သမိုင်းနဲ့ အစဉ်အလာ

မောင်စွမ်းရည် – ဦးသော်ကောင်း

October 12, 2016
မောင်စွမ်းရည် – ဦးသော်ကောင်း

မောင်စွမ်းရည် – ဦးသော်ကောင်း (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၆ ရန်ကုန်တက္ကသိုလ်၊ ဗဟိုစာကြည့်တိုက်ကိုသွားရင်း စိမ်းစိုမြူးလွင့်နေတဲ့ သော်ကပင်ကလေးတွေ ၀န်းရံနေတာကို မြင်ရတယ်။ သော်ကပင်ကလေးတွေကို မြင်ရရင် “သော်ကောင်း” ကို ပိုလို့ သတိရစရာ ဖြစ်ရပ့ါတယ်။ “သော်ကောင်း” ဆိုတဲ့ နာမည်ကြားရင် ကျွန်တော့်ရင်ထဲမှာ လေးစားချစ်ခင်မှု လှိုင်းဂယက်တွေ ထတတ်ပါတယ်။ “သော်ကောင်း”၊ “စာကြည့်တိုက်” ၊ “စာအုပ်စာပေ” ဆိုတဲ့ စကားလုံးတွေဟာ နိမိတ်ပုံတွေ ရောယှက် နေတဲ့ စကားလုံးလေးတွေ ဖြစ်ပါတယ်။ စာကြည့်တိုက်တို့ ၊ စာအုပ်စာပေတို့ ဆိုတာ အသိပညာအလိမ္မာ တရားတို့ရဲ့ စုဝေးရာဖြစ်ပါတယ်။ သက်ရှိသတ္တ၀ါတွေအတွင်း လူနဲ့ တိရစ္ဆာန်တို့ရဲ့ အဓိက ခြားနားချက်ဟာ “စာအုပ်စာပေ” ပဲ ဖြစ်တယ်လို့ စဉ်းစားမိဖူးပါတယ်။...

Read more »

လှကျော်ဇော – ကျွန်မ နောင်တ

October 12, 2016
လှကျော်ဇော – ကျွန်မ နောင်တ

လှကျော်ဇော – ကျွန်မ နောင်တ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၆ ၂၀ဝ၉ ခုနှစ်၊ ဖေဖေအသက် ၉၀ ပြည့်အပြီးမှာ ဆီးချုပ် ဝမ်းချုပ်ဖြစ်ပြီး ကယောင်ကတမ်းတေ ပြောလာလို့ ဆေးရုံတင်ရပါတယ်။ ဆေးရုံရာက်တော့ သွေးစစ်ကြည့်ပြီး Acidosis ဖြစ်တယ်ဆိုပြီး အသက်အရွယ်ကလည်း ကြီးရင့်မှုကြောင့် ဆရာဝန်တွေက ICU ထဲ သွင်းလိုက်ကြပါတယ်။ ဖေဖေ ပထမဆုံးအကြိမ် ICU ထဲဝင်ရတာပါ။ အဲဒီထဲ ဖေဖေ ၂ ရက်လောက် မျောနေပါတယ်။ သတိကောင်းကောင်း ရလာတဲ့အခါ အနားမှာ ကျမကမရှိ၊ လူစိမ်းတွေချည်းဖြစ်၊ စကားကလည်း မပေါက်ဆို တော့ ဖေဖေက သူ့တကိုယ်လုံး တပ်ဆင်ထားတဲ့ ပိုက်တွေ၊ အပ်တွေ ဆွဲဖြုတ်ပြီး သောင်းကျန်းပါတော့တယ်။ ဒီတင် ဆရာဝန်များ...

Read more »

စိတ်တိုင်းကျ ကိုအောင်ထိုက်နှင့် ဘကြီးမိုး

October 4, 2016
စိတ်တိုင်းကျ ကိုအောင်ထိုက်နှင့် ဘကြီးမိုး

စိတ်တိုင်းကျ ကိုအောင်ထိုက်နှင့် ဘကြီးမိုး  (ကုမုဒြာဂျာနယ်၊ စက်တင်ဘာ ၂၈၊ ၂၀၁၆) မိုးမခ၊ အောက်တိုဘာ ၄၊ ၂၀၁၆ မနက်အစောကြီး ဘကြီးမိုး တစ် ယောက် မောနင်းစတားကိုအသွား ကားပေါ်မှာရှိနေတုန်း တော်ဝင်နှင်းဆီ ကိုစိုးညွန့် ဆီက ဖုန်းလာတယ်။ စိတ်တိုင်းကျ ကိုအောင်ထိုက် ဆုံးရှာပြီတဲ့။ ဘကြီးမိုး ယုံဖို့ ခက်လိုက်တာ။ ၁၂ ရက်နေ့ ဦးဝင်းတင်ဖောင်ဒေးရှင်းက ထောက်ပံ့ကူညီမှုပွဲမှာ နာယကစားပွဲမှာ ထိုင်နေကြတဲ့ အန်ကယ်ဦးတင်ဦး၊ ဦးအုန်းထွန်းနဲ့ ဘကြီးမိုးတို့ကို ပြုံးပြုံးရွှင်ရွှင် လန်း လန်းဆန်းဆန်း မျက်နှာချိုချိုနဲ့ သူ နေ ကောင်း ပြီလို့ ကိုအောင်ထိုက်က ဘကြီးမိုး တို့ သုံး ယောက်စလုံးကို လက်ဆွဲ နှုတ် ဆက်ပြီး လာပြောတာ၊ ဘကြီးမိုးတို့...

Read more »

လှကျော်ဇော – ကျွန်မတို့ရဲ့ဆရာမကြီး ရဲဘော်ငွေ

October 1, 2016
လှကျော်ဇော – ကျွန်မတို့ရဲ့ဆရာမကြီး ရဲဘော်ငွေ

လှကျော်ဇော – ကျွန်မတို့ရဲ့ဆရာမကြီး ရဲဘော်ငွေ ကွယ်လွန်ခြင်းရက်လည်နေ့ – ၁၅-၃-၂၀၁၄ အမှတ်တရ (မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၆ ၁၉၇၈ ခုနှစ် သြဂုတ်လ မှ ၁၉၈၉ ခုနှစ်ဧပြီလအထိ ၁၀ နှစ်ကျော် အတူတကွ နေထိုင်ခဲ့ပြီး ကျွန်မရဲ့“လက်နက်ကိုင်တော်လှန်ရေးသမားဘဝဖြတ်သန်းမှုကိုအောင်မြင်စွာကျော်ဖြတ်နိုင်အောင် နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ပညာပေးပြုပြင်တည်ဆောက်ပေးခဲ့တဲ့ ကျွန်မရဲ့တော်လှန်ရေးဘဝ ‘လက်ဦးဆရာ၊ ဆရာမကြီး ရဲဘော်ငွေ ထာဝစဉ် ဥဒါန်းတွင်ပါစေ” ကျွန်မဆရာမကြီးကို ၁၉၇၈ ခုနှစ်၊ သြဂုတ်လ-၁၅ ရက် ပါတီနေ့အလွန် ရက်တရက်မှာ စတင်သိရှိခဲ့ရပါတယ်။ အဲဒီနေ့က ကျွန်မတို့ ပါတီဌာနချုပ် ဗဟိုရုံးချုပ်က လူအားလုံး အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ရုံးစိုက်ရာပန်ဆန်းကို ပြောင်းရွှေ့ ရောက်ရှိလာကြတာဖြစ်ပါတယ်။ အဲဒီတုန်းက ဆရာမကြီးဟာ စစ်ဒေသဆေးရုံရဲ့ဒုနိုင်ငံရေးမှူးပါ။ ခရိုင်အဆင့်ကေဒါပါ။ အမျိုးသမီးရဲဘော်တွေအကြားမှာ အတော်အဆင့်မြင့်ပါတယ်။ ဒါကြောင့် ပါတီထဲက...

Read more »

မိုးမြင့် – စိတ်တိုင်းကျ တဲ့ ဈာပန

October 1, 2016
မိုးမြင့် – စိတ်တိုင်းကျ တဲ့ ဈာပန

    မိုးမြင့် – စိတ်တိုင်းကျ တဲ့ ဈာပန  (သူ့ဖေ့စ်ဘွတ်) မိုးမခ၊ အောက်တိုဘာ ၁၊ ၂၀၁၆ ရေဝေးသုသာန်ကိုရောက်တော့ အချိန်နည်းနည်း စောပါသေးတယ်။ ကားရပ်လိုက်တော့ အစောင့်သူငယ်လေးက ဒီနေရာကားအကြီးကြီးတွေရပ်တဲ့နေရာခင်ဗျလို့ဆိုပါတယ်။ ပြီးတော့နေရာတနေရာကို ညွှန်ပြပါတယ်။ ရုံးခန်းလိုနေရာတခုရဲ့ရှေ့မှာပါ။ တာဝန်ရှိသူများကလည်း ပြာပြာသလဲ ရှေ့က ကာထားတာတွေ ဖယ်ပေးပါတယ်။ ကားထဲကကိုယ့်ကို သေသေချာချာ အနားကပ်အကဲခပ်ပြီးတော့မှ ကိုယ်ဟာ ဗီအိုင်ပီမဟုတ်။ ဘီပီအိုင်လောက်သာ ဖြစ်တယ်ဆိုတာ သိသွားကြပြီး နောက်ထဲမှာကားသွားရပ်ဖို့ ပြောပြန်ပါတယ်။ သူတို့ခေါ်သွားတဲ့နေရာက အဆောက် အဦနောက်ထဲက သီးခြားကားရပ်နေရာလေးဖြစ်ပါတယ်။ ကောင်းပါပြီဆိုပြီး ခန်းမဘက် လျှောက်ခဲ့ပါတယ်။ ခန်းမရှေ့မှာတော့ ကိုအောင်ထိုက်အတွက် ပန်းခြင်းပန်းခွေတွေ အစုလိုက် အပြုံလိုက်ကြီး တွေ့ပါတယ်။ အဝင်ဝမှာတွေ့တဲ့ မိတ်ဆွေသူငယ်ချင်းဟောင်းတွေနဲ့နှုတ်ဆက်ပြီး ခန်းမထဲငဲ့ကြည့်လိုက်တော့ တရုတ်ရိုးရာအဝတ်အဆင်တွေနဲ့ ကန်တော့နေတာ မြင်ရပါတယ်။...

Read more »

ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးထွန်းမြင့်၏ ဒေါ်အောင်ဆန်းစုကြည်သို့ ပေးစာ (၁၉၈၉ ခုနှစ်)

September 23, 2016
ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးထွန်းမြင့်၏ ဒေါ်အောင်ဆန်းစုကြည်သို့ ပေးစာ (၁၉၈၉ ခုနှစ်)

ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးထွန်းမြင့်၏ ဒေါ်အောင်ဆန်းစုကြည်သို့ ပေးစာ (၁၉၈၉ ခုနှစ်)  (မိုးမခ မှတ်စုမှတ်တမ်း) စက်တင်ဘာ ၂၃၊ ၂၀၁၆ ” ပုဂ္ဂိုလ်ရေးပေးစာ ” လို့ ဆိုထားသော်လည်း “၂၁ ရာစု ပင်လုံ ” အသံမြည်ဟိန်းနေ တဲ့ကာလမှာ ဒီပေးစာကို သိရှိလေ့လာ ဖတ်ရှုသင့်တယ်လို့ ယူဆပါ သဖြင့် ဖြန့်ဝေလိုက်ပါတယ်။ – စာရဲ့သက်တမ်းဟာ နှစ်ပေါင်း ၃၀ နီးပါးရှိနေပါပြီ။ (၁၉၈၉ – ၂၀၁၆ ယနေ့ကာလ) – ပြည်ပ၌ ထုတ်ဝေသော “ရှမ်းပြည်ဘယ်လဲ ” စာအုပ်မှ ကူးယူဖော်ပြပါတယ်။ – ထိုစာအုပ်၌ ပုံနှိပ်မှတ်တမ်းမပါရှိပါ။ – ထိုစာအုပ်မှာပါတဲ့ “လုန်းခွန်ကြာဦး” ရဲ့ အမှာစာမှ ရက်စွဲမှာ...

Read more »

မောင်စွမ်းရည် ● မန်းတက္ကသိုလ်ကျောင်းသား မောင်ဘဂျမ်း (၁)

September 23, 2016
မောင်စွမ်းရည် ● မန်းတက္ကသိုလ်ကျောင်းသား မောင်ဘဂျမ်း (၁)

Tin Moe and Maung Swan Yi (2006) – MoeMaKa   မောင်စွမ်းရည် ● မန်းတက္ကသိုလ်ကျောင်းသား မောင်ဘဂျမ်း (၁) (မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၆ အညာကျေးလက်လူငယ်တွေဟာ စတုတ္ထတန်းအောင်ရင်၊ သတ္တမတန်းအောင်ရင်၊ ဒသမတန်း အောင်–၊ အဆင့် တဆင့်ဆင့်မှာ ကျောင်းထွက်ပြီး မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ၊ စာရေး၊ စာချီ စသဖြင့် လုပ်ဖို့လောက်ပဲ ရည်မှန်းချက်ထားတဲ့ ခေတ်မျိုးမှာ တင်မိုး (ကိုဘဂျမ်း) လူလားမြောက် လာခဲ့တာပါ။ စာတွေဖတ်လို့မျက်စိပွင့်ပြီး ကျောင်းနေလိုစိတ်ပြင်းပြပေမဲ့ တက္ကသိုလ်ထိ မရည်မှန်းခဲ့ပါဘူး၊ မရည်မှန်းဝံ့ရှာပါ။ ကိုဘဂျမ်းဟာ ကန်မြဲဇဂျမ်းက ထွက်ပြေးပြီး ရေစကြိုမှာ ကျောင်းတက်ခဲ့ပါတယ်။ ဆွေမျိုးတွေဆီမှာ ချို့ချို့ငဲ့ငဲ့ ကျောင်းနေတယ်။ သူစာတော်တာကို...

Read more »

လှကျော်ဇော – ၁၉၄၂-မြောင်းမြ ကရင် – ဗမာ အရေးအခင်း (နောက်ဆက်တွဲ)

September 23, 2016
လှကျော်ဇော – ၁၉၄၂-မြောင်းမြ ကရင် – ဗမာ အရေးအခင်း (နောက်ဆက်တွဲ)

လှကျော်ဇော – ၁၉၄၂-မြောင်းမြ ကရင် – ဗမာ အရေးအခင်း (နောက်ဆက်တွဲ) (မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၆ ကျွန်မ ဆက်၍ရေးချင်သော ဖေဖေအကြောင်းများ။ ဆောင်းပါးအမှတ်(၃၇) ဖေဖေနဲ့ရွေးကောက်ပွဲဆိုတဲ့ဆောင်းပါးမှာ ကျွန်မကဖေဖေ ၁၉၆၀ ခုနှစ်က ရွေးကောက်ပွဲဝင် စဉ်ကဝင်ရောက်ပါဝင်ကူညီခဲ့တဲ့အလုံရပ်ကွက်က ကရင်ခေါင်းဆောင်များအကြောင်းရေးရင်း မြောင်းမြ ကရင်-ဗမာအရေးအခင်းအကြောင်း အစအနလေး ပါသွားပါတယ်။ အဲဒီဆောင်းပါးမိုးမခမှာ ဖေဖေ ကွယ်လွန်ခြင်း (၃)နှစ်မြောက်အထိမ်းအမှတ်အဖြစ် ၁၁-၁၀-၂၀၁၅ မှာ တင်လိုက်ပါတယ်။ စာဖတ်သူ မှတ်ချက်မှာ မန္တလေးက ရဲကျော်သူဆိုသူက အဲဒီမြောင်းမြကိစ္စကို သီးခြားဆောင်းပါးတပုဒ် ပြည့်ပြည့် စုံစုံရေးဖို့ တောင်းဆိုထားပါတယ်။ သူ့စာမှာ-ဒီလိုရေးထားပါတယ်။ ဘီ-အိုင်-အေကာလက မြောင်းမြ မှာ ကရင်လူမျိုးများအစုလိုက် အပြုံလိုက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး အစိုးရအဆက်ဆက်က ဖုံးဖိ ထားရုံမျှမက အထိမ်းအမှတ်ကျောက်တိုင်တောင် ထားခွင့်မပြုခဲ့ပါဘူး။...

Read more »

အခွင့်အရေးသစ်တွေကို ထိုက်ထိုက်တန်တန် သုံးကြပါ

September 4, 2016
အခွင့်အရေးသစ်တွေကို ထိုက်ထိုက်တန်တန် သုံးကြပါ

အခွင့်အရေးသစ်တွေကို ထိုက်ထိုက်တန်တန် သုံးကြပါ (မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၆ —– ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ နောက်ဆုံးနေ့၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် ကျေးဇူးတင် အမှာစကား —- ကျွန်မတို့ ဒီညီလာခံကြီးဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ဖြစ်စဉ်တစ်ခုဆိုတာ အစဉ်တစိုက် လုပ်နေဖို့ အရာဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီညီလာခံထဲမှာ ရောက်နေတဲ့အချိန်မှာပဲ ငြိမ်းချမ်းရေးကိစ္စ စဉ်းစားဖို့မဟုတ်ပါဘူး။ အစည်း အဝေးတွေ ကျင်းပနေချိန်မှသာ ငြိမ်းချမ်းရေးကို စဉ်းစားနေဖို့ မဟုတ်ပါဘူး။ တချိန်လုံး ကျွန်မတို့ဟာ ငြိမ်းချမ်းရေးကို ဘယ်လိုရအောင်ယူကြမလဲ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီး ခိုင်ခံအောင် ချမ်းသာ အောင်လို့ဘယ်လို လုပ်ကြမလဲဆိုတာ အစဉ်တစိုက်...

Read more »

ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ရာစု ပင်လုံညီလာခံ အဖွင့်မိန့်ခွန်း

September 1, 2016
ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ရာစု ပင်လုံညီလာခံ အဖွင့်မိန့်ခွန်း

ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ရာစု ပင်လုံညီလာခံ အဖွင့်မိန့်ခွန်း (နိုင်ငံတော်အတိုင်ပင်ခံ၏ ဖေ့စ်ဘွတ်မှ) မိုးမခ၊ စက်တင်ဘာ ၁၊ ၂၀၁၆ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ အခမ်းအနားဖွင့်ပွဲမိန့်ခွန်း (သြဂုတ် ၃၁၊ ၂၀၁၆၊ နေပြည်တော်) ယနေ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနားကို ကြွရောက်လာကြတဲ့ ဧည်သည်တော်များ၊ ကိုယ်စားလှယ်များနဲ့တကွ၊ ယခုလို အချိန်အခါမှာ ကျွန်မတို့နဲ့အတူ စိတ်အားဖြင့် ရှိနေသူပုဂ္ဂိုလ်များအားလုံးနှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ၊ ကောင်းကျိုး လိုရာ ဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေလို့ ပဏမအားဖြင့် ဆုတောင်းမေတ္တာပို့သ ပါတယ်။ ဒီခန်းမကြီးဟာ ငြိမ်းချမ်းရေးကို မြတ်နိုး တန်ဖိုးထားတဲ့ ဧည့်သည်တော်များ၊ ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်များနဲ့သာ ပြည့်နေရုံမက၊ ကမ္ဘာတစ်ဝှမ်းက...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly December 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ

By

  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်