Posts Tagged ‘ ကမ်လူဝေး ’

ကမ်လူဝေး ● ဝဲစားနေတဲ့ကဗျာ

August 5, 2017
ကမ်လူဝေး ● ဝဲစားနေတဲ့ကဗျာ

ကမ်လူဝေး ● ဝဲစားနေတဲ့ကဗျာ (မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၇ ဝဲစားတွေက ဝဲကုတ်ခြင်းအကြောင်း ဆွေးနွေးကြ အားပါး တရ ပျော်ရွှင်စွာ။ ဝဲကုတ်ခြင်းဖြင့် ခေတ်မီတိုးတက်သော လူ့ဘောင် ထူထောင်ရန် ကြွေးကြော်ကြ။ ဝဲကုတ်ခြင်းသည် ဇိမ်ခံနိုင်သော လူမျိုးရဲ့ပစ္စည်း ဝဲရောဂါ အစ တို့လူမျိုးက။ ဝဲကုတ်ခြင်း နည်းစနစ်များ ဝဲကုတ်ခြင်းဥပဒေသများ ပြုစုကြ ပြဋ္ဌာန်းကြ ဝဲကုတ်ခြင်းအခွင့်အရေးအတွက်။ ဝဲရောဂါ ပျံပွားရေး စီမံချက်များ ရေးဆွဲကြ စည်းရုံးလှုံ့ဆော်ကြ ဟောပြောစည်းရုံးကြ။ ဝဲမရှိသူ ဝဲမကုတ်ရ တားဆီးကြ ပိတ်ပင်ကြ။ ဝဲစားတွေနေသော နေရာ ဝဲစားနေရာ ဝဲစားတွေနေသော တိုင်းပြည် ဝဲစားတိုင်းပြည် ဝဲစားတွေရေးတဲ့ ကဗျာ ဝဲစားကဗျာ အခု…. ခင်ဗျားဖတ်နေတာ။ ။ ကမ်လူဝေး Tags:...

Read more »

ကမ်လူဝေး ● ဂျပိုးဖြစ်သွား သောသန်းများ

July 11, 2017
ကမ်လူဝေး ● ဂျပိုးဖြစ်သွား သောသန်းများ

ကမ်လူဝေး ● ဂျပိုးဖြစ်သွား သောသန်းများ (မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၇ ခွေးသန်းတွေဟာ သူတို့ဟာ ခွေးသန်းဖြစ်မှန်း မသိခဲ့ကြ သူတို့တတွေ မှီခိုရာကြီးက ခွေးဆိုးကြီးတကောင်ဆိုတာ မသိခဲ့။ သူတို့ဟာ အလွန်ကြီးမြတ်တဲ့ ငှက်ကြီးတကောင်ရဲ့ လှပတဲ့ အမွေးအတောင်ကြားက အသေခံ ရဲရင့်သူ အဖွဲ့သားတွေလို့ ထင်ခဲ့။ ရန်သူကို ကိုက်ခဲ သွေးစုတ်ဖို့ ရန်သူလက်ကြားမှာ ဖြစ်ညှစ် အသတ်ခံဖို့ ရဲရင့်သူ သူရဲကောင်းများအဖြစ် တကယ်မရှိတဲ့ ဆိုင်ဘာကမ္ဘာထဲမှာ ဟန်ရေးပြနေကြ။ လက်တွေ့ဘဝမှာ ခွေးသန်းများဟာ ခွေးသန်းများသာ အမွှေးအမြှင်တွေကြား ပုန်းအောင်းပြေးလွှား မှီခိုရာသတ္တဝါရဲ့သွေးကို ရသလောက် စုတ်ယူကြီးပွား။ ခွေးသန်းများဟာ ခွေးဂျပိုးတွေအဖြစ် ကြီးထွား အနံ့ဆိုးတွေပါထွက်ရင်း ထည်ထည်ဝါဝါ။      ။ ကမ်လူဝေး Tags: ကမ်လူဝေး

Read more »

ကမ်လူဝေး ● အမာရွတ်​ အသစ်​နဲ့

June 28, 2017
ကမ်လူဝေး ● အမာရွတ်​ အသစ်​နဲ့

ကမ်လူဝေး ● အမာရွတ်​ အသစ်​နဲ့ (မိုးမခ) ဇွန် ၂၈၊ ၂၀၁၇ အမာရွတ်​ အ​ဟောင်းကို အမာရွတ်​ အသစ်​လုပ်​ဖို့ အမာရွတ်​ကို ဓားနဲ့လှီးထုတ်​လိုက်​သတဲ့ အသစ်​ဟာ အ​ဟောင်းထက်​ ပို​ကောင်းရမယ်​ဆိုပဲ။ ​ကောင်းလာ​လေမလားဆိုတဲ့ ​မျှော်​လင့်​ချက်​နဲ့ နာကြင်​မှုကို ကြိတ်​ခံခဲ့ ​သွေး​တွေလည်း ရဲရဲ​တောက်​ ပိုးဝင်​လို့ အနာရင်း အမာရွတ်​ အသစ်​ဟာ အမာရွတ်​ မဖြစ်​ခင်​ကတည်းက ဒုက္ခ​တွေလှလှကြီး ​ပေးခဲ့။ အချိန်​တန်​​တော့ အမာရွတ်​ အသစ်​ဟာ အမာရွတ်​ အ​ဟောင်း​နေရာမှာ ခန့်​ခန့်​ကြီး​နေရာယူလို့။ အမာရွတ်​ဟာ အမာရွတ်​ပဲဖြစ်​ရဲ့ ​ဟောင်းခြင်းနဲ့ သစ်​ခြင်းဟာ လူကြား​ကောင်း​အောင်​ ​ပြောစရာ ဇာတ်​လမ်းပမာသာဖြစ်​လို့ အမာရွတ်​ဟာ အမာရွတ်​အဖြစ်​ ရွံရှာစရာ ဒီအတိုင်း။ ။ ကမ်​လူ​ဝေး   illustration : Shanmukha...

Read more »

ကမ်လူဝေး ● စိတ်ပျက်စရာဝမ်းနည်းပါတယ်

June 12, 2017
ကမ်လူဝေး ● စိတ်ပျက်စရာဝမ်းနည်းပါတယ်

ကမ်လူဝေး ● စိတ်ပျက်စရာဝမ်းနည်းပါတယ် (မိုးမခ) ဇွန် ၁၂၊ ၂၀၁၇ စိတ်ပျက်စရာပဲ ခင်ဗျားမှာ အသက်တချောင်းပဲ ရှိတယ် ဟုတ်ပါရဲ့ တန်ဖိုးရှိတာပေါ့ သေသွားရင် စိတ်မကောင်းစရာ ဝမ်းနည်းပါတယ် ခင်ဗျား။ စိတ်ပျက်စရာပဲ ခင်ဗျားလိုပဲ တခြားလူတိုင်းမှာ အသက်တချောင်းစီရှိကြတယ် သူတို့သေတော့ ခင်ဗျားက အရေးမထား အဲဒီလူတွေဆီက ဝမ်းနည်းစကား ကြားချင်သေးသလား ဝမ်းနည်းပါတယ်ခင်ဗျား။ စိတ်ပျက်စရာပဲ လူတယောက် သေတာ ဝမ်းနည်းစရာပဲ လူတယောက် ရှင်တာက ဝမ်းမြောက်စရာ ဒီ့ထက် ဘာတွေများပိုလို့ အမြတ်ထုတ်ဖို့ ကြိုးစားချင်ရတာလဲ ဝမ်းနည်းပါတယ်ခင်ဗျား။ စိတ်ပျက်စရာပဲ ခင်ဗျားက ထမင်းဝဝစားရင်း သေတယ် တခြားလူက အစာငတ်ရေငတ် ပြေးရင်းလွှားရင်း သေတယ် အတူတူတော့ ဝမ်းနည်းပေးပါ ခင်ဗျားကပိုပြီး ဇာတ်နာမပြပါနဲ့ ဝမ်းနည်းပါတယ်ခင်ဗျား။ စိတ်ပျက်စရာပဲ...

Read more »

ကမ်​လူ​ဝေး – လက်​ထပ်​ထိမ်းမြားပြီးစီးခြင်း

June 2, 2017
ကမ်​လူ​ဝေး – လက်​ထပ်​ထိမ်းမြားပြီးစီးခြင်း

Photo – Aung Htet   ကမ်​လူ​ဝေး – လက်​ထပ်​ထိမ်းမြားပြီးစီးခြင်း (မိုးမခ) ဇွန် ၂၊ ၂၀၁၇ မကြားစဘူး သတို့သားနဲ့ သတို့သမီး မပါတဲ့ လက်​ထပ်​မင်္ဂလာပွဲ ဆင်​နွှဲ။ လက်​ထပ်​မင်္ဂလာပွဲဟာ ​အောင်​မြင်​စွာ ကျင်းပပြီးစီးခဲ့​ကြောင်း ပွဲစီစဉ်​သူ လူကြီး​လူ​ကောင်း​တွေက ဆို​နေရဲ့။ ​တော်​ရုံအရှက်​နည်းသူတ​ယောက်​ ​ပြောထွက်​ဖို့​ ​ကြောက်​တဲ့စကား ခမ်းခမ်းနားနား ​ပြောထွက်​တယ်​။ သတို့သားက အလကားရမလားလို့ အရက်​​သောက်​ရင်း ​စောင့်​တယ်​။ သတို့သမီးက တာဝန်​ယူမှုလေးမှမရလို့ ခပ်​​ဝေး​ဝေးကိုထွက်​​ပြေးတယ်​။ ဒီလိုနဲ့ သတို့သား သတို့သမီး မပါတဲ့ လက်​ထပ်​မင်္ဂလာပွဲ ​ပေါ်လာတယ်​။ လက်​ဖွဲ့​တွေကို သိမ်းရင်း ​တော်​ရုံအရှက်​နည်းသူတ​ယောက်​ ​ပြောမထွက်​​လောက်​တဲ့ စကား လက်​ထပ်​ထိမ်းမြား ပြီး​စီး​ကြောင်း စီစဉ်​သူ လူကြီးမင်းက ​ပြော​နေ​လေရဲ့။ ။ Tags:...

Read more »

ကမ်လူဝေး ● ဖန်​ (fan)

May 23, 2017
ကမ်လူဝေး ● ဖန်​ (fan)

ကမ်လူဝေး ● ဖန်​ (fan) (မိုးမခ) မေ ၂၃၊ ၂၀၁၇ အသင်းက​တော့ နာမည်​​ကျော်​ အများရဲ့ ​မျှော်​လင့်​ချက်​ အိပ်​မက်​အသင်း ကစားသမား​တွေက လူသိများပြီးသား အ​ကျော်​အ​မော်​ နည်းပြက ကမ္ဘာသိ ထင်​​ပေါ်​ကျော်​ကြားသူ။ ရာသီစလို့ ပွဲ​တွေ့ လက်​​တွေ့ကစား​တော့ ကစားသမား​တွေ အားထုတ်​မှုညံ့​လေသလား ကစားသမား​တွေ အချိတ်​အဆက်​မဲ့တာလား ကစားသမား​တွေဟာ အ​ကျော်​အ​မော်​ ထင်​ခံရတဲ့ လူ​လျှော်​​တွေလား ဒါမှမဟုတ်​ ကမ္ဘာ​ကျော်​ နည်းပြရဲ့ နည်းစနစ်​​ကြောင့်​လား ခံစစ်​ ခံစစ်​ ဖင်​ပိ​တ်​ကန်​ရင်း အသွင်းခံလိုက်​ရတဲ့ဂိုး​တွေ​ကြောင့်​လား တိုက်​စစ်​ တိုက်​စစ်​​ကြွေးကျော်​ ​နေတဲ့​ခောတ်​မှာ အသင်းရဲ့ခံစစ်​ကစားပုံဟာ အားရဖွယ်​တိုးတက်​လာတယ်​လို့ နည်းပြက ဂုဏ်​ယူစွာ ထုတ်​ပြန်​ချက်​​ပေးရဲ့။ တလုံး​တ​လေနဲ့ ကံ​ကောင်းစွာနိုင်​တာက တပွဲနှစ်​ပွဲ ခံစစ်​ ခံစစ်​ ​အော်​ရင်း သ​ရေပွဲ​တွေကအလီလီ ဂိုးမ​ပေး​ရေး...

Read more »

ကမ်လူဝေး – ဘုရားသခင်ပေးတဲ့ဘဝ

May 6, 2017
ကမ်လူဝေး – ဘုရားသခင်ပေးတဲ့ဘဝ

Photo – Aung Htet ကမ်လူဝေး – ဘုရားသခင်ပေးတဲ့ဘဝ (မိုးမခ) မေ ၆၊ ၂၀၁၇ နားမလည်နိုင်ဘူးလို့ ပြောတဲ့သူကို နားမလည်နိုင်ဘူး စဉ်းစားမရဘူးလို့ ပြောတဲ့သူကို စဉ်းစားမရဘူး တကယ်က နားမလည်ရင် နားလည်အောင်ကြိုးစား စဉ်းစားဆုံးဖြတ်ရမှာ မဟုတ်လား။ နွေအပူဟာ လူကို အရည်ပျော်အောင် ဆူပွက်စေတယ်။ ပယ်ချလို့ပြဿနာအရာရာ ပြေလည်မယ်ဆို မွေးကတည်းက ပယ်ချတယ်ဆိုတဲ့စကားလုံးတခုကိုပဲ အကောင်းဆုံး သင်ယူခဲ့ပါတယ်။ ငါတို့ကြိုးစားပမ်းစား ရှာနေခဲ့တဲ့ ချွေးနှဲစာဟာ ဂျပန်ပြည်အမှိုက်ပုံက ပစ္စည်းလောက်သာဝယ်နိုင်ပေမဲ့ ငါတို့မှာ ကျေနပ်ပျော်ရွှင်နေရ လောကနိဗ္ဗာန်။ မိတ်ဆွေ နေပူတယ် ရင်ဆူတယ် အသက်ရှည်ရှည်နေဖို့ ကိုယ့်အသက်ကိုယ် ပိုးမွေးသလို စောင့်ရှောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၁၇ ထုတ်ပြန်ချက်မှာ ကျန်းမာရေးစောင့်ရှောက်မှုအဆင့် အနိမ့်ဆုံး နောက်ဆုံးဆင့်နဲ့ သတ်မှတ်ဖော်ပြခံရတဲ့တိုင်းပြည်မှာ...

Read more »

ကမ်လူဝေး ● သင်္ကြန်

April 12, 2017
ကမ်လူဝေး ● သင်္ကြန်

ကမ်လူဝေး ● သင်္ကြန် (မိုးမခ) ဧပြီ ၁၂၊ ၂၀၁၇ ပျော်ရွှင်ခြင်းလား ရူးသွပ်ခြင်းလား မခွဲခြားနိုင်ခင်မှာ အားလုံး ပျော်ရွှင် ရူးသွပ်နေကြ ရူးသွပ် ပျော်ရွှင်နေကြ။ ပျော်ရွှင်ခြင်းမှာ ရူးသွပ်တာလား ရူးသွပ်ခြင်းမှာ ပျော်ရွှင်တာလား ဘယ်သူမှ မစဉ်းစား။ ပိတောက် ငုဝါ နီကြောင်ကြောင် ဆံပင်ထောင်ထောင် ရွဲရွဲစို ရေစက်များ ယမကာ စတုဒီသာ တရားဓမ္မ တဏှာရာဂ စီးပွားရေး ကုသိုလ် မုန့်လုံးရေပေါ် သန္ဓေသားဆေး ဗူးခွံကောက်တဲ့ ကလေး ပန်းကုံးကြီးနဲ့ဘဘကြီး အရာရာဟာ အမွှေဆရာလက်က ပြန်ထွက်လာသလို ရောယှက် ရောထွေး။ မနှစ်က တွေ့တဲ့ ချစ်သူလေးကို ပြန်တွေ့နိုးနိုး ဖွေရှာ ချစ်စရာဇာတ်လမ်းလား။ အပျိုရည်ပျက်သွားတဲ့ ညနေ ဒူးနဲ့မျက်ရည်သုတ် ဝေဒနာဇာတ်လမ်းလား။ ဘယ်သူတွေဘာပြောပြော...

Read more »

ကမ်လူဝေး ● မတော်တဆ

April 9, 2017
ကမ်လူဝေး ● မတော်တဆ

ကမ်လူဝေး ● မတော်တဆ (မိုးမခ) ဧပြီ ၉၊ ၂၀၁၇ ငါပစ်လိုက်တဲ့ သေနတ်မှာ ကျည်ဆံ ပါမသွားဘူး သူပစ်လိုက်တဲ့ ဓားက ငါ့ရင်ဝမှာ တည့်တည့်။ မျက်ရည်နဲ့ မျက်ခွက်တဲ့ ကြည့်မကောင်းပေမဲ့ ဖြစ်တတ်ပါတယ်။ အခုတမျိုး တော်ကြာတမျိုး ဆိုတာက ကြားရတဲ့သူအတွက် မကောင်းပေမဲ့ ပြောရ လုပ်ရတဲ့သူက စိတ်ပျော်စရာ။ ကိုယ်ချင်းစာတရားက မတော်တဆ ငါ့နှလုံးသားကို ဝင်တိုက်မိ ကံကောင်းလေစွ။        ။ ကမ်လူဝေး Tags: ကမ်လူဝေး

Read more »

ကမ်လူဝေး- ငါတို့ဘဝဇာတ်ကြောင်း

March 21, 2017
ကမ်လူဝေး- ငါတို့ဘဝဇာတ်ကြောင်း

ကမ်လူဝေး- ငါတို့ဘဝဇာတ်ကြောင်း (မိုးမခ)၊ မတ် ၂၀၊ ၂၀၁၇ ငါတို့ဟာ အမှားအယွင်းတွေကြားမှာ ကြီးလာ။ သူရဲကောင်းဝါဒနဲ့ ဘဝရှင် မင်းတရားကြီးကို ဆည်းကပ်ဖို့ သင်ယူရင်း ကြီးလာ။ လူတယောက်က တောင်းလိုက်တာနဲ့ နိုင်ငံတခုက လွတ်လပ်သွားတယ်ဆိုတဲ့ ခပ်လွယ်လွယ် သင်ကြားမှုမှာ ကြီးလာ။ ကမ္ဘာမြေမှာ ကိုလိုနီ နယ်ချဲ့အရင်းရှင် စနစ်က သက်ဆိုးမရှည်ခဲ့သလို နိုင်ငံတွေကို လွတ်လပ်ရေး ပေးရတဲ့ သမိုင်းဖတ်စာအုပ်ကို မမြင်ဖူးပဲ ကြီးလာ။ ဟောင်တတ်တဲ့ခွေးတွေ ကိုက်တတ်တဲ့ ခွေးတွေဟာ ခွေးအလုပ် ခွေးလုပ်နေခြင်းဆိုတာ နားမလည်ပဲ ကြီးလာ။ အရာရာတိုင်းမှာ ကြေနပ်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်ခင်ဗျာ ဆိုပြီး သွန်သင်မှုအောက်မှာ ကြီးလာ။ ငါတို့ဟာ သူရဲကောင်းကို ကိုးကွယ်ဖို့ ခွေးလိုဟောင်ရင်း လူလားမြောက်လာ။ ။ ကမ်လူဝေး Tags:...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်