ကျွန်တော်ဆိုခဲ့ဘူးသော အေဝမ်းကသီချင်းများ

ထင်အောင် – ကျွန်တော်ဆိုခဲ့ဘူးသော အေဝမ်းကသီချင်းများ (မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၅ ကျွန်တော်တို့ လူလောကကိုရောက်လာတာ ၁၉၅၀ အလွန်နှစ်တွေမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးကလည်း ရပြီးပြီဖြစ်တာ ကြောင့် ပွဲလမ်းသဘင်တွေနဲ့ ပြည့်နေတဲ့ကာလပါ။ ရန်ကုန်မြို့လယ်ခေါင်က ရုပ်ရှင်ရုံတွေ၊ ပန်းဆိုးတန်းက ပြဇာတ်တွေ ကိုသာကပြနေတဲ့ဝင်း ဝင်းရုံ၊ အပတ်စဉ်ပန်းခြံတွေမှာကပြနေတဲ့ ကြည့်ချင်စရာအငြိမ့်ပွဲတွေရှိသလို ကိုယ့်အိမ်မှာ တေးသံ သာများကို အေးအေးဆေးဆေးနားသောတဆင်ရန် ရေဒီယိုဓာတ်စက်တွေဖွင့်ပြီး အပန်းဖြေအနားယူ စည်းစိမ်ခံနေနိုင်တဲ့ ကာလ ဖြစ်ပါတယ်။ အပြင်မထွက်ချင်သူများကတော့ အိမ်ထဲမှာ နှစ်သက်ရာ စာစောင် မဂ္ဂဇင်းတွေဖတ်ကြပါတယ်။ ပဒေသာ၊ ရှုမဝ၊ မြဝတီ၊ သွေးသောက်မဂ္ဂဇင်းစာအုပ်တွေက လစဉ်ထုတ်မဂ္ဂဇင်းစာအုပ်တွေပါ။ ကြိုက်ရာကိုဖတ်၊ တအုပ်မှ နှစ်ကျပ်ပါ။ တခြား တကျပ်တန်စာစောင်တွေလည်း ရှိပါသေးတယ်။ ဂီတသီချင်းတွေပါတဲ့ သီချင်းညွှန့်ပေါင်းစာစောင်တို့ ရေဒီယိုတေးမှတ်တမ်း...

Read more »

ဂျူနီယာဝင်း – ဗိုလ်ချူပ်အောင်ဆန်းရာပြည့် နှင့် အမှတ်တရ ဒေါ်ခင်ကြည်

January 17, 2015
ဂျူနီယာဝင်း – ဗိုလ်ချူပ်အောင်ဆန်းရာပြည့် နှင့် အမှတ်တရ ဒေါ်ခင်ကြည်

  ဂျူနီယာဝင်း – ဗိုလ်ချူပ်အောင်ဆန်းရာပြည့် နှင့် အမှတ်တရ ဒေါ်ခင်ကြည် (မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၅   ငယ်ငယ်တုန်းကတော့ ဗိုလ်ချူပ်အောင်ဆန်းကို လွတ်လပ်ရေးဖခင်ကြီးဟု သိခဲ့ ကျက်ခဲ့ မှတ်ခဲ့ တေးသီချင်းများအော်ဆိုခဲ့။ ဗိုလ်ချူပ်ပုံပါသော ပိုက်ဆံပြားအကြွေများ ငွေစက္ကူများကို နေ့စဉ်လိုလို တွေ့ခဲ့သုံးခဲ့ဖြုန်းခဲ့စုခဲ့။ တခါတခါ ဗိုလ်ချူပ်ပုံပါတဲ့ ကျပ်တန်လေးကို ခေါက်ပုံခေါက်နည်းနဲ့ ဗိုလ်ချူပ်နဲ့ ဦးထုတ်လေး ပေါ်အောင်လုပ်တတ်ဖို့ သင်ခဲ့ဖူးပါရဲ့။ မှတ်မှတ်ရရ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ကလေးများနေ့မှာ မိဘများခေါ်ရာ လိုက်ပါရင်း ကိုယ်တို့တွေအတွက် ကစားကွင်းထဲ အလကားဝင်ခွင့် ရခဲ့ဖူးတာ ပျော်ခဲ့ရတာ မှတ်မိသည်။ အဲဒါဗိုလ်ချူပ်အောင်ဆန်းကြောင့် ရခဲ့ဖူးတဲ့ အခွင့်အရေး။    ကျွန်မတို့ လွတ်လပ်ရေးဖခင်ကြီး ဘယ်တော့မှ ပြန်မတွေ့ရတော့မယ့် သူရဲကောင်းကြီး...

Read more »

မောင်ရစ် – ကျွန်တော်တို့ရဲ့ မေမေကြီး

January 9, 2015
မောင်ရစ် – ကျွန်တော်တို့ရဲ့ မေမေကြီး

မောင်ရစ် – ကျွန်တော်တို့ရဲ့ မေမေကြီး (မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၅ စာရေးဆရာမကြီး ခင်မျိုးချစ် (၁၉၁၅ – ၁၉၉၉)။ ဆရာမကြီးဒေါ်ခင်မျိုးချစ်ကွယ်လွန်ခြင်း အမှတ်တရဆောင်းပါး ကျွန်တော်တို့အဖွားကို ကျွန်တော်က မေမေကြီးလို့ခေါ်ပါတယ်။ ဘယ်တုံးကစပြီး ကျွန်တော့် မေမေကြီးကိုမှတ်မိသလဲ စဉ်းစားလိုက်တော့၊ ကျွန်တော်တို့ပုံပြင်တွေ နားထောင်တတ်ခါစအရွယ်၊ ၄၊၅နှစ် သားပေါ့၊ ကျွန်တော်တို့ဆိုတာက၊ ကျွန်တော့်မှာ(၅)မိနစ်ငယ်တဲ့ အမွှာညီမတစ်ယောက်ရှိတယ်။ ကျွန်တော် တို့ကို ရင်ခွင်မှဖြစ်စေ၊ ဘေးတစ်ဘက်တစ်ချက်မှာဖြစ်စေထားပြီးတော့ ပုံပြင်တွေမြောက်မြားစွာ ပြောပြ ခဲ့ဖူးပါတယ်။ အဲဒါကိုကျွန်တော်မှတ်မိနေတယ်။ တိုင်းရင်းသားပုံပြင်၊ နိုင်ငံရပ်ခြားပုံပြင်၊ ရာဇ၀င်ဒဏ္ဍာရီ၊ ဗုဒ္ဓ၀င် နှင့် ဘုရားဟောဇာတ်တော်တွေအများကြီးပါပဲ။ ခုတော့အသေးစိတ်ဘယ်သတိရနိုင်ပါ့မလဲ။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး ကျွန်တော်တို့မှာ ပုံပြင်ပြောတဲ့ အဖွားတစ်ယောက်ရှိပြီဆိုတာ စတင်သိရှိခဲ။ ပြီးတော့ ကျွန်တော်တို့က မေမေကြီးလို့စတင်ခေါ်ဝေါ်ခဲ့တယ်ပေါ့။ ကျွန်တော်တို့ရဲ့အဖွားဟာ...

Read more »

အောင်တင်ထွန်း – ကွန်းလုံအနီး တာတိလိန်တိုက်ပွဲ ၂/၇၈

December 27, 2014
အောင်တင်ထွန်း – ကွန်းလုံအနီး တာတိလိန်တိုက်ပွဲ ၂/၇၈

အောင်တင်ထွန်း – ကွန်းလုံအနီး တာတိလိန်တိုက်ပွဲ ၂/၇၈ (မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၄  တပ်ရင်း။         ။ အမှတ် ၈ ခြေလျင်တပ်ရင်း တပ်မ။        ။ အမှတ် (၇၇) ခြေမြန်တပ်မ တည်နေရာ။    ။ ဘီးလင်း / မှော်ဘီ အကြောင်းအရာ။    ။ အမှတ်(၈) ခြေလျင်တပ်ရင်း၏ တိုက်ပွဲဖြစ်စဉ် ရက်စွဲ။        ။ ၁၉၇၈ ခု ဖေဖော်ဝါရီလ ၆ ၇က်နေ့ တိုက်ပွဲတည်ရာ။    ။ တာတိလိန်တောင်ကြော အပိုဒ်(၁) ။    အမှတ် (၈) ခြေလျင်တပ်ရင်းသည် ၂.၂.၇၈ ရက်နေ့တွင် မုံးကျက်ရွာမှထွက်ခဲ့ပြီး ၃.၂.၇၈ ရက်နေ့တွင် နားတီးသို့ရောက်ပြီး...

Read more »

ကိုရဲလွင် (မဇ္ဈိမလှိုင်း) – တကယ်ပါ

December 6, 2014
ကိုရဲလွင် (မဇ္ဈိမလှိုင်း) – တကယ်ပါ

ကိုရဲလွင် (မဇ္ဈိမလှိုင်း) – တကယ်ပါ (ခင်မောင်တိုး အမှတ်တရ စာစုများ – “မဟာဆန်သူ ရဲ့ ဒဏ္ဍာရီ (၂၀၁၄)” စာအုပ်မှ)  ဓာတ်ပုံ – ဝေချစ်ကို (သော်ဒီဝေ) ခင်မောင်တိုးနဲ့ ပတ်သက်လို့ ပြောစရာတွေကတော့ အများကြီး (အများကြီး) ပဲ။  ထူးခြားတဲ့ အဖြစ်အပျက် တခုတော့ အမှတ်တရပါပဲ။ ခရီးသွားဖော် သူငယ်ချင်း တယောက် ရယ်၊ ကိုယ် ရယ်၊ ခင်မောင်တိုး တို့ မိသားစု (၃) ယောက် ရယ် ဂျစ်ကား (၁) စီး နဲ့ မေမြို့ (ပြင်ဦးလွင်) ကို အနားယူ ခရီးထွက်ခဲ့ကြတယ်။  မြို့ အဝင်ဝမှာ အလှူခံ မဏ္ဍပ်ကြီး တခု ဆောက်ပြီး...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်