သရော်စာ

မောင်ဥက္ကလာ – ဂတုံးနဲ့ အပြုံးမဲ့ အမုန်းပွားသူများ

August 5, 2017
မောင်ဥက္ကလာ – ဂတုံးနဲ့ အပြုံးမဲ့ အမုန်းပွားသူများ

Illustration – Nyi Pu Chay မောင်ဥက္ကလာ – ဂတုံးနဲ့ အပြုံးမဲ့ အမုန်းပွားသူများ (မိုးမခ) သြဂုတ် ၅၊ ၂၀၁၇ ရန်ကုန်မိုးကလည်း ကောင်းလိုက်တာ တစိမ့်စိမ့် တစပ်စပ်နဲ့ မရပ်မနား။ ဒီလို မိုးအေးအေးမှာ ကော်ဖီကြမ်းတခွက် တကြိုက်သောက်ပြီး ငွေ အလွယ်ရနိုင်တဲ့လမ်း တောင်တွေးမြောက်တွေး ဖျာကြမ်းလေးပေါ်ကွေး စဉ်းစားနေတုန်း … ဝုန်းကနဲ့ မီးခိုးလုံးကြီးနဲ့အတူ ဟား … ဟား … ဟား .. မြန်မာပေါကားတွေထဲကလို ကွမ်းတွေတမြုံမြုံဝါးပြီး ကွမ်းချိုးကပ်သွားတွေပေါ်အောင် တုန်တုန်ယင်ယင်* ရယ်မောလိုက်တဲ့ ရယ်မောသံနဲ့အတူ မျက်မှန်နက်ကြီးဝတ်၊ နှာခေါင်းပါးစပ်တွေကို ဖုံးအုပ်ထားကာ၊ ဘယ်ဘက်လက်မှာ မှန်ပြားတချပ်ကိုင်၊ ညာဘက်လက်မှာ လက်ကိုင်အော်လံလေး ကိုင်ထားတဲ့ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ အသားညိုညို...

Read more »

မောင်ဥက္ကလာ – ဘယ်ကောင် ဗိုလ်လုပ်ချင်လဲ

August 3, 2017
မောင်ဥက္ကလာ – ဘယ်ကောင် ဗိုလ်လုပ်ချင်လဲ

မောင်ဥက္ကလာ – ဘယ်ကောင် ဗိုလ်လုပ်ချင်လဲ (မိုးမခ) သြဂုတ် ၃၊ ၂၀၁၇ ဒီနေ့ မောင်ဥက္ကလာ အသိမိတ်ဆွေ ရုပ်ရှင်လောကသားတဦး ဖိတ်လို့ ရန်ကုန်မြို့  (x)တစ်ထောင်ဘုရားနားမှာ ရိုက်ကူးနေတဲ့ ရုပ်ရှင်ရိုက်ကွင်းတခုဆီ ရောက်သွားခဲ့တယ်။ ရိုက်ကူးနေတဲ့ ရုပ်ရှင်ကားမှာ တချိန်တခါက နာမည်ကြီးခဲ့တဲ့ ဆရာကြီးရွှေဒုံဘီအောင်ရဲ့  ဝထ္တုဇာတ်လမ်းကို ဂီတစာဆိုမောင်ကြေးမုံ ပြန်လည်ဆန်းသစ်ခဲ့တဲ့ ကောလိပ်ဂျင်နေဝင်း၊ စိုးရွှေ၊ တင်တင်နွဲ့၊ မောင်ကြေးမုံတို့ ပါဝင်တဲ့ အသံဇာတ်လမ်းကို ခေတ်နဲ့အညီ ဇာတ်အိမ်ဖွဲ့ ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကား – ဇာတ်ကားအမည်က “(x)အောင်ဒင် ပြန်လာပြီ”။ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ခေါင်းဆောင်မင်းသား၊ မင်းသမီးတွေက ကျော်ကျော်(x) နဲ့ ထွန်းအိန္ဒြာ(x)၊ ဇာတ်ပို့မင်းသမီးများက တက်သစ်စ မင်းသမီးချော ရတနာ(x)၊ မော်ဒယ်မင်းသမီးလေး...

Read more »

ဂျော်ဒီး – “မိုးမခရွာနှင့် သေနာပုကွ”

July 28, 2017
ဂျော်ဒီး – “မိုးမခရွာနှင့် သေနာပုကွ”

ဂျော်ဒီး – “မိုးမခရွာနှင့် သေနာပုကွ” (မိုးမခရွာ ဂေဇက်) ဇူလိုင် ၂၈၊ ၂၀၁၇ ရက်အတော်ကြာ အငြိုးတကြီး ဆက်တိုက်စွေနေသော မိုးကြောင့် မိုးမခရွာဈေးကလေးမှာ.ရေပေါ် ဈေးပမာ ရေတဖွေးဖွေး။ သို့သော် ရင်ခေါင်းလောက်ရှိသော ရေဆိုးရေပုတ်များကြောင့် …ဈေးဝယ်ကျဲပါးလွန်းလှသည် ။ “ငါဟာ ရွက်လွှင့် ငါဟာ ရွက်လွှင့် ” ဆိုင်ထဲဝင်နေသော ရေဆိုးရေပုတ်များကို ခပ်ထုတ်ရင်းစိတ်ညစ်ညစ်နှင့် သီချင်းအော်ဆိုနေသူ ကား…ဖိနပ်ချုပ်ထီးပြင်ဆရာ သာဂိ ။ သူ့နံဘေးကပ်ရက်ဆိုင်မှ ဟင်းရွက်သည်ဒေါ်ဆိတ်မက နားနှစ်ဘက် စုံပိတ်ကာ … “ဖြေးဖြေးသက်သာ ဆိုပါဟယ် ။ ငါတော့ ပင်လယ်ဆိုတဲ့ အသံကြားတိုင်း ငါတို့ရွာလူကြီးဦးဖြီးကို စိတ်နာတယ်…။ ဒင်းပေါ့.။.ရွာကို ပင်လယ်ဆီ ရွှေ့ မယ် လို့ မအပ်မရာပြောလိုက်တာလေ ။ ခုတော့...

Read more »

မင်းမင်းဇော်မောင် ● ကွီးရောဘတ်နှင့် အနောက်တံခါးအနားသို့ တခေါက်

July 24, 2017
မင်းမင်းဇော်မောင် ● ကွီးရောဘတ်နှင့် အနောက်တံခါးအနားသို့ တခေါက်

မင်းမင်းဇော်မောင် ● ကွီးရောဘတ်နှင့် အနောက်တံခါးအနားသို့ တခေါက် (မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၇ (၁) ရွာဦးကျောင်းဆရာတော်ကိုယ်တိုင်အကူအညီတောင်းခံသဖြင့် နှစ်ကာလရှည်ကြာသည့်တိုင်အောင် လုံခြုံမှုမရှိရှာသည့် အ နောက်တံခါးအရေးကို ဝန်ကြီးရောဘတ် ကိုယ်တိုင်သွားရောက် ဖြေရှင်းလေပြီ။ သူသည် အလွန်ပင်စိတ်မြန်လက်မြန်ရှိသူဖြစ်၏။ “ဝန်ကြီးကိုယ်တိုင်ကြွလာတယ်ဆိုတော့ အားနာမိတယ် ဒကာလောဘ” အခြွေအရံများ ခြံရံလျက် မင်းခမ်း မင်းနားဖြင့်ကြွချီလာသော ဝန်ကြီး ရောဘတ်သည် လက်အုပ်ကလေး အသာချီကာ ခေါင်းပေါ်မှဗောင်းတော် ပြုတ်ကျမည်စိုးသဖြင့် လည်ကို ငဲ့စောင်း ထိန်းကျောင်းလျက် ဆရာတော်စကားကို တရိုတသေ ပြန်ကြားလေ၏။ သူ၏ဘေးဘယ်ညာ နှစ်ဖက်မှ အသာကပ်လျက် ထီးတော်မိုးနေသော ကိုယ်ရံတော်နှစ်ဦးသည် မျက်နှာသာ ရလိုဇောနှင့် ဝန်ကြီးအား အလုအယက် မိုးကာပေးနိုင်ရန်ကြိုးစားကြလေရာ ထီးနှစ်ချောင်းသည် ဓားရေးယှဉ်ပြိုင်သကဲ့သို့ လွန့်လူး လှုပ်ခါလျက် ရှိလေသည်။...

Read more »

မောင်ဥက္ကလာ – အိပ်ရာဝင် ပုံပြင်

July 15, 2017
မောင်ဥက္ကလာ – အိပ်ရာဝင် ပုံပြင်

မောင်ဥက္ကလာ – အိပ်ရာဝင် ပုံပြင် (မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၇ နေ့စဉ်နဲ့အမျှ မိုးလင်းမိုးချုပ် ကျောင်းနဲ့ ကျူရှင် အပြေးအလွှာသွားကာ နှုတ်တိုက်သင်ပေးလိုက်တဲ့စာတွေကို တညံညံအော်ဟစ်ပြီး အိပ်တော့မယ့် မြေးငယ်မလေးတွေကို မအိပ်ခင်လေး ဟိုစာဖတ်ပါလား၊ ဒီစာဖတ်ပါလား မုန့်ဖိုးပေးမယ် ချော့မော့လာဘ်ထိုးပေးမယ့် (နောင်အခါ လူကြီးဖြစ်ရင် လုပ်တတ်ကိုင်တတ် စားတတ်အောင် သင်ပေးတာ) ဖတ်ချိန်မရှိဘူးပြော၊ တဝါးဝါးသမ်းပြတတ်တယ် (ကိုယ်ရေးထားတဲ့ ဘာမှန်းမသိ၊ ညာမှန်းမသိ စာမျိုးဆို ယောင်လို့တောင် လှန်မကြည့်။ အဲ့ဂလောက် အားပေးကြတာ)။ တခါတလေတော့ မုန့်ဖိုးလိုချင်လို့လား၊ ချက်ချင်းအိပ်မပျော်လို့လား မသိ ပုံတိုပတ်စလေးတွေ ပြောပြခိုင်းလို့ ဖတ်ဖူးသမျှ ပုံပြင်လေးတွေကို ဝေ့ကာဝိုက်ကာ ပြောပြတယ်။ မနေ့တနေ့ကတော့ မီးမီးတို့ အိပ်မရလို့ မြန်မြန်အိပ်ပျော်အောင် ပုံပြင်လေးတပုဒ်လောက် ပြောပြပါဆိုလို့ ရရှိတဲ့အခွင့်အရေးကို...

Read more »

မောင်လူရေး – လယ်ဗယ်ဇာတ်လမ်း တခန်းရပ်

July 14, 2017
မောင်လူရေး – လယ်ဗယ်ဇာတ်လမ်း တခန်းရပ်

မောင်လူရေး – လယ်ဗယ်ဇာတ်လမ်း တခန်းရပ်  (မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၇ ယခုအချိန်ကား မြန်မာ့သူရဲကောင်း စစ်သည်အပေါင်းသည် “ကာချုပ်ကို မထိနဲ့၊ မိုက်ရင် ထွက်ခဲ့”ဟူသော ကြွေးကြော်သံကြီးဖြင့် ချီတက်လာနေပေပြီ။ ကွီးဖြိုးကို အမြီးရော အရိုးရောမကျန် နှံတော့မည်ဟု စိတ်ပိုင်းဖြတ်ထားကြသည်။ အရေးယူမည်လုပ်ကာမှ ပြဿနာက သူတို့ထင်သည်ထက် ရှုပ်ထွေးလာရကား ချီတက်မှုကို ခနနား၍ စုံကော်ဖွဲ့ကာ ကြားနာနေရပေသည်။ ကြားနာပုံကို ရှုချေဦး။ အမှန်က ဒီကာချုပ်ရာထူးကို နိုင်ငံရေးတတွေးဆွတ်တဲ့ပြဿနာကို စတာ တကယ်တော့ ကွီးဖြိုးမဟုတ်ဖူး။ US AID တဲ့။ တပ်က စွဲချင် သူ့ကို တရားစွဲရမှာတဲ့။ ဟင် … US AIDကလဲ သူ စတာမဟုတ်ဘူးတဲ့။ သူ့ကို ပရိုပိုဇယ်တောင်းသူ နိုင်ကျဉ်းကူညီချင်သူတွေ...

Read more »

မောင်ဥက္ကလာ – နှစ်ရုပ်လုပ်တဲ့ အရှုပ်များ

July 6, 2017
မောင်ဥက္ကလာ – နှစ်ရုပ်လုပ်တဲ့ အရှုပ်များ

မောင်ဥက္ကလာ – နှစ်ရုပ်လုပ်တဲ့ အရှုပ်များ (မိုးမခ) ဇူလိုင် ၆၊ ၂၀၁၇ ကျုပ်ဘဝမှာ ဒီနေ့အထိ တသက်နဲ့တကိုယ် ဒီလောက်အထိ ဒီနိုင်ငံ၊ ဒီမြို့ သား ဖြစ်ရတာကို ဂုဏ်ယူမဆုံး မဖြစ်ခဲ့။ အထူးအားဖြင့် အခုဆိုရင် ဒီမြို့ သား ဖြစ်ရတာကို တွေးမိတိုင်း မျက်ရည်ဖြေမဆည် ဝမ်းသာမဆုံး။ နောက်ဘဝဆက်တိုင်းဆက်တိုင်းမှာလည်း ဒီမြေဒီဌာနေမှာ လူပြန်ဖြစ်ဖို့ကိုလည်း တွေ့သမျှ ဆုတောင်းပြည့်ဘုရားတွေမှာ အကြိမ်ကြိမ်အခါခါ ဆုတောင်းရတာ အမော။ ဒီနေ့ဒီအချိန်အခါမှာ ဒီမြို့ ကြီးမှာ မှီတင်းနေထိုင်ခွင့်ရသော ကျုပ်တို့မြို့ သူမြို့ သားတွေရဲ့  ကုသိုလ်ကံမျိုးကို ကမ္ဘာအရပ်ရပ်နဲ့ ရွှေပြည်တဝှမ်းကလူတွေ အားကျကြလိုချင်နေကြမှာ၊ ဒီမြို့ ကို ပြောင်းရွှေ့ နေချင်ကြမှာ — ကြည့်လေ … နှစ်ဆယ့်တစ်ရာစုရောက်ခဲ့ပေမယ့်...

Read more »

သားကြီးမောင်ဇေယျ – သတင်းသမားများအတွက် ထောင်အ၀င်လမ်းညွှန်

July 2, 2017
သားကြီးမောင်ဇေယျ – သတင်းသမားများအတွက် ထောင်အ၀င်လမ်းညွှန်

သားကြီးမောင်ဇေယျ – သတင်းသမားများအတွက် ထောင်အ၀င်လမ်းညွှန် (မိုးမခ) ဇူလိုင် ၂၊ ၂၀၁၇ ကျွန်တော်တို့ သတင်းသမားတွေအတွက် Rights to information (သတင်းသိပိုင်ခွင့်) ဥပဒေ အကြောင်းရေးရင်ကောင်းမလား၊ သတင်းသမားများ ကျင့်ဝတ် အကြောင်းရေးရင်ကောင်းမလား၊ သတင်းမီဒီယာ ဥပဒေ အကြောင်းရေးရင်ကောင်းမလား၊ facebook safety for journalist အကြောင်းရေးရင်ကောင်းမလား စဉ်းစားနေတုန်းမှာပဲ အပေါင်းအသင်းရောင်းရင်းတွေက ခင်ဗျားအရေးမပါတာတွေ လုပ်မနေနဲ့ ကျင့်ဝတ်တွေ ဥပဒေ တွေ သတင်းသိပိုင်ခွင့်တွေ လုပ်မနေနဲ့ အဲဒါတွေက လက်တွေ့မကျဘူး။ အခု ကျုပ်တို့ အရေးတကြီးလိုအပ်နေတာက ထောင်ထဲရောက်ရင် ဘယ်လိုနေရ ထိုင်ရမယ်ဆိုတဲ့ လမ်းညွှန်ကရေးအရေးကြီးနေတယ် လို့ ဆိုပါတယ်။ ကဲ တတ်သည့်ပညာမနေသာဆိုသလို ထောင်ထဲဝင်နည်း၊ ထောင်ထဲမှာ နေထိုင်နည်းစတဲ့ သတင်းထောက်များ တတ်အပ်သောအဋ္ဌာရသ...

Read more »

ရန်လိုကျွဲ ● စင်္ကာပူကိုနှစ် (၂၀) အတွင်း ကျော်တက်နိုင်သည့် နည်းလမ်းများ (၁)

June 29, 2017
ရန်လိုကျွဲ ● စင်္ကာပူကိုနှစ် (၂၀) အတွင်း ကျော်တက်နိုင်သည့် နည်းလမ်းများ (၁)

ရန်လိုကျွဲ ● စင်္ကာပူကိုနှစ် (၂၀) အတွင်း ကျော်တက်နိုင်သည့် နည်းလမ်းများ (၁) (မိုးမခ) ဇွန် ၂၉၊ ၂၀၁၇ ဆရာကျွဲ၏ အတိုင်ပင်ခံလုပ်ငန်းရုံးသို့ ယနေ့ ရောက်လာသူမှာ ထောက်လှမ်း ရေးအရာရှိတစ်ဦး ဖြစ်သည်။ ထောက်လှမ်းရေးဟူသောကြောင့် ဆရာကျွဲလည်း အနည်းငယ် သွေးတိုး၊ မူးမော်သလို ဖြစ်သွား၏။ သူကောင်းသားတို့က ဒုက္ခသီရိတွင် လွန်စွာ တန်ခိုးထက်ပြီး နှစ်ပေါင်းများစွာ ထင်ရာစိုင်းခဲ့ကြခြင်းကြောင့် ပြည်သူ့ အကြောက်တော်ဘွဲ့ ရရှိထားသူ များတည်း။ ဆရာကျွဲလည်း ပြည်သူ ထဲက ပြည်သူတစ်ဦးမို့ ထောက်လှမ်းရေးဆိုလျှင် ရွံကြောက် ဖြစ်ခဲ့ဖူးလေရာ ကိုယ့်ရှေ့ ထောက်လှမ်းရေး ရောက်လာသည်ဟူသောကြောင့် စက္ကန့်အနည်းငယ်ခန့် ကတုန်ကယင်ဖြစ်သွားမိသည်။ ထို့နောက် ဆရာကျွဲ သတိပြန်ကပ်၊ အားတင်းကာ ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။ ”တွေ့ရတာ...

Read more »

မောင်ဥက္ကလာ ● ရေမြုပ်တာများ သတင်းလုပ်

June 12, 2017
မောင်ဥက္ကလာ ● ရေမြုပ်တာများ သတင်းလုပ်

 မောင်ဥက္ကလာ ● ရေမြုပ်တာများ သတင်းလုပ် (မိုးမခ) ဇွန် ၁၂၊ ၂၀၁၇   သူများကို လက်ညှိုးထိုး Complaint တော်၊ လူညီရင် ထောင်လွှားတဲ့ YBS ကားသမားကို ရိုက်ရဲတဲ့ ကျုပ်တို့ ရွှေပြည်သား တွေကိုကြည့် – အထူးသဖြင့် ဗရမ်းဗတာတွေပါလို့ အပြောခံနေရတဲ့ မြို့ဟောင်းမြို့ပျက်ကြီးမှာဆို  မိုးတပေါက်နှစ်ပေါက်ကျလို့ လမ်းတွေ မြစ်ချောင်းဖြစ်၊ ရေကူးကန်တွေ ဖြစ်ကုန်ကြတာကို ကိုယ်တွေ စည်းမရှိကမ်းမရှိ အမှိုက်ပစ်ကြလို့ ရေမြောင်းတွေ ပိတ်စို့ကုန်တာကို မပြောဘဲ … အခုလို အချိန်မှာ ရေမတင်၊ လေမတိုး နေပူတော်မြို့ကြီးမှာ အေးအေးလူလူ၊ ပျက်တာကို ပျက်တယ်လို့မှတ်နေတဲ့ ဘဝရှင်မင်းတရာကြီးနဲ့ အပေါင်းအပါး ငါးရာကို စော်ကားမော်ကား စွပ်စွဲပြောဆိုနေကြတာ အဘ မင်းတို့က တရားရှိ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်