Posts Tagged ‘ ကမ်းလူဝေး ’

ကမ်လူဝေး – ရွှေအိုးရွက်လာတဲ့ကောင်းကင်

September 17, 2016
ကမ်လူဝေး –  ရွှေအိုးရွက်လာတဲ့ကောင်းကင်

ကမ်လူဝေး –  ရွှေအိုးရွက်လာတဲ့ကောင်းကင် (မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၆ အိပ်ရာပေါ်ပက်လက်လန်ရင်း အမိုးပေါက်က နေမြင်ရတဲ့ ကောင်းကင်က အမှောင် ထမင်းမဝတဲ့လူတယောက်ရဲ့ ညမှာ ကြယ်တလုံးတလေ မြင်တွေ့ခွင့်ရရင် မင်္ဂလာ မိုးတွေရွာမချခဲ့တာကပဲ ကောင်းလှတဲ့ ကံကြမ္မာ။ ထမင်းမဝသူ တယောက်ရဲ့ဘဝမှာ ပေါင်မုန့်စားလိုက်ပါလားလို့ပြောခံရတော့ ငါဟာ ရယ်မော ရမလား ငါဟာ ငိုကြွေးရမလား မသိတော့။ ထမင်းဆာလှပါပြီ ထမင်းဝဝ စားချင်လှပါပြီ ထမင်းချက်ဖို့အသာထား ပေါင်မုန့်စားမည့်သူများအတွက် ဦးစားပေးရမည်ဆိုတော့လည်း ရေသောက် ဗိုက်မှောက် ပေါင်မုန့်ဖုတ်ပွဲကိုပဲ ကြည့်နေရ။ ညနေက ကြားမိပါရဲ့ ရွှေအိုးရွက် ပြန်လာပြီတဲ့ ရွှေအိုးမလိုချင်ပါဘူး ထမင်းဝဝလေးပဲ စားပါရစေ ရွှေအိုးဆိုတာက ရွှေကိုင်ကစားနိုင်သူတွေအတွက်မဟုတ်လား ငါတို့ထမင်းလေးပဲ ဝဝ စားပါရစေ။ ထမင်းဆာဆာနဲ့ အိပ်ရာပေါ် ပက်လက်လန်အိပ်တော့...

Read more »

ကမ်လူဝေး ● ရုံထဲဝင်ပြီး ပြန်မထွက်ရ

August 22, 2016
ကမ်လူဝေး ● ရုံထဲဝင်ပြီး ပြန်မထွက်ရ

ကမ်လူဝေး ● ရုံထဲဝင်ပြီး ပြန်မထွက်ရ (မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၆ ငါတို့က လူယုတ်မာတွေကို တယောက်ပြီးတယောက် မြင်လာတယ် သိလာတယ် တွေ့လာတယ် ဒေါသတွေဖြစ်ရတယ် နာကြင်ရတယ် အော်ဟစ်ဆဲဆိုမိတယ်။ သူကတော့ အခုထိမသိသေး မသိတာလား မသိချင်ယောင်ဆောင်သလား သဲသဲကွဲကွဲ မသိသေး သူ့မှာခံနေရ အလူးအလဲ အဲဒီကြားထဲက မေတ္တာအကြောင်း ခွင့်လွှတ်ခြင်းအကြောင်း မေ့ပစ်လိုက်ဖို့အကြောင်း အိပ်မက်တွေစွန့်လိုက်ဖို့အကြောင်း တရားတွေဟောကောင်းတုန်း။ ဘာတတ်နိုင်မလဲ ငါတို့တွေက ပွဲမပြီးမချင်း ကြည့်နေရဦးမည့် ရုပ်ရှင်ရုံထဲက လူတွေ သူကလည်း ဖလင်မကုန်မချင်း အမျိုးမျိုးတွေလုပ်ပြနေမယ့် ရုပ်ရှင်ထဲကဇာတ်လိုက်။ ရုံပေါက်ဝမှာက ဥပဒေ ရေးပြီးသား ရုံထဲဝင်ပြီးပြန်မထွက်ရ။         ။ ကမ်လူဝေး   Tags: ကမ်းလူဝေး

Read more »

ကမ်လူဝေး ● ကျန်းမာရေးကောင်းပါစေ

July 21, 2016
ကမ်လူဝေး ● ကျန်းမာရေးကောင်းပါစေ

ကမ်လူဝေး ● ကျန်းမာရေးကောင်းပါစေ (မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၆ သင်၏စိတ်ကောက်နေသော နိုင်ငံတော်က သတင်း ထုတ်ပြန်ခွင့်တွေကို ပိတ်လိုက်ပြီ အထိအခိုက်မခံနိုင်တဲ့ သင့်ရဲ့နိုင်ငံတော်အတွက် သင့်ရဲ့ပါးစပ်ကိုပိတ် သင့်ရဲ့အတွေးကိုသတ် သင့်ရဲ့နားကိုဆို့ လူ့အခွင့်အရေး ကြေညာစာတမ်းကို ခဏမေ့ထားလိုက်ကြမယ် သင့်ရဲ့နိုင်ငံတော်ဟာ စိတ်ဆိုးသွာနိုင်တယ် သင်ဟာဉာဏ်နည်းပေမဲ့ သင်ရဲ့နိုင်ငံတော်ကဉာဏ်ကြီးတယ် ဉာဏ်နည်းတဲ့သူက ဉာဏ်ကြီးတဲ့သူကို သည်းခံဖို့လိုတယ် အနာဂတ်ဟာ သင့်လက်ထဲမှာမရှိဘူး နိုင်ငံတော်က စီမံလိမ့်မယ် နိုင်ငံသားကောင်းပီသမှုဟာ အရာရာထက် အရေးပါတယ် မီးပုံထဲကပြေးအထွက် မီးတွင်းထဲပြုတ်ကျတာဟာလည်း ဖြစ်တတ်တဲ့သဘောပဲဖြစ်တယ် သင်၏နိုင်ငံတော် ကျန်းမာပါစေ။     ။ ကမ်လူဝေး Tags: ကမ်းလူဝေး

Read more »

ကမ်လူဝေး ● ရန်ကုန်

June 30, 2016
ကမ်လူဝေး ● ရန်ကုန်

ကမ်လူဝေး ● ရန်ကုန် (မိုးမခ) ဇွန် ၃၀၊ ၂၀၁၆ ရှုပ်ရှုပ်ယှက်ယှက် ထိုးထိုးထောင်ထောင် အဆောက်အအုံတွေ ပွစာကျဲ လူသွားလမ်းဟာ လမ်းမဟုတ်တော့ ဆိုင်ခန်းမျိုးစုံ ပြည့်ကျပ်ညှပ် ကုန်းကျော်တံတား ခပ်စောင်းစောင်း တခုအလွန် ရှေ့နောက်ဝဲယာ ကြည့် ရောက်တဲ့နေရာကို သိအောင်ကြိုးစား ပြီးတော့ ရှေ့ဆက်သွား ရေစီးရေလာ မကောင်းလှတဲ့ ရေမြောင်းထဲက အမှိုက်စတခုလို ကားစီးကားလာ မကောင်းတဲ့ လမ်းမပေါ်က ကားတစီးပေါ် ပိတ်လှောင်မွန်းကြပ် လမ်းဘေးမှာ စားတဲ့ ဘဲဥဟင်းနဲ့ ထမင်းကျော်က ကိုယ့်အတွက် သီးသန့်ဈေး စားပြီးတော့ ထွေးထုတ်မရ တောင်းသမျှ ပေးခဲ့ရ ခြိမ်းခြောက်တာလား စည်းကမ်းကြပ်မတ်သလား ကွန်ကရစ်တုံး တွေက နေရာတကာ  ဟိုတစု ဒီတစု ကတုတ်ကျင်းပျက်တွေလို ဆယ်နှစ်ကြာ ဝေးကွာခဲ့တဲ့ မိတ်ဆွေဟောင်းတယောက်ရဲ့...

Read more »

ကမ်လူဝေး ● ဆေးရုံ

June 14, 2016
ကမ်လူဝေး ● ဆေးရုံ

ကမ်လူဝေး ● ဆေးရုံ (မိုးမခ) ဇွန် ၁၄၊ ၂၀၁၆ ဆယ့်ကိုးနှစ်သမီးဟာ ဆီးစပ်အောင့်တယ်ဆိုပြီး ဆေးရုံကို ရောက်လာ ပြီး ကလေးတယောက်ကိုမွေးချ အဖေမဖော်ပြနိုင်တဲ့ ကလေး။ ဆယ့်ကိုးနှစ်သမီးက မွေးတဲ့ကလေး မြေး သွေးက စကားပြောသလား နားထားလိုက် ကလေးကို စွန့်ချန်ထား ထွက်ပြေးဖို့ကြိုးစား အဘွား။ ကမ္ဘာမီးလောင်ဖို့ မလိုဘူး ငတ်ရုံလေးနဲ့ ကိုယ့်အသား ကိုယ်လှီးစားမည့်လူစားတွေ။     ။ ကမ်လူဝေး   Tags: ကမ်းလူဝေး

Read more »

ကမ်းလူဝေး ● သူငယ်ချင်းနဲ့ စကားစမြည်

June 6, 2016
ကမ်းလူဝေး ● သူငယ်ချင်းနဲ့ စကားစမြည်

ကမ်းလူဝေး ● သူငယ်ချင်းနဲ့ စကားစမြည် (မိုးမခ) ဇွန် ၆၊ ၂၀၁၆ ကမ္ဘာကြီးက ကျဉ်းလာသလား နည်းပညာက ကျယ်လာသလား နှစ်ကာလများစွာ ပျောက်ဆုံးသွားခဲ့ သူငယ်ချင်းတယောက်ရဲ့အသံ တယ်လီဖုန်းထဲကနေ ဒီနေ့ကြားတယ်။ တရားအတွက် တိုက်ပွဲဝင်ရင်း ဘဝကိုရင်းခဲ့တယ် အချိန်ကို ရင်းခဲ့တယ် တို့အသက်ကြီးပါပြီလို့ သူငယ်ချင်းက တိုးတိုးဆိုတယ်။ မက်ခဲ့တဲ့ အိပ်မက်တွေက ဒီအတိုင်းပြီးခဲ့ပြီလား ကုန်ဆုံးသွားတဲ့နာရီတွေမှာ ခြေရာတော့ ကျန်ရစ်ခဲ့ ခြေရာတွေ အဖြစ်အပျက်တွေက မြန်မြန်ဆန်ဆန် ဖြတ်သန်း သမိုင်းဇာတ်လမ်းတွေ။ အဲဒီသမိုင်းနဲ့အတူ ငါ့ရဲ့သူငယ်ချင်းက ကြီးထွား လူလားမြောက် ပိုမိုပြောင်မြောက်တဲ့ အိပ်မက်တွေနဲ့ ရှေ့ဆက်ဖို့ကြိုးစားနေလေရဲ့။ ငါဝမ်းသာ ကြည်နူးမိ တယ်လီဖုန်းက နှစ်များစွာဝေးကွာ သူငယ်ချင်းရဲ့အသံကိုသယ်လာ ကမ္ဘာကြီးက ကျဉ်းလာသလား နည်းပညာက ကျယ်လာသလား ဒီနေ့စကားစမြည်။ ။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်