သရော်စာ

ရန်လိုကျွဲ ● သတင်းသမားဘဝမှ လုပ်ငန်းရှင်ဘဝသို့ ….

February 22, 2017
ရန်လိုကျွဲ ● သတင်းသမားဘဝမှ လုပ်ငန်းရှင်ဘဝသို့ ….

ရန်လိုကျွဲ ● သတင်းသမားဘဝမှ လုပ်ငန်းရှင်ဘဝသို့ …. (မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇ ဆရာကျွဲနှင့်သားများ အတိုင်ပင်ခံ လုပ်ငန်းရုံးသည် ဒုက္ခသီရိနေပြည်တော်၏ အအောင်မြင်ဆုံး စီးပွား ရေးလုပ်ငန်းငါးခု စာရင်းတွင် ငါးနှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်နေသည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်လိုသူများ၊ ရင်းနှီးမြှုပ်နှံမှု တိုး ချဲ့လိုသူများ၊ စီးပွားပိုမိုဖွံ့ဖြိုးလိုသူများသည် ဆရာကျွဲကို ချဉ်း ကပ် အကူအညီတောင်းကြသည်။ တချို့ကလည်း လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းတွေ့သဖြင့် ရောက်လာကြ သည်။ ရပ်နီးရပ်ဝေးမှ အကြံဉာဏ် လိုအပ်သူ၊ အိုင်ဒီယာ လိုအပ်သူများ ပြားလွန်းသဖြင့် အလုပ်ခန်းဖွင့်ပြီး အကျိုးဆောင် ပေးနေရသည် မှာ ငါးနှစ်ငါးမိုး ရှိလာပြီဖြစ်သည်။ ဆရာကျွဲက သားတော်မောင်နှစ်ယောက်ကို ရုံးမန်နေဂျာများအဖြစ် ခန့်ထားသည်။ ရက်ချိန်းယူထားသူ၊ ရုတ်တရက်...

Read more »

နိုင်ဝင်းသီ● နာရီတလုံးရဲ့ အလျား

February 19, 2017
နိုင်ဝင်းသီ● နာရီတလုံးရဲ့ အလျား

နိုင်ဝင်းသီ ● နာရီတလုံးရဲ့ အလျား (မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၇ (တစ်) “ပေါင်တံရှည်တဲ့မိန်းမတွေဟာ နှလုံးရောဂါ အဖြစ်နည်းတယ်လို့ ဗြိတိန်နိုင်ငံ ဘရစ္စတိုတက္ကသိုလ်က သုတေသနလုပ်ပြီး သတင်းထုတ်ပြန်ထားတယ်ဗျ။ နှလုံးရောဂါနဲ့ပေါင်တံ အတိုအရှည်ကိစ္စဟာ ဘယ်နေရာမှာသွားပြီး ဆက်စပ်နေသလဲမသိဘူးနော်။ စိတ်ဝင်စားစရာ တော်တော်ကောင်းတဲ့ သတင်းတပုဒ်ပဲ” စာရေးစားပွဲထိုင်ပြီး စာရေးမည်ကြံကာရှိသေးသည်။ ပေါင်တံအတိုအရှည်ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်ပြီး လာပြောနေသော မိတ်ဆွေတဦးကြောင့် တည်ငြိမ်နေသော သူ့စိတ်ဟာ လွန့်လှုပ်သွားပါသည်။ ဖြစ်ချင်တော့ ထိုကိစ္စကိုလာပြောသောမိတ်ဆွေယူထားသည့်မိန်းမမှာ ဂင်တိုတိုနှင့် ပုပုကွကွမိန်းမတယောက် ဖြစ်နေလေ သည်။ ထိုမိတ်ဆွေသည် တနေ့လျှင် သူ့အိမ်သို့ သုံးလေးခေါက်လာလေ့ရှိပြီး စာအုပ်ငှားရမ်း သွားလျှင်လည်း ခပ်တည်တည်နှင့် အမေ့ခံတတ်သော မိတ်ဆွေတဦးဖြစ်သည်။ ထိုမိတ်ဆွေ၏ မျက်လုံးများမှာ စနစ်တကျလေ့ကျင့်ပေးထားသော တိုက်ကြက်ဖတကောင်၏ မျက်လုံးမျိုးနှင့် ခပ်ဆင်ဆင်တူပါသည်။ မျက်လုံးများသာဆင်ရုံမက...

Read more »

မောင်ဥက္ကလာ – အတွဲအကွဲများနဲ့ ရွှေပြည်ဘုရားပွဲ

February 16, 2017
မောင်ဥက္ကလာ – အတွဲအကွဲများနဲ့ ရွှေပြည်ဘုရားပွဲ

မောင်ဥက္ကလာ – အတွဲအကွဲများနဲ့ ရွှေပြည်ဘုရားပွဲ (မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇ အမှန်အတိုင်း ဝန်ခံရရင် ဒီရက်အတွင်း အခက်ဆုံးအလုပ်က စာရေးခြင်း။ ပြောချင်စရာ ရေးဖို့အကြောင်းအရာတွေ မရှိလို့မဟုတ်။ စာချစ်သူများ သိတော်မူတဲ့အတိုင်း ရွှေပြည်ကြီးမှာ ရေးစရာပြောချင်စရာတွေက ဒု့နဲ့ဒေး။ ဒါပေမဲ့ ဘယ်သူ အချုပ်အခြာအာဏာပိုင်ဆိုင်၊ ဘယ်သူဘယ်ဝါ ဘယ်လိုချုပ်ကိုင်အုပ်ချုပ်နေမှန်း မသိတဲ့ခေတ်ကြီးမှာ – နောက်ကွယ်က လက်မည်းကြီးတွေကလည်း များသပါ့။ တရားဥပဒေ စိုးမိုးရေး ဆိုတာကြီးကလည်း အပြောနဲ့စာရွက်ပေါ်မှာသာရှိပြီး၊ ကျုပ်တို့ပြည်သူတွေမှာ အုတ်ခဲ၊ တုတ်ဆွဲ ဖြေရှင်းနေရ။ အခြေအနေက စားသတိသွားသတိ ရင်တထိတ်ထိတ်နဲ့ မြင်တွေ့စိတ်ထဲရှိတာတွေ ပြောဖို့ဆိုဖို့ အကြောက်ကြီးတဲ့ ကျုပ်က လက်ရဲဇက်ရဲ ကားသမားတွေလို သွေးမရဲတော့ မပြောရဲပေါင်။ ကွေးသောလက် မဆန့်မီ အန္တရာယ် များပါဘိ။ အဲ့ဂါကြောင့်...

Read more »

သားကြီးမောင်ဇေယျ – နှင်းဆီနီနီ

February 16, 2017
သားကြီးမောင်ဇေယျ – နှင်းဆီနီနီ

      သားကြီးမောင်ဇေယျ – နှင်းဆီနီနီ (ချစ်သူများနေ့အမှတ်တရ) (မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇ နှင်းဆီနီတပွင့် ထောင့် ငါးရာ ။ အဖိုးကြီးတွေ အဖွားကြီးတွေ ယုံချင်ယုံ မယုံချင်နေ။ ဒီနေ့ ဒီအခါ မှာတော့ ခင်ဗျားတို့ရဲ့ သားသမီးတွေ မြေးတွေက တော့ နီးစပ်ရာ ဆူပါ မတ်ကတ် တွေ၊ စတိုးဆိုင်တွေမှာ အဲဒီနှင်းဆီ ပန်းအနီတွေကို အလုအယက် ၀ယ်နေကြပြီ။ ဘာကြောင့် ပါလဲ။ နှင်းဆီပန်းနီနီကလေးတွေဟာ ဖေဖ၀ါရီ လလယ်မှာ ကျရောက်မယ့် ဗယ်လင်တိုင်း ဒေး အမှတ်တရ လက်ဆောင်ဖြစ်လို့ပါ။ တနည်းပြောရရင် ဗယ်လင်တိုင်းဒေး ဆိုတာ ချစ်သူများနေ့လို့ လှလှ ပပ ဘာသာပြန်ထားတဲ့ နေ့ပါ။ ချစ်သူများနေ့ဆိုလို့ ကျွန်တော်တို့လို ချစ်သူ...

Read more »

သားကြီးမောင်ဇေယျ – ဦးနှောက် စားသွားကြပါဦး

February 3, 2017
သားကြီးမောင်ဇေယျ – ဦးနှောက် စားသွားကြပါဦး

သားကြီးမောင်ဇေယျ – ဦးနှောက် စားသွားကြပါဦး (မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၇ မနက် ၈ နာရီလောက် တာမွေ အောင်မင်္ဂလာ လမ်းထိပ်က မြင့် လက်ဖက်ရည်ဆိုင်မှာပါ။ ကျွန်တော်တို့ အခေါ် lower house news room လို့ နာမည်ပြောင် ပေးထားတဲ့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်ပေါ့။ အရမ်းဘာသာပြန်လိုက်ရင်တော့ အောက်လွှတ် တော်သတင်းရုံးခန်းပေါ့။ ရုံးမတက်ခင် လူစုတဲ့နေရာ။ အဲဒီမှာ မနေ့က သတင်းတွေအကြောင်း၊ ဒီနေ့လိုက်မယ့်သတင်းတွေ အကြောင်း ပေါ့ပေါ့ပါးပါး ပြောကြ ဆိုကြ။ ကျွန်တော်က အင်တာနယူး ( INTERNEWS) က ဦးစီးကျင်းပတဲ့ ကျား/မ (ဂျန်ဒါ) အခြေပြုအကြမ်းဖက်မှုဆိုင်ရာ သတင်းရေးသားခြင်း သင်တန်း မှာ လက်တွေ့ ကွင်းဆင်း...

Read more »

သားကြီးမောင်ဇေယျ – အိမ်တွင်းငြိမ်းချမ်းရေးမှ ပြည်တွင်းငြိမ်းချမ်းရေး သို့

January 22, 2017
သားကြီးမောင်ဇေယျ – အိမ်တွင်းငြိမ်းချမ်းရေးမှ ပြည်တွင်းငြိမ်းချမ်းရေး သို့

သားကြီးမောင်ဇေယျ – အိမ်တွင်းငြိမ်းချမ်းရေးမှ ပြည်တွင်းငြိမ်းချမ်းရေး သို့ (မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၇ တဝေါဝေါ မည်နေတဲ့ အ၀တ်လျှော်စက် အသံတွေ ကြားထဲက “ဟေ့ ယောက်ျားရေ လျှော်ပြီးသား အ၀တ်တွေ လာလှန်းပေးဦး” အမိန့်ပေးသံလား ၊ အကူအညီ တောင်းသံလား သဲသဲ ကွဲ ကွဲ မစဉ်းမိခင် အ၀တ်လျှော်နေတဲ့ မိန့်မ နားကို ကျွန်တော် ရောက်သွားပါပြီ။ ခြေဖနောင့် နှစ်ခုပူး ၊ ခြေဖျား နှစ်ခုကို လေးလက်မခွာ၊ ခါးကို မတ်မတ်ထား၊ လက်နှစ်ဖက်ကို ကပ်ထား၊ ရင်ကိုကော့ ၊ ဖင်ကိုကောက် သတိအနေအထားနဲ့ ရပ်။ မိန်းမ ဘာညွှန်ကြားမလဲ နာခံရန်အသင့်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လျှော်ပြီးသား ထမီ...

Read more »

အီကြာအော် ● ဖွတ်ကလေး၊ ဒေါ်နွယ်ထွန်းနှင့် ခက်သေးဈေးကွက် စီးပွားရေး

December 20, 2016
အီကြာအော် ● ဖွတ်ကလေး၊ ဒေါ်နွယ်ထွန်းနှင့် ခက်သေးဈေးကွက် စီးပွားရေး

အီကြာအော် ● ဖွတ်ကလေး၊ ဒေါ်နွယ်ထွန်းနှင့် ခက်သေးဈေးကွက် စီးပွားရေး (မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၆ ခက်သေးတရွာလုံး “ကျပ်” ဈေးကျသဖြင့် ဗျောင်းဆန်နေပေတော့သည်။ ကျပ်ငွေကား ကျပြီးရင်းကျနေသဖြင့် ခက်သေးရွာ ၏ တက်ပြီးမကျ ပေါ်လစီအရ စားသောက်ကုန်ဈေးများ သာဝတိံသာသို့ တက်ကြလေသည်။ ခက်သေးရွာ၏ထုံးစံအရ ကုန်ဈေးနှုံးတက်ပြီဆိုလျှင် ဈေးမတက်မီ အကြော်များနှင့်တကွ လက်ဘက်ရည်ခွက်များလည်း ကျုံ့သွားလေ့ရှိသည်။ လက်တဝါးလောက်ရှိသော လမ်းထိပ်ကအကြော်ကလည်း ဘိုးတခက်၏တန်ခိုးတော်ဖြင့် တကိုက်စာ လောက်သာ ရှိတော့သည်။ စိတ်တိုင်းမကျ လက်ဘက်ရည်တခွက်ကလည်း ပါးစပ်တငုံစာသာရှိသဖြင့် အီကြာအော် တယောက် လျှာသပ်ရင်း အာသာမပြေ ဖြစ်ရပေသည်။ မကြာသေးမီကပင် ရွာလူကြီးတယောက်က လက်ဘက်ရည်တနေ့တခွက်လျှော့သောက်စီမံကိန်းကြီးကို ခက်သေးလွှတ်တော်ကြီးတွင် တင်ပြခဲ့သေးသည်။ လူတယောက်တငုံလျှော့သောက် ခိုင်းပြီးတာပဲဟု အီကြာအော် တွေးမိလေသည်။ “ဆရာအော့ ကြည့်ရတာ...

Read more »

ပျော်တော်ဆက်သာဂိ – ကျေးဇူးတော်နေ့ ကြက်ဆင်တကောင်၏ မေတ္တာစာ

November 24, 2016
ပျော်တော်ဆက်သာဂိ – ကျေးဇူးတော်နေ့ ကြက်ဆင်တကောင်၏ မေတ္တာစာ

ပျော်တော်ဆက်သာဂိ – ကျေးဇူးတော်နေ့ ကြက်ဆင်တကောင်၏ မေတ္တာစာ  (မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆ ကျုပ်က ကြက်ဆင်တကောင်ပါ။ အမေရိကန်လိုဆိုရင်တော့ တာကီပေါ့။ နိုဝင်ဘာ ၂၄ ဟာ အမေရိကန်လို အနောက်ကမ္ဘာက ကျေးဇူးတော်နေ့ ဖြစ်ပါတယ်။ မိသားစုတွေ ဆုံပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော် အောက်မေ့ကြတယ်၊ မိသားစု ညနေစာ လက်ဆုံ စားကြပါတယ်။ အဲသည်က တရားဝင် ကျေးဇူးတော်ညစာမှာ ကျုပ်တို့ ကြက်ဆင်ပါပါတယ်။ ကြက်ဆင်တွေ ကာလနာတိုက်တဲ့နေ့ပေါ့ ခင်ဗျာ။ ကြက်ဆင်တွေ ကင်ကြ ပေါင်းကြ ချက်ပြုတ် စားသောက်ကြတာ ရိုးရာအစဉ်အလာ ဖြစ်ပါတယ်။ ကြက်ဆင်တွေဟာ တမျိုးလုံး တဆွေလုံး ကောင်းကင်ဘုံက ဘုရားသခင်ဆီ သည်အချိန်ရောက်ပြီဆိုရင် သွားဖို့ အချိန်ဆိုက်ပြီပေါ့။ ကျုပ်ပြောချင်တာက သည်လိုပါ။...

Read more »

အီကြာအော် – “ဖွတ်ကလေး၊ နာရီတလုံးနှင့် ဗိုလ်အောင်ဒင်”

November 24, 2016
အီကြာအော် – “ဖွတ်ကလေး၊ နာရီတလုံးနှင့် ဗိုလ်အောင်ဒင်”

Cartoon Saw Ngo (2008) အီကြာအော် – “ဖွတ်ကလေး၊ နာရီတလုံးနှင့် ဗိုလ်အောင်ဒင်” (မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆ “ငါက ဗိုလ်အောင်ဒင် နင်က ဒါကိုမမြင်” ခက်သေးတရွာလုံး ထုံးစံအတိုင်း လော်ဘေးဒဏ်ကို ခံနေရပေသည်။ ဗိုလ်အောင်ဒင် ပြန်မလာပါစေနှင့်ဟု အီကြာအော်တွေးမိသည်။ အသက်ငါးဆယ်ကျော်လာပြီမို့ အအိပ်ဆတ်ပြီး ညဘက် အိပ်မပျော်ချင်သလို ဖြစ်သည်။ အနှီ ထိုထိုသောလော်ဖြင့် တဖက်သားကို ဒုက္ခပေးလေ့ရှိသည့် ခက်သေးလော်ကိုင်အလှူခံများကို ငါနှင့် ကိုင်တုတ်ချင်စိတ်ကလေးကို မျိုသိပ်လိုက်ရပေသည်။ ထိုစဉ်အခါတွင် ခက်သေးရွာလယ်ခေါင်မှ ယာဉ်ကျောပြောင်းပြန်စီးလာသော ဖွတ်ကလေးတယောက် ဆိုင်ကယ်တဖွတ်ဖွတ်နှင့် အီကြာအော်ဆီ ရောက်လာလေတော့သည်။ “ကွမ်းတရာ ရေတမုတ်နဲ့ နာရီလေးတော့ ငါ့ဆီ ထားခဲ့” ဖွတ်ကလေးက သူ့အသံပြဲဖြင့် သီချင်းဆိုရင်း ဆိုင်းမဆင့် ဗုံမပါပဲ...

Read more »

မောင်ဥက္ကလာ – ကောင်မလေးကို မထိနဲ့

November 18, 2016
မောင်ဥက္ကလာ  – ကောင်မလေးကို မထိနဲ့

မောင်ဥက္ကလာ  – ကောင်မလေးကို မထိနဲ့ (မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၆ ဤစာသည် ဘဝရှင်မင်းတရားကြီး၏ လျှိုဝှက်မှတ်တမ်းဘုတ်အုပ်ကြီးထဲ ရေးခြစ်ထားသော စာဖြစ်သည်။ အတွင်းလူယုံတော်တဦးမှ ကျွန်ပ်ထံ ပေးပို့လာသည့် ဤစာကို အများသူငါ သိစေလိုငှား နိုင်ငံတကာ လျှို့ ဝှက်သတင်းတွေကို ရှာဖွေဖော်ထုတ်တင်ပြနေသော Wiki Leaks အုပ်စုကို ဘာသာမပြန်တတ်၍ မပေးပို့ဘဲ ကမ္ဘာကျော် မိုးမခမဂ္ဂဇင်းကြီးသို့ပေးပို့ ဖြန့်ဝေလိုက်ပါသည်။ စာပါ အချက်အလက်များ မှန်ကန်မှု ရှိမရှိကို အမည်ဝှက်နဲ့ ပေးပို့လာသော ဘဝရှင်မင်းတရားကြီး၏ လူယုံတော်ကို စုံစမ်းဆက်သွယ် တီးခေါက်မေးမြန်းနိုင်ပါသည်။ ဟိုခြစ်ဒီခြစ် ရေခြစ်ထားသော လျှို့ ဝှက်မှတ်တမ်းစာမှာ အောက်ပါအတိုင်း ဖြစ်သည် … ကျွန်ုပ် ရေမြေ့ရှင်သခင် ဘဝရှင်မင်းတရားကြီး၏ ကံဇာတာသည် မယုံနိုင်လောက်အောင် ဒီရေဒီလှိုင်းအလား...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly February 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်