သရော်စာ

တောင်သူကြွယ်သမားနေ့ အခမ်းအနားဖိတ်ကြားစာ

March 2, 2013
တောင်သူကြွယ်သမားနေ့ အခမ်းအနားဖိတ်ကြားစာ

တောင်သူကြွယ်သမားနေ့ အခမ်းအနားဖိတ်ကြားစာ ကယ်ပါတိုင်းသား၊ မတ် ၂၊ ၂၀၁၃                 တောင်သူလယ်သမားနေ့ကို ဧရာမလယ်သမားကြီးများဖြစ်ကြသော ဇေကမ္ဘာခင်ရွှေမှဇေလေးများနှင့်၊ ထူးတေဇမှ ထူးထူးလေးများနှင့်၊ယုဇနဌေးမြင့်မှ ယုဇနလေးများနှင့် “မြေယာများဖြင့် ကစားခြင်း” တေးသရုပ်ဖေါ်ဖြင့်လည်းကောင်း၊ တောင်ဝင် အဲလေ တော်ဝင်ဝင်းအောင်မှ “စာရင်းမှောင်ချ အရှင်းဖျောင်ကြ” ဟစ်ဟော့တေးသစ်ဖြင့်လည်းကောင်း၊  သမီးမလိုင်ယိုများ၏ ဦးပိုင်ဗိုလ်များက “ဒို့ဗိုလ်လေးများဆိုသလေ မြေလေလေ”အော်ပရာကြီးဖြင့်လည်းကောင်း၊ ၀မ်ဘောင်မှ “နလံမထောင်” မီးရှူးမီးပန်းများဖြင့်လည်းကောင်း၊ ယခု နေ့ချင်းညချင်းပင် နာမည်ရောင်ကိုင်းလာသော“အော်ချက်”ဒေါက်တာမြင့်စိန်နှင့် သူ့ရဲများက သေနတ် ဒုတ် ဘတ်ခွ ဓားတို့ဖြင့်လယ်သမားများအား “လယ်သမားဘ၀မှ လွတ်စေမည်” ဆုတောင်းသံဆန်းဖြင့်လည်းကောင်း၊ မြေယာကော်မရှင်မှ “ပြည်မသာပေါ်တွင်” တေးသီချင်းဖြင့်လည်းကောင်း၊ လက်ပတောင်းကော်မရှင်မှ “အော် … မထင်” ကြေးစည်သံဖြင့်လည်းကောင်း၊  အထူးအနေဖြင့်...

Read more »

ပြန်တော်ပျံတဦး၏ အာလူးမှတ်တမ်း (TheGeek)

February 4, 2013
ပြန်တော်ပျံတဦး၏ အာလူးမှတ်တမ်း (TheGeek)

ပြန်တော်ပျံတဦး၏ အာလူးမှတ်တမ်း ပျော်တော်ဆက်သာဂိ၊ ဖေဖော်ဝါရီ ၄၊ ၂၀၁၃ (Illustration – Cartoon Saw Ngo) ဒီတလလည်း ရယ်စရာ၊ မောစရာရေးပါဆိုလို့ ရေးရပြန်ပြီ။ ကာတွန်းဆရာမောင်ဝဏ္ဏရဲ့ ဟိုးတခေတ်က ကြော်ငြာထဲကလို “၀တဲ့သူက ပိန်ချင်တယ်။ ပိန်တဲ့သူက ၀ချင်တယ်။ လူ့အလိုနတ်မလိုက်နိုင် …” ဆိုသလိုပေါ့။ ပြည်တွင်းက၊ ကမာရွတ်လိုင်းပေါက်သား သာဂိတို့က ပြည်ပကို သွားချင်တယ်။ “ပြည်ပရောက်”တွေက ပြည်တွင်းကို နေပြည်တော်ဘုရားဖူး ချင်ကြပြန်တယ်။ “ ပြည်တော်ပြန်တွေ ပြည်တော်ပြန်တွေ …” ဆိုပြီး ရန်ကုန်မဟာလေဆိပ်မှာ အုံးအုံးကြွက်ကြွက်နဲ့ ကြည့်ချင်ပွဲ လုပ်ပြပြီးတော့ နိုင်ငံခြားသွားဖို့ လေယျာဉ်ပျံလက်မှတ်ဖိုး၊ ပတ်စပို့ဖိုး စုရမလိုဖြစ်နေပြီ။ မိုးမခကလူတွေကတော့ ပြည်ပရောက်တွေဆိုပြီး အတော် ချာတူးလံတွေလို့ ဆိုရမယ်။ သူတို့ကလည်း လေယျာဉ်ပျံလက်မှတ်ဖိုးတွေ၊...

Read more »

အဘ၀န်မင်းများနှင့် မိုးမခရွာတည်ခန်း

February 2, 2013
အဘ၀န်မင်းများနှင့် မိုးမခရွာတည်ခန်း

ဂျော်ဒီး ဖေဖော်ဝါရီ ၂၊ ၂၀၁၃  ဒီနေ့ မိုးမခတရွာလုံး  အုံးအုံးကြွက်ကြွက်တက်ကြွနေကြသည်။ အဘယ်ကြောင့်ဆိုသော်  အနှစ် (၂၀) ကျော်မျှ  ပွဲငတ်နေရှာသော မိုးမခ ရွာကြီးတွင်  “စိန်ပလိမ်တိမ်ဂွိမ် …..ဇာတ်ပွဲမဟာကြီးက  ကပြဖြေဖျော်မည်ဖြစ်သောကြောင့်ပင်တည်း..။ပွဲငတ်နေသော  ရွာသားများ အ တွက် ရွာလူကြီးဟောင်း ဦးချုပ်ကြီးမှ  ဇာတ်ရုံကြီးတရုံခမ်းခမ်းနားနားဆောက်ပေးရန် စီစဉ်သည်။ ဇာတ်ရုံဆောက်လုပ်ရေးအတွက် ဦး ချုပ် ကြီးက သူ့သားမက်ခိုနီကို  ကန်ထရိုက်ချပေးကာ ..သူ  သူကြီးဘ၀ကရွာသားများထံမှ  မတရားကောက်ထားသောပိုက်ဆံများနှင့် ဆောက် စေ၏။။ ရွာသားများလည်း  ကိုယ့်ပိုက်ဆံနှင့်ကိုယ်ဆောက်သည်  ဘာညာမသိ။ ပွဲငတ်နေသည်ကိုး။ ခမ်းနားထည်ဝါသောဇာတ်ရုံကြီးကိုကြည့်ကာ ၀မ်းသာတက်ကြွနေကြသည်။ တချို့ကတော့ စိန်ပလိမ်တိမ်ဂွိမ် ဇာတ်ပွဲတခုလုံးကိုလည်း  ဦး ချုပ် ကြီးပင်  ထောင်ထားပြီး..ဇာတ်လမ်းဇာတ်ညွှန်းရေးတာကအစ ဦးချုပ်ကြီးပင်ချယ်လှယ်ထားသည်ဆိုကာ စိန်ပလိမ်တိမ်ဂွိမ် ဇာတ်ပွဲ ကိုသွားမကြည့်ကြပဲ သပိတ်မှောက်ရန် နှိုးဆော်ကြသည်။...

Read more »

စပွန်ဇာနိုင်ငံရေး (Beggar Citizen)

January 24, 2013
စပွန်ဇာနိုင်ငံရေး (Beggar Citizen)

စပွန်ဇာနိုင်ငံရေး ကယ်ပါတိုင်းသား၊ ဇန်န၀ါရီ ၂၄၊ ၂၀၁၃ ကယ်ပါတိုင်းမှာ ခိုးလို့ရတယ်။ လုလို့ရတယ်။ ဓမြတိုက်လို့ရတယ်။ နောက်ဆုံး လူသတ်လို့ရတယ်။ အဲဒီအတွက် ဘာပြဿနာမှကို မရှိဘူး။ ပြီးရင်တော့ စကိုင်းနက်ကနေ တိုက်ရိုက်ထုတ်လွှင့်မဲ့ရံပုံငွေပွဲတပွဲတော့ စပွန်ဇာပေးရမယ်။ မြေသိမ်းလို့ရတယ်။ ယာသိမ်းလို့ရတယ်။ လယ်သိမ်းလို့ရတယ်။ နောက်ဆုံး စက်မှုဇုန်လုပ်လုပ်၊ ကြက်မှုဇုန်လုပ်လုပ်၊ အရက်မှုဇုန်လုပ်လုပ်၊ ပေါင်ပေါင်၊ ရောင်းရောင်းလုပ်ချင်ရာလုပ်၊ ရတယ်။ အဲဒီအတွက် ဘာကိစ္စနမှမရှိဘူး။ ပြီးရင်တော့ စကိုင်းနက်ကနေ တိုက်ရိုက်ထုတ်လွှင့်မဲ့ရံပုံငွေပွဲတပွဲတော့ စပွန်ဇာပေးရမယ်။ ချောင်းတွေမြစ်တွေကောသွားတဲ့အထိ၊ နောက်ဆုံးဧရာဝတီပျောက်သွားတဲ့အထိ သစ်ထုတ်လို့ရတယ်။ အဲဒီအတွက် သစ်တောကလဲ ဘာအပြစ်မှမပြောဘူး။ ပြီးရင်တော့ စကိုင်းနက်ကနေတိုက်ရိုက်ထုတ်လွှင့်တဲ့ရံပုံငွေပွဲတပွဲတော့ စပွန်ဇာပေးရမယ်။ ရွှေကျင်ဖို့ တောင်ဖြိုလို့ရတယ်။ ပိုဇိုလန်ထုတ်ဖို့ တောင်ဖြိုလို့ရတယ်။ ဘိလပ်မြေထုတ်ဖို့ တောင်ဖြိုလို့ရတယ်။ နောက်ဆုံး သဘာဝပတ်ဝန်းကျင်တခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားအောင်ကို ဖြိုလို့ရတယ်။ အဲဒီအတွက်...

Read more »

“ပရော်ဖက်ဆာ ဒေါက်တာဟတ်ချိုး၊ ဒီမိုမယ်တော်ကြီး နှင့် ရွာဦးဘုရားမှ ခရိုနီလဒကြီးများ”

January 20, 2013
“ပရော်ဖက်ဆာ ဒေါက်တာဟတ်ချိုး၊ ဒီမိုမယ်တော်ကြီး နှင့် ရွာဦးဘုရားမှ ခရိုနီလဒကြီးများ”

“ပရော်ဖက်ဆာ ဒေါက်တာဟတ်ချိုး၊ ဒီမိုမယ်တော်ကြီး နှင့် ရွာဦးဘုရားမှ ခရိုနီလဒကြီးများ” ဂျော်ဒီး၊ ဇန်န၀ါရီ ၂၀၊ ၂၀၁၃ ခုတလော  မိုးမခရွာသားများအကြားမှာ  ရေပန်းစားနေသော ပုဂ္ဂိုလ်ကြီးမှာ  ပရော်ဖက်ဆာ ဒေါက်တာဟတ်ချိုး  ဆိုသူတည်း..။ သူ့အစွမ်း အံ့မခန်းပုံကား  မိုးမခရွာထောင်စုလွှတ်တော် အရပ်ရပ်မှ လွှတ်တော်တွင်း အတင်းဦးများကို  ဖွင့်ချဖော်ထုတ်နိုင်ခြင်းပင်..။ ရွာထောင်စုလွှတ်တော် ဥက္ကထကြီးများနှင့်  လွှတ်တော်ကိုယ်စားလှယ်ကြီးများကား ပရော်ဖက်ဆာ ဒေါက်တာဟတ်ချိုးအား တွေ့ရာသင်္ချိုင်းဓါးမဆိုင်းဘဲ  ရှာဖွေအရေခွံခွါမည်ဟု  ကြိမ်းမောင်းနေကြသည်..။ အီကဲ့သို့ ရှာဖွေရာတွင်  ရွာထောင်စုလွှတ်တော်များ၏ လုပ်ထုံးလုပ်နည်းအတိုင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်များကိုပင်     ပေါပေါသောသော၊ ရက်ရက်ရောရောဖွဲ့စည်းပြီး ဆောင်ရွက်နေကြရသည် တဲ့။              မိုးမခရွာသူရွာသားများကား  ပရော်ဖက်ဆာဒေါက်တာ ဟတ်ချိုးကို စိတ်ဝင်စားလှသည်...

Read more »

ဖွတ်ကလေး၊ ဟတ်ချိုးဆိတ်ဖွား၊ ဘာစီလိုးနားမှ မတ်စေ့နှင့် ခက်သေးရွာမှ ခိုပြိုင်ပွဲ

January 19, 2013
ဖွတ်ကလေး၊ ဟတ်ချိုးဆိတ်ဖွား၊ ဘာစီလိုးနားမှ မတ်စေ့နှင့် ခက်သေးရွာမှ ခိုပြိုင်ပွဲ

အီကြာအော် ဇန်န၀ါရီ ၁၉၊ ၂၀၁၃ ဖွတ်ကလေးကား သူ့ဆရာ ဆရာအော်ထံ မလာရလျှင် မနေနိုင်သူတည်း။ သူကြားကြားသမျှ သတင်းပေါင်းစုံတို့ကို သူ့ဆရာဆီ ဈေးဦးပေါက် သံတော်ဦး တင်လေ့ရှိသည်။ ယခုရာသီဥတုကလည်း ဆောင်းဦးပေါက် အေးလာပြီမို့ ဖွတ်ကလေးတစ်ယောက် အအေးမိသလို ဖြစ်တော့သည်။ “ဟတ်ချိုး ဆိတ်သား……” “ဟတ်ချိုး ဆိတ်သား…..” ဟူ၍ နှာစေးပြီး နှာချေ လေတော့သည်။ “ဟေ့ကောင် ဖွတ်ကလေး…မင်း…ခါတိုင်း နှာချေရင်..“ဟတ်ချိုး ဆိတ်ဖွား” လို့ ချေနေကျပါ…၊အခု ဘယ်လိုဖြစ်တာလည်း” ဟု ဆရာအော်က အံ့သြတကြီး ဖြင့် မေးလိုက်လေသည်။ ဖွတ်ကလေး၏ အဖွားက သူငယ်ငယ်ကတည်းက နှာချေလျှင် “ဟတ်ချိုး ဆိတ်ဖွား…အသက် တစ်ရာ အနာမရှိ” ဟူ၍ ရွတ်လေ့ ရှိသည်။ ထို့ကြောင့်လည်း ဖွတ်ကလေးလည်း...

Read more »

ဒေါက်တာဆိတ်ဖွား လွတ်မြောက်ရာသို့ ရောက်သွားပြီ – Mr. Goat on the line of duty

January 17, 2013
ဒေါက်တာဆိတ်ဖွား လွတ်မြောက်ရာသို့ ရောက်သွားပြီ – Mr. Goat on the line of duty

ရန်လိုကျွဲ ဇန်န၀ါရီ ၁၇၊ ၂၀၁၃ တနေ့တ၌ ဒုက္ခသီရိမြို့နယ်ရှိ လွှတ်တော်အဆောက်အအုံကြီးသည် ယခင့်ယခင်နေ့များနှင့်မတူဘဲ ထူးခြားသော ဆွေးနွေးချက်များဖြင့် ပွက်လောရိုက်လျက်ရှိ၏။ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား အမည်ခံထားသူကို အင်းစိန်ထောင်သို့ ပို့ရေး မပို့ရေးကို ငြင်းခုံနေသောကြောင့် ဖြစ်လေ၏။ No tags for this post.

Read more »

ဖွတ်ကလေး၊ ခရိုနီ (သို့မဟုတ်) ခိုနီနှင့် သူကြီးဆွယ်တာ လေလံအောင်ခြင်း

January 8, 2013
ဖွတ်ကလေး၊ ခရိုနီ (သို့မဟုတ်) ခိုနီနှင့် သူကြီးဆွယ်တာ လေလံအောင်ခြင်း

အီကြာအော် ဇန်န၀ါရီ ၈၊ ၂၀၁၃  “ဆရာအော်က ကျွန်တော့ကို ဒါလေးတောင် မသထာဘူးလားဗျာ” ….ဟု ဖွတ်ကလေးက အီကြာအော်၏ မရှိမဲ့ရှိမဲ့ ဆွယ်တာအဟောင်း တစ်ထည်ကို တောင်းသဖြင့် အီကြာအော်က အကြောက်အကန် ငြင်းလေတော့သည်။ “ဟေ့ကောင် ဖွတ်ကလေး…. ငါ့မှာ ဒါလေးပဲ ချမ်းသာတာ၊ ငါ့အမေက ငါငယ်ငယ်ကတည်းက ထိုးပေးထားတဲ့ ဆွယ်တာကွ၊ မပေးရေးချ မပေးနိုင်ဘူး” “လုပ်ပါဆရာအော်ရယ် ကျွန်တော်တို့ ဈေးကောင်းရချင်ရမှာဗျ” “မင်းက ဘာလို့ ငါ့ဆွယ်တာအဟောင်းကို လာတောင်းနေရတာလည်း” “လေလံတင်မို့လေ ဆရာရဲ့ ” “ကျွန်တော်တို့လည်း သူဌေးဖြစ်နိုင်တယ်လေ၊ တလောက သူကြီးရဲ့  ဆွယ်တာကို လေလံအောင်တာ သိန်း ၄၀၀ ကျော်တောင်ရတယ်” ဟု ဖွတ်ကလေးက အားရပါးရ ပြောတော့လည်။ “မင်းကတော့...

Read more »

ဖွတ်ကလေး၊ လောပန်တောင်းတောင်၊ ဠင်းတ ၆ ကောင်နှင့် လေယာဉ်ပျံတိုက်ခြင်း

December 30, 2012
ဖွတ်ကလေး၊ လောပန်တောင်းတောင်၊ ဠင်းတ ၆ ကောင်နှင့် လေယာဉ်ပျံတိုက်ခြင်း

အီကြာအော် ဒီဇင်ဘာ ၃၀၊ ၂၀၁၂   ဖွတ်ကလေးတစ်ယောက် ယုန်ကန်ဆေးရုံကြီးတွင် လူနာရုံစောင့်အလုပ်ရပြီးကတည်းက ပြောင်ပြောင်ရောင်ရောင် ဖြစ်နေတော့သည်။ မကြာသေးမီက မသထာရေစာများဖြင့် ဆိုင်ကယ်တစ်စီးဝယ်သည်။ အခုလည်း စီးတော်စက် ဆိုင်ကယ်ကို ခွတော်မူ၍ အီကြာအော်ဆီသို့ မဟားဒယား ပေါက်လာတော့သည်။ “ဟေ့ကောင်ဖွတ်ကလေး၊ မင်းလည်း ဆိုင်ကယ်ဝယ်ပြီးကတည်းက တဖွတ်ဖွတ်နဲ့ကို မရပ်တော့ပါလား၊ ဒါနဲ့ မင်းက ဘာလို့ ဆိုင်ကယ်ဦးထုပ်ကို မဆောင်းရတာလည်း” “ဆိုင်ကယ်ဦးထုပ်လည်း လေယာဉ်ပျံနဲ့ တိုက်ခံရရင် မတတ်နိုင်ပါဘူး ဆရာအော်ရယ်” ဟု ဖွတ်ကလေးက ခက်သေးရွာသားတို၏့ ထုံးစံအတိုင်း ကြံကြံဖန်ဖန် ဆင်ခြေပေးတော့သည်။ ဆရာအော်လည်း မကျေမနပ်ဖြင့် “မင်းတို့ မဟုတ်တဲ့ ဆင်ခြေတွေပေးပြီး ပေါက်ကရတွေလုပ်လို့ အရိုးကုဆရာဝန်တွေ တိုက်ဆောက် နိုင်ကြတာပေါ့” ဆိုကာပြန်ပြောလိုက်သည်။ “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဆိုတဲ့...

Read more »

“ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစာမည်” (Gyaw Dee)

December 29, 2012
“ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစာမည်” (Gyaw Dee)

“ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစာမည်” တေးပြု စာဆို “ဂျော်ဒီး”၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၁၂ (ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစားမည်.. ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစားမည်.. အလှူကြီးပေးပါမည်…နောက်တပါးတက်ရင်..ကျနော်အခွင့် ကောင်းမည်..) (တတိုင်းပြည်လုံးမွဲသော်လည်း…ကျနော်တို့ တတွေ အဆင်ပြေခဲ့သည်.. ခေတ်နဲ့ အညီ ဆင်နွဲလို့ သာ.. အတူတူ ပေါင်းဆော်မည်.. ဘာတွေ  ဂွင်ကောင်းသလဲဗျာ..အပေါင်းအဖော်စုံညီ.. စာရိတ္တဘေးခွါချလို့ …ရတာတွေ အကုန်ယူမည်..ထူးထူးခြားခြား အောင်ပွဲဆင်ခဲ့ပြီ.. ရောင်းမဗျာ..  တတိုင်းပြည်လုံး ..အရေခွံခွါယူမည် …ဘ..နဖူးတူးစရာ ရှိရင်..အားမနာတမ်းအတည် အမေ့ ကိုလည်း  ချွဲနိုင်ပါသည်..ပထွေးတော်..လဲ  လှမ်းမျှော်ပါသည်.. ဘာကိုပင် မချန်ပါသည်..လက်ဝါးကြီးအုပ်ကာ ပေါင်းစားမည်..) (ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစားမည်..ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစားမည် ရှက်လည်း မရှက်ပါသည်…အခွင့် အရေး တွေးမျှော်.....

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်