သရော်စာ

ဂျော်ဒီး ● ဝန်းရံမှုကြောင့် နံရတယ်

September 28, 2016
ဂျော်ဒီး ● ဝန်းရံမှုကြောင့် နံရတယ်

ဂျော်ဒီး ● ဝန်းရံမှုကြောင့် နံရတယ် (မိုးမခ) စက်တင်ဘာ ၂၈၊ ၂ဝ၁၆ ဒီမိုးနဲ့အတူ ဒီရေစီးထဲမှာ ဒီအမှိုက်တွေက  ပေါလောပေါလော။ အဆိုးဆုံးကား ကြွပ်ကြွပ်အိတ်အမှိုက်များပင်။ ကြွပ်ကြွပ် အိတ်အမှိုက်များကား မီးပုံရှို့လို့လည်း မရ။ တခြားအမှိုက်များလို လွယ်လွယ်နှင့်လည်း  မဆွေးမြေ့နိုင်။ ကမ္ဘာကြီးအတွက် အနိမ့်ဆုံး မြေဆီလွှာအဖြစ် တောင်ပြန်အသုံးမဝင်သည့်အပြင် မြေဆီလွှာကို ပျက်စီးစေမည့်အန္တရာယ်နှင့် လူသားတွေကို ခြိမ်းခြောက်လိုက်သေးသည်.။ ပြန်လည်အသုံးပြုဖို့ကလည်း သံသရာမဆုံးနိုင်။ အသုံးသာမကျတာ ဒီမိုး ဒီရေစီးထဲမှာတော့ ဒီပေါ့သွပ်သွပ်ကြွပ်ကြွပ်အိတ်အမှိုက်များကသာ. နေရာတကာ ပေါလောပေါလောနိုင်လှသည်။ ရေမြောင်းများကို ရေစီးရေလာပျက်အောင်ပိတ်ဆိုင်းတစ်ဆို့ထားကြသည်။ သဘာဝပတ်ဝန်းကျင်ကို ရုပ်ဆိုးအကျည်းတန်နေစေလေသည်။ သံလွင်သစ်ခက်ရွာသူကြီး ကွီးလွန်းတယောက်သက်ပြင်းအခါခါချရင်း ဘယ်မာန်နတ် ဆိုးတွေကများ ဒီကြွပ်ကြွပ်အိတ်အမှိုက် တွေဟာ သူ့ရွာမြေပေါ်မှာ ဒီလောက်ပေါလာရပါလိမ့်လို့ တွေးရင်း ဒင်းတို့ကို မေတ္တာပို့မိသည်။ သူ့ရွာမြေပေါ်မှ ဒီလို...

Read more »

ဂျော်ဒီး – မိုးမခဂေဇက်

September 21, 2016
ဂျော်ဒီး –  မိုးမခဂေဇက်

 ဂျော်ဒီး –  မိုးမခဂေဇက် (မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၆ “ဖုန်း..ဒိုင်း..ဂွမ်း..ချကွ..” “ ဟေ့..ကိုယ့်အချင်းချင်း ရန်မဖြစ်ရဘူးလေ” “စစ်ပွဲတွေ..အဲလေ..ရန်ပွဲတွေ ရပ်ပစ်” ဂျီးဒေါ်တစ်ယောက် ဟိုဟိုသည်သည် လမ်းလျှောက်ရင်း မိုးမခ ရွာထိပ်ညောင်ပင်ကြီး အနီးအရောက်တွင် အနှီကဲ့သို့ ဆူဆူညံညံအသံများကို ကြားလိုက်ရသဖြင့် ကြည့်လိုက်ရာ ကလေးငယ်တသိုက်… ဆွဲကြလွဲကြ၊ ဆော်ကြ နှက်ကြနှင့် ၀ရုန်းသုန်းကားရန်ပွဲတပွဲကို တွေ့လိုက်ရသည်။ “ဟိတ်..ကလေးတွေ..ဘာလို့ရန်ဖြစ်နေကြတာတုန်း၊ ရပ်စမ်း..ရပ်စမ်း” ဂျီးဒေါ်၏အောင်မြင်ခန့်ငြားသောအမိန့်ပေးသံကြောင့် ကလေးတသိုက်မှာ ရန်ပွဲကို ရပ်ရင်း ဂျီးဒေါ်ကို ၀ိုင်းဝန်းတိုင်တောကြလေသည်။ “ စောငိုက..သားဆံပင်ကို အရင်စဆွဲတာ..ဟီး..ဟီး” မောင်ရစ်က ငိုရင်း တိုင်သည်။ “မင်း..အာမရွှီးနဲ့..ငါက ဆံပင်ဆွဲရအောင် မင့်မှာ ဆွဲစရာ ဆံပင်ရှိလို့လားကွ..” “ကဲ..တိတ်ကြ..တိတ်ကြ.. တနေ့ကပဲ.. အချင်းချင်းရန်ဖြစ်ရင်..နောက်ကိုပုံပြင် ပြောမပြတော့ဘူးလို့ ပြောထားတယ်လေ၊ အဲဒီတုန်းကတော့...

Read more »

နိုင်ဝင်းသီ – ကုလားထိုင်တလုံးနှင့် စကားစမြည်

September 15, 2016
နိုင်ဝင်းသီ – ကုလားထိုင်တလုံးနှင့် စကားစမြည်

နိုင်ဝင်းသီ – ကုလားထိုင်တလုံးနှင့် စကားစမြည်  (မိုးမခ၊ သစ်ခက်သံလွင်) စက်တင်ဘာ ၁၅၊ ၂၀၁၆ ခင်ဗျားဟာခင်ဗျား ခေတ်ကြီးလေးခေတ်ကိုဖြတ်ဖြတ်..ငါးခေတ်ကိုဖြတ်ဖြတ်..ဝယ်တဲ့ လူက ဒါတွေကို စိတ်မဝင်စားဘူးဗျ၊ ကုလားထိုင်တလုံးကို ဝယ်ပြီးပြီဆိုရင် ဂျော့ဘုရှ် ထိုင်ချင်ထိုင်မယ်၊ ဗလာဒီမာပူတင် ထိုင်ချင်ထိုင်မယ်၊ ဒီလိုမှမဟုတ်လည်း နံပြားရိုက်တဲ့လူ ထိုင်ချင်ထိုင်မှာပေါ့ ဗျာ၊ ခင်ဗျားရဲ့အလုပ်က ခင်ဗျားအပေါ်မှာတက်ထိုင်နေတဲ့လူတွေ… အခန်းက အတော်အသင့် ကျယ်ဝန်းသော်လည်း ခင်းကျင်းဖြန့်ချထားသည့် ပစ္စည်းတွေ များပြားရှုပ်ထွေးလို့နေ၍ ကျဉ်းမြောင်းသလိုပင် ဖြစ်နေ၏။ ပစ္စည်းတွေကတော့ မျိုးစုံလှ ပါ၏။ မြေဆေးတံ၊ ကြွေပန်းအိုး၊ ကြေးလင်ပန်း၊ ဒင်္ဂါးပြားမျိုးစုံ၊ ပုတီးစေ့မျိုးစုံနှင့် ရုပ်တုမျိုးစုံ။ ပြီးတော့ရှိပါသေး၏။ ရှေးဟောင်းကုလားထိုင်နှစ်လုံးနှင့် ဘီရီုမည်းမည်းကြီးတလုံး။ သည်လို ရှေးဟောင်းပစ္စည်းမျိုးတွေကို ဘယ်သူတွေကများ အမြတ်တနိုး ဝယ်ယူစုဆောင်း ကြလေသည်မသိ။ ကျွန်ုပ်သာဆိုလျှင် ဝယ်ဖို့နေနေသာသာ အလကားပေးလျှင်ပင် ယူလာခဲ့မှာ မဟုတ်ပါ။...

Read more »

သစ်စိုး – ပျံတော့ပျံနေသား ..ဒါပေမဲ့ …

September 10, 2016
သစ်စိုး – ပျံတော့ပျံနေသား ..ဒါပေမဲ့ …

သစ်စိုး – ပျံတော့ပျံနေသား ..ဒါပေမဲ့ … (မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၆ နောက်ဆုံးဆားကစ်ပြားကို ပင်မစက်အုံမှာ ခဲတို့ချိတ်ဆက်လိုက်ပြီး ပါဝါခလုတ်ကို အောက်ဘက် ဆွဲချလိုက်တာနဲ့တပြိုင်နက်ကုလားထိုင်ဟာ မြေပြင်ကနေ တဖြည်းဖြည်းကြွကာကြွကာနဲ့ လေထဲ ကို မြောက်တက်သွားတော့ မြေးမက အကြောက်အလန့်မရှိ “ဟေး” လို့ အသံဗြဲနဲ့ ထအော် လိုက်တာကို အိမ်ရှေ့က ဖြတ်သွားဖြတ်လာလုပ်နေသူတွေ ကြားသွားလို့လားတော့မသိ၊ ခြံတံခါးဝမှာ လူတွေက ပြိုးပြိုးပြာပြာနဲ့အုံခဲဝိုင်းကြည့်ကုန်ကြတာပေါ့။ ဟုတ်တယ်လေ။ ဖြစ်ချင်တော့ သမီးအလတ်မကမွေးတဲ့ ၇ နှစ်သမီးမြေးမက ကုလားထိုင်ပျံပေါ်မှာ။ ကုလားထိုင်လက်ရမ်းကို ဆုတ်ကျစ်နေရက်သားနဲ့အားရပါးရ အော်ဟစ်နေပြီး၊ ငမိုက်သား ကျွန်တော်မျိုးကိုယ်တိုင်က ရမုတ်ကွန်ထရိုးတကိုင်ကိုင်နဲ့ ကုလားထိုင်ပျံက အိမ်ရှေ့မှာ သွယ်တန်းချိတ်ဆက်ထားတဲ့ လျှပ်စစ်ဓာတ်ကြိုးတွေ၊ ဖုန်းကြိုးတွေနဲ့ငြိမှာစိုးလို့ခလုတ်ကို ဟိုဘက်ရွှေ့လိုက်…ဒီဘက်ကို ရွှေ့လိုက်။ ကိုယ့်အာရုံနဲ့ကိုယ်မို့ အိမ်ရှေ့ခြံဝကနေ...

Read more »

နိုင်ဝင်းသီ ● သစ်ပင်တစ်ပင်နှင့်စကားစမြည် (သရော်စာ)

September 6, 2016
နိုင်ဝင်းသီ ● သစ်ပင်တစ်ပင်နှင့်စကားစမြည် (သရော်စာ)

နိုင်ဝင်းသီ ● သစ်ပင်တစ်ပင်နှင့်စကားစမြည် (သရော်စာ) (မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၆ ဇွန်လရဲ့မိုးရေစက်များတော့မဟုတ်။ သြဂုတ်လ နောက်ဆုံးပတ်ရဲ့ မိုးရေစက်များ။ဖွဲဖွဲလွင့်လွင့်ဖြာကျနေသော မိုးစက်နုမျှင်များအောက်၌ တစ်ပေခွဲခန့်ရှည်မည့် ငန်းပြားတစ်ချောင်းကို ကိုင်ပြီး ဟိုကြည့်ဒီကြည့်နှင့် ကျွန်ုပ်ကြည့်နေမိ၏။ ရာသီဥတုအနေအထားမှာ အားကစားသမားများ အကြိုက်ဖြစ်သော်လည်း ကျွန်ုပ်မှာ မကစားနိုင်သေးဘဲ အလုပ်များနေပါ၏။ မြေးဖြစ်သူ ကျောင်းသို့ယူသွားမည့်  အပင်ပေါက်တစ်ပင်ကို မည်သည့်အပင်နှုတ်ပေးလျှင် ကောင်းမလဲဟု စဉ်းစားနေရင်း ခေါင်းစားနေခြင်း ဖြစ်ပါ၏။ ထိုငတိပညာရည်နို့စို့နေ သော ကျောင်းတော်သာကြီးမှာ သစ်ပင်စိုက်ပွဲခြိမ့်ခြိမ့်သဲသဲကျင်းပပြုလုပ်မည်ဟု  မနေ့ကတည်း က  ထိုငတိက ပြောပြထားပါ၏။ ကျောင်းသားတယောက်လျှင် အပင်ပေါက်တစ်ပင်စီ ယူဆောင်လာရမည်ဟုလည်း ပြောပြ ထားပါ၏။ ခြံထောင့်၌ပေါက်နေ သော သရက်ပင်ပေါက်တစ်ပင်ကို အမြစ်ပါအောင်ဆွဲနှုတ်ပြီးတော့ပဲ ပေးလိုက်တော့မည်ဟု စိတ်ကို တုံးတုံးချလိုက်ပါ၏။ သရက်ပင်ပေါက်ကို နှုတ်ရန်...

Read more »

အီကြာအော် ● ဖွတ်ကလေး၊ ကော်ဖီအာနံ၊ ဘိုကီမွန်နှင့် ဘမသ အဖွဲ့ကြီး (သရော်စာ)

September 3, 2016
အီကြာအော် ● ဖွတ်ကလေး၊ ကော်ဖီအာနံ၊ ဘိုကီမွန်နှင့် ဘမသ အဖွဲ့ကြီး (သရော်စာ)

အီကြာအော် ● ဖွတ်ကလေး၊ ကော်ဖီအာနံ၊ ဘိုကီမွန်နှင့် ဘမသ အဖွဲ့ကြီး (သရော်စာ) (မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၆ “ကော်ဖီ အလိုမရှိ ကော်ဖီ အလိုမရှိ ကော်ဖီ အလိုမရှိ” ခက်သေးရွာလယ်တွင်ကား ရွာသားတချို့ ဆန္ဒပြနေကြသည်။ အီကြာအော်တယောက် ကော်ဖီအလွန်ကြိုက်သူ ဖြစ်သဖြင့် ကော်ဖီဆိုင်တွေကို ခက်သေးရွာသားတွေ သပိတ်မှောက်ရင်တော့ ခက်ရချေရဲ့ဟု တွေးမိလေသည်။ “ဟေ့ကောင် ဖွတ်ကလေး တို့ရွာမှာ ဘာတွေဖြစ်နေလို့ ကော်ဖီတွေ အလိုမရှိ အော်နေရတာလည်း၊ ချိုင်းလ်ဒလေဘာ ကလေးအလုပ်သမားတွေကို ကော်ဖီဆိုင်တွေမှာ အလုပ်ခန့်ထားလို့လား” အိတ်တလုံးလွယ်လျက် ပွတ်ဖုန်းတလုံးနှင့် ခက်သေးရွာလယ်ကောင်တွင် ပိုကီမွန် အဖမ်းထွက်လာသော ဖွတ်ကလေးကို အီကြာအော်က ဘိုလို မတတ်တတတ်ဖြင့် ဖမ်းမေးလိုက်သည်။ “မဟုတ်ပါဘူး ဆရာအော်ရယ်၊ ယူနန်ပြည်က ကော်ဖီအာနံဆိုတဲ့တရုတ်ကြီးကို...

Read more »

နိုင်​ဝင်းသီ – ကြွက်​တစ်​​ကောင်​နှင့်​ စကားစမြည်

September 2, 2016
နိုင်​ဝင်းသီ –  ကြွက်​တစ်​​ကောင်​နှင့်​ စကားစမြည်

နိုင်ဝင်းသီ –  ကြွက်တစ်ကောင်နှင့် စကားစမြည် (မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၆ တနေ့သ၌ ကျွန်ုပ်သည် လမ်းလျှောက်ရင်း ရုတ်တရက်မိုးရွာလာသောကြောင့် လက်ဖက်ရည်ဆိုင်တဆိုင်သို့ ပြေးဝင်ရလေ၏။ လက်ဖက်ရည်တခွက်ကိုမှာသောက်ပြီး မိုးခိုရလေ၏။ လက်ဖက်ရည်ဆိုင်ထဲမှာတော့ လက်ဘက်ရည်သောက်နေသူ သုံးလေးယောက်မျှသာ ရှိနေလေ၏။ သည်အချိန်မှာပင် မတိုးလွန်းမကျယ်လွန်းသော အသံလေးတသံကို ကြားလိုက်ရလေ၏။ “ဘဏ်ဘယ်အချိန်ဖွင့်မှာလဲဗျ” ဘယ်သူက ပြောလိုက်မှန်းလည်းမသိ။ အသံကတော့ ကျွန်ုပ်နှင့် အတော်နီးကပ်သောနေရာမှ ထွက်ပေါ်လာသောအသံဖြစ်လေရာ ကျွန်ုပ်မှာ မျက်မှောင်ကုပ်မိလေ၏။ ” သူငယ်ချင်း ဘဏ်ဘယ်အချိန်ဖွင့်မှာလဲလို့” သည်တကြိမ်မှာတော့ အသံကိုသာမက ခြေထောက်ကိုပါ တစုံတခုခုနှင့် ပွတ်တိုက်နေသလို မျိုးဖြစ်နေသောကြောင့် စားပွဲအောက်ခြေကိုငုံ့ကြည့်လိုက်ရာ အမွှေးအမှင်မည်းမည်းနှင့် မြေကြွက်တကောင်ဖြစ်နေလေ၏။ ဘဏ်ဘယ်အချိန်ဖွင့်မှာလဲမေးနေတာကို လူလို့အောက်မေ့နေတာ မြေ ကြွက်တကောင် ဖြစ်နေလေ၏။ စောစောစီးစီး စိတ်ထဲမှာ ထောင်းခနဲ ဒေါသထွက်သွားရလေ၏။...

Read more »

အီကြာအော် ● ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ ပုဂါမ ငလျင်ကြီး (သရော်စာ)

August 30, 2016
အီကြာအော် ● ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ ပုဂါမ ငလျင်ကြီး (သရော်စာ)

အီကြာအော် ● ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ ပုဂါမ ငလျင်ကြီး (သရော်စာ) (မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၆ “ဆရာအော် ဆရာအော်” တပည့်ကျော် ဖွတ်ကလေး၏အသံသေးအသံကြောင်ဖြင့် အော်သံကြောင့် အီကြာအော်တယောက် စားပွဲအောက်က ဖျာပေါ်တွင် အိပ်နေရာမှ လူးလဲ၍ ထလာရပေသည်။ “ဆရာအော်ကလည်း နေ့ခင်ကြောင်တောင်ကြီး စားပွဲအောက် ဘာဝင်လုပ်နေတာလဲဗျ” “ဟကောင်ရ ခုတလော ငလျင်တွေလှုပ်တော့ သတိလေးဘာလေး ထားရတယ်လေ၊ သတိဆိုတာ ပိုတယ် မရှိပေဘူး၊ ငလျင်လှုပ်ရင် တြိဂံဆိုတဲ့ဘေးလွတ်နေရာ အစောကတည်းက ရှာထားရတယ်ကွ” ဖွဘုတ်တခွင်တွင် ရေးသားထားသော စာတိုစာစ ရသမျှ ဗဟုသုတကလေးများကိုကိုးကားရင်း အီကြာအော်တယောက် ခက်သေးရွာသားပြီပြီ သူတပါးကို အခွင့်ကြုံတုန်း ဆရာလုပ်လိုက်လေသည်။ ခက်သေးရွာ ပုဂါမရပ်ကွက်ကြီးတွင်လည်း ငလျင်ကြောင့် ဘုရားပုထိုးများ အတော်ပျက်သွားသည်။...

Read more »

ဂျော်ဒီး – မိုးမခရွာဂေဇက် (၆)

August 28, 2016
ဂျော်ဒီး – မိုးမခရွာဂေဇက် (၆)

  ဂျော်ဒီး – မိုးမခရွာဂေဇက် (၆) (မိုးမခ) သြဂုတ် ၂၈၊ ၂၀၁၆ တညနေသား.. မိုးမခတရွာလုံး အုံးအုံးကျွက်ကျွက်..။ “ငလျင်လှုပ်တယ်ဟေ့..ငလျင်လှုပ်တယ်..” သာဂိက..ရွာလည်လမ်းတလျှောက်..ပြေးရင်းလွှားရင်းအော်လိုက်သည်နှင့် ပုပုရွရွ မိုးမခရွာသူရွာသားများသည် မိမိတို့လက်ကိုင် တယ်လီဖုန်းလေးတွေကိုကိုယ်စီ ကိုင်လိုက်ကြသည်။ ထို့နောက်..သူတို့အားလုံး၏ အရှင်သခင် မစ္စတာဇူချဉ်ဖတ်၏ဖေ့စ်ဘွတ်စာမျက်နှာမှတဆင့် ငလျင် သတင်းကို သူ့ထက်ငါဦးအောင် တင်ကြလေတော့သည်။ မိမိတို့အနီးအနားတ၀ိုက်ရှိ ရေအိုးများမှ ရေမြောင်းများမှ ရေများလျှံကြပုံ။ အိမ်တွင်း မီးချောင်းများလှုပ်ယမ်းနေပုံ..စသည်ဖြင့်.. ငလျင်သတင်း မှတ်တမ်းအဖုံဖုံကို ဓာတ်ဖမ်းကြကုန်၏။ စက္ကန့်ပိုင်းအတွင်းပင် မစ္စတာဇူချဉ်ဖတ်၏ ဖေ့စ်ဘွတ်မျက်နှာ စာအုပ်ကြီးတွင်.မိုးမခရွာ၏ အရှေ့အနောက်၊ တောင်မြောက်၊ အရပ်ဆယ်မျက်နှာရှိ ငလျင်လှုပ်ရာ အရပ်မှန်သမျှမှ သတင်းများတက်လာလေသည်။ မိုးမခရွာ ပေါက္ကာရာမအရပ်မှ ကဗျာဆရာမ ၀ါကျဖြူကသူ့ဖေ့စ်ဘွတ်စာမျက်နှာတွင် ဘုရား စေတီပုထိုးများ အုတ်ခဲမှုန်များကြားတွင် တအိအိပြိုကျနေပုံကို “တို့ယဉ်ကျေးမှု...

Read more »

မောင်လူရေး – နိုင်ငံရေးလေလည်ခြင်း (ပြဇာတ်)

August 27, 2016
မောင်လူရေး – နိုင်ငံရေးလေလည်ခြင်း (ပြဇာတ်)

မောင်လူရေး – နိုင်ငံရေးလေလည်ခြင်း (ပြဇာတ်) (မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၆ ကားလိပ်ဖွင့်။ ဟိုတယ်ဒေဝါတွင် sustainable development ပါတီကျင်းပနေ။ ယူအန်များ ယူပြန်များ အီးယူများ အီးရှူများ အန်ဂျီအိုများ အန်ဂျီပျိုများ စီအက်စိုများ စီအက်စ်ခြောက်များ အက်တိဗစ်များ ခွက်ပြည့်ကစ်များ ဂျာနယ်လစ်များ စွာကျယ်ဟစ်များစသဖြင့် စုံစုံညီညီ တက်ရောက်ကြဟန် ပြင်ထားသည်။ စားပွဲဝိုင်းများစွာတွင် စကားပွဲဝိုင်းများစွာရှိသည်။ (တဝိုင်းအသံသည် အခြားတဝိုင်းထံကို မတိုးပေါက်သည့်အခြေအနေမျိုးရှိနေရမည်) – ဟလို – ဟိုင်း – ကျွန်တော်များ ဆပ်စတိန်နေဘယ် ဒိဗလာ့မင့်ဖြစ်ဖို့ဆိုရင် ကလီးဂါးဗားနင့်စ် ရှိဖို့လိုတယ်ဗျ၊ ကလီးဂါးဗားနင့်စ်ရှိဖို့ကလဲ ထရန်စပါရင်စီရှိဖို့လိုပြန်ရော ဂါဗားမင့်ဘက်ကလဲ အကောင်တဘလတီရှိအုံးမှ ဖြစ်မယ်။ – အေးဗျာ ။ ဂါးဗားမင့်က အဲလိုဖြစ်နေဖို့ဆိုရင် ဒီမိုကရက်တစ်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်