လောကဓာတ်ခန်း

ဘောလုံးကွင်းဧရိယာ ဘယ်လောက်ရှိသလဲ

July 13, 2018
ဘောလုံးကွင်းဧရိယာ ဘယ်လောက်ရှိသလဲ

ဘောလုံးကွင်းဧရိယာ ဘယ်လောက်ရှိသလဲ ဂျူနီယာဝင်း၊ စွယ်စုံကျမ်းမိတ်ဆက်၊ မိုးမခ၊ ဇူလိုင် ၁၃၊ ၂၀၁၈ ဘောလုံးကွင်း ဧရိယာသည် အရှည်အားဖြင့် ကိုက် ၁၀၀ ကနေ ကိုက် ၁၃၀ ( မီတာအားဖြင့် ၉၀ မိတာ ကနေ ၁၂၀ မီတာ) ရှိကာ အကျယ်အားဖြင့် ကိုက် ၅၀ ကနေ ကိုက် ၁၀၀ ( ၄၅ မီတာကနေ ၉၀ မီတာ) ရှိပါသည်။ ပုံ – ဘောလုံးကွင်းတစ်ခု။ သို့သော် သည်ထက်လည်း အရှည်က ပိုရှည်လျှားသွားသည့်အတိုင်း အကျယ်ကလည်း ကျယ်ပေးရမည်ဖြစ်ပါသည်။ ဂိုးတိုင်သည် ၈ ကိုက် ( ၇.၃ မီတာ) ကျယ်ပြီး ၈ပေ (၂.၄...

Read more »

ကျွန်ုပ်တို့ အသက်ရှူသွင်းသည့်အခါ လေပမာဏ ဘယ်လောက်ရှူသလဲ

July 9, 2018
ကျွန်ုပ်တို့ အသက်ရှူသွင်းသည့်အခါ လေပမာဏ ဘယ်လောက်ရှူသလဲ

ကျွန်ုပ်တို့ အသက်ရှူသွင်းသည့်အခါ လေပမာဏ ဘယ်လောက်ရှူသလဲ ဂျူနီယာဝင်း၊ စွယ်စုံကျမ်းမိတ်ဆက်၊ (မိုးမခ) ဇူလိုင် ၉ ၊ ၂၀၁၈ ကျွန်ုပ်တို့ တစ်မိနစ်ကို ၁၅ ခါ ( သို့မဟုတ် ) အခါ ၂၀ ပျှမ်းမျှ လေကို ရှူသွင်းပါသည်။ သည်တော့ တစ်နေ့ကို အကြိမ်ပေါင်း ၂၁၀၀၀၀ (နှစ်သောင်းတစ်ထောင်) ကနေ ၂၈၀၀၀ ( နှစ်သောင်းရှစ်ထောင်) ရှူပါ သည်။ ယင်းသည် တစ်မိနစ်ကို ၇.၅ သန်းကနေ သန်းပေါင်း ၁၀ သန်း အကြိမ်နဲ့ ညီမျှပါသည်။ တစ်နေ့ကို လေပမာဏ ၁၅၀၀၀ (တစ်သောင်းငါးထောင်) လီတာ ရှူသွင်းပါသည်။ သည်တော့ တစ်နှစ်ကို လီတာပေါင်း ၅သန်းခွဲလောက် ရှူသည်ဟု...

Read more »

ဆိုလာစနစ်ကို စတင်မိတ်ဆက်ပေးတာ ဘယ်သူလဲ

July 8, 2018
ဆိုလာစနစ်ကို စတင်မိတ်ဆက်ပေးတာ ဘယ်သူလဲ

ဆိုလာစနစ်ကို စတင်မိတ်ဆက်ပေးတာ ဘယ်သူလဲ ဂျူနီယာဝင်း၊ စွယ်စုံကျမ်းမိတ်ဆက်၊ (မိုးမခ) ဇူလိုင် ၈၊ ၂၀၁၈ ဆိုလာစနစ်ဆိုသည်မှာ နေကနေလာသော ရောင်ခြည်များကို စွမ်းအင်ဖြစ်အောင် ထုတ်လုပ်ခြင်းဖြစ် သည်။ ဆိုလာပြားများသည် ထိုသဘောတရားတစ်ခုဖြစ်သည်။ ဆိုလာ = Solar ဆိုတာ နေရောင်ခြည်ဖြစ် သည်။ ဆိုလာပြားများသည် နေကလာသော ရောင်ခြည်များကို ရယူသော အပြားများဖြစ်သည်။ ထိုဆိုလာပြား များကို ခေါင်းမိုးပေါ်တွင် ထပ်ဆင်ထားပါကာ နေရောင်ခြည်ကို တိုက်ရိုက်ရယူက ထိုစွမ်းအင်ဖြင့် အိမ်အတွင်းရှိ လျှပ်စစ်မီး ၊ အိမ်သုံးလျှပ်စစ်များကို အသုံးပြုလို့ရလေသည်။ ပုံတွင် ဆိုလာပြားများကို အိမ်ခေါင်းမိုးပေါ်တွင် တပ်ဆင်နေပုံ။ ပုံတွင် ဆိုလာပြားများကို တပ်ဆင်ထားသော အိမ်ကလေး။ ထို့ကြောင့် မီးပျက်သည့်အခါ ဆိုလာ ပြားများကြောင့် မီးလင်းရုံမက တီဗီတို့ဘာတို့လည်း...

Read more »

ဂျူနီယာဝင်း ဗိုင်းရပ်စ်ဆိုတာ ဘာလဲ

June 29, 2018
ဂျူနီယာဝင်း ဗိုင်းရပ်စ်ဆိုတာ ဘာလဲ

ဂျူနီယာဝင်း ဗိုင်းရပ်စ်ဆိုတာ ဘာလဲ (မိုးမခ) ဇွန် ၂၉၊ ၂၀၁၈ ဗိုင်းရပ်စ် (virus) ဆိုသည်မှာ ကလာပ်စည်းတွေထဲမှာ နေထိုင်ကြသော သေးငယ်သည့် အစိတ်အပိုင်း အုပ်စုဖြစ်သည်။ သိပ္ပံပညာရှင်များသည်။ ထို သေးငယ်လွန်းလှသည့် ဗိုင်းရပ်စ်အုပ်စုများကို အလွန်ခွန်အားကြီး သည့် အဏုကြည့်မှန်ပြောင်းများသုံးကာ လေ့လာကြရပါသည်။ ဗိုင်းရပ်စ်များသည် သက်ရှိသတ္တဝါများနှင့် အသက်မရှိသည့် အရာများကြားတွင် သူတို့ ထပ်မံ၍ မပွားနိုင်သည်အထိ နေထိုင်ကြသည့် ခန့်မှန်းရခတ်သော သက်ရှိအစိတ်အပိုင်းအုပ်စုဖြစ်သည်။ ပုံတွင် ဗိုင်းရပ်စ်များက ကလပ်စည်း (cell) များကို မည်သို့ စားသောက် ဖျက်ဆီးသည်ကို ပြသထားပုံ။ လေ့လာကြည့်ပါက ဗိုင်းရပ်စ်သည် သူ့ဘာသာသူ အသက်မရှင်နိုင်ပါ။ သူတို့နေထိုင်သည့် အသက်ရှိ သည့် ကလပ်စည်းထဲမှာ ရာချီပြီး ထပ်မံပွားနိုင်ကြကာ နံဘေးက ကလပ်စည်းများဆီကိုပါ...

Read more »

ဂျူနီယာဝင်း – အာဟာရဆိုတာ ဘာလဲ (nutrition)

June 28, 2018
ဂျူနီယာဝင်း – အာဟာရဆိုတာ ဘာလဲ (nutrition)

ဂျူနီယာဝင်း – အာဟာရဆိုတာ ဘာလဲ (nutrition) (မိုးမခ) ဇွန် ၂၈၊ ၂၀၁၈ အာဟာရဆိုသည်မှာ အမှန်တော့ ကျွန်ုပ်တို့ နေ့စဉ် စည်းကမ်းတကျ စားသောက်နေသမျှ ဖြစ်ပါသည်။ ပုံတွင် အသား အသီးအရွက် စသည်ဖြင့် နေ့စဉ် စည်းကမ်းတကျ စားသောက်သင့်သော အစားများ။ ကျွန်ုပ်တို့ ကိုယ်ခန္ဓာထဲက အစိတ်အပိုင်းများ သူ့နေရာနဲ့သူ အစာအာဟာရ ရရှိအောင် စားသောက်နေထိုင်ဖို့ လိုပါသည်။ ကိုယ်ခန္ဓာက လိုအပ်သော စွမ်းရည်ပမာဏကို ထုတ်လုပ်ပေးနေရပါသည်။ ထိုစွမ်းရည်သည် ကျွန်ုပ်တို့စား သောက်သော အစာပမာဏကနေ ရရှိပါသည်။ အကယ်၍ ကိုယ်စားသောက်ထားတာထက် အလုပ်ပိုလုပ်မိခြင်း ၊ တောင်တက်တာ များသွားခြင်းတို့ ကြုံရလျှင် စွမ်းရည်လျော့ကျကာ ခံနိုင်ရည်ကျဆင်းပြီး ကိုယ်တွင်းအပူချိန် ကျသွားကာ ဒုက္ခတွေ့ရပါသည်။ No...

Read more »

ဂျူနီယာဝင်း – ဘိုထိုင်အိမ်သာကို တီထွင်သူ ဘယ်သူလဲ

June 12, 2018
ဂျူနီယာဝင်း –  ဘိုထိုင်အိမ်သာကို တီထွင်သူ ဘယ်သူလဲ

  ဂျူနီယာဝင်း –  ဘိုထိုင်အိမ်သာကို တီထွင်သူ ဘယ်သူလဲ (မိုးမခ) ဇွန် ၁၂၊ ၂၀၁၈ ဘိုထိုင်အိမ်သာဟုခေါ်သော ကုလားထိုင်မှာထိုင်သော ပုံစံရှိသော အိမ်သာကို စတင်တီထွင်အသုံးပြုသူမှာ Sir John Harington (ဆာ ဂျွန်ဟာရင်တန် ) ဖြစ်သည်။ သူက ၁၅၈၉ ခုနှစ်တွင် သူ့အိမ်မှာ တခု၊ နောက်တခုက အင်္ဂလန်၏မိခင်ကြီး Queen Elizabeth 1 ( ပထမမြောက် အယ်လီဇဘက်ဘုရင်မ ) အတွက် တပ်ဆင်ပေးခဲ့တာ ဖြစ်ပါသည်။ သို့ရာတွင် အသုံးပြုသူ နည်းပါးပြီး တကယ်တန်း လူတွေကြားထဲ ရောက်လာခဲ့တာ နောက်နှစ်ပေါင်း ၂၀၀ လောက်ကြာမှ ဖြစ်ပါသည်။ ဆရာမဂျူနီယာဝင်း၏ အမေးနှင့် အဖြေ စွယ်စုံကျမ်း ၂၀၁၇...

Read more »

အလင်းလက် – မုသားကိုယ်ရံတော်နှင့် ကာကွယ်ခြင်း (မိုးမခ) ဇွန် ၁၂၊ ၂၀၁၈

June 12, 2018
အလင်းလက် – မုသားကိုယ်ရံတော်နှင့် ကာကွယ်ခြင်း (မိုးမခ) ဇွန် ၁၂၊ ၂၀၁၈

အလင်းလက် – မုသားကိုယ်ရံတော်နှင့် ကာကွယ်ခြင်း (မိုးမခ) ဇွန် ၁၂၊ ၂၀၁၈ (၁) စစ်ကာလ အမှန်တရားဟာအလွန်အဖိုးတန်ပါတယ်။ ဒါ့ကြောင့် အဲဒီအမှန်တရားကို မုသားကိုယ်ရံတော်နဲ့ ကာကွယ် ရမယ်လို့ ဒုတိယကမ္ဘာစစ်အတွင်းက လျို့ဝှက်စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်ဝန်စတန်ချာချီက ပြောကြားခဲ့ပါတယ်။ (၂) ၁၉၃၉ ခုနှစ်၊ စက်တင်ဘာ ၃ ရက်၊ ဂျာမနီကို ဗြိတိန်ကစစ်ကြေညာခဲ့ပြီးတဲ့နောက်ပိုင်း သူလျှိုတွေရဲ့စွမ်းဆောင်မှု ကြောင့် ဂျာမန်တပ်မတော်ရဲ့ရေတပ်သုံး အဆင့်မြင့်နည်းပညာသုံးပြီးတီထွင်ထားတဲ့ လျှို့ဝှက်ဆက်သွယ်ရေးစက်ဖြစ်တဲ့ အင်နစ်ဂမာကို ဗြိတိသျှတွေရရှိခဲ့ပါတယ်။ ဂျာမန်တွေက နေ့တိုင်းလျှို့ဝှက်နံပါတ်ကုတ်တွေ ပြောင်းသုံးစွဲနေတဲ့အတွက် ဗြိတိသျှတို့အဖို့ စက်ရှိပြီး သုံးမရ ဖြစ်နေခဲ့ပါတယ်။ ဒါ့ကြောင့် နိုင်ငံထဲမှာရှိတဲ့ ၀ှက်စာဖော်နိုင်သူ၊ ကျွမ်းကျင်သူ သင်္ချာပညာရှင်တွေကို ခေါ်ယူပြီး ကြိုးပမ်း ခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်အတွင်းမှာတော့ အဲဒိဝှက်စာကိုဖော်နိုင်တဲ့ စက်တစ်လုံးကို...

Read more »

ဂျူနီယာဝင်း – လမ်းတွေပေါ်မှာ တွေ့နေရတဲ့ ဗီဒီယိုမျက်နှာပြင်တွေက ကြော်ငြာသက်သက်ပဲလား

June 10, 2018
ဂျူနီယာဝင်း – လမ်းတွေပေါ်မှာ တွေ့နေရတဲ့ ဗီဒီယိုမျက်နှာပြင်တွေက ကြော်ငြာသက်သက်ပဲလား

Photo – Yan Naung BotaHtaubg   ဂျူနီယာဝင်း – လမ်းတွေပေါ်မှာ တွေ့နေရတဲ့ ဗီဒီယိုမျက်နှာပြင်တွေက ကြော်ငြာသက်သက်ပဲလား (မိုးမခ) ဇွန် ၁၀၊ ၂၀၁၈ ကြီးမားသော ဗီဒီယိုမျက်နှာပြင်များကို ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် မြင်ဖူးကြပါသည်။ ၄င်းတို့က တေးဂီတများ ကြော်ငြာများကို ထပ်ခါတလဲလဲ ပြသနေကြပါသည်။ ယင်းသည် ရုပ်မြင်သံကြား မျက်နှာပြင်လိုပဲ အလုပ်လုပ်ပါ သည်။ အဲသည်က ကြော်ငြာများသာမက သတင်းထူး သတင်းဦးများကိုလည်း ပြသပေးနေသလို ငလျင်သတင်းများ ၊ မုန် တိုင်းလာတော့မည့် သတင်းများကို အဆက်မပြတ် လွှင့်ထုတ်ပေးနေသောကြောင့် လမ်းသွားလမ်းလာ ပြည်သူ များအတွက် တော်တော်လေး အထောက်အကူ ဖြစ်စေပါသည်။ ထိုမျက်နှာပြင်သည် ပြင်းထန်သော နေ၏အပူရှိန်ကိုလည်း တုန့်ပြန်နိုင်ကာ အလင်းရောင်မပြန်စေဘဲ...

Read more »

ဂျူနီယာဝင်း – သွားပွတ်တံအစ

June 8, 2018
ဂျူနီယာဝင်း – သွားပွတ်တံအစ

ဂျူနီယာဝင်း – သွားပွတ်တံအစ (မိုးမခ) ဇွန် ၈၊ ၂၀၁၈ သွားပွတ်တံကို တီထွင်ခဲ့သူမှာ တရုတ်ပြည်က ဖြစ်ပါသည်။ ၁၄၉၈ ခုနှစ်တုန်းက စတင်တီထွင် အသုံးပြုတာဟု ဆိုပါသည်။ ထိုစဉ်တုန်းကသွားပွတ်တံထိပ်က အမွှေးကြမ်းများမှာ ဝက်၏ ကျောဖက်က အမွှေးများကနေ ရပါတယ်။ ၎င်း အမွှေးကြမ်းများကို အရိုးရှည်ရှည်ထိပ်တွင် ချည်နှောင်ကာ သွားတိုက်တံသဖွယ် အသုံးပြုကြတာ ဖြစ်ပါတယ်။ ယနေ့ခေတ်သုံးနေသော သွားပွတ်တံများကတော့ ဝက်နောက်ကျောက အမွှေးများ မဟုတ်တော့ဘူးဟု ထင်ပါတယ်။ ပုံတွင် ယနေ့ခေတ် သွားပွတ်တံများကို မြင်တွေ့ ရပါမယ်။ No tags for this post. Related posts No related posts.

Read more »

ဂျူနီယာဝင်း – လက်ဝှေ့ အားကစား ဘယ်တုန်းကစ

June 6, 2018
ဂျူနီယာဝင်း – လက်ဝှေ့ အားကစား ဘယ်တုန်းကစ

  ဂျူနီယာဝင်း – လက်ဝှေ့ အားကစား ဘယ်တုန်းကစ (မိုးမခ) ဇွန် ၆၊ ၂၀၁၈ ပထမဦးဆုံးလက်ဝှေ့ထိုးတာကို ရှေးဟောင်းဂရိကနေ စသည်ဟု ဆိုပါသည်။ ယင်းသည် အိုလံပစ်အားကစားထဲမှာ ပါဝင်လာမည့် အားကစားတခုလည်း ဖြစ်လာပါသည်။ သူတို့ အဲသည်တုန်းက ကစားကြသော ထိုလက်ဝှေ့ထိုးပွဲက ဥပဒေသများဟာ ယနေ့ယခု လိုက်နာနေကြရသော လက်ဝှေ့ဥပဒေများနှင့် တော်တော်လေးနီးစပ်သည်ဟု ဆိုပါသည်။ သို့သော် တခုတည်းသောကွာခြားချက်ကား ဂရိလူမျိုးတွေက လက်ဝှေ့ထိုးရင် လက်အိတ်မပါပါ။ ယနေ့ခေတ်မှာ တွေ့ရသော လက်ဝှေ့က လက်အိတ်ထူထူကြီးတွေနဲ့ မဟုတ်ပါလား။ ထိုသရေနဲ့ ချုပ်ထားကာ သတ္တု (သို့မဟုတ်) ကြေးသားအပြားများနှင့် ခံထားသော ထိုလက်အိတ်စွပ်ထားသော လက်သီးကို ထိုးခံလို့ကတော့ တော်တော်ကြီးကို ပြင်းထန်သော ဒဏ်ရာများ ရသွားမည်ဖြစ်ပါသည်။ လက်ဝှေ့အားကစား ဘာကြောင့်...

Read more »

ဂျူနီယာဝင်း – မီးသတ်ဆေးဗူးဆိုတာ

June 5, 2018
ဂျူနီယာဝင်း – မီးသတ်ဆေးဗူးဆိုတာ

  ဂျူနီယာဝင်း – မီးသတ်ဆေးဗူးဆိုတာ (မိုးမခ) ဇွန် ၆၊ ၂၀၁၈ မီးသတ်ဆေးဗူးတွေကို ခုခေတ်မှာ လူတိုင်း မြင်ဖူးကြမှာ ဖြစ်ပါတယ်။ နေအိမ်ခန်းများ၊ ရုံးခန်းများ၊ ဆေးရုံများ စသော နေရာတိုင်းမှာ မီးလောင်လျှင် အလွယ်တကူ မီးငြိမ်းသတ်နိုင်ရန် အသင့်ဆောင်ထားလေ့ ရှိကြပါတယ်။ ရုတ်တရက် မီးလောင်တာမျိုး ကြုံကြရရင် မီးသတ်ကားတွေ မလာခင် မီးသတ်ဗူးနဲ့ ငြိမ်းသတ်တဲ့ အခါ အပျက်အဆီး နည်းနိုင်သမျှ နည်းစေပါတယ်။ ထို့အပြင် မီးကူးစက်မှုကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။ အဲသည်လို အသုံးဝင်တဲ့ မီးသတ်ဗူးများကို တီထွင်သူမှာ အင်္ဂလိပ်လူမျိုး ပညာရှင် ဂျော့မန်ဘီ ( George Manby ) ဖြစ်ပြီး ၁၈၁၆ ခုနှစ်က တီထွင်ခဲ့တာ ဖြစ်ပါတယ်။...

Read more »

လောကဓာတ်ခန်းသာဂိ – နည်းပညာက လူသတ်သလား

May 16, 2018
လောကဓာတ်ခန်းသာဂိ – နည်းပညာက လူသတ်သလား

လောကဓာတ်ခန်းသာဂိ – နည်းပညာက လူသတ်သလား (မိုးမခ) မေ ၁၆၊ ၂၀၁၈ ၁၉၈၀ နှောင်းပိုင်းမှာ နည်းပညာတော်လှန်ရေးလို့ ခေါ်ကြတဲ့ အပြောင်းအလဲခေတ် ဖြစ်တယ်။ မြန်မာပြည်မှာကတော့ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံနဲ့ တပါတီ အာဏာရှင်ကို တော်လှန်နေခဲ့ကြတုံးပေါ့။ ၁၉၉၀ နှောင်းပိုင်းမှာ နည်းပညာတော်လှန်ရေးအသီးအပွင့်တွေ ခံစားရတယ်။ အင်တာနက်တို့ ဆဲလ်ဖုန်းတို့ မိုက်ခရိုဝေ့တို့။ လူတွေအများသိကြတာကတော့ ကမ္ဘာမှုပြုခြင်းဖြစ်စဉ်လို့ ခေါ်ကြပါတယ်။ Globalization တဲ့။ နယ်စည်းမခြားပဲ စီးပွားရေး လူမှုရေး အပြောင်းအလဲဖြစ်စဉ်တွေ ဖြစ်လာတာ။ ၂၀၀၀ နှောင်းပိုင်းကတော့ ဒီဂျစ်တယ်ပြုခြင်းဖြစ်စဉ်လို့ ခေါ်ကြတယ်။ Digitization ပေါ့။ လူမှုဘ၀တွေ နိုင်ငံရေးဘ၀တွေကို ဒီဂျစ်တယ်လှိုင်းကြီးကနေ ပြောင်းလဲပစ်လိုက်တယ်။ အချက်အလက် အတွေးအခေါ် အထင်အမြင်တွေဟာ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ဖလ်သားပြင်ပေါ်တွေချည်းကနေ လာတယ်။ အဲသည်ကနေ...

Read more »

မောင်ကျေးရေ – မြေအောက်ရေဥပဒေ ပြုစုရာတွင်

April 19, 2018
မောင်ကျေးရေ  – မြေအောက်ရေဥပဒေ ပြုစုရာတွင်

  မောင်ကျေးရေ  – မြေအောက်ရေဥပဒေ ပြုစုရာတွင်  (မိုးမခ) ဧပြီ ၁၉၊ ၂၀၁၈ စကားဦး မြန်မာနိုင်ငံတွင် မြေအောက်ရေကို ရှေးမြန်မာမင်းများလက်ကထဲက အသုံးပြုလာခဲ့၏။ ရန်ကုန်မြို့တွင် မြေအောက်ရေကို သာယာဝတီမင်းလက်ထက် (၁၈၄၂) ခုနှစ်က စတင်သုံးစွဲခဲ့သည်။ အင်္ဂလိပ်လက်ထက်တွင် ရန်ကုန်မြို့နယ်နမိတ်အတွင်း မြေအောက်ရေ ထုတ်ယူသုံးစွဲရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းပြီး ဥပဒေအတိုင်း လိုက်နာ အသုံးပြုကြသည်။ (၁၉၈၈) ခုနှစ် အရေးအခင်းမတိုင်ခင်အထိ ဥပဒေ၊ နည်းဥပဒေများ သက်ဝင်ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၈၈) ခုနှစ် အရေးအခင်းကာလနောက်ပိုင်း မြေအောက်ရေကို ကျယ်ကျယ်ပြန့်ပြန့်၊ နေရာအရပ်ဒေသအနှံ့၊ တူးချင်သလိုတူး ဖေါ်ထုတ်ယူ သုံးစွဲနေကြသည်။ တနိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံသည့် မြေအောက်ရေ ဥပဒေမရှိ။ မြေအောက်ရေ အသုံးပြုလိုသူ၊ တူးဖေါ်ပေးသူများ (တွင်းသမားများ)...

Read more »

နိုင်ငံတကာသာဂိ – Facebook ဖေ့စ်ဘွတ် ထူထောင်သူ၊ သုံးစွဲသူ၊ အမြတ်ထုတ်သူ နဲ့ အကျိုးစီးပွား

April 6, 2018
နိုင်ငံတကာသာဂိ – Facebook ဖေ့စ်ဘွတ် ထူထောင်သူ၊ သုံးစွဲသူ၊ အမြတ်ထုတ်သူ နဲ့ အကျိုးစီးပွား

  နိုင်ငံတကာသာဂိ – Facebook ထူထောင်သူ၊ သုံးစွဲသူ၊ အမြတ်ထုတ်သူ နဲ့ အကျိုးစီးပွား (မိုးမခ) ဧပြီ ၆၊ ၂၀၁၈ ယခင်တပတ်က ကင်ဘရစ်ဂ်ျအနာလက္တီကာ ကုမ္မဏီ အရှုပ်ထုပ် ပေါ်လာတယ်။ (ဖေ့စ်ဘွတ်) ဖေ့စ်ဘွတ် သုံးစွဲသူ အမေရိကန်သန်း ၅၀ ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အလွဲသုံးဖို့ ထုတ်ယူခဲ့ကြတယ်။ ပြီးတော့ အဲသည်အုပ်စုတွေက ၂၀၁၆ ထရန့်ရွေးကောက်ပွဲနိုင်ဖို့ လုပ်ဆောင်နိုင်ခဲ့ကြတယ်။ ဖေ့စ်ဘွတ်ထူထောင်သူ ဇူကဘတ်တို့ မျက်နှာပျက်ကြရပြီး သူတို့တွေ မျက်နှာလွှဲခဲပစ်ခဲ့ကြတယ်၊ စားသုံးသူရဲ့ အချက်အလက်တွေကို အကျိုးအမြတ်အတွက် ရောင်းစားခဲ့ကြတယ်။ လုပ်စားအမြတ်ထုတ်သူတွေလက်ထဲ ထည့်ခဲ့ကြတယ် ဆိုပြီး မီဒီယာတွေကော လေ့လာသူတွေက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ အခုဒီတပတ်သတင်းမှာလည်းကျကော သန်း ၅၀ မကဘူးတဲ့ခင်ဗျ … ၈၇ သန်းတောင်...

Read more »

မောင်ကျေးရေ (ကယ်လီဖိုးနီယား) – ရာသီဥတုပြောင်းလဲလာခြင်းနှင့်မြေအောက်ရေ

December 8, 2017
မောင်ကျေးရေ (ကယ်လီဖိုးနီယား) – ရာသီဥတုပြောင်းလဲလာခြင်းနှင့်မြေအောက်ရေ

မောင်ကျေးရေ (ကယ်လီဖိုးနီယား) – ရာသီဥတုပြောင်းလဲလာခြင်းနှင့်မြေအောက်ရေ – (Climate change and Groundwater) (မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၇ စကားဦး သက္ကရာဇ် (၁၇၆၀) ခုနှစ်အလွန်၊ စက်မူ့တော်လှန်ရေးစသည့်အချိန်မှစ၍ စက်ရုံအလုပ်ရုံ တည်ဆောက်ထားသည့်နေရာတိုင်း၌ စက်ရုံအလုပ်ရုံကထုတ်လွတ်သည့် အပူရှိန်ရှိမီးခိုးငွေများကြောင့် အပူချိန်တဖြေးဖြေး မြင့်တက်လာခြင်းမိုးရွာသွန်းသည့်အခါ အဆိုပါ အငွေ့များပျော်ဝင်လာခြင်း၊ လေတိုက်ရာအတိုင်း လွင့်မျောနေခြင်းများကစတင်၍ ရာသီဥတုကိုတဖြေးဖြေး ပြောင်းလဲလာစေသည်။ (၁၈)ရာစုက စတင်သည်ဟု မှတ်ယူထားရသည်။ နှစ်ပေါင်းရာကျော်ခဲ့၏။ (၁၉) ရာစု (၂၀) ရာစုနှစ်များကစ၍ ရာသီဥတုပြောင်းလဲလာသည်နှင့်အမျှ ရေအရင်းအမြစ်များ၏ ဇလဗေဒ၊ ဇလဘူမိဗေဒ အနေအထားများကို ယိုယွင်းစေသည့် သက်ရောက်မူ့များရှိလာ သည်။ စာရေးသူသည် ရာသီဥတုပြောင်းလွဲမူ့ကြောင့် မြေအောက်ရေအပေါ်မည်သို့ သက်ရောက်သည်ကို အဓိကထား ရေးထားပါသည်။ မြန်မာနှိင်ငံ၏အခြေအနေများကိုလည်း စာရေးသူသိရှိနားလည်ထားသည်များကို...

Read more »

အေးကျော်ကျော် – LED lighting ပြောင်း၊ အိတ်ဖေါင်းစေရမယ်

December 7, 2017
အေးကျော်ကျော် – LED lighting ပြောင်း၊ အိတ်ဖေါင်းစေရမယ်

အေးကျော်ကျော် – LED lighting ပြောင်း၊ အိတ်ဖေါင်းစေရမယ် (မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၇ အစိုးရ ဌာနကြီးတစ်ခုရဲ့ ရုံး ၃ ရုံးပေါင်းမှာ မီးချောင်းစုစုပေါင်း ၆,၅ဝဝ ရှိတယ်။ အဲဒါတွေကို LED မီးချောင်းတွေနဲ့ အစားထိုးဖို့ Project Proposal တစ်ခု စမ်းလုပ်နေတာ အောက်ပါ အတိုင်း တွက်ချက်ရရှိပါတယ်။ ၁။ 18 Watt LED ဆိုတော့ ရိုးရိုးထက် တစ်ချောင်းကို 18 Watt သက်သာတယ်။ တစ်နေ့ကို အလုပ်ချိန် ၈ နာရီ ထမင်းစားချိန် ပါ ပါယင် တစ်နေ့ ၉ နာရီထွန်းပါတယ်။ သက်သာသွားတဲ့ တစ်နှစ်စာ လျှပ်စစ် ယူနစ်စုစုပေါင်းက 18...

Read more »

လောကဓာတ်ခန်း သာဂိ – Google Application in the Cloud (38) (နိဂုံး)

December 7, 2017
လောကဓာတ်ခန်း သာဂိ – Google Application in the Cloud (38) (နိဂုံး)

လောကဓာတ်ခန်း သာဂိ – Google Application in the Cloud (38) (နိဂုံး) အိမ်သုံး ကျောင်းသုံး ရုံးသုံး – GMail နဲ့ Google Office Application အခြေခံလမ်းညွှန် (မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၇ ဆလိုက်ရှိုးတွေ ပြပြီ Presenting your slide show အခုအချိန်မှာတော့ သင်ရဲ့ Presentation Slide တွေကို ပရိသတ်ကို ပြသဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ကိုယ့်ဖာသာကိုယ်လဲ တဦးတည်း လေ့ကျင့်ကြည့်ဖို့လိုပါတယ်။ ဆလိုက်တခုချင်းပြမယ်။ ရှင်းပြမယ်။ နောက်ဆလိုက်တခုကို ကူးမယ်။ စသည်ဖြင့်ပေါ့။ လေ့ကျင့်ပြီးတာနဲ့ ပရိသတ်ရှေ့မှာ ချပြလို့ ရပြီပေါ့။ To start a...

Read more »

ဧရာ(မန္တလေး) – ဒစ်ဂျစ်တယ်ငွေကြေးက disruptive technology (တော်လှန်တဲ့ နည်းပညာ) လား

December 6, 2017
ဧရာ(မန္တလေး) – ဒစ်ဂျစ်တယ်ငွေကြေးက disruptive technology (တော်လှန်တဲ့ နည်းပညာ) လား

ဧရာ(မန္တလေး) – ဒစ်ဂျစ်တယ်ငွေကြေးက disruptive technology (တော်လှန်တဲ့ နည်းပညာ) လား (မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၇ ဒစ်ဂျစ်တယ် ငွေကြေးရောဂါက အမေရိကန်ဗဟိုဘဏ်အထိ ကူးစက်လာပြီဆိုတဲ့ သတင်းတပုဒ်ကို ဒီနေ့ ဖတ်လိုက်ရတယ်။ အမေရိကန်ဗဟိုဘဏ်ကနေ ဒစ်ဂျစ်တယ်ငွေကြေး ထုတ်မယ်လို့ ပြောဖို့ အချိန် စောလွန်း နေသေးပေမယ့်၊ ဒါဟာ သူတို့ စဉ်းစားနေတဲ့ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေး စနစ်ကို ပြောင်းသုံးဖို့ တိုက်တိုက်တွန်းတွန်းလုပ်နေကြတဲ့ အဖွဲ့အစည်း တွေလည်း ရှိပါတယ်။ ဆွီဒင်နိုင်ငံ Riksbank ကဆိုရင်တော့ ငွေစက္ကူတွေ အသုံးနည်းသွားပြီ ဆိုတာနဲ့ သူတို့ဘဏ်က ကမ္ဘာမှာ ပထမဆုံးဘဏ်အဖြစ် ဒစ်ဂျစ်တယ်ငွေကြေးကို စတင် ထုတ်ဝေသွားမယ်လို့တောင် ကျေညာထားတယ်။ တကယ်တော့ အစိုးရနဲ့ ဗဟိုဘဏ်တွေကနေ...

Read more »

၂၀၁၇ နှစ်အတွင်း အင်တာနက်အဖောက်ခံရမှုများ

December 2, 2017
၂၀၁၇ နှစ်အတွင်း အင်တာနက်အဖောက်ခံရမှုများ

၂၀၁၇ နှစ်အတွင်း အင်တာနက်အဖောက်ခံရမှုများ (Source: CNET) မိုးမခ၊ ဒီဇင်ဘာ ၂၊ ၂၀၁၇ CNET ၀က်ဆိုက်အဆိုအရ ၂၀၁၇ နှစ်အတွင်း အမေရိကန်မှာ အထင်ရှားဆုံး Hack – အင်တာနက်ဖောက်ထွင်းခံရမှုတွေကတော့ လအလိုက် အောက်ပါအတိုင်း ဖြစ်ပါတယ်တဲ့။ ဇန်န၀ါရီ – မဟာဓာတ်အားလိုင်းများ ဆိုင်ဘာတိုက်ခိုက်မှုနဲ့ အမေရိကန်ရဲ့ ဓာတ်အားလိုင်းကြီးတွေ ပြတ်တောက်သွားနိုင်တယ်လို့ ဆိုပါတယ်။ electrical grid တွေက computer network တွေနဲ့ ချိတ်ပြီး အလုပ်လုပ်နေတာမို့ အဲသည်နက်ဝပ်ဖောက်ထွင်းခံနိုင်ရဖို့ အလားအလာရှိတယ်လို့ ဆိုကြတာပါ။ သာဓကကတော့ ရုရှားဟက်ကာတွေက ယူကရိန်း ဓာတ်အားလိုင်းကို ဖောက်ထွင်းပြီး ပြတ်တောက်စေခဲ့ပါတယ်။ ဖေဖော်ဝါရီ –  မိုးပေါ်ကဖိုင်တွေ Cloud ဆိုပြီးတော့ သင့်ရုံးနဲ့ အိမ်မှာ မထားရှိဘဲ...

Read more »

လောကဓာတ်ခန်း သာဂိ – Google Application in the Cloud (37)

November 29, 2017
လောကဓာတ်ခန်း သာဂိ – Google Application in the Cloud (37)

လောကဓာတ်ခန်း သာဂိ – Google Application in the Cloud (37) အိမ်သုံး ကျောင်းသုံး ရုံးသုံး – GMail နဲ့ Google Office Application အခြေခံလမ်းညွှန် (မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၇   Adding transitions and animations ဆလိုက်များမှာ အကူးအပြောင်းနဲ့ လှုပ်ရှားမှုများ ထည့်ခြင်း   လက်ရှိသင်ခန်းစာများမှာ ပုံမှန်ရိုးရိုး ဆလိုက်တွေပဲ ထည့်သွင်းတာ ဖြစ်ပါတယ်။ ဆလိုက်တွေထဲမှာ လှုပ်နေတဲ့ အရုပ်တွေ စာသားတွေ (animation) နဲ့ ဆလိုက်အကူးအပြောင်း အလှအပတွေ (transition) တွေလည်း ထည့်သွင်းလို့ ရပါတယ်။ ရုပ်သံစာတန်းထိုးသလိုမျိုး စာသားတွေ ဘေးက အပေါ်က...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်