ဖြစ်ရပ်များ၊ အမှတ်တရများ

ဝင်းအောင်ကြီး – ကျနော်တွေးမိသလို ရေးပါမည် (ဆဲဗင်းဇူလိုင်)

July 8, 2015
ဝင်းအောင်ကြီး – ကျနော်တွေးမိသလို ရေးပါမည် (ဆဲဗင်းဇူလိုင်)

ဝင်းအောင်ကြီး – ကျနော်တွေးမိသလို ရေးပါမည် (ဆဲဗင်းဇူလိုင်) (မိုးမခ) ဇူလိုင် ၈၊ ၂၀၁၅ တကသ ဆိုင်မှာစားခဲ့တဲ့ နောက်ဆုံးနေ့လည်စာ ၁၉၆၂ ခု၊ ဇူလိုင်လ ၄ ရက်နေ့။ ကျောင်းသားဘ၀ ကိုယ့်အဆောင်မှာလည်း ထမင်းဟင်းကောင်းလို့ သွားလေ့မရှိပေမယ့် မြန်မာ့အသံရောက်တော့ မကြာခဏသွားစားဖြစ်တယ်။ အဲဒီနေ့က မှတ်မှတ်ရရ စာရေးဆရာသန်းဆွေ၊ ဦးသန်းမြင့်(အဘ)၊ ကိုခင်ရှိန်(မောင်ချစ်ယဉ်) နဲ့ပါ။ မကြုံစဖူး ပြောင်းလဲလာတာလည်းကြည့်၊ လိုက်ထမင်းအုပ်သေးလေးထားပေးလို့ ပူပူနွေးနွေး လိုသလောက်ထည့်၊ အရည်သောက်က အချဉ်ဆို ငါးပိထောင်း၊ တို့စရာထဲ ဓညင်းသီး တလုပ်စာအသင့်လှီးပေးထား၊ ကျနော်က ဥပါတဲ့ငါးပုဏ္ဏားဟင်း၊ ဘူးသီးဟင်းခါးနဲ့လိုက်အောင် မှာလိုက်တဲ့ ငါးဖယ်သုတ်ထဲ ကငရုတ်သီးစိမ်နဲ့ရှေက်ညွန့် တို့အရောင်းချင်းပြိုင် ရနံ့သင်းလှိုင်လှိုင်။ မချစ်စုသရက်သီးမှည့် အတုံးလှတွေစားအပြီး၊ ကော်ဖီခါးအအေးတခွက်သောက်။ ကိုနန်းဝေရဲ့ ပန်းချီကားကိုငေး၊ သူနဲ့ဆုံတဲ့အခါ...

Read more »

ဝင်းအောင်ကြီး – ကိုအောင်သင်း ကံဇာတာတက်လို့ ကျနော် မိန်းမအဆူ မခံလိုက်ရ

June 30, 2015
ဝင်းအောင်ကြီး – ကိုအောင်သင်း ကံဇာတာတက်လို့ ကျနော် မိန်းမအဆူ မခံလိုက်ရ

Saya U Aung Thin (1927 – 2014) ၀င်းအောင်ကြီး – ကိုအောင်သင်း ကံဇာတာတက်လို့ ကျနော် မိန်းမအဆူ မခံလိုက်ရ ကျနော်တွေးမိသလို ရေးပါမည် (၄၄) (မိုးမခ) ဇွန် ၃၀၊ ၂၀၁၅ ၁၉၇၀ နိုင်ငံတကာ စာအုပ်နှစ်စာပဟောပြောပွဲမှာ “ စာဖတ်သူခံစားရသော စာပေ့သြဇာ” စာတမ်းရှင် ဦးအောင်သင်းနဲ့ “ စစ်ပြီးခေတ် ၀တ္ထုတိုများ” စာတမ်းဖတ်တဲ့ကျနော် ဆုံတွေ့ကြခင်မင်လာကြသောအခါ၊ ကျနော့ထက် အသက် ၁၀ နှစ်ကြီးပေမယ့် ဦးအောင်သင်းလို့ ဆရာလို့မခေါ်ရ ဆိုတာနဲ့ ကိုအောင်သင်းလို့ခေါ်ရင်း ပြောမနာဆိုနာ ဖြစ်ခဲ့ရတာပါ။ သူ့အိမ်ကိုသွားတိုင်း ခွေးကြီးကဟောင်၊ မဟောင်တဲ့ တနေ့  … “ ခင်ဗျား လူဖြစ်ပြီးညံ့လိုက်တာ၊ ကိုအောင်သင်း ဒီအချိန်အိမ်မကပ်...

Read more »

ဂျူနီယာဝင်း – ကျင်းပဖြစ်ခဲ့တဲ့ နှစ်တစ်ရာပြည့် အမှတ်တရပွဲ

May 14, 2015
ဂျူနီယာဝင်း – ကျင်းပဖြစ်ခဲ့တဲ့ နှစ်တစ်ရာပြည့် အမှတ်တရပွဲ

ဂျူနီယာဝင်း  – ကျင်းပဖြစ်ခဲ့တဲ့ နှစ်တစ်ရာပြည့် အမှတ်တရပွဲ (မိုးမခ) မေ ၁၄၊ ၂၀၁၅ ဘဘကြီးဦးခင်မောင်လတ်နဲ့ မေမေကြီးဒေါ်ခင်မျိုးချစ်တို့ရဲ့ နှစ်တစ်ရာ ပြည့်အမှတ်တရအတွက် ရည်ရွယ်ရေးသားခဲ့တဲ့စာအုပ် A Memory of my Grandparents ကိုဘဘကြီးမေမေကြီးတို့ရဲ့ မိတ်ဆွေများ၊ စာပေသမားများ၊ သူတို့ကိုလေးစားချစ်ခင်သူများကိုလက်ဆောင်ပေးမယ်လို့ ၂၀၁၄ မေလမှာစတင် ရေးသားခဲ့ကတည်းက တွေးထားခဲ့တာပါ။  ကျွန်မကို ဘာကြောင့် မြန်မာလိုမရေးပဲ အင်္ဂလိပ်လိုရေးရတာလဲဆိုတဲ့ မေးခွန်းဟာ စရေးကတည်းကအမေးခံခဲ့ရပါတယ်။ ကျွန်မရဲ့ အင်္ဂလိပ်လို ဘလော့လေးတစ်ခုမှာ စတင်စမ်းသပ်ကာ အင်္ဂလိပ်လို ၂၀၁၁ နဲ့၂၀၁၂ မှာရေးသားဖြစ်ခဲ့ပါတယ်။ အဲသည်တုန်းကဆိုရင် အင်္ဂလိပ်လိုရေးရတာ မြန်မာလိုရေးရတာထက် ပိုပြီးလွတ်လပ်တဲ့ ခံစားချက်တွေရှိတာကြောင့် အင်္ဂလိပ်လိုပဲ ရေးချင်တဲ့စိတ်တွေ တောင်ဖြစ်လာရပါတယ်။ ဒါကြောင့်လဲဘဘကြီးမေမေကြီး တို့အကြောင်း နှစ်တရာပြည့်အမှတ်တရေ၇းမယ် လို့စိတ်ကူးလိုက်ချိန်မှာ...

Read more »

ဦးဆောင်သူခေါ်ရာ ယုံကြည်စွာလိုက်ခဲ့တယ်

May 14, 2015
ဦးဆောင်သူခေါ်ရာ ယုံကြည်စွာလိုက်ခဲ့တယ်

ဦးဆောင်သူခေါ်ရာ ယုံကြည်စွာလိုက်ခဲ့တယ်  ရန်နောင်(ဗိုလ်တထောင်) မိုးမခ မေ ၁၄ ၂၀၁၅ ၂၀၁၃ ခုနှစ်မှာ ဒီလှိုင်းမှာ သင်တန်းတက်ဖြစ်ခဲ့တယ်။ အရင်တုန်းကတော့ ဝါသနာပါရာ သတင်းတိုထွာလေးတွေ ရေးနေရာက ပိုမိုရေးဖြစ်အောင် ဒီလှိုင်းက ဖွင့်တဲ့ မီဒီယာသင်တန်းမှာ တက်ဖြစ်လိုက်တဲ့အခါ သတင်းလောကကို ခြေစုံပစ်ဝင်ရောက်ဖို့ ဖြစ်လာခဲ့တယ်။ ဒီမှာတင် ဆရာဇာနည်ရဲ့ မိုးမခ နဲ့ ဆုံဆည်းခဲ့ရတာပေါ့။ ဆရာဇာနည်က သတင်းအချို့ကို စမ်းသပ်ရေးခိုင်းပြီး သူ့ရဲ့ ဧရာဝတီဘလော့၊ မိုးမခဘလော့ နဲ့ ဝဘ်ဆိုက်တွေမှာ ကိုယ့်သတင်းလေးတွေ တင်ပေးတော့ ပီတိလေးတွေ စားသုံးပြီး ပျော်ခဲ့ရတာပေါ့လေ။ ၂၀၁၃ နှစ်ကုန်ပိုင်းလောင်တွင်တော့ မိုးမခရဲ့ ပဲ့ကိုင်ရှင် ဆရာမောင်ရစ် မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာခဲ့တယ်။ သူလာရောက်ခဲ့ချိန်ကစလို့ ကျနော့်ဘဝ တဆစ်ချိုးပြောင်းခဲ့ပြန်ခဲ့တယ်။ ဆရာရစ်နဲ့ စစတွေ့တဲ့နေရာကလည်း ယခုတော့ သမိုင်းဝင်နေရာသဖွယ်ဖြစ်နေတဲ့...

Read more »

နေ၀န်းနီ(မန္ထလေး) – ဘဘဦးဝင်းတင် နှင့်  နောက်ဆုံး တွေ့ဆုံခြင်း”

April 1, 2015
နေ၀န်းနီ(မန္ထလေး) – ဘဘဦးဝင်းတင် နှင့်  နောက်ဆုံး တွေ့ဆုံခြင်း”

  နေ၀န်းနီ(မန္ထလေး) – ဘဘဦးဝင်းတင် နှင့်  နောက်ဆုံး တွေ့ဆုံခြင်း” (မိုးမခ) ဧပြီ ၁၊ ၂၀၁၅          ၂၀၁၄ ခုနှစ် ဧပြီလ(၂၁)ရက် နေ့မှာ ဟံသာဝတီဦးဝင်းတင် (၈၄)နှစ် ကွယ် လွန် ခဲ့တယ် ။ ဒီနှစ် ၂၀၁၅ ဧပြီလ (၂၁) ရက် နေ့ဆို ဘဘကွယ် လွန်တာ တစ် နှစ် ပြည့်  လေပြီ။ ကျွန် တော် နဲ့ ဘဘဦးဝင်းတင် နောက် ဆုံး တွေ့ဆုံခဲ့ရတဲ့ နေ့ကမှတ် မှတ် ရရပါပဲ ၂၀၁၃ ခုနှစ် သြဂုဏ် လ (၆) ရက် နေ့...

Read more »

မောင်စွမ်းရည် – မျက်မှန်လေးတစ်လက် (သခင်တင်မြနဲ့ အမှတ်တရ)

March 8, 2015
မောင်စွမ်းရည် –   မျက်မှန်လေးတစ်လက် (သခင်တင်မြနဲ့ အမှတ်တရ)

Thakhin Tin Mya (1924-2015)   မောင်စွမ်းရည် –   မျက်မှန်လေးတစ်လက် (သခင်တင်မြနဲ့ အမှတ်တရ) (မိုးမခ) မတ် ၈၊ ၂၀၁၅   ကွန်မြူနစ်(ဟောင်း) သခင်တင်မြ ကွယ်လွန်ပြီဆိုတဲ့သတင်း ကြားရတော့ သူ့ကို လူပုဂ္ဂိုလ်တဦးအနေနဲ့ လွမ်းမိတာအမှန်ပါ၊ ကျွန်တော်တို့ငယ်စဉ်က သခင်တင်မြရဲ့ “ဘုံဘဝမှာဖြင့်” ကို စွဲစွဲလန်းလန်းဖတ်ခဲ့ဖူးပါတယ်၊ ဦးသိန်းဖေမြင့် ရဲ့ “ စစ်အတွင်းခရီးသည်” ၊  “မဟာမိတ်နှင့် ဗမာ့တမန်” တို့ကို ဖတ်ရသလိုပဲ။ ဖက်ဆစ်တော်လှန်ရေးသမိုင်းအတွက် ဒီစာအုပ်တွေသာ မထွက်ပေါ်ခဲ့ရင် “ရဲဘော်သုံးကျိပ်” နဲ့ “ကိစ္စပြီး”ရတော့မလိုပါပဲ။   သခင်တင်မြအကြောင်းကို အမှတ်တရရေးမယ်ဆိုရင် အများသိထားတဲ့ “ဘုံဘဝ” အပြင် ကျွန်တော့်အဖို့ သူ့အကြောင်းကို ရေးစရာထဲထဲဝင်ဝင်မသိပါ၊    ကျွန်တော်က...

Read more »

လှကျော်ဇော – ဦးလေးလှနှင့် ဒေါ်ဒေါ်မာသို့ ကန်တော့ပန်း

March 5, 2015
လှကျော်ဇော – ဦးလေးလှနှင့် ဒေါ်ဒေါ်မာသို့ ကန်တော့ပန်း

လှကျော်ဇော – ဦးလေးလှနှင့် ဒေါ်ဒေါ်မာသို့ ကန်တော့ပန်း (မိုးမခ) မတ် ၅၊ ၂၀၁၅ ၂၀၁၅ ခုနှစ်မှာ အမေအသက်(၁၀၀)ပြည့်သလို အဖေလည်း အသက်(၁၀၅)နှစ် ပြည့်တယ်လို့ ကိုဖိုးသံက ပြောပါတယ်။ ဒီတော့ ကျွန်မက ဦးလေးတို့ဒေါ်ဒေါ်တို့  နှစ်ယောက်စလုံးကို ဂါရ၀ပြုချင်လာပါတယ်။ ဒေါ်ဒေါ်အပေါ် ဖေဖေတင်ထားတဲ့ အကြွေးလည်းရှိပါတယ်။ ဒီအကြွေးကိုလည်း ကျွန်မက ဆပ်ချင်နေပါတယ်။ ဒါကြောင့်ပဲ ဂါရ၀ပြု ကန်တော့ပန်း စာလေးတစောင်ရေး လိုက်ပါတယ်။ ဖေဖေ့အကြွေးက ဒီလိုပါ။ ….ဖေဖေ့ကို ကိုယ်ရေးအတ္ထုပွတ္တိရေးဖို့ လူအတော်များများက တိုက်တွန်းဖူးပါတယ်။ ဒါပေမဲ့ ဖေဖေက (သူ့စကားအရ)- အတ္ထုပွတ္တိဆိုတာ ကိုယ်သေမှတခြားလူတွေ ရေးကြလိမ့်မယ်ဟု သဘောထားကာ ရေးဖို့ စိတ်မကူးခဲ့ပါဘူး–တဲ့။  အဲသလို ဖေဖေက သဘောထားခဲ့ပေမယ့် နောက်ပိုင်းမှာ ဖေဖေရေးဖြစ်သွားပါတယ်။ ရေးဖြစ်...

Read more »

ခိုင်မာကျော်ဇော – ရေဆန်လမ်းမှာ အလွမ်းတွေဝေ

February 14, 2015
ခိုင်မာကျော်ဇော – ရေဆန်လမ်းမှာ အလွမ်းတွေဝေ

ခိုင်မာကျော်ဇော – ရေဆန်လမ်းမှာ အလွမ်းတွေဝေ (မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅   အတီးမန်းရှာရေ အတီးက အတီးရဲ့ယုံကြည်ချက်တွေ အတီးရဲ့အချစ်တွေကို ကျမတို့ ကရင်အမျိုးသားထုအတွက်သာမက တိုင်းရင်းသားလူမျိုးပေါင်းစုံကိုပါ ဝေငှထားခဲ့ပြီး ဟောဒီ ကမ္ဘာကြီးထဲကနေ သူရဲကောင်းပီသစွာနဲ့ ထွက်ခွာသွားခဲ့ပေမယ့် ကျမတို့ကတော့ အတီးရဲ့အကြောင်းတွေကို သတိတရနဲ့ မမောနိုင်မပမ်းနိုင် ပြောကြရဦးမှာပါ။ အတီးသွေးနဲ့ ခင်းခဲ့တဲ့၊ အတီးယုံကြည်မျှော်လင့်တဲ့ ခရီးဆုံးပန်းတိုင်ဆီကို ဆက်လက် ချီတက်ရဦးမှာပါ။ အတီးကျဆုံးခဲ့တဲ့ ညက ကော်သူးလေကောင်းကင်ယံမှာ ကြယ်ကြီးတလုံး လင်းလက်ခဲ့တယ် အတီးရေ။ အဲဒီကြယ်ကြီးကို မြစ်ဝကျွန်းပေါ်ကပဲ ကြည့်ကြည့်၊ ပဲခူးရိုးမပေါ်ကပဲ ကြည့်ကြည့်၊ ဒေါနတောင်စဉ် တောင်တန်းပေါ်က ကြည့်ကြည့်၊ သံလွင် သောင်းရင်းနဲ့ ယွန်စလင်းကမ်းနံဘေးကပဲ ကြည့်ကြည့် ရွှန်းမြလင်းလက်နေတာကို တွေ့ရတယ်။ အဲဒီကြယ်ကြီးရဲ့ လင်းလက်မှုမှာ...

Read more »

ရဲဘော် ဇော်နောင် – ပဒိုမန်းရှာ၏ နောက်ဆုံးနေ့ရက်များနှင့် ကျနော်

February 14, 2015
ရဲဘော် ဇော်နောင် – ပဒိုမန်းရှာ၏ နောက်ဆုံးနေ့ရက်များနှင့် ကျနော်

ရဲဘော် ဇော်နောင် – ပဒိုမန်းရှာ၏ နောက်ဆုံးနေ့ရက်များနှင့် ကျနော် (မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅ အချိန်တွေ ကြာညောင်းလာခဲ့ပြီဖြစ်သော်လည်း ဒီလဒီရက်ကိုရောက်တိုင်း အတိတ်ရဲ့ဖြစ်ရပ်တွေ ကျနော့် အာရုံထဲ အသစ် တဖန် ပြန်ဝင်ရောက်လာပါတော့တယ်။ အချိန်ကာလအနေနဲ့ပြောရရင် ၂၀၀၇ ခုနှစ် နှောင်းပိုင်း ကနေ စရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ ကေအဲန်ယူခေါင်း ဆောင် များကို လုပ်ကြံမယ် ဆိုတဲ့သတင်း ကေအဲန်ယူအတွင်း ခါတိုင်းထက် ပိုထွက်ပေါ်လာခဲ့ပါတယ်။ အချိန်နှင့်အမျှ သတင်းတွေ တမျိုးပြီးတမျိုး ထွက်ပေါ်လာသော်လည်း လုပ်ကြံခံရမဲ့ စာရင်းထဲမှာ ပဒိုမန်းရှာရဲ့နာမည် အမြဲလို ပါဝင်နေခဲ့ပါတယ်။ ဒါကြောင့် ပဒိုမန်းရှာရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ အခြေအနေဖြစ် လာခဲ့ပါတယ်။ ဒါပေမယ့် ပဒိုမန်းရှာက တုန်လှုပ်မှုမရှိခဲ့ပါဘူး။ သွားမြဲ...

Read more »

ဝင်းအောင်ကြီး – လူအောင်ဆန်း (၁-၄)

February 8, 2015
ဝင်းအောင်ကြီး – လူအောင်ဆန်း (၁-၄)

  ဝင်းအောင်ကြီး – လူအောင်ဆန်း (၁-၄) မိုးမခ၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၅   တကသ ဥက္ကဋ္ဌ သခင်အောင်ဆန်း (၁၉၃၈-၃၉) လူအောင်ဆန်း (၁)   မဟတ္တမဂန္ဒီ၊ လင်ကွန်း၊ ဟိုချီမင်းတို့လို ကြည်ညို လေးစားတာထက် ဗိုလ်ချုပ်အောင်ဆန်းကျတော့ ဘာ့ကြောင့်ပိုရတာလဲ။  သူ့ကိုတော့ ချစ်တာကိုး။  ၁၉၅၃ ခု၊ ရန်ကုန်တက္ကသိုလ်ရောက်လာတော့ ဆေးရုံတက် သူနာပြုဆရာမလေးနဲ့ ဆုံချစ်ချင်တဲ့ စိတ်တောင်ပေါ်ခဲ့ဖူးလေရဲ့။   ကျနော်အသက်က ၁၆ နှစ်၊ ညနေဘက် အင်လျားကန်စောင်း လမ်းလျှောက်တဲ့အခါ ကျောင်သူအချော အလှလေးတွေကလည်း များလှပါဘိ။  ကျနော်နေရတဲ့ သထုံဆောင်က မလှမ်းမကမ်းမှာက တက္ကသိုလ်ဆေးရုံ။  နေထိုင်မကောင်းဖြစ်ဖို့ ဖျားနာဖို့များ ဆုတောင်းရလေမလား။   နောက်တော့ သူ့အကြောင်းစာတွေဖတ်ရ၊ မိန့်ခွန်းထဲက...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်