Posts Tagged ‘ ကိုသန်းလွင် ’

ကိုသန်းလွင် – ယဉ်ကျေးမှု

September 25, 2014
ကိုသန်းလွင် – ယဉ်ကျေးမှု

  ကိုသန်းလွင် – ယဉ်ကျေးမှု (မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၁၄ (၁) တခါတုံးက ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ကြီးထဲမှ ရေနံတွင်းတူးစဉ်ပေါ်တွင် အလုပ်လုပ်ရင်း တွေ့ ရသော နိုင်ငံခြားသားတယောက်က ကျွန်တော့်ကိုပြောပြဘူးသည်၊ တချိန်တွင် ရန်ကုန်မြို့တနေရာ လမ်းဘေး တွင်သူကားစောင့်နေဘူးသည်၊ ဆောင်းခါကြီး လေတွေတိုက်ပြီးသူချမ်းနေသည်၊ သူ့အင်္ကျီ မှာ ကြယ်သီး ပြုတ်နေလေသည်၊ ထိုစဉ်တွင် အိမ်ရှင်မတယောက်သည် သူ့ကို လာပါထိုင်ပါဆိုပြီး အိမ် ထဲကိုလာဘို့ခေါ်သည်၊ နောက်သူ့အင်္ကျီကို ချွတ်ခိုင်းပြီး ကြယ်သီးတတ်ပေးလိုက်သည်၊ သူသည် သူ့ အဖြစ်ကိုသူမယုံနိုင်ပေ၊ မြန်မာတွေသည် ယဉ်ကျေးဖေါ်ရွေသူတွေဖြစ်ကြာင်း ကျွန်တော့်ကို ပြောပြ လေသည်၊ (၂) ကျွန်တော်သည် နိုင်ငံတနိုင်ငံ၏ ယဉ်ကျေးမှု့ ဆိုသည်ကို အဓိပ္ပါယ်သတ်မှတ်နိုင်ရန် ကြိုးစားနေခြင်း    ...

Read more »

ကိုသန်းလွင် – စာကြည့်တိုက်

September 19, 2014
ကိုသန်းလွင် – စာကြည့်တိုက်

  ကိုသန်းလွင် – စာကြည့်တိုက် (မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၄ (၁) စင်္ကာပူသို့ရောက်သူတိုင်း မရောက်မဖြစ် သွားကြရမည့်နေရာများတွင် စင်္ကာပူ ဗဟိုစာကြည့်တိုက် သည်လည်း တခု အပါအ၀င်ဖြစ်ပါသည်၊ တမြို့လုံးတွင် စာကြည့်တိုက်ခွဲပေါင်း ၂၆ ခုရှိသည်၊ ဘူးဂစ် ဂျန်ရှင် နှင့် ဘရပ်ဘရာဇာ ကြား ဗစ်တိုးရီးယားလမ်းပေါ် တွင်ရှိသည့် ပင်မ စာကြည့်တိုက်ကြီးသို့ မရောက်လျင်ရှိစေဦး၊ စာကြည့်တိုက် အထားအသို၊ စံနစ်တို့ကိုသိနိုင်ရန် မိမိ တဲခိုသည့်နေရာ နှင့် အနီးဆုံး စာကြည့်တိုက်တခုခုသို့ ၀င်ပြီးကြည့်ရှုလေ့လာသင့်ပါသည်၊ စင်္ကာပူအစိုးရသည် အစိုးရတခုအနေနှင့်တာဝန်ရှိသည့်အတိုင်း မိမိ နိုင်ငံသားများ စာဖတ်ကြစေရန်၊ ပြင်ပဗဟုတများရှာဖွေရရှိနိုင်စေရန် အတတ်နိုင်ဆုံး စာကြည့်တိုက်ကို ပြည့်စုံအောင်လုပ်ပေးထား သည်၊ ဗဟိုစာကြည့်တိုက် အဆောက်အဦးသစ်ကို ၂၀၀၅ ခုနှစ်တွင်အသစ်ဖွင့်သည်၊...

Read more »

ကိုသန်းလွင် – သား

September 5, 2014
ကိုသန်းလွင် – သား

ကိုသန်းလွင် – သား (မိုးမခ)၊ စက်တင်ဘာ ၅၊ ၂၀၁၄ (၁) ကိုစိန်မြသည် သင်္ဘောသားဖြစ်သည်၊ ကျွန်တော်ဆီကို သူမလာတာကြာပါပြီ၊ နှစ်နှစ် လောက်ကြာသွားပြီထင် သည်၊ လာမည်လာတော့ သူ့တူမ တယောက်နှင့်အတူလာပြီး ဆိုင်မှာ ၂ နာရီလောက်နေသွားပါသည်၊ သူသည် သူ့သား၏ ကိတ်မုန့်ဆိုင်အကြောင်းစီကပါတ်ကုံးပြောပြသွားသည်၊ မြန်မာပြည်တွင်ကိတ်မုန့်ဆိုင်ပေါင်း ရာထောင် ချီ၍ရှိရာတွင် သူ့သား၏ကိတ်မုန့်ဆိုင်မှာ တခုတည်းထူးခြားသောဆိုင်ဖြစ်သည်၊ ကိတ်မုန့်ပေါ်တွင် စာရေးရန် ဖြစ်စေ၊ အရုပ်လုပ်ရန်ဖြစ်စေ သူ့သား၏လက်ရာမှာပြိုင်ဘက်ကင်းပြီး အလွန်လက်ရာမြောက်လှသည်၊ သူက Website တခုကိုပြရာ သူ့သား၏တီထွင်ကြံဆထားသောဒီဇိုင်းပုံ မျိုးစုံကိုတွေ့ကြရသည်၊ လူရုပ်၊ စစ်သားရုပ်၊ လေယာဉ်ပျံ၊ မီးရထား အရုပ်အမျိုးစုံအောင်တွေ့ရသည်၊ ထိုအရုပ်များမှာ ကိတ်မုန့်ပေါ်မှ အရုပ်များဖြစ်ပြီး ကိတ်မုန့်နှင့်အတူ စားရန်ဖြစ်ပါသည်၊ အော်ဒါတွေလာလိုက်ပုံမှာ တကမ္ဘာလုံးမှပင်ဖြစ်၏၊ အမေရိကား၊ ဥရောပနိုင်ငံတွေ၊...

Read more »

ကိုသန်းလွင် – အငြိမ်းစား

August 22, 2014
ကိုသန်းလွင် – အငြိမ်းစား

 ကိုသန်းလွင် – အငြိမ်းစား သြဂုတ် ၂၂၊ ၂၀၁၄ (၁) တနေ့က ကျွန်တော့်ဆိုင်သို့ မျှော်လင့်မထားသော သူငယ်ချင်းတယောက် ရောက်လာပါသည်၊ သူက“၀င်းဗိုလ်လဲ မတ်လက အသက်၆၀ပြည့်ပြီ၊ ကျွန်တော်ကသြဂုတ်လမှာပြည့်မယ်၊ ခင်ဗျား  ကောဘယ်တော့ပြည့်မလဲ” ဟုမေးသည်၊ သူတို့အထဲမှာကျွန်တော်က အသက် အငယ်ဆုံးဖြစ် နေလေသည်၊ လာမည့်စက်တင်ဘာလတွင် ကျွန်တော် အသက် ၆၀ ပြည့်ပါပြီ၊” ခင်ဗျားဘယ် တော့အနားယူမှာလဲ” ဟုသူက ဆက်မေးလေသည်၊ ကျွန်တော် သည် ကျွန်တော့် ဇနီးသည်၏ ဆိုင်တွင်ဆိုင်အကူလုပ်နေရ သူဖြစ်ရာအနားယူဘို့ကိစ္စမေးသော်ဖြေဘို့ အခက်ကြုံနေလေ သည်၊ (၂) ကျွန်တော့်အမေသည် မူလတန်းပြ ဆရာမကြီးဖြစ်ပြီး ၁၉၈၀ ပါတ်ဝန်းကျင် က အသက် ၆၀ ပြည့် သက်ပြည ပင်စင်ယူခဲ့ပါသည်၊ အဖေ ပင်စင်ယူတာက...

Read more »

ကိုသန်းလွင် – ဘွဲ့ယူစာတမ်း

July 26, 2014
ကိုသန်းလွင် – ဘွဲ့ယူစာတမ်း

ကိုသန်းလွင် – ဘွဲ့ယူစာတမ်း ဇူလိုင် ၂၆၊ ၂၀၁၄ (၁) ၁၉၇၅ ခုကျွန်တော်ပဉ္စမနှစ်အရောက်မှာ အင်ဂျင်နီယာဘွဲ့ အတွက်ဘွဲ့ယူ စာတမ်းပြုစုကြရမည်ဟု စံနစ်ကို ပြင်ဆင်လိုက်လေသည်၊ ပါမောက္ခချုပ် ဒေါက်တာအောင်ကြီး လက်ထက်မှာဖြစ်ပါသည်၊ နိုင်ငံတကာ တက္ကသိုလ် များ စံနှုံး အရဆိုပါက ဤကိစ္စ ဖြစ်သင့် သည်မှာကြာပါပြီ၊ ကျွန်တော်တို့ နောက်ဆုံးနှစ် နှစ်တ၀က် ကို စာသင်ခမ်းများ သို့ သွားရန်မလိုတော့ဘဲ စာတမ်းကိုသာပြီးအောင်ပြုစုကြရမည်ဖြစ်ပါ၏၊ ကျွန်တော်တို့ လျပ်စစ်အင်ဂျင်နီယာဌာနမှာ “စွမ်းအား” နှင့် “ဆက်သွယ်ရေး” ဟူ၍ လိုင်း နှစ်လိုင်း ခွဲထား ပါသည်၊ ပထမ လေးနှစ်မှာ စာအတူတူ သင်ကြရပြီး ပဉ္စမနှစ်ရောက်သော် အတန်းခွဲ ၍သင်ကြရပါသည်၊ ကျွန်တော်တို့ ပဉ္စမ နှစ်အရောက်မှာပင်  “ဆက်သွယ်ရေး”...

Read more »

ကိုသန်းလွင် – ကျောင်းဆရာ

June 25, 2014
ကိုသန်းလွင် –  ကျောင်းဆရာ

ကျောင်းဆရာ ကိုသန်းလွင်၊ ဇွန် ၂၅၊ ၂၀၁၄ (၁) ခြင်္သေ့မ ကလေးမွေးရာသို့ မြေခွေးမက မီးနေသည် အမေးရောက် လာသည် “ ဟောတော့ ကလေးမွေးတာ ကလဲ တကောင်ထဲတော့” ဟုဝေဖန်လေသည်၊ “ ဟဲ့ ဒါက ခြင်္သေ့ဟဲ့ ခြသေ့င်္” ဟု ခြင်္သေ့မက ပြန်ပြော လေ သည်၊ လူထုဦးလှရေးသော ကျေးလက်ပုံပြင်များထဲမှ ပုံပြင်တပုဒ်ဖြစ်ပါသည်၊ (၂) ကျွန်တော်သည် ရေနံ လုပ်ငန်းတဖက်နှင့် သုံးလတကြိမ် အိမ်သို့ ခွင့်ပြန်ရသောအခါ ၁၀တန်းကလေးတွေကို စာသင် ပေး ရပါသည်၊ တကြိမ်တွင် ကျွန်တော့် ကျောင်းသားမှာ တယောက်ထည်း ဖြစ်နေသည်၊ စားပွဲမှာ ထိုင် ရင်း မျက်နှာခြင်းဆိုင် သင်ပေးရခြင်းဖြစ်ပါသည်၊ ၁၀ တန်းစာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်