သရော်စာ

ဂျော်ဒီး – “မိုးမခရွာသားကလေးငယ်များ နှ့င် လက်မည်းကြီးပုံပြင်”

October 10, 2017
ဂျော်ဒီး – “မိုးမခရွာသားကလေးငယ်များ နှ့င် လက်မည်းကြီးပုံပြင်”

  ဂျော်ဒီး – “မိုးမခရွာသားကလေးငယ်များ နှ့င် လက်မည်းကြီးပုံပြင်” (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇ သစ်တပင်ကောင်း ငှက်တသောင်းနားနိုင်ဆိုသကဲ့သို့ မိုးမခရွာထိပ်ညောင်ပင်ကြီးပေါ်တွင် ယခုတလော ငှက်ပေါင်းစုံကြသည်။ ငှက်တို့ကား အရောင်အသွေးစုံလှ၏။ အသံမျိုးစုံထွက်ကြ၏။ ထို့ကြောင့် မိုးမခရွာ ညောင်ပင်ကြီးအရိပ်တွင် ငှက်ချေးမျိုးစုံရနံ့တို့ သင်းပျံ့နေလေရာ ဖြတ်သွားသူခရီးသွားတို့ကား ရနံစုံလွန်းသဖြင့် ဘာပင်မှန်းမသိအောင် ဇဝေဇ၀ါ နဝေတိမ်တောင် ဖြစ်ကာ မကြာမကြာ မော့မော့ကြည့်ရလေ၏။ မိုးမခရွာသား ကလေးငယ်များခမျာ သီတင်းကျွတ်ကျောင်းပိတ်ရက်မို့ ကစားနေကျ ညောင်ပင်ကြီးအောက်မှာ သံယောဇဉ်မပြတ်နိုင်ရှာပဲ တ၀ဲလည်လည် နှာခေါင်းတရှုံ့ ရှံ့ ငှက်ချေး အလူးလူးနှင့်ပင် စိတ်မသက်မသာ လာရောက်စုရုံးကစားနေကြလေသည်။ ထိုစဉ် ဟိုဘက်ရွာမှ ပြန်လာသော ဂျီးဒေါ်တယောက် ညောင်ပင်ကြီးအောက်သို့ ဆိုက်ဆိုက်မြိုက် မြိုက်ရောက်လာရာ ကလေးများက “ဂျီးဒေါ်ရေ ညောင်ပင်အောက်မှာ...

Read more »

ဂျော်ဒီး – “ဂျင်းစွပ်ပြုတ်ပုံပြင်”

September 16, 2017
ဂျော်ဒီး – “ဂျင်းစွပ်ပြုတ်ပုံပြင်”

ဂျော်ဒီး – “ဂျင်းစွပ်ပြုတ်ပုံပြင်”  (မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၇ ကလေးတို့ ရေ … ဒီတခါ တော့ မင်းတို့ကို ရုရှားရိုးရာ ပုံပြင်တွေထဲက “ပုဆိန်စွပ်ပြုတ်” ဆိုတဲ့ ပုံပြင်ကို ခေတ်နဲ့အညီ မြန်မာမှုပြုပြီး ပြောပြမယ်ကွဲ့ ။ တခါကတဲ့ ရွာတရွာမှာ အမေအိုတယောက်ရှိသတဲ့..။ ရွာထိပ်က တဲတလုံးမှာ သူတယောက်တည်း ဆင်းဆင်းရဲရဲ နေရသတဲ့..။ ကလေး(၁)။ ။ ရွာသားတွေက မစောင့်ရှောက်ကြဘူးလား..။ အမယ်အို တယောက်တည်း သနားပါတယ်နော်.။ ကလေး(၂)။ ။ ရွာသားတွေလည်း တရွာလုံး ဖွတ်မွဲပြာစု ဆင်းရဲနေကြလို့ နေမှာပေါ့ကွာ..။ တညတော့ ရာသီဥတုက အေးလွန်းလို့ အမေအိုခမျာ..တဲကလေးအလည်မှာ..မီးဖိုကလေးတဖို ဖိုပြီးနေရရှာသတဲ့..။ အဲဒီအချိန်မှာပဲ အမေအို နေတဲ့ တဲကို လူစိမ်းတယောက်...

Read more »

မောင်လူရေး – ကပ္ပပြဿနာ

September 15, 2017
မောင်လူရေး – ကပ္ပပြဿနာ

  မောင်လူရေး – ကပ္ပပြဿနာ (မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၇ ၁ ယူအန်အတွင်းရေးမှူးသည် အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ဆုံးဖြတ်ချက်ကို ပိုင်ပိုင်ချလိုက်သည်။ သက်ပြင်းကြီးကို မှုတ်ထုတ်လိုက်ပြီး နှုတ်ထွက်စာရေးကာ စားပွဲပေါ်တင် ဖန်တုံးလေးနှင့်ဖိပြီး ထွက်သွားတော့သည်။ လမ်းပေါ်ရောက်တော့ ဖင်ကလေးကော့ကော့ ကော့ကော့နှင့် လေကလေးချွန်ကာ ခေါင်းကလေးမော့မော့ပြီး ခပ်သော့သော့လျှောက်နေသည်။ယန်ဟီးလီသည် မှန်ရှေ့တွင် နှုတ်ခမ်းကလေးကို စုဝိုင်းပြီး နှုတ်ခမ်းနီတောင့်ဖြင့် တချက်တည်း တပတ်လုံး ဝှိုက်ဆွဲလှုပ်ပြီးသကာလ အလှပြင်သည့်အလုပ်ကို အပြီးသတ်ကာ လက်ကိုင်အိပ်လှလှကလေးကို ဖြတ်ကနဲဆွဲကာ ခပ်သွက်သွက်ထွက်လိုက်လေပြီ။ သီချင်းညည်းသံပင် သဲ့သဲ့ကြားလိုက်ရသေးသည်။ ဝီရသူ။ ချထားသည့်မျက်လွှာကို ဖြည်းညှင်းစွာဖွင့်၍ စာအံသံများကို နားစွင့်ပြီး စာအံကျောင်းပေါ်မှ ဆင်းသွားသည်။ လန့်ခုန်လိုက်သော ကျီးတကောင်ကို စေ့စေ့ကြည့်ပြီး တိုက်ပေါက်ဘက်တည့်တည့် လျှောက်ထွက်သွားလေတော့သည်။ တူရကီဝန်ကြီးချုပ်သည် လုပ်လက်စအစည်းအဝေးကို...

Read more »

ဂျော်ဒီး- ဒေဝေါကြီးပုံပြင်

September 9, 2017
ဂျော်ဒီး- ဒေဝေါကြီးပုံပြင်

ဒေဝေါကြီးပုံပြင် ဂျော်ဒီး (မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၇ “တခါကတဲ့။ ညတညမှာ..ကောင်းကင်တခွင်လုံး.. မိုးသားတွေမည်းမှောင်ပြီး လျှပ်စီးတွေ ကလည်း ဝင်းခနဲ ဝင်းခနဲ လက်လို့တဲ့။ မိုးခြိမ်းသံတွေကလည်း တဝုန်းဝုန်း တဒိုင်းဒိုင်းဆူညံနေအောင်..အသံပေး နေသတဲ့။ အဲဒီအချိန်မှာ..နွားခြံတခြံကိုစောင့်ရတဲ့ ခြံစောင့်တယောက်ဟာ သူ့နွားခြံရဲ့ခေါင်မိုးအပေါက်တွေကြားက မြင်နေရတဲ့မိုးပေါ်ကို မော့ကြည့် လိုက်ရင်း တယောက်တည်းရေရွတ်နေသတဲ့ ။ “အင်း…ခုချိန်မှာ..ကျားလာလည်း ငါမကြောက်ဘူး။ သူခိုးလာလည်း ငါမကြောက်ဘူး။ ဒေဝေါလာမှာပဲ ကြောက်တယ်..။ ဒေဝေါသာ လာရင်..အားလုံး ဒုက္ခအကြီးအကျယ်ရောက်မှာ။ ဟင်း …ဒေဝေါကလည်းလာတော့မယ်။ ဒုက္ခပါပဲ ” အဲဒီအချိန်မှာ နွားခြံထဲမှာ သူခိုးတယောက်နဲ့ ကျားတကောင်ရောက်နေကြသတဲ့။ သူခိုးကလည်း ခြံစောင့်အိပ်တဲ့အချိန်ကျရင် နွားတွေကိုခိုးဖို့ နွားခြံခေါင်မိုးထုတ်တန်းပေါ်ကနေစောင့်နေသတဲ့။ ကျားကလည်း…ခြံစောင့်လစ်ရင် နွားတွေကိုဆွဲစားဖို့ နွားခြံထောင့်မှာဝပ်ပြီး စောင့်နေသတဲ့။ သူခိုးကလည်း နွားခြံထဲမှာ ကျားရောက်နေတာကိုမသိသလို..ကျားကလည်း...

Read more »

ဆောင်းဖြူ ● တခါတုန်းက ဧည့်စာရင်း

August 27, 2017
ဆောင်းဖြူ ● တခါတုန်းက ဧည့်စာရင်း

ဆောင်းဖြူ ● တခါတုန်းက ဧည့်စာရင်း (မိုးမခ) သြဂတ်စ် ၂၇၊ ၂၀၁၇ မိုးမခ အတွဲ ၄၊ အမှတ် ၇၊ ၂၀၁၇ တွင်လည်း ဖော်ပြပြီး ဖြစ်သည်။  ကျွန်တော့်ဘကြီး ဦးရွှေအုတ်ကို လူ့ခွစာကြီးလို့ အမည်တပ်ရမလား၊ သူထင်ရာကို တုတ်ထိုးအိုးပေါက် ပြောတတ်ဆိုတတ်၊ လုပ်ကိုင်တတ်တဲ့လူကြီးလို့ပဲ ဆိုရမလား မသိပါဘူး။ သူက နယ်မှာ အနေများပေမယ့် သူ့စရိုက် သူ့သဘာဝကို ရပ်ရွာကလူတွေလာရင် အမြဲကြား နေရပါတယ်။ ဖိုးရွှေအုတ်ကြီးက တော့ ဘာလုပ်လိုက်ပြန်ပြီ၊ ဘယ်သူ့ကိုတော့ သာသာနဲ့နာနာ နှက်လိုက်ပြန်ပြီ၊ လုပ်ချလိုက်တာကတော့ အဆန်းကြီးပဲ ဆို တဲ့ သတင်းတွေကတော့ မွှေးမှ မွှေးပါပဲ။ အမွှေးဆုံး သတင်းတွေကတော့ သူနဲ့ ရပ်ရွာအာဏာပိုင်တွေနဲ့ ခဏခဏ ကတောက်ကဆဖြစ်တတ်တဲ့...

Read more »

မောင်ဥက္ကလာ – ဂတုံးနဲ့ အပြုံးမဲ့ အမုန်းပွားသူများ

August 5, 2017
မောင်ဥက္ကလာ – ဂတုံးနဲ့ အပြုံးမဲ့ အမုန်းပွားသူများ

Illustration – Nyi Pu Chay မောင်ဥက္ကလာ – ဂတုံးနဲ့ အပြုံးမဲ့ အမုန်းပွားသူများ (မိုးမခ) သြဂုတ် ၅၊ ၂၀၁၇ ရန်ကုန်မိုးကလည်း ကောင်းလိုက်တာ တစိမ့်စိမ့် တစပ်စပ်နဲ့ မရပ်မနား။ ဒီလို မိုးအေးအေးမှာ ကော်ဖီကြမ်းတခွက် တကြိုက်သောက်ပြီး ငွေ အလွယ်ရနိုင်တဲ့လမ်း တောင်တွေးမြောက်တွေး ဖျာကြမ်းလေးပေါ်ကွေး စဉ်းစားနေတုန်း … ဝုန်းကနဲ့ မီးခိုးလုံးကြီးနဲ့အတူ ဟား … ဟား … ဟား .. မြန်မာပေါကားတွေထဲကလို ကွမ်းတွေတမြုံမြုံဝါးပြီး ကွမ်းချိုးကပ်သွားတွေပေါ်အောင် တုန်တုန်ယင်ယင်* ရယ်မောလိုက်တဲ့ ရယ်မောသံနဲ့အတူ မျက်မှန်နက်ကြီးဝတ်၊ နှာခေါင်းပါးစပ်တွေကို ဖုံးအုပ်ထားကာ၊ ဘယ်ဘက်လက်မှာ မှန်ပြားတချပ်ကိုင်၊ ညာဘက်လက်မှာ လက်ကိုင်အော်လံလေး ကိုင်ထားတဲ့ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ အသားညိုညို...

Read more »

မောင်ဥက္ကလာ – ဘယ်ကောင် ဗိုလ်လုပ်ချင်လဲ

August 3, 2017
မောင်ဥက္ကလာ – ဘယ်ကောင် ဗိုလ်လုပ်ချင်လဲ

မောင်ဥက္ကလာ – ဘယ်ကောင် ဗိုလ်လုပ်ချင်လဲ (မိုးမခ) သြဂုတ် ၃၊ ၂၀၁၇ ဒီနေ့ မောင်ဥက္ကလာ အသိမိတ်ဆွေ ရုပ်ရှင်လောကသားတဦး ဖိတ်လို့ ရန်ကုန်မြို့  (x)တစ်ထောင်ဘုရားနားမှာ ရိုက်ကူးနေတဲ့ ရုပ်ရှင်ရိုက်ကွင်းတခုဆီ ရောက်သွားခဲ့တယ်။ ရိုက်ကူးနေတဲ့ ရုပ်ရှင်ကားမှာ တချိန်တခါက နာမည်ကြီးခဲ့တဲ့ ဆရာကြီးရွှေဒုံဘီအောင်ရဲ့  ဝထ္တုဇာတ်လမ်းကို ဂီတစာဆိုမောင်ကြေးမုံ ပြန်လည်ဆန်းသစ်ခဲ့တဲ့ ကောလိပ်ဂျင်နေဝင်း၊ စိုးရွှေ၊ တင်တင်နွဲ့၊ မောင်ကြေးမုံတို့ ပါဝင်တဲ့ အသံဇာတ်လမ်းကို ခေတ်နဲ့အညီ ဇာတ်အိမ်ဖွဲ့ ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကား – ဇာတ်ကားအမည်က “(x)အောင်ဒင် ပြန်လာပြီ”။ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ခေါင်းဆောင်မင်းသား၊ မင်းသမီးတွေက ကျော်ကျော်(x) နဲ့ ထွန်းအိန္ဒြာ(x)၊ ဇာတ်ပို့မင်းသမီးများက တက်သစ်စ မင်းသမီးချော ရတနာ(x)၊ မော်ဒယ်မင်းသမီးလေး...

Read more »

ဂျော်ဒီး – “မိုးမခရွာနှင့် သေနာပုကွ”

July 28, 2017
ဂျော်ဒီး – “မိုးမခရွာနှင့် သေနာပုကွ”

ဂျော်ဒီး – “မိုးမခရွာနှင့် သေနာပုကွ” (မိုးမခရွာ ဂေဇက်) ဇူလိုင် ၂၈၊ ၂၀၁၇ ရက်အတော်ကြာ အငြိုးတကြီး ဆက်တိုက်စွေနေသော မိုးကြောင့် မိုးမခရွာဈေးကလေးမှာ.ရေပေါ် ဈေးပမာ ရေတဖွေးဖွေး။ သို့သော် ရင်ခေါင်းလောက်ရှိသော ရေဆိုးရေပုတ်များကြောင့် …ဈေးဝယ်ကျဲပါးလွန်းလှသည် ။ “ငါဟာ ရွက်လွှင့် ငါဟာ ရွက်လွှင့် ” ဆိုင်ထဲဝင်နေသော ရေဆိုးရေပုတ်များကို ခပ်ထုတ်ရင်းစိတ်ညစ်ညစ်နှင့် သီချင်းအော်ဆိုနေသူ ကား…ဖိနပ်ချုပ်ထီးပြင်ဆရာ သာဂိ ။ သူ့နံဘေးကပ်ရက်ဆိုင်မှ ဟင်းရွက်သည်ဒေါ်ဆိတ်မက နားနှစ်ဘက် စုံပိတ်ကာ … “ဖြေးဖြေးသက်သာ ဆိုပါဟယ် ။ ငါတော့ ပင်လယ်ဆိုတဲ့ အသံကြားတိုင်း ငါတို့ရွာလူကြီးဦးဖြီးကို စိတ်နာတယ်…။ ဒင်းပေါ့.။.ရွာကို ပင်လယ်ဆီ ရွှေ့ မယ် လို့ မအပ်မရာပြောလိုက်တာလေ ။ ခုတော့...

Read more »

မင်းမင်းဇော်မောင် ● ကွီးရောဘတ်နှင့် အနောက်တံခါးအနားသို့ တခေါက်

July 24, 2017
မင်းမင်းဇော်မောင် ● ကွီးရောဘတ်နှင့် အနောက်တံခါးအနားသို့ တခေါက်

မင်းမင်းဇော်မောင် ● ကွီးရောဘတ်နှင့် အနောက်တံခါးအနားသို့ တခေါက် (မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၇ (၁) ရွာဦးကျောင်းဆရာတော်ကိုယ်တိုင်အကူအညီတောင်းခံသဖြင့် နှစ်ကာလရှည်ကြာသည့်တိုင်အောင် လုံခြုံမှုမရှိရှာသည့် အ နောက်တံခါးအရေးကို ဝန်ကြီးရောဘတ် ကိုယ်တိုင်သွားရောက် ဖြေရှင်းလေပြီ။ သူသည် အလွန်ပင်စိတ်မြန်လက်မြန်ရှိသူဖြစ်၏။ “ဝန်ကြီးကိုယ်တိုင်ကြွလာတယ်ဆိုတော့ အားနာမိတယ် ဒကာလောဘ” အခြွေအရံများ ခြံရံလျက် မင်းခမ်း မင်းနားဖြင့်ကြွချီလာသော ဝန်ကြီး ရောဘတ်သည် လက်အုပ်ကလေး အသာချီကာ ခေါင်းပေါ်မှဗောင်းတော် ပြုတ်ကျမည်စိုးသဖြင့် လည်ကို ငဲ့စောင်း ထိန်းကျောင်းလျက် ဆရာတော်စကားကို တရိုတသေ ပြန်ကြားလေ၏။ သူ၏ဘေးဘယ်ညာ နှစ်ဖက်မှ အသာကပ်လျက် ထီးတော်မိုးနေသော ကိုယ်ရံတော်နှစ်ဦးသည် မျက်နှာသာ ရလိုဇောနှင့် ဝန်ကြီးအား အလုအယက် မိုးကာပေးနိုင်ရန်ကြိုးစားကြလေရာ ထီးနှစ်ချောင်းသည် ဓားရေးယှဉ်ပြိုင်သကဲ့သို့ လွန့်လူး လှုပ်ခါလျက် ရှိလေသည်။...

Read more »

မောင်ဥက္ကလာ – အိပ်ရာဝင် ပုံပြင်

July 15, 2017
မောင်ဥက္ကလာ – အိပ်ရာဝင် ပုံပြင်

မောင်ဥက္ကလာ – အိပ်ရာဝင် ပုံပြင် (မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၇ နေ့စဉ်နဲ့အမျှ မိုးလင်းမိုးချုပ် ကျောင်းနဲ့ ကျူရှင် အပြေးအလွှာသွားကာ နှုတ်တိုက်သင်ပေးလိုက်တဲ့စာတွေကို တညံညံအော်ဟစ်ပြီး အိပ်တော့မယ့် မြေးငယ်မလေးတွေကို မအိပ်ခင်လေး ဟိုစာဖတ်ပါလား၊ ဒီစာဖတ်ပါလား မုန့်ဖိုးပေးမယ် ချော့မော့လာဘ်ထိုးပေးမယ့် (နောင်အခါ လူကြီးဖြစ်ရင် လုပ်တတ်ကိုင်တတ် စားတတ်အောင် သင်ပေးတာ) ဖတ်ချိန်မရှိဘူးပြော၊ တဝါးဝါးသမ်းပြတတ်တယ် (ကိုယ်ရေးထားတဲ့ ဘာမှန်းမသိ၊ ညာမှန်းမသိ စာမျိုးဆို ယောင်လို့တောင် လှန်မကြည့်။ အဲ့ဂလောက် အားပေးကြတာ)။ တခါတလေတော့ မုန့်ဖိုးလိုချင်လို့လား၊ ချက်ချင်းအိပ်မပျော်လို့လား မသိ ပုံတိုပတ်စလေးတွေ ပြောပြခိုင်းလို့ ဖတ်ဖူးသမျှ ပုံပြင်လေးတွေကို ဝေ့ကာဝိုက်ကာ ပြောပြတယ်။ မနေ့တနေ့ကတော့ မီးမီးတို့ အိပ်မရလို့ မြန်မြန်အိပ်ပျော်အောင် ပုံပြင်လေးတပုဒ်လောက် ပြောပြပါဆိုလို့ ရရှိတဲ့အခွင့်အရေးကို...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်