Posts Tagged ‘ ကိုဂျေ ’

ကိုဂျေ – စာရေးဆရာမောင်သော်က ပြောသော ပုံပြင်များ

January 19, 2018
ကိုဂျေ – စာရေးဆရာမောင်သော်က ပြောသော ပုံပြင်များ

ကိုဂျေ – စာရေးဆရာမောင်သော်က ပြောသော ပုံပြင်များ (မိုးမခ) ဇန်န၀ါရီ ၁၉၊ ၂၀၁၈ ဆရာမောင်သော်ကရဲ့ စာပေဟောပြောပွဲတွေကို နားထောင်ဖူးသူတွေကတော့ ‘ရန်ကုန်မြို့လယ်က အပေါက်များ’ ‘VIP ရေခဲချောင်း’ နဲ့ ‘ဆင်ထိန်းမောင်စိန်’ အကြောင်းတွေကို သတိရကြမှာပါ။ ၁၉၈၈ အရေးအခင်း ကာလမှာ ဆရာနဲ့ဆုံတဲ့ အခါတိုင်း၊ သူစင်ပေါ်မှာ ပြောခွင့်မကြုံသေးလို့ မပြောဖြစ်ခဲ့တဲ့ ဟာသတွေကို ပြောတတ်ပါတယ်။ စင်ပေါ်မှာ မပြောဖြစ်တဲ့ အကြောင်းအရာ အများစုကတော့ အာဏာရှင် ဦးနေဝင်းအကြောင်းနဲ့ လမ်းစဉ်ပါတီခေတ်က အုပ်ချုပ်ရေးပိုင်း ညံ့ဖျင်းတာ၊အာဏာအလွဲသုံးစား လုပ်ခဲ့တာတွေကို ပြောတဲ့ ဟာသတွေ ဖြစ်ပါတယ်။ တရက်မှာ ဆရာက…. “တို့နဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့က ရာဇဝင်ကြွေးတွေ ရှိတယ်ကွ” လို့ ပြောလာ ပါတယ်။ မြန်မာက...

Read more »

ကိုဂျေ – တရားခံဖြစ်သွားတဲ့ ရှေ့နေ စာရေးဆရာကြီး ဦးကိုယု (မောင်သစ်) – ၂

January 18, 2018
ကိုဂျေ – တရားခံဖြစ်သွားတဲ့ ရှေ့နေ စာရေးဆရာကြီး ဦးကိုယု (မောင်သစ်) –  ၂

  ကိုဂျေ – တရားခံဖြစ်သွားတဲ့ ရှေ့နေ စာရေးဆရာကြီး ဦးကိုယု (မောင်သစ်) –  ၂ (မိုးမခ) ဇန်န၀ါရီ ၁၈၊ ၂၀၁၈ ‘လွမ်းလိုက်တာကွာ၊ ငါနဲ့ အတွဲဆုံး စာရေးဆရာတွေပဲ သေမင်းက ဆွဲခေါ်နေသလားထင်ရတယ်’ လို့ ဆရာဦးအောင်သင်းက ဗုဒ္ဓဟူးဝိုင်းမှာ မကြာခဏ ပြောလေ့ရှိပါတယ်။ ဆရာဦးအောင်သင်း ပြောတဲ့ သူနဲ့ အတွဲဆုံး စာရေးဆရာတွေ ဆိုတာကတော့ ဗိုလ်မှူးဘသော် (ခေါ်) မောင်သော်က၊ ဥပဒေပညာရှင် ဦးကိုယု (ခေါ်) မောင်သစ်နဲ့ ဆရာမြသန်းတင့်တို့ကို ရည်ညွှန်း ပြောဆိုတာ ဖြစ်ပါတယ်။ ဆရာမောင်ကိုယုနဲ့ ဆရာမောင်သော်က တို့ရဲ့ စာပေဟောပြောပွဲတွေဆိုရင် အတွဲညီတဲ့အကြောင်း၊ ဟောပြောပွဲပြီးသွားတာတောင် ဆက်ဟောဖို့ ပရိသတ်က အော်တဲ့ အထိ ကြုံခဲ့ဖူးကြောင်းကိုလည်း ဦးအောင်သင်းက...

Read more »

ကိုဂျေ – တရားခံဖြစ်သွားတဲ့ ရှေ့နေ စာရေးဆရာကြီး ဦးကိုယု (မောင်သစ်)

January 14, 2018
ကိုဂျေ – တရားခံဖြစ်သွားတဲ့ ရှေ့နေ စာရေးဆရာကြီး ဦးကိုယု (မောင်သစ်)

ကိုဂျေ – တရားခံဖြစ်သွားတဲ့ ရှေ့နေ စာရေးဆရာကြီး ဦးကိုယု (မောင်သစ်) (မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၈ မြန်မာစာရေးဆရာတွေသာ ပြောတဲ့ နင့်ယောက်ျားဆီလာတဲ့ စာရေးဆရာတွေကလဲ တရုတ်နဲ့ ကုလားတွေချည်းပဲလို့ ကျနော် ဇနီးရဲ့ အမေ ပြောတဲ့စကားကို သတိရနေမိတယ်။ ယောက်ခမကြီး ပြောစကားကို သတိထား ကြည့်မိတော့မှ ကိုယ့်ကိုယ်ကိုယ် ပြုံးလိုက်မိပါ့…။ ဟုတ်ပါရဲ့။ အိမ်ကို ဝင်ထွက်သွားလာခဲ့တဲ့ စာရေးဆရာတွေ၊ စာပေနဲ့ ပတ်သက်နေသူတွေကို ကြည့်လိုက်ရင်… ကာတွန်းကံချွန်၊ ကာတွန်းဗိုလ်မောင်၊ ကိုနေဝင်းမြင့်နဲ့ စာကြည့်တိုက်မှူး ကိုသန်းထွန်းအောင် တို့က အိန္ဒိယကပြားတွေ။ ရုပ်ရှင်ဒါရိုက်တာနဲ့ သွေးသောက်မဂ္ဂဇင်းအယ်ဒီတာ ဦးပြည့်စုံ၊ စာရေးဆရာ မောင်ခေတ်ထွန်းနဲ့ ဦးကိုယု(မောင်သစ်) တို့က တရုတ်ကပြားတွေ…။ xxxxxxxxx ‘ဦးကိုယု ဆိုတာ ငါ့တို့...

Read more »

ကိုဂျေ – မြန်မာပြည်မြောက်ပိုင်းက စာရေးဆရာကြီး နတ်နွယ်

January 13, 2018
ကိုဂျေ – မြန်မာပြည်မြောက်ပိုင်းက စာရေးဆရာကြီး နတ်နွယ်

ကိုဂျေ – မြန်မာပြည်မြောက်ပိုင်းက စာရေးဆရာကြီး နတ်နွယ် (မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၈ “ခင်ဗျားကို ဆရာနတ်က တွေ့ချင်တယ်ပြောတယ်… ဒီညနေ လာတွေ့လိုက်ပါလား”လို့ ထိုစဉ်က ဘဝတက္ကသိုလ်စာပေမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်း ကိုရဲမြင့်(သရဖူမဂ္ဂဇင်း)က ပြောတယ်။ ဆရာနတ်နွယ် အနေနဲ့ နွယ်နီမဂ္ဂဇင်းကို ဘဝတက္ကသိုလ်စာပေကနေ ထုတ်ဖို့ ပြင်ဆင်နေတဲ့ အကြောင်းကို ကိုရဲမြင့်က အနည်းအကျဉ်း ပြောပြတယ်။ ဒီလိုနဲ့ ဆရာနတ်နွယ်နဲ့ တွေ့ခဲ့တယ်။ ဆရာနတ်နွယ်ဆိုတာက ပိန်ပိန်ပါးပါး၊ အသားလတ်လတ်၊ မျက်နှာသွယ်သွယ်၊ မပွင့်တပွင့် အပြုံး ပြုံးတတ်သူ။ စကားများများ မပြောသလို၊ စကားပြောတဲ့အခါမှာလဲ အသံကို တိုးတိုးလေး ပြောတတ်သူ။ လမ်းလျှောက်တဲ့အခါ ခြေဖဝါးကို ဖွဖွလေးနင်းပြီး ခေါင်းငိုက်စိုက်ချ လျှောက်တတ်သူ။ လမ်းမှာ သူနဲ့ ဆုံတဲ့အခါ...

Read more »

ကိုဂျေ – ဘုန်းကြီးကျောင်းသားဘဝကနေ စာပေပညာရှင် ဖြစ်လာသူ ဆရာကြီးပါရဂူ

January 12, 2018
ကိုဂျေ – ဘုန်းကြီးကျောင်းသားဘဝကနေ စာပေပညာရှင် ဖြစ်လာသူ ဆရာကြီးပါရဂူ

  ဓာတ်ပုံ – မြတ်ခိုင် ကိုဂျေ – ဘုန်းကြီးကျောင်းသားဘဝကနေ စာပေပညာရှင် ဖြစ်လာသူ ဆရာကြီးပါရဂူ (မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၈ တယောက်ထဲ ရှင်သန်ရတာ သိပ်ခက်တယ်။ နေမကောင်းတဲ့အခါ ရေတခွက် ခပ်သောက်ဖို့ကအစ ဒုက္ခရောက်တယ်။ ခင်ဗျား အိမ်ထောင်ပြုလိုက်တာ ကောင်းတယ်။ ခင်ဗျားက အလုပ်လဲ ကြိုးစားတော့ အောင်မြင်မှာပါလို့ ကျနော့်ရဲ့ မင်္ဂလာဆောင် ဖိတ်စာလေးကို ဖတ်နေရင်း..ဆရာပါရဂူက ပြောခဲ့တယ်။ အချိန်ရှိပါသေးတယ် ဆရာရယ်လို့ နောက်တော့…ချစ်စရာကောင်းတဲ့ သူ့မျက်နှာပြင်ထက်က အပြုံးတွေနဲ့ ကျနော့်ကိုကြည့်နေတယ်။ ကဲ လာ..လက်ဖက်ရည်ဆိုင်ရောက်မှ ဒီကိစ္စ ဆက်ပြောကြမယ်ဆိုပြီး ဗဟန်း၊ ဝင်္ဂဘာလမ်းမှာရှိတဲ့ သူ့နေအိမ်ရဲ့ မျက်နှာချင်းဆိုင်က လက်ဖက်ရည်ဆိုင်လေးကို ထွက်ခဲ့ကြတယ်။ xxxxx စာရေးဆရာကြီးတွေထဲမှာ ဆရာကြီးပါရဂူနဲ့ စကားပြောတဲ့အခါတိုင်း ကျနော့်မှာ...

Read more »

ကိုဂျေ – သတ်ပုံပြင်စရာမလိုတဲ့ မြန်မာစာရေးဆရာကြီးများ

January 11, 2018
ကိုဂျေ – သတ်ပုံပြင်စရာမလိုတဲ့ မြန်မာစာရေးဆရာကြီးများ

ကိုဂျေ – သတ်ပုံပြင်စရာမလိုတဲ့ မြန်မာစာရေးဆရာကြီးများ (မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၈ ကံကောင်းထောက်မတဲ့အတွက် မြန်မာစာပေနယ်က စာရေးဆရာ၊ ကဗျာဆရာ အတော်များများရဲ့ မူရင်း စာမူတွေကို ဖတ်ခွင့်ရခဲ့ဖူးပါတယ်။ ဒီအထဲမှာ ဘယ်စာရေးဆရာတွေရဲ့ စာမူကိုတော့ သတ်ပုံ ဂရုစိုက်ပြင်ရမယ်။ ဘယ်စာရေးဆရာတွေကတော့ ပြင်စရာမလိုဘူးဆိုတဲ့ အတွေ့အကြုံ ရခဲ့ပါတယ်။ မြန်မာစာရေးသားရာမှာ သတ်ပုံသတ်ညွှန်း စံထားရတဲ့ စာရေးဆရာကြီးတွေထဲမှာ ကဗျာဆရာကြီး ဦးတင်မိုးဟာ ထိပ်ဆုံးက ပါဝင်သူတဦး ဖြစ်ပါတယ်။ ဆရာ့ရဲ့ လက်ရေးစာမူတိုင်းဟာ ဖျက်စရာ မရှိသလို၊ ရှင်းလင်း နေတတ်ပါတယ်။ ဒါကြောင့် စာမူကို စာစီတဲ့နေရာမှာ ဆရာ့ လက်ရေးစာမူ မူရင်းနဲ့သာ တိုက်ဆိုင် စိစစ်ခဲ့ပါတယ်။ ဆရာဂျမ်းလိုပဲ သတ်ပုံကို အထူးဂရုစိုက်တဲ့ စာရေးဆရာကြီးတွေထဲမှာ ဆရာမကြီး လူထုဒေါ်အမာ၊...

Read more »

ကိုဂျေ – ဒေါသနဲ့ မာနတွေကို ခဝါချခဲ့သူ ဆရာကြီးဦးတက်တိုး

January 10, 2018
ကိုဂျေ – ဒေါသနဲ့ မာနတွေကို ခဝါချခဲ့သူ ဆရာကြီးဦးတက်တိုး

  Photo Credit – Myat Khine ကိုဂျေ – ဒေါသနဲ့ မာနတွေကို ခဝါချခဲ့သူ ဆရာကြီးဦးတက်တိုး (မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၈ ၁၉၈ဝ ပြည့်နှစ်။ နဝဒေးလမ်း.. ယခင်အခေါ် လန်ကစ္စတာလမ်း ခြံအမှတ် ၁၁ ရဲ့ ခြံတံခါးမှာ တပ်ဆင်ထားတဲ့ ခေါင်းလောင်းကို လှုပ်သင့် မလှုပ်သင့် စဉ်းစားနေခဲ့တယ်။ စိတ်ထဲမှာ သိမ်ငယ်စိတ်၊ ကြောက်စိတ်ကလဲ ဝင်နေတယ်။ တွေ့ရမယ့်သူက ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှာ နည်းပြဆရာအဖြစ် တာဝန်ထမ်းခဲ့သူ၊ ပြန်ကြားရေး ဘာသာပြန်ဌာနခွဲစာတည်း၊ Time Magazine ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်၊ မြန်မာ့သတင်းစဉ် နိုင်ငံခြားသတင်းဌာနရဲ့ အယ်ဒီတာချုပ်၊ သတင်းနဲ့ စာနယ်ဇင်း ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် အမှုထမ်းခဲ့တဲ့ စာရေးဆရာကြီး...

Read more »

ကိုဂျေ – မြန်မာ့လွတ်လပ်ရေးနေ့နဲ့ စာရေးဆရာမောင်သော်က

January 6, 2018
ကိုဂျေ – မြန်မာ့လွတ်လပ်ရေးနေ့နဲ့ စာရေးဆရာမောင်သော်က

  မူရင်းဓာတ်ပုံ – ဆန်နီညိမ်း ကိုဂျေ – မြန်မာ့လွတ်လပ်ရေးနေ့နဲ့ စာရေးဆရာမောင်သော်က (မိုးမခ) ဇန်န၀ါရီ ၇၊ ၂၀၁၈လွတ်လပ်ရေးနေ့ရောက်တိုင်း ကိုဂျေ သတိရဆုံး တယောက်ကတော့ စာရေးဆရာ မောင်သော်က လို့ လူသိများတဲ့ ဗိုလ်မှူးဘသော် ဖြစ်ပါတယ်။ “ဘေတာ မင်းဒီနေ့ည ဘယ်သွားစရာရှိလဲ” “ဘယ်မှ သွားစရာမရှိဘူး ကျကျာကြီး” “ဒါဆို လသာ ဟောပြောပွဲကို လိုက်ခဲ့။ ပွဲကောင်းတယ်။ ကိုအောင်သင်း ပါတယ်။ ကျော်ဟိန်း ပါတယ်”လို့ ဆရာမောင်သော်ကက ပြောတယ်။ ၁၉၈၄ ခုနှစ်က ဟောပြောပွဲဆိုတော့ အခုဆိုရင် ၃၄ နှစ်ကြာခဲ့ပါပြီ။ ကျကျာကြီး အင်းစိန်ထောင်ထဲမှ ကျဆုံးခဲ့တာက ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ရက်… အခုဆိုရင် ၂၇ နှစ်ထဲ...

Read more »

ကိုဂျေ – စစ်အစိုးရလက်ထက်က အပိတ်ခံရတဲ့ ဆရာမြသန်းတင့်ရဲ့ “ဧကရီဖွားစော”

December 23, 2017
ကိုဂျေ – စစ်အစိုးရလက်ထက်က အပိတ်ခံရတဲ့ ဆရာမြသန်းတင့်ရဲ့ “ဧကရီဖွားစော”

  ကိုဂျေ – စစ်အစိုးရလက်ထက်က အပိတ်ခံရတဲ့ ဆရာမြသန်းတင့်ရဲ့ “ဧကရီဖွားစော”  (မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၇ (သူ့ဖေစ့်ဘွတ်က ယူပါတယ်) စာရေးဆရာမောရစ်ကောလစ် Maurice Collis, ရေးတဲ့ She Was a Queen စာအုပ်ကို ဆရာမြသန်းတင့်က စန္ဒာမဂ္ဂဇင်းမှာ “မိဖုရားဖွားစော” ခေါင်းစဉ်နဲ့ အခန်းဆက် ဘာသာပြန်ခဲ့တယ်။ ဒီစာမူကို ထုတ်ဝေသူတဦးက စာအုပ်ထုတ်ဖို့ စီစဉ်ခဲ့ပေမယ့် စာပေစိစစ်ရေးက ခွင့်မပြုခဲ့ဘူး။ ဒီလိုနဲ့ အဲဒီစာမူတွေဟာ လက်ထဲရောက်လာတယ်။ စာမူကို ဖတ်ကြည့်လိုက်တာ။ လက်ကတောင် မချချင်ဘူး။ အကြောင်းအရာကလဲ စိတ်ဝင်စားတဲ့ အကြောင်း ဖြစ်သလို၊ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်ကလဲ ကောင်းလွန်းတာကြောင့် ဒီစာအုပ်ကို မရရအောင်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆရာမြသန်းတင့်ကိုလဲ ထုတ်မယ့်အကြောင်း ပြောလိုက်တယ်။...

Read more »

ကိုဂျေ – ကျနော်ချစ်တဲ့ ကာတွန်းပညာရှင် မောင်ဝဏ္ဏ

December 22, 2017
ကိုဂျေ – ကျနော်ချစ်တဲ့ ကာတွန်းပညာရှင် မောင်ဝဏ္ဏ

ကိုဂျေ – ကျနော်ချစ်တဲ့ ကာတွန်းပညာရှင် မောင်ဝဏ္ဏ (မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၇ (သူ့ဖေ့စ်ဘွတ်က ယူပါတယ်) တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ်နဲ့ မျက်မှောက်ကာလအထိ ခေတ်စနစ်တိုင်းရဲ့ ကမောက်ကမ ဖြစ်မှုတွေကို မထောက်မညှာ သရော်နိုင်ဆုံး၊ အသိပေးနိုင်ဆုံး စာနယ်ဇင်း လောကသားတွေထဲမှာ ကာတွန်းဆရာတွေဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒါကြောင့် ကိုဂျေဟာ ကာတွန်းဆရာတွေကို ချစ်ခင် လေးစားပါတယ်။ ကိုဂျေ အဖို့တော့ လွမ်းရတဲ့ ကာတွန်းဆရာကြီးတွေက များလွန်းလှပါတယ်။ ကိုယ်နဲ့ ဆက်ဆံခဲ့ဖူးတဲ့ စာနယ်ဇင်း ကာတွန်းဆရာတွေထဲမှာ ကာတွန်းဦးဖေသိန်း၊ ကာတွန်းဦးအောင်ရှိန်၊ ကာတွန်းမောင်စိန်၊ ကာတွန်းမောင်လွင်၊ ကာတွန်းသော်က၊ ကာတွန်းငွေကြည်၊ ကာတွန်းရွှေမင်းသား၊ ကာတွန်းအောင်အောင် (ရွှေဂေါင်းပြောင်)၊ ကာတွန်းမြေဇာ၊ ကာတွန်းမောင်ဝဏ္ဏ၊ ကာတွန်းတင်အောင်နီ၊ ကာတွန်းမောင်မောင်၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်