ဝေဖန်ရေးရာ

ကစဥ့်ကရဲ အနာဂါတ်တွေအတွက် အလင်းရောင် (Ko Aung Hmaing)

December 24, 2013
ကစဥ့်ကရဲ အနာဂါတ်တွေအတွက် အလင်းရောင် (Ko Aung Hmaing)

ကစဥ့်ကရဲ အနာဂါတ်တွေအတွက် အလင်းရောင် ကိုအောင်မှိုင်း ဒီဇင်ဘာ ၂၃၊ ၂၀၁၃     တကယ်တော့ ငါတို့ခေတ်ကြီးက အမှောင်ခေတ်ကြီးပါလို့  အနာဂါတ်အတွက်ကဗျာကို ဗားတော့ဗရက်ကရေးခဲ့တယ်။   ကနေ့လူငယ်တွေကြား ပြောနေကြ တိုင်ပင်နေကြ အဖြေရှာနေကြတဲ့ကိစ္စကတော့ လူငယ်တွေအနာဂါတ်ပျောက်နေတဲ့ ကိစ္စဘဲဖြစ်ပါတယ်။ကနေ့လယ်သမားတွေကြားပြောနေကြ တိုင်ပင်နေကြ အဖြေရှာနေကြတဲ့ကိစ္စကလည်း လယ်သမား တွေ လယ်တွေပျောက်ကုန်ကြလို့ လယ်သမားတွေရဲ့ အနာဂါတ်ပျောက်နေတဲ့ ကိစ္စဘဲဖြစ်ပါတယ်။ ကနေ့အလုပ်သမား တွေကြား ပြောနေကြ တိုင်ပင်နေကြ အဖြေရှာနေကြတဲ့ကိစ္စကလဲ လုပ်ခနဲ့ ကုန်ဈေနုန်းမမျှတဲ့အတွက်လူလုံးမလှ ဘ၀ မလှတွေကြောင့် အလုပ်သမားတွေရဲ့  အနာဂါတ်ပျောက်နေတဲ့ ကိစ္စဘဲဖြစ်ပါတယ်။ ကနေ့တပ်မတော်သားတွေပြောနေ ကြ အဖြေရှာနေကြတဲ့ ကိစ္စကတော့ မလောက်မငှလခနဲ့  ဘယ်သူ့အတွက်အသေခံကြရမှာလဲ ဆိုတာဘဲဖြစ်ပါတယ်။  ဆိုလိုတာက စစ်တပ်ကိုခုတုံးလုပ်ပြီး သိန်းသန်းချီချမ်းသာသွားကြတဲ့...

Read more »

မပြောင်းလဲနိုင်သေးသော ပညာရေး မူဝါဒများကြောင့် များစွာစိတ်ပျက်မိခြင်း

December 24, 2013
မပြောင်းလဲနိုင်သေးသော ပညာရေး မူဝါဒများကြောင့် များစွာစိတ်ပျက်မိခြင်း

မပြောင်းလဲနိုင်သေးသော ပညာရေး မူဝါဒများကြောင့် များစွာစိတ်ပျက်မိခြင်း ဒေါက်တာဓမ္မပိယ (ITBMU) ။ ဒီဇင်ဘာ ၂၃၊ ၂၀၁၃             ̏ပညာရေးသည် နိုင်ငံ၏အသက်၊ ပညာရေးနလံထူမှ တိုင်းပြည်နလံထူမယ်˝ဟု အများပြည်တို့ ထပ်တလဲလဲပြောဆိုနေချိန်ဝယ် … ။ မြန်မာနိုင်ငံ၏ ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီသည် လက်ရှိကျင်းပနေသည့် ပညာရေးစနစ်ကို မူသစ်တစ်ခုဖြင့် အစား ထိုး ပြုပြင်ပြောင်းလဲရန် စီစဉ်လျှက်ရှိနေကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။ ထိုသတင်းမှာ စတုတ္ထ တန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲစနစ်ကို မြို့နယ်နှင့် တိုင်းဒေသကြီးအဆင့်ဖြင့် မြှင့်တင်ကျင်းပ သွားရန် စီစဉ်နေတယ်ဆိုတဲ့သတင်းပါ။ ထိုသတင်းအတိုင်း ပညာရေးမူစနစ်ကို စနစ်သစ်မူအဖြင့် ပြဋ္ဌာန်းပေးခဲ့ မည်ဆိုလျှင် … ။             ပညာရေးမူဝါဒများနှင့် ပတ်သက်၍ အမှားများစွာရှိခဲ့သော...

Read more »

လူမဟုတ်သောသူတို့၏ဘေး – Beggar Citizen

February 28, 2013
လူမဟုတ်သောသူတို့၏ဘေး – Beggar Citizen

လူမဟုတ်သောသူတို့၏ဘေး ကယ်ပါတိုင်းသား၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃ မအူပင်နယ်က မလက်တို၊ အဒိတ်၊ ပလောင်ရွာတွေမှာ တောင်သူတွေသွေး မြေခရပြီ။ မြေမခခင်က မြေသိမ်းခံရလို့ ဘဝတွေ ကြေမွပြီးနှင့်ပြီ။ လက်ပတောင်းတောင်မှာ တောင်သူတွေကိုယ်စား သံဃာတွေ မီးလောင်တိုက်သွင်းခံခဲ့ရသည်။ ဆားလင်းကြီးတနယ်လုံးက တောင်သူတွေ မရေမတွက်နိုင်သောဒုက္ခတွေ ရောက်ကြသည်။ ရွှေဘိုနယ်တွင် ရွှေဘုရင်မအရက်ချက်စက်ရုံက ရေဆိုးများ နှစ်(၂၀)ကျော်အဆင်ခြင်မဲ့၊ အညှာတာမဲ့ထုတ်ခဲ့မှုကြောင့် ရွာပေါင်း ၁၂ ရွာလောက် သောက်သုံးရေဒုက္ခရောက်နေကြပြီး ရွာ (၂၀)ကျော် အနံ့အသက်ဆိုးများ သားစဉ်မြေးဆက်ရှူရှိုက်နေကြရသည်တဲ့။ ရွှေဘိုပတ်လည်ရှိလယ်မြေများခရိုနီကုလားများကြောင့် ငါးကန်အသွင်ပြောင်းကာ တောင်သူတွေလယ်ယာလုပ်ကိုင်မရဖြစ်နေကြပြီ။ လယ်တချို့လုပ်မရသဖြင့် ဆင်းရဲလာကာ ထိုငါးကန် ကုလားများလက် ထိုးအပ်နေကြရပြီတဲ့။ ပီးရင် မြေကိုယူသည်၊ ရေကိုယူသည်၊ ပီးတော့ လူကိုပါယူမည်ပေါ့လေ။ ထို့ပြင် ရွှေဘိုမြို့နယ်၏သောက်သုံးရေများမှာလဲ ငါးကန်များနှင့်ထိစပ်နေရာ စိတ်ချရသည့် ရေအရည်အသွေးမဟုတ်တော့ပါတဲ့။...

Read more »

နေဇင်လတ်နဲ့ နေမျိုးဇင်၊ မြန်မာပြည်က စစ်ဗိုလ်ဟောင်း ၂ဦး အကြောင်း

February 15, 2013
နေဇင်လတ်နဲ့ နေမျိုးဇင်၊ မြန်မာပြည်က စစ်ဗိုလ်ဟောင်း ၂ဦး အကြောင်း

နေဇင်လတ်နဲ့ နေမျိုးဇင်၊ မြန်မာပြည်က စစ်ဗိုလ်ဟောင်း ၂ဦး အကြောင်း ၀တ်မှုံ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃ ၂၀၁၀ ပြည့်နှစ်တွင် မြန်မာပြည်ရွေးကောက်ပွဲကျင်းပပြီး ကြံဖွံ့ပါတီမှ နောက်ကြောင်းရာဇ၀င် ကောင်းသူ များစွာကို ပါတီဝင်အဖြစ်သိမ်းသွင်းက လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေခဲ့သည်။ သမ္မတဦးသိန်းစိန်အစိုးရက ၂၀၁၁တွင် အင်အယ်ဒီပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ် အနိုင်ရပြီး လွှတ်တော်ကိုယ်စားလှယ် ၄၃ဦး (စုစုပေါင်း၆၀၀ မှာ ၈% ) အတိုက်အခံ အဓိကပါတီအဖြစ် နှင့် အမတ်တဦးအဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်း လွှတ်တော်မှာ ပါဝင်လာသည်။ သမ္မတဦးသိန်းစိန်မှဒေါ်အောင်ဆန်းစုကြည်သို့ ပထမဆုံးတွေ့ဆုံပွဲတွင် စစ်အာဏာရှင်စနစ် ကိုယ်စား တောင်းပန်ကျေအေးရေး၊ နောက်ကြောင်းပြန်မလှည့်၊ နိုင်ငံသစ်တည်ထောင်ရန် တွေ့ဆုံ ပြောဆိုနိုင်ခဲ့ပုံရသည်။ လက်တွေ့ သမ္မတဦးသိန်းစိန်၏ လုပ်ရပ်များသည် အပြောအတိုင်း၊ လုပ်ဆောင်နေသောကြောင့်...

Read more »

ထောင်စာပေသမိုင်း (Maung Swan Yi)

February 14, 2013
ထောင်စာပေသမိုင်း (Maung Swan Yi)

ထောင်စာပေသမိုင်း မောင်စွမ်းရည်၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃           မျက်မှောက်တေ် ဗမာစာပေလောကမှာ ထွန်းကားပေါ်လွင်တဲ့ စာအုပ်စာပေအမျိုးအစားကို ပြောပါဆိုရင် “ထောင်စာပေ” လို့ ပြောမလား စဉ်းစားနေမိပါတယ်။ စေ့စေ့တွေးတော့ ရေးရေးပေါ် ဆိုသလို ဗမာစာပေအစ ထောင်စာပေကလို့ ပြောရမလားလို့လဲ အောက်မေ့မိပါတယ်။ ကျနော်တို့ငယ်စဉ် ကျောင်းသားဘ၀က ဗမာစာပေ၊ ဗမာကဗျာသင်လို့ရှိရင် အနန္တသူရိယရဲ့ မျက်ဖြေလင်္ကာဆိုတာက စ သင်ရပါတယ်။           “သူတည်းတယောက် ကောင်းဖို့ရောက်မှု၊ သူတယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။ ရွှေအိမ်နန်းနှင့် ကြငှာန်းလည်း စံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဓရာရေထက် ခဏတက်သည့် ရေပွက်ပမာ တသက်လျာတည်း …” စသည်ဖြင့် ရေးဖွဲ့ထားတဲ့ကဗျာပါ။ ရှင်ဘုရာက အမျက်ထွက်ပြီး ဖမ်းဆီးထောင်ချရုံမက တောင်စွယ်နေကွယ်လျင်...

Read more »

ဥပဒေ၏အထက်တွင် လူ့ဂုဏ်ရည်ရှိသည် – Maung Luu Yay

February 10, 2013
ဥပဒေ၏အထက်တွင် လူ့ဂုဏ်ရည်ရှိသည် – Maung Luu Yay

ဥပဒေ၏အထက်တွင် လူ့ဂုဏ်ရည်ရှိသည် မောင်လူရေး၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၁၃ ယနေ့တိုင်းပြည်တွင် ကားနှင့်ဆိုင်ကယ်တိုက်၍ သေဆုံးရသည့်အရေအတွက်မှာ ပြည်တွင်းစစ်တွင် သေနေသည်ထက် မလျော့ပေ။ တိုင်းသူပြည်သားများ၏အသက်ရှင်မှုကို ကာကွယ်ပေးရန်မှာ နိုင်ငံတော်အစိုးရ၏တာဝန်ပင်။ နိုင်ငံတော်အစိုးရ၏တာဝန်ဆိုသည်မှာ မျှတသည့်ဥပဒေ၊ သင့်လျှော်သည့်ဥပဒေပြဌာန်း၍ ယင်းဥပဒေကို သေချာလိုက်နာကျင့်သုံးမှုကို ဆိုပေသည်။ ဥပဒေတခု အရင်းပြု၍ ခုဆယ်ရာထောင်သောင်းမှသည် သိန်းပေါင်း သိန်းသန်းကုဋေဖြစ်ဖို့လုပ်သည်ကို မဆိုလိုပေ။ ထို့ပြင်တဝ တိုင်းသူပြည်သားများ လူလိုနေနိုင်အောင် လူနှင့်တူအောင် လူ့ဂုဏ်ရှိအောင် နေနိုင်ရေးအတွက် ဖြည့်ဆည်းပေးရမည့်တာဝန်လည်း ရှိပေသည်။ လူ့နှင့်တူအောင်ဆိုသည်မှာ အနိမ့်ဆုံးအားဖြင့် အသက်ရှင်ဖို့အတွက် စားနပ်ရိက္ခာလုံလောက်ရမည်။ တနပ်လျော့စားခိုင်းသော ဝန်ကြီးကား ကိုယ့်ရာထူးကို ပြာလူးခြင်းဟု ဆိုရချေတော့မည်။ ကိုယ့်တိုင်းသူပြည်သားများ လူရာဝင်အောင် ထမ်းဆောင်ရမည့်ကိုယ့်တာဝန်ကို မေ့နေဟန်တူပေသည်။ အမိုက်ရိုင်း အထွားကျိုင်းဆုံးမှာ လယ်သမားရေးရာတာဝန်ယူပြီး လယ်သမားများကို အငတ်ခံခိုင်းသည့် အချက်ဆိုးကြီးပင်။...

Read more »

ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း (၃)

January 5, 2013

ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း (၃) ဦးမျိုး (ဥပဒေ)၊ ဇန်န၀ါရီ ၅၊ ၂၀၁၃ အပိုင်း (၃)             တိုင်းပြည်၏ စီးပွားရေး စနစ်၊ လူနေမှုစနစ်၊ ယဉ်ကျေးမှုစနစ်တို့နှင့် ကိုက်ညီ သည့် ပညာရေးစီမံကိန်း သို့မဟုတ် ပညာရေးစနစ်သည်သာလျှင် တိုင်းပြည်၏ ရည် မှန်းချက်ပန်းတိုင်သို့ ချီတက်ရေးအတွက် လုံးဝ အထောက်အကူ ဖြစ်ပေမည်။ ပြည်သူ လူထုကို အကျိုးပြုသော ပညာရေးစီမံကိန်း၊ တိုင်းပြည်က လက်ခံနိုင်သော စီမံကိန်းဖြစ် ပေလိမ့်မည်။ တိုင်းပြည်၏ အခြေအနေနှင့် ကင်းလွတ်ကာ ရေးဆွဲသော စီမံကိန်းနှင့် ဥပဒေများသည် အကျပ်အတည်း မြောက်မြားစွာကို ပေါ်ပေါက်စေကာ ပျက်စီးကြရ သည် မှာ သမိုင်းသင်ခန်းစာဖြစ်ပေသည်။             ၂၀၁၂...

Read more »

ခင်မြဇင်ရဲ့ ဝတ္ထုတိုတပုဒ် … ဂုဏ်သရေရှိတဲ့ ‘သင်းကွဲငှက်’

December 30, 2012
ခင်မြဇင်ရဲ့ ဝတ္ထုတိုတပုဒ် … ဂုဏ်သရေရှိတဲ့ ‘သင်းကွဲငှက်’

ခင်မြဇင်ရဲ့ ဝတ္ထုတိုတပုဒ် … ဂုဏ်သရေရှိတဲ့ ‘သင်းကွဲငှက်’  ကမာပုလဲ၊ ဒီဇင်ဘာ ၃၀၊ ၂၀၁၂ ခင်မြဇင်ဆိုတဲ့ စာရေးဆရာမကို စသိ … စတင်ထိတွေ့ခွင့်ရလိုက်တဲ့ ဝတ္ထုတိုကလေးဖြစ်ပါတယ်။ ‘သင်းကွဲငှက်’ လို့ ဆရာမက အမည်ပေးထားတယ်။ စဖတ်တော့ ပြင်းချောက်ချောက်နဲ့မို့ သိပ်မလေးနက်ခဲ့ဘူး။ ဖတ်ရင်းက ဝတ္ထုလည်းဆုံးရော တခါပြန်ပြီး ဖတ်ချင်လာတယ်။ ဒါနဲ့ အစအဆုံး ပြန်ဖတ်ဖြစ်ပါတယ်။ နွေဦးနံနက်ခင်းရဲ့ နေခြည်နွေးမြမြအောက်မှာ ဥသြငှက်သံကလည်း လွမ်းဖွယ်။ ဝတ္ထုတိုကလေးရဲ့ ဇာတ်လမ်းကျောရိုးကလေးက စာပေသမားစစ်စစ်တယောက် အကြောင်းဖြစ်ပါတယ်။ ကဗျာတွေ … ဝတ္ထုတွေ … ဆောင်းပါးတွေ ရေးသားသူဖြစ်တယ်။ နှံ့စပ်သူဖြစ်တယ်။ ကိုယ်ပိုင် အဘိဓမ္မာနဲ့ ရပ်တည်ချက်ရှိသူဖြစ်တယ်။ သူ ရန်ကုန်မြို့တော်ရဲ့ စာပေသမုဒ္ဒရာထဲမှာ ကျင်လည် စီးမျောနေခဲ့တယ်။ သူ့အရည်အသွေးကိုသိတဲ့ မဂ္ဂဇင်းပိုင်ရှင်တယောက်ထံမှာ...

Read more »

ဗုဒ္ဓရဲ့ ဒီမိုကရေစီရှုဒေါင့်မှ မဟနဥက္ကဋ္ဌ ဗမော်ဆရာတော်ဘုရားကြီးသြ၀ါဒကို ဘာသာပြန်ခြင်း

December 12, 2012
ဗုဒ္ဓရဲ့ ဒီမိုကရေစီရှုဒေါင့်မှ မဟနဥက္ကဋ္ဌ ဗမော်ဆရာတော်ဘုရားကြီးသြ၀ါဒကို ဘာသာပြန်ခြင်း

ဗုဒ္ဓေါဝါဒဆရာတော် ဒီဇင်ဘာ ၁၂၊ ၂၀၁၂ မုံရွာကြေးနီတောင် စီမံကိန်းနှင့် ပတ်သက်ပြီး သံဃာတော်များ ထိခိုက် ဒဏ်ရာများရခဲ့သည်နှင့် စပ်လျင်း၍ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ပြည်ထောင်စုအစိုးရ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းတို့ သံဃမဟာနာယကဆရာတော် ကြီးများအား ၀န်ချတောင်းပန်ခဲ့လို့ အတွင်းကအနှစ်သာရမပါစေကာမူ အမြင်ပြယုဂ်အနေနဲ့ကတော့ ကြည့်လို့ ကောင်းသွားသလိုဖြစ်ကောင်း ဖြစ်မှာပါ၊၊ “အဖျက်သမားအချို့ ဘာသာရေးကို ခုတုံးလုပ်ရုံမျှသာမက နိုင်ငံရေးအရ အမြတ်ထုတ်အသုံးချရန် စီမံချက်ချ ဆောင်ရွက်နေဆို”တဲ့ သတင်းစာပါ ခေါင်းစဉ်ကို ဖတ်ရတာဟာ ယခင်စစ်အစိုးရလက်ထက်က အကျင့်ဆိုးတွေ အတိုင်းရေးသားနေတာဟာ ယနေ့ သံဃာထုကိုဆက်လက်ပြီး စော်ကားနေတာလို့ ခံစားမိတယ်၊ဒီကနေ့ သံဃာထုရဲ့ ဆန္ဒဟာ ပြည်သူလူထုနဲ့ တစ်ထပ်တည်းဆိုတာကို တကယ်ပဲမသိတာလား မသိချင်ဟန်ဆောင်၍ လူမိုက်တွေစရိုက်မို့ စစ်အစိုးရတလျောက်ရေးခဲ့သလိုမျိုး...

Read more »

သူခိုးက သူ့ခိုးရာပါပစ္စည်းပျောက်မှာ စိုးရိမ်နေသလိုမျိုး (Beggar Citizen)

December 3, 2012
သူခိုးက သူ့ခိုးရာပါပစ္စည်းပျောက်မှာ စိုးရိမ်နေသလိုမျိုး  (Beggar Citizen)

သူခိုးက သူ့ခိုးရာပါပစ္စည်းပျောက်မှာ စိုးရိမ်နေသလိုမျိုး ကယ်ပါတိုင်းသား၊ ဒီဇင်ဘာ ၃၊ ၂၀၁၂ (တရုတ်သံရုံးကြေညာချက်နှင့်ပတ်သက်၍) “ မုံရွာကြေးနီ စီမံကိန်းဟာ တရုတ် မြန်မာ ၂ ဖက် စီးပွားရေး အသိုင်းအဝိုင်းတွေအတွက် အကျိုးရှိမဲ့ စီမံကိန်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နဲ့ တရုတ်နိုင်ငံက မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူလုပ်နေကြတဲ့ ကြေးနီစီမံကိန်းကို ရည်ရွယ်တဲ့ သဘောထား သုံးသပ်ချက်ထဲမှာ မြန်မာလူမှုအလွှာအသီးသီးအနေနဲ့ စီမံကိန်း အဆင်ပြေချောမွေ့အောင် ဥပဒေနဲ့အညီ အနေအထားကောင်းတွေ ဖန်တီးနိုင်မယ်လို့ မျှော်လင့်တယ်လို့ ဖော်ပြထားပါတယ် ” တရုတ်သံရုံးရဲ့ကျေညာချက်ထဲမှာ “ မုံရွာကြေးနီ စီမံကိန်းဟာ တရုတ် မြန်မာ ၂ ဖက် စီးပွားရေး အသိုင်းအဝိုင်းတွေအတွက် အကျိုးရှိမဲ့ စီမံကိန်းဖြစ်တယ်”...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်