Posts Tagged ‘ ကရင် ’

လောအယ်စိုး – ကောင်းကင်ပြာအောက်မှိုင်းညို့နေသော ဒေါနမြေ

August 21, 2018
လောအယ်စိုး – ကောင်းကင်ပြာအောက်မှိုင်းညို့နေသော ဒေါနမြေ

Paw Oo Thet လောအယ်စိုး – ကောင်းကင်ပြာအောက်မှိုင်းညို့နေသော ဒေါနမြေ (မိုးမခ) သြဂုတ် ၂၁၊ ၂၀၁၈ ဝမ်းသာအားရနှင့် ခုန်ပေါက်ပြီး စာပို့သမားကို ဖက်၍နမ်းချင်စိတ်ကို မနည်းထိန်းချုပ်လိုက်ရသည်။ “ကျေးဇူးတင်လိုက်တာဗျာ။ ဆရာသမား လက်ဖက်ရည်သောက်” “ဟေ့၊ ညီလေး စာပွဲထိုး ဒီဆရာကို ဆေးလိပ်တပွဲချပေးလိုက်” နှုတ်မှလည်း “အစ်ကိုကြီးရေ ကျေးဇူးတင်ပါတယ်” ဟု ထပ်ကာထပ်ကာ ကျွန်တော်ပြောမိနေသည်။ ခက်ခက်ခဲခဲကြိုးစား၍ဖြေဆိုပြီးနောက် အောင်စာရင်းထွက်သောအခါ ဘဝသစ်ကိုရောက်ပြီဟေ့ဟူသော အောင်မြင်ခြင်း မာန်ဝင်ခဲ့ဖူးသည်။ စာမေးပွဲကို နှစ်ကြိမ်တိတိဖြေဆိုပြီးမှ ဆယ်တန်းကိုကျွန်တော်အောင် မြင်ခဲ့သည်။ ပြင်းထန်သော ရည်မှန်းချက်နှင့် နိုင်ငံတကာဆက်ဆံရေး ပညာ (International Relation IR)ကို သင်ယူလိုခဲ့သော ကျွန်တော်စာကြည့်စားပွဲရှေ့တည့်တည့်တွင် (IR) ဟူသော နှစ်လုံးသောအင်္ဂလိပ် အက္ခရာကိုရေးထားပြီ နံရံတွင် ကပ်ကာ...

Read more »

ထင်ကျော် (စက်မှုတက္ကသိုလ်) ● ညီညွတ်ခြင်းမှသည် အောင်မြင်ခြင်းဆီသို့

August 20, 2018
ထင်ကျော် (စက်မှုတက္ကသိုလ်) ● ညီညွတ်ခြင်းမှသည် အောင်မြင်ခြင်းဆီသို့

ထင်ကျော် (စက်မှုတက္ကသိုလ်) ● ညီညွတ်ခြင်းမှသည် အောင်မြင်ခြင်းဆီသို့ (မိုးမခ) သြဂတ်စ် ၂၀၊ ၂၀၁၈ လူမှုဆက်ဆံရေးသတ္တဝါဖြစ်တဲ့ လူတွေဟာ တဦးတည်းရပ်တည်နေလို့ မရပါဘူး။ လူ့အဖွဲ့အစည်းရဲ့ သဘာဝကိုက အချင်း ချင်း အပြန်အလှန် ယိုင်းပင်းမှီခိုနေရတဲ့ သဘောဆောင်နေတာမဟုတ်လား။ ငယ်စဉ်ကလေးဘဝတုန်းများဆိုရင် သူများအပေါ် လုံးဝကို မှီခိုခဲ့ရတာပါ။ အမှီအခိုသာမရခဲ့ရင် ရက်လေးနည်းနည်းတောင် အသက်ရှင်မှာမဟုတ်ပါဘူး။ ဒီလိုနဲ့ ကြီးပြင်းလာတော့ မှီခိုရမှု တဖြည်းဖြည်း လွတ်ကင်းလာပါတယ်။ ရုပ်ရော စိတ်ရော လွတ် လပ်လာပြီး ကိုယ့်ဘဝကိုယ် ရပ်တည်လာနိုင်ခဲ့တယ်ဆိုပေမဲ့  ဒီလွတ်လပ်မှုဟာ အဆုံးစွန်တော့ မဟုတ်ပါဘူး။ ကိုယ့် ဘဝမှာ ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေရဖို့ ကိုယ်နဲ့ရည်မှန်းချက်တူတဲ့သူတွေနဲ့ အပြန်အလှန် ပူးပေါင်းမှီခိုပြီး ဆောင်ရွက်ရ ဦးမှာပါ။ ဘုရားတောင် အမှီရှိမှပွင့်တယ်လို့ ဆိုကြတယ်မဟုတ်လား။ ဒီတော့...

Read more »

မောင်စွမ်းရည် – “ရှစ်လေးလုံးအရေးတော်ပုံကဗျာ”

August 18, 2018
မောင်စွမ်းရည် – “ရှစ်လေးလုံးအရေးတော်ပုံကဗျာ”

ပန်းချီ စောငို မောင်စွမ်းရည် – “ရှစ်လေးလုံးအရေးတော်ပုံကဗျာ” (မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၈ ဒို့မြန်မာပြည် ပြည်သူစည်းရုံး၊ ရှစ်လေးလုံးကား နှစ် ၃၀ ပင် တိုင်ခဲ့ပြီ။ ရှမ်း, ချင်း, ကချင်, ကရင်, ကယား မွန်, မြန်မာ, တရုတ်, ကုလား ကျောင်းသား ရဟန်း၊ ဘန်းရွက်သီလရှင် မျက်မမြင်ရော၊ မျက်မြင်ရော တူတဇင်ရော၊ ပေါက်ပြားရော လေးရော,မြားရော၊ တုတ်ဒါးရော တောရော,မြို့ပါ၊ ဗမာ တပြည်လုံး ခြိမ့်ခြိမ့်ချုံးခဲ့၊ မဆုံးနေ့ည ကြွေးကြော်ကြပြီ…. ဒီလိုဟစ်ကြွေး၊ သွေးစည်းခဲ့ပြီ…. – စစ်အာဏာရှင် -အလိုမရှိ -အလိုမရှိ – တပါတီစနစ် -တိုက်ဖျက်ပစ် -တိုက်ဖျက်ပစ် – ဒီမိုကရေစီရရှိရေး -ဒို့အရေး -ဒို့အရေး...

Read more »

ဇင်လင်း – ရှစ်လေးလုံး အရေးတော်ပုံ၏ ရည်မှန်းချက်ကို မျက်ခြည်မပြတ်ဖို့လိုသည်

August 15, 2018
ဇင်လင်း  – ရှစ်လေးလုံး အရေးတော်ပုံ၏ ရည်မှန်းချက်ကို မျက်ခြည်မပြတ်ဖို့လိုသည်

ဇင်လင်း  – ရှစ်လေးလုံး အရေးတော်ပုံ၏ ရည်မှန်းချက်ကို မျက်ခြည်မပြတ်ဖို့လိုသည် (မိုးမခ) သြဂုတ် ၁၅၊ ၂၀၁၈ သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပွားခဲ့သည်မှာ ယခုနှစ် သြဂုတ်လတွင် နှစ်ပေါင်း (၃၀) ပြည့်ပေပြီ။ ဤ အရေး တော်ပုံကို မြန်မာ့ မျက်မှောက်သမိုင်း၏ အချိုး အကွေ့ကြီး အဖြစ်မှတ်တမ်းတင်ကြသည်။ အဘယ်ကြောင့်နည်း။ လူထု အရေးတော်ပုံကြီးကြောင့် စစ်အာဏာရှင်စနစ်၏ အရေးကြီး အစိပ်အပိုင်းများကို ခုတ်ဖြတ်ဖယ်ရှင်းနိုင်ခဲ့သည်။ တပါတီ အာဏာရှင်စနစ်ကို ဖြိုလှဲနိုင်ခဲ့သည်။ အာဏာရှင် ထိပ်သီးအချို့ကို အာဏာထိုင်ခုံထက်မှ ဆွဲချနိုင်ခဲ့သည်။ လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသည့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆိုင်ရာ အတွေးအခေါ် အသိအမြင်များကို အရေး တော်ပုံက ရှင်သန် ပြန့်ပွားစေခဲ့သည်။ စစ်အာဏာရှင်စနစ်ကို စိန်ခေါ်အန်တုနိုင်စွမ်းရှိသော လူထုခေါင်းဆောင် တဦးကို လည်း...

Read more »

လောအယ်စိုး – ရေဆန်ကို ကူးခတ်သည့် အဖေ့သမီး (သို့မဟုတ်) ဒေါ်အေးအေးဝင်း

August 15, 2018
လောအယ်စိုး – ရေဆန်ကို ကူးခတ်သည့် အဖေ့သမီး (သို့မဟုတ်) ဒေါ်အေးအေးဝင်း

The Associated Press reporter Aye Aye Win with her dad picture behind. (Photo: Khin Mg Win / The Associated Press) လောအယ်စိုး – ရေဆန်ကို ကူးခတ်သည့် အဖေ့သမီး (သို့မဟုတ်) ဒေါ်အေးအေးဝင်း (မိုးမခ) သြဂုတ် ၁၅၊ ၂၀၁၈ ကောင်းကင်ယံတစ်ခုလုံး သုန်သုန်မှိုင်းမှိုင်း၊ မိုးကဖွဲဖွဲလေး ရွာလိုက် တိတ်လိုက် နှင့် ထိုနေ့က ရန်ကုန်မြို့၏ရာသီဥတုဖြစ်သည်။ တီဗွီကင်မရာကြီးကြီးကို ထမ်းလျက် မစ္စတာရာမဒါက ကျွန်တော့်အရှေ့က တီဗွီကင်မရာ၏သုံးချောင်းထောက် (Tri Pod) ကို ပခုံးပေါ်ထမ်း လျက် အနောက်က လှမ်းလှမ်းမှ ကျွန်တော်လိုက်ခဲ့၏။ ဆယ်စုနှစ် နှစ်ခုကျော်အချိန်များ...

Read more »

ဝင်းအောင်ကြီး(မောင်အောင်မွန်)- သတင်းမဂ္ဂဇင်းမျက်နှာဖုံးနှင့် မမီးမီးပုံ

August 14, 2018
ဝင်းအောင်ကြီး(မောင်အောင်မွန်)- သတင်းမဂ္ဂဇင်းမျက်နှာဖုံးနှင့် မမီးမီးပုံ

၈-၈-၈၈ ရောင်းစားသူများ…. ကောင်းစားသူများနှင့် သေသွားသူများ (၁၄) သတင်းမဂ္ဂဇင်းမျက်နှာဖုံးနှင့် မမီးမီးပုံ ဝင်းအောင်ကြီး(မောင်အောင်မွန်) (မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၈ (၁) သတင်းမဂ္ဂဇင်း ဤမျက်နှာဖုံးအတွက်ကြောင့် ရောင်းမလောက် နေ့ချင်း (၃) ကြိမ်ထပ်ရိုက်ရ၏။ (၂) သတင်းထောက် ကိုတင်မောင်လတ်ယူလာသော ယာယီကျောင်းသားသမဂ္ဂအမှုဆောင်စာရင်းနှင့် ဓာတ်ပုံများကို အယ်ဒီတာ (၄) ယောက်ကြည့်ရင်း ဆွေးနွေးကြသည်။ ကျောင်းသားကို ရှေ့တန်းတင်မည်။ အုံကြွလာသည့် ပြည်သူတရပ်လုံးပါရမည်။ (၃) ကျောင်းသားဟူသည် ဗိုလ်အောင်ကျော်မှသည် ခေတ်အဆက်ဆက်၊ 7 July ၊ မှိုင်းရာပြည့်၊ ဦးသန့်အရေး အခင်း၊ RIT၊ တံတားနီ၊ UG အဖြစ်လှုပ်ရှားနေသော ABFSU စသဖြင့်၊ အခြားမြို့ကြီး မြို့ငယ်များတွင်လည်း တိုက်ပွဲဝင်ကြရင်းအသက်ပေးသွားသူများအားလုံးကို ကိုယ်စားပြုသည့်စကားလုံး Unknown Soldiers...

Read more »

ညိုထက်ညို ● ၁ နာရီ ၃၈

August 12, 2018
ညိုထက်ညို ● ၁ နာရီ ၃၈

ညိုထက်ညို ● ၁ နာရီ ၃၈ (မိုးမခ) သြဂတ်စ် ၁၂၊ ၂၀၁၈ Auckland လေဆိပ်တွင် wheel chair service ရယူသည့် သက်ကြီးအရွယ် ခရီးသည်များ နားနေရန် စီစဉ်ထားသည့် ခုံတန်းလျား ကလေးတွင် ထိုင်ရင်း ကျန်နေခဲ့သည့် အဖေ့ ကို ရက်ငါးဆယ် လောက်အကြာတွင် ရေဝေးသုဿာန် အအေးခန်း ဝင်ဝင်ချင်းတွင်ရှိသည့် သင်္ဂြိုဟ်တော့မည့် အလောင်းများကို ပြင်ဆင်ရန် ခေတ္တထားသည့် အခန်းကလေးတွင် အလောင်း စင်ပေါ် လဲလျောင်းလျက် အနေအထားဖြင့် ကျွန်တော် ပြန်တွေ့ရပါသည်။ အဖေ့အလောင်း ဘေးပတ်လည်တွင် ရေများ ရွှဲအိုင်လျက် အဖေ့ လက်ဖျားခြေဖျား ကလေးများတွင် ရေခဲမှုန်ကလေး များက ကပ်နေကြပါသည်။ အဖေ့အလောင်း ကို ပြင်ဆင်ပေးနေသည့်...

Read more »

မောင်အဉ္စန ● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး – အပိုင်း (၅)

August 11, 2018
မောင်အဉ္စန ● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး – အပိုင်း (၅)

မောင်အဉ္စန ● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး – အပိုင်း (၅) (မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၈ ● ဖွံ့ဖြိုးရေးနှင့် နိုင်ငံရေးအဖြေ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) အခြေခံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁)ရာစု ပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ ခု၊ ဇူလိုင်လ (၁၁)ရက်မှ (၁၆)ရက်နေ့ထိ (၆)ရက်တိုင် နေပြည်တော်(ကြပ်ပြေး)ရှိ MICC-2 မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီတကြိမ်(၂၁)ရာစုပင်လုံအစည်းအဝေးကြီးကို ၂၀၁၇ ခု၊ နိုဝင်ဘာလမှာ (၆)လ တကြိမ်ကျင်းပရမယ့်ဟာကို ၂၀၁၈ ခု၊ ဇူလိုင်လရောက်မှ တနှစ်ကျော်လွန်ပြီးနောက် ကျင်းပနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့် တနှစ်ကျော်အချိန်ယူခဲ့ရတာလဲ…။ အဓိကအားဖြင့် (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ထစ်ဆို့နေတဲ့ Package Deal သူ့ဘက်ကိုယ့်ဘက်...

Read more »

ထင်ကျော် (စက်မှုတက္ကသိုလ်) ● ချစ်တပည့်များသို့ ညနေခင်း – သြဝါဒများ (၃)

August 11, 2018
ထင်ကျော် (စက်မှုတက္ကသိုလ်) ● ချစ်တပည့်များသို့ ညနေခင်း – သြဝါဒများ (၃)

ထင်ကျော် (စက်မှုတက္ကသိုလ်) ● ချစ်တပည့်များသို့ ညနေခင်း – သြဝါဒများ (၃) (မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၈ ● အကျင့်နှင့် စရိုက် … မ, တစ်ရာသားတွေဆိုတော့ ကျောင်းသား၊ ကျောင်းသူတွေထဲမှာ စရိုက်ကောင်းသည့်သူတွေ ရှိသလို စရိုက်ဆိုးသည့် မီးသွေးခဲလို ကလေးမျိုးတွေလည်း ရှိတတ်သည်။ မီးသွေးခဲဆိုတာက သွေးချင်သလောက်သွေး ပြောင်လက်လာမှာတော့ မဟုတ်၊ သွေးသည့်သူသာ မည်းညစ်သွားလိမ့်မည်။ မီးသွေးခဲလည်း တဖြည်းဖြည်း လုံးပါးပါးသွားပြီး သူကိုယ်တိုင်လည်း မသက်သာ။ ဒါပေမဲ့ မိမိက ဆရာဆိုတော့ ကိုယ် မည်းချင်မှသာမည်းရော ကိုယ်တတ်နိုင်သလောက် သွေးပေးဖို့ တာဝန်ရှိသည်။ စိတ်ရှည်ရှည်ထားပြီး တဖြည်းဖြည်းခြင်း နားဝင်အောင်လုပ်ရမည်။ လူပြင်ရတာက စက်ပြင်ရတာထက် ပိုခက်သည်၊ စိတ်ရှည်ရှည် ထားနိုင်ပါမှ။ “အချိန်မလေးစားတာ၊...

Read more »

မောင်ဥက္ကလာ – ဖိတ်စာရလား – မဆိုင်သူ မကပ်နဲ့

August 10, 2018
မောင်ဥက္ကလာ – ဖိတ်စာရလား – မဆိုင်သူ မကပ်နဲ့

မောင်ဥက္ကလာ – ဖိတ်စာရလား – မဆိုင်သူ မကပ်နဲ့ (မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၈ စာမရေးတာကြာပြီ … ဘာဖြစ်လို့လဲဆိုတော့ ဓါတ်ဆီဈေးကြီးလို့၊ ဒေါ်လာဈေးတက်လို့မဟုတ် အချိန်မရှိလို့ မရေးတာ၊ အထူးအားဖြင့် “လူသတ်သမားတွေ လွတ်နေတဲ့” ဒီမိုး ခရေဇီ (This rain is crazy – that’s why it’s causing flood everywhere) ဖြစ်နေတဲ့ တိုင်းနိုင်ငံကြီးမှာ စိတ်ဆိုးလွယ်တဲ့ လူကြီးတွေ စိတ်ခု၊ အထင်လွဲမယ့်စာမျိုးတွေ ရေးရမှာ လက်တွန့်နေမိလို့ပါ။ ဒီတခါ လူကြီးတွေ စိတ်ဆိုးစိတ်ခုမယ့်စာမျိုး မရေးဘူး။ ကြိုပြောပါရစေ … သက်တူရွယ်တူအတွက် ရေးတာပါ။ စိတ်မဆိုးနဲ့ လူအုပ်နဲ့ ဝိုင်းမရိုက်နဲ့။ မကျေနပ်ရင် ဖွဘုတ်ကနေ...

Read more »

မိုးကျော်အောင် – ထိုနံရံပြိုလဲအောင် ငါတို့သံပြိုင်တေးဆိုခဲ့ကြပေါ့

August 9, 2018
မိုးကျော်အောင် – ထိုနံရံပြိုလဲအောင် ငါတို့သံပြိုင်တေးဆိုခဲ့ကြပေါ့

ထိုနံရံပြိုလဲအောင် ငါတို့သံပြိုင်တေးဆိုခဲ့ကြပေါ့ မိုးကျော်အောင် (မိုးမခ) သြဂုတ် ၉၊ ၂၀၁၈ လွန်ခဲ့တဲ့ နှစ် ၃၀ ဆီက ဒီကနေ့လိုညမျိုးမှာ ကျနော်တို့မိတ်ဆွေသူငယ်ချင်းတစုဟာ ခမ်းနားကြီးကျယ်လှတဲ့ သမိုင်းဖြစ်ရပ်ကြီးတခုရဲ့တစွန်းတစကို တို့ထိပါဝင်ဖို့ အစပြုခဲ့ကြပါတယ်။ ပျဉ်းမနားမြို့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုအရေးတော်ပုံရဲ့ဇာတ်လမ်းအစဟာ အဲဒီနေ့ည ဘီအိုစီရပ်က “ပန်းရိုးမ“ ကဖေးကနေ အစပြုမြစ်ဖျား ခံခဲ့တယ်ဆိုရင် မှားမယ်မထင်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၃၀၊ အဲဒီနေ့မနက် (၈-၈-၈၈ မနက်) က ပန်းရိုးမဆိုင်မှာ အချိန်နဲ့အမျှဝင်ထွက်စားသောက်နေလို့ ရင်းနှီးကျွမ်းဝင်နေတဲ့ ရန်ကုန် ဝိဇ္ဖာ-သိပံ္ပကျောင်းသား ကိုဖုန်းမြင့် ကျနော့်ဆီရောက်လာပါတယ်။ သူနဲ့အတူပါလာတဲ့ အရပ်ပုပြတ်ပြတ်ကျောင်းသားတယောက်နဲ့လည်း မိတ်ဆက်ပေးပါတယ်။ ရန်ကုန် ဝ/သ ကျောင်းသား ကိုစိန်ရွှေပါ။ သူတို့က စကားတီးတိုးပြောလာပါတယ်။ ဒီနေ့(၈-၈-၈၈) ပျဉ်းမနားမှာ လူထုလှုပ်ရှားမှုမဖြစ်သေးလို့ စိတ်ထဲခံပြင်းနေကြတဲ့အကြောင်း၊...

Read more »

ဝင်းအောင်ကြီး (မောင်အောင်မွန်) – ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၄)

August 9, 2018
ဝင်းအောင်ကြီး (မောင်အောင်မွန်) – ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၄)

ဝင်းအောင်ကြီး (မောင်အောင်မွန်) – ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၄)  RIT ကျောင်းသားညှိသည့်မီး နိုင်ငံအနှံ့ပြန့်သွား (မိုးမခ) သြဂုတ် ၉၊ ၂၀၁၈ (၁) ဧရာဝတီမြစ်ကိုသိရန် မြစ်ဝကျွန်းပေါ်၊ မြစ်ဆုံသာမက မေခနှင့်မလိခ အထိလိုက်ကြည့်မှပြည့်စုံမည်။ ချင်းတွင်းမြစ် ပူးပေါင်းလာပုံကိုလည်း ချန်ထား၍မရ။ စနစ်တကျလေ့လာ ဘက်စုံကနေကြည့်ကြရပါမည်။ (၂) ၈-၈-၈၈ အရေးအခင်း၊ ဖုန်းမော်နေ့ စသည်တို့ကို မွေးဖွားပေးလိုက်သော နေရာက ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ၊ နေ့က ၁၉၈၇ ခု၊ စက်တင်ဘာလ ၅ ရက်နေ့၊ သူတို့ထုတ်၍ သုံးစွဲနေကြသည့် ငွေစက္ကူများကို တရားမ၀င်ကြေညာလိုက်ပြန်ပြီ။ ကျောင်းလခ၊ အဆောင်ခ၊ ယုတ်စွအဆုံး လက်ဖက်ရည်ဖိုးပင် မကျန်လောက်အောင် ဖြစ်သွားရသည့် အခြေအနေကြောင့် ရန်ကုန်စက်မှုတက္ကသိုလ်...

Read more »

ရှစ်လေးလုံးမှာကတည်းက ဘာမှမဖြစ်ချင်ခဲ့တဲ့ ကိုမင်းကိုနိုင်

August 8, 2018
ရှစ်လေးလုံးမှာကတည်းက ဘာမှမဖြစ်ချင်ခဲ့တဲ့ ကိုမင်းကိုနိုင်

ရှစ်လေးလုံးမှာကတည်းက ဘာမှမဖြစ်ချင်ခဲ့တဲ့ ကိုမင်းကိုနိုင် Myanmar NOW – အင်တာဗျူး။ (မိုးမခ) သြဂုတ် ၈၊ ၂၀၁၈ ၁၉၆၂ မတ်လ တွင် ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သော စစ်တပ်က ပါလီမန်ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာကိုသိမ်းကာ စစ်အုပ်ချုပ်ရေးစနစ်ကို မြန်မာပြည်တွင် စတင် အကောင်အထည်ဖော်ခဲ့သည်။ စစ်တပ်အာဏာသိမ်းသည့် ထိုခုနှစ်တွင် ကိုပေါ်ဦးထွန်း (ခေါ်) ကိုမင်းကိုနိုင်အား မွေးဖွားခဲ့သည်။ ကိုမင်းကိုနိုင်သည် အသက် ၂၄ နှစ်အရွယ်တွင် ဦးနေ၀င်းဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဆန့်ကျင်သည့် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် ထင်ရှားသည့် လူထုခေါင်းဆောင်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သူဖြစ်သည်။ ၁၉၈၈ စစ်တပ်ပြန်လည်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ပေါင်းမြောက်မြားစွာ နိုင်ငံရေးအကျဉ်းသားအဖြစ် ဖြတ်သန်းခဲ့ရသော ကိုမင်းကိုနိုင်သည် ယခုအခါတွင် အသက် ၅၆ နှစ်ရှိပြီဖြစ်ကာ၊ မြန်မာပြည်သူများကြားတွင် သူသည် သြဇာအရှိန်အ၀ါကြီးမားနေဆဲဖြစ်သော...

Read more »

၈၈၈၈ နှစ် ၃၀ပြည့် အထိမ်းအမှတ် ရန်ကုန်မြို့က အနုပညာလှုပ်ရှားမှုများ

August 8, 2018
၈၈၈၈ နှစ် ၃၀ပြည့် အထိမ်းအမှတ် ရန်ကုန်မြို့က အနုပညာလှုပ်ရှားမှုများ

၈၈၈၈ နှစ် ၃၀ပြည့် အထိမ်းအမှတ် ရန်ကုန်မြို့က အနုပညာလှုပ်ရှားမှုများ K (မိုးမခ) သြဂုတ် ၈၊ ၂၀၁၈   (၁) 30Th MEMORIAL ART EXHIBITION ပန်းချီပြပွဲ မြန်မာနိုင်ငံ စာနယ်ဇင်း သရုပ်ဖော်ပန်းချီဆရာအသင်းမှ ကြီးမှူးကျင်းပတဲ့ ၈၈၈၈အရေးတော်ပုံကြီးရဲ့ နှစ်၃၀ပြည့် အမှတ် တရအဖြစ် စာနယ်ဇင်း ပန်းချီဆရာ အယောက်၃၀ကျော်ရဲ့ပန်းချီကားများကို ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ၃၅လမ်း (လယ်)၊ အမှတ်၁၅၀/၁၆၀ရှိ moon ပန်းချီပြခန်းမှာ သြဂုတ်လ ၈ရက်နေ့ မနက်၉နာရီမှညနေ ၅နာရီထိ ပြသသွားမယ်လို့ သိရပါတယ်။ အဆိုပါပြပွဲကို သြဂုတ်လ ၈ရက်နေ့မှ ၁၁ရက်နေ့ထိ ပြသသွားမှာဖြစ်ပြီး ပြပွဲနဲ့ပတ်သက်ပြီး ပါဝင်ပြသမယ့် ပန်းချီဆရာမ မမွှေးက “၆၂ခုနှစ်မှယနေ့ထိစစ်အာဏာရှင်စံနစ်ကို တော်လှန်တိုက်ပွဲဝင်ခဲ့ကြရင်း တောထဲမှာ ထောင်တွေထဲမှာ...

Read more »

ကိုမိုက်ခဲစိန် – သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ – ၁

August 7, 2018
ကိုမိုက်ခဲစိန် – သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ – ၁

ကိုမိုက်ခဲစိန် – သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ – ၁ (မိုးမခက ၈၈ – ၂၆ နှစ် ပြန်လည်ဆန်းသစ်ခြင်း) ကို ပြန်လည်ဆန်းသစ်ခြင်း။ သြဂုတ် ၂၅၊ ၂၀၀၉ ဒီတခေါက်ပြောမှာကတော့ အနှစ် ၂၀ လောက်ရှိပြီဖြစ်တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ သမိုင်းမှတ်တမ်းတွေနဲ့ ပတ်သက်ပြီး ပြောဆိုနေကြ၊ မှတ်တမ်းတင်နေကြတဲ့နေရာမှာ အခြေခံယေဘူယျအချက်တွေမှာ များသောအားဖြင့် တူညီဖို့၊ အမှန်အတိုင်း ရှိနေဖို့ ဖြစ်ပါတယ်။ အနှစ် ၂၀ လောက် ကြာခဲ့ပြီး ခေတ်သစ်နိုင်ငံရေးသုခမိန် ဆိုသူတွေက ကိုယ်လိုရာကို အင်္ဂလိပ်လို၊ မြန်မာလို၊ တရုတ်လို၊ ဘာသာပေါင်းစုံနဲ့ ရေးပြီး ပြောဆို မှတ်တမ်းတင်နေကြတော့ လူကြီးတွေကော၊ လူငယ်တွေမှာ ဘယ်အချက်အလက်ကို အမှန်အဖြစ် သတ်မှတ်ထားပြီး အခြေခံစဉ်းစားရမယ်ဆိုတာ မသိဘဲ ဖြစ်မှာ...

Read more »

မောင်စွမ်းရည် ● ရှစ်လေးလုံး အရေးတော်ပုံ

August 7, 2018
မောင်စွမ်းရည် ● ရှစ်လေးလုံး အရေးတော်ပုံ

မောင်စွမ်းရည် ● ရှစ်လေးလုံး အရေးတော်ပုံ (မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၈ ဒို့ ဗမာပြည် ပြည်သူစည်းရုံး၊ ရှစ်လေးလုံးကား နှစ်သုံးဆယ်ပင် တိုင်ခဲ့ပြီ။ ရှမ်း ချင်း ကချင် ကရင် ကယား မွန် မြန်မာ ရခိုင် တရုတ် ကုလား ကျောင်းသား ရဟန်း ဘမ်းရွက်သီလရှင် မျက်မမြင်ရော မျက်မြင်ရော တူတံဇဉ်ရော ပေါက်ပြားရော လေးရောမြားရော ဒုတ်ဒါးရော တောရောမြို့ပါ ဗမာတပြည်လုံး ခြိမ့်ခြိမ့်ချုန်းခဲ့ မဆုံးနေ့ည ကြွေးကြော်ကြပြီ ဒီလိုဟစ်ကြွေး သွေးစည်းပြီ။ “စစ်အာဏာရှင်၊ အလိုမရှိ၊ အလိုမရှိ” “တစ်ပါတီစနစ် တိုက်ဖျက်ပစ် တိုက်ဖျက်ပစ်” “ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး” “လူ့အခွင့်အရေး ရရှိရေး ဒို့အရေး ဒို့အရေး” ဒို့အရေးမို့...

Read more »

ဆွေဝင်း (Myanmar Now) ● ဘဝမကူးသည့်နေ့မရှိသော ဘဝသစ်အကျဉ်းစခန်းများ

August 6, 2018
ဆွေဝင်း (Myanmar Now) ● ဘဝမကူးသည့်နေ့မရှိသော ဘဝသစ်အကျဉ်းစခန်းများ

ဆွေဝင်း (Myanmar Now) ● ဘဝမကူးသည့်နေ့မရှိသော ဘဝသစ်အကျဉ်းစခန်းများ (မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၈ ၁၉၈၈ မှ ၂ဝ၁ဝ ကာလ တစ်ကျော့ပြန် စစ်အုပ်ချုပ်ရေး ကာလအတွင်း မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို အားလုံးအနည်းနှင့် အများဆိုသလို သိရှိကြသည်။ သို့သော်ထိုကာလ၏ အကြီးမားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုမှာ ထောင်နှင့်ချီသော အကျဉ်းသားတို့ ရဲဘက် စခန်းများတွင် သေဆုံးမှုဖြစ်သည်။ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ အစာရေစာချို့တဲ့ခြငှ်းု၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် အကျဉ်းသား အများအပြား စစ်အုပ်ချုပ်ရေးကာလအတွင်း သေဆုံးခဲ့ကြသည်ဟူသော သတင်းများ ပျံ့နှံ့ခဲ့သော်လည်း ခိုင်မာသော အထောက်အထားများ ယခုအချိန်အထိ ပေါ်ထွက်လာခြင်း မရှိပေ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရဲဘက်စခန်းတစ်ခုမှ အကျဉ်းသားများ (ဓာတ်ပုံ – Myanmar Now)...

Read more »

ဥုံဖွ – “​ထောင်​သရဲနှင့်​ ဘာယာဒုတ်​”

August 4, 2018
ဥုံဖွ – “​ထောင်​သရဲနှင့်​ ဘာယာဒုတ်​”

  ဥုံဖွ – “​ထောင်​သရဲနှင့်​ ဘာယာဒုတ်​” (မိုးမခ) သြဂုတ် ၄၊ ၂၀၁၈ အ​ရေး​တော်​ပုံကာလအတွင်းမှာ အ​ရေး​တော်​ပုံကြီးကို ​သေးသိမ်​​စေမည့်​ လူသတ် ​​ခေါင်းဖြတ်​ စတဲ့ ပြစ်​မှု့ကြီး​တွေကို ကျူးလွန်​ပြီးအင်းစိန်​​ထောင်​ထဲမှာ ပြစ်​ဒဏ်​ခံ​နေကြတဲ့ ရန်​ကုန်​ဘက်​က လူရမ်းကား လူမိုက်​အုပ်​စု​တွေဟာ ၉၃ အလွန် ​ကာလအ​ရောက်​မှာ​တော့ ​တောင်ငူ​ထောင် ထဲကို ​ထောင်​​ပြောင်းအဖြစ်​နဲ့ ​ရောက်​လာကြပြီး ဗိုလ်​ကျစိုးမိုး ခဲ့ကြဘူးတယ်​။ ​ထောင်​ပိုင်​ကို လစာမက မက်​​မော​လောက်​တဲ့ ​ရွှေတို​ငွေစ ​ပေးရုံတင်​မက လစဉ်​ ​ရွှေ ၂ ကျပ်​သား တန်​​ကြေးရှိတဲ့​ငွေကို ​ပေးမယ်​ဆိုတဲ့ မက်​လုံး​တွေနဲ့ နယ်​ခံဖြစ်​တဲ့ ၆ ​ဆောင်​ပိုင်​တန်းစီးကို ဖြုတ်​ခိုင်းပြီး ​နေရာဝင်​ယူခဲ့တယ်​။ လူပုံ​တွေက ခပ်​ကြမ်းကြမ်း ခပ်ရမ်းရမ်း ​ထောင်​​ထောင်​​မောင်း​မောင်း​တွေနဲ့ ​ရွှေဘ​တောင် ​လန့်​​လောက်​တဲ့ စတိုင်​​တွေဆိုပဲ။...

Read more »

မျိုးတေဇာမောင် – ကဗျာကို ဘာသာပြန်ခြင်း

August 3, 2018
မျိုးတေဇာမောင်  – ကဗျာကို ဘာသာပြန်ခြင်း

  မျိုးတေဇာမောင်  – ကဗျာကို ဘာသာပြန်ခြင်း (မိုးမခ) သြဂုတ် ၃၊ ၂၀၁၈ နိဒါန်းစကား ဒီနေ့ ကျနော် စာတမ်းတစ်စောင် ဖတ်မှာ မဟုတ်ပါဘူး။ အကဲဒမစ် ကျကျ ပြောနိုင်ဖို့လည်း သိပ်မတတ်စွမ်းပါဘူး။အလွန်နည်းပါးလှတဲ့ ကျနော့် ရဲ့ ကဗျာ ဘာသာပြန်အတွေ့အကြုံ တချို့၊ ဘာသာပြန်ရာမှာ ကြုံရတဲ့ အခက်အခဲတချို့၊ နဲ့ ကဗျာဘာသာပြန်ခြင်း နဲ့ ဘာသာပြန်ကဗျာဆိုင်ရာ ကျနော့် ပုဂ္ဂလိက အမြင်တချို့ ကို YTU က မိတ်ဆွေတွေနဲ့ မျှဝေမှာပဲဖြစ်ပါတယ်။ နောက်ပြီး ခင်ဗျားတို့ နဲ့ ကဗျာ တစ်ပုဒ်လောက် အတူတူဘာသာပြန်ကြည့်ကြမယ်လို့ စိတ်ကူးထားပါတယ်။ ၁။ကဗျာကို ဘာသာပြန်လို့ရသလား ဘာသာပြန်ကဗျာနဲ့ပတ်သက်ပြီး ကျနော်မေးခွန်း (၁)ခု လောက် မေးကြည့်ပါမယ်။ ကဗျာကိုဘာသာပြန်လို့ရသလား...

Read more »

မောင်လူပေ – မြန်မာ အမေရိကန်တို့အကြောင်း

August 3, 2018
မောင်လူပေ – မြန်မာ အမေရိကန်တို့အကြောင်း

  မောင်လူပေ – မြန်မာ အမေရိကန်တို့အကြောင်း (မိုးမခ) သြဂုတ် ၃၊ ၂၀၁၈ အမေရိကားရောက်နေတဲ့ မြန်မာတွေကို မြန်မာအမေရိကန်တွေလို့ ခေါ်ကြတယ်။ မြန်မာပြည်မှာမွေးကြတဲ့ မြန်မာအပါအဝင် တိုင်းရင်းသားပေါင်းစုံဟာ မြန်မာ အမေရိကန်တွေပါပဲ။ ဘိုဆန်ဆန်ပြောရင်တော့ Burmese American တွေဆိုပါတော့။ မိုင်ပေါင်းသောင်းချီဝေးတဲ့ ဒီဒေသကိုရောက်နေကြတဲ့မြန်မာပြည်ဖွားအပေါင်းကလည်း အမေရိကားရဲ့ ၂၀၁၀ တရားဝင် သန်းကောင်စာရင်းအရ တစ်သိန်းနဲ့နှစ်ရာ စာရင်းပေါက်တယ်။ အခု၂၀၁၈ဆိုတော့ တွေးသာကြည့်ပေတော့။ ၂၀၂၀မှာကောက်မဲ့ သန်းကောင်စာရင်းမှာဆိုရင်တော့ ခန့်မှန်းကြည့်တာ သုံးသိန်းလောက် စာရင်းပေါက်မယ်ထင်တယ်။ မြန်မာအမေရိကန်တွေထဲမှာ အများဆုံးကတော့ တရုတ်လို့ မြန်မာတွေခေါ်ကြတဲ့ မြန်မာပြည်ဖွားချိုင်းနိစ်တွေပါ။ မြန်မာစစ်စစ်တွေလိုပဲ မြန်မာစကားပြောတယ်။ မြန်မာပြည်ကိုချစ်တယ်။ မြန်မာဘုန်းကြီးကျောင်းတွေထောင်တယ်။ မြန်မာအစားအစာတွေကို ကြိုက်တယ်။ မြန်မာသီချင်းဆိုတယ်။ မြန်မာအက ကကြတယ်။ ဥပမာပြောရရင် ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောင့်မြို့က...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်