Posts Tagged ‘ ကိုသစ် (သီတဂူ) ’

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၁၂)

June 13, 2018
ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၁၂)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၁၂) (မိုးမခ) ဇွန် ၁၃၊ ၂ဝ၁၈ ဒီနေ့မနက် ဝေလီဝေလင်းအချိန်မှာ နယူးဒေလီက ကိုထွန်းနောင်တယောက် ဓရံဆာလာကို ရောက်လာသည်။ ကိုထွန်း နောင်က ရန်ကုန် လှိုင်မြို့နယ်သားဖြစ်သည်။ အရေးအခင်းကာလမှာ ပါဝင်လှုပ်ရှားရင်း ပစ်ကြခတ်ကြတော့ ပြေးရင်းလွှား ရင်းနဲ့ နောက်ဆုံး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကိုရောက်ရှိလာပြီး အဲဒီမှာ သောင်တင်နေခြင်းဖြစ်သည်။ သူငယ်ချင်းငနု ချောင်းသားကြီးရဲ့ အဆိုအရတော့ အဲဒီတုန်းက အိန္ဒိယမှာရှိတဲ့ မြန်မာရဟန်းတော်ရပ်ဝန်းမှာ ကွန်ပျူတာကျွမ်းကျွမ်းကျင်ကျင် တတ်တာဆိုလို့ သူနဲ့ ထွန်းနောင်နှစ်ယောက်ပဲ ရှိသည်ဟု ဆိုပါသည်။ ကိုထွန်းနောင်လာတော့ ကန်စွန်းရွက်တွေ၊ ချဉ်ပေါင်ရွက်တွေ တထုပ်ကြီးပါလာသည်။ နယူးဒေလီတက္ကသိုလ်မှာ ကျောင်း တက်နေသည့် သူငယ်ချင်းဖြစ်သူ အရှင်ဇဋိလာ လင်္ကာရက...

Read more »

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၁၁)

June 6, 2018
ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၁၁)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၁၁) (မိုးမခ) ဇွန် ၆၊ ၂၀၁၈ ဒီနေ့ ဓရံဆာလာမှာ မိုးတွေ အရမ်းရွာနေသည်။ ဒီမိုးနဲ့ကတော့ ညနေဘက် လမ်းလျှောက်ထွက်လို့ မဖြစ်တော့။ ညနေငါးနာရီ ထိုးတော့မည်။ မျှစ်ချဉ်နဲ့ ၀က်သားတွေကို တ၀ကြီးဘုန်းပေးထားသော ငနုချောင်းသားကြီးကလည်း အိပ်တုန်း။ အခါတိုင်း လာနေကျ ဆရာမေလည်း ဒီနေ့ရောက်မလာ။  မဖြစ်သေးပါဘူး။ ကော်ဖီဖျော်ဦးမှ။ ဂစ်စ်မီးဖိုကလေးနဲ့ ရေနွေးတည်၊ တိဗက် သီလရှင်လေး အာဂျန်ပေးထားသော ကော်ဖီမစ်တစ်ထုပ်ကို မတ်ခွက်ထဲဖောက်ထည့်လိုက်ပြီး အိန္ဒိယနိုင်ငံထုတ် စတီး လ်ဇွန်း ဖြင့် ခပ်နာနာကလေး ခေါက်ထည့်လိုက်သည်။ တဒေါက်ဒေါက်ခေါက်သံကြားတော့ ခုတင်ကြီးပေါ်တွင် ဆန့်ဆန့်ကြီးအိပ်နေသော ငနုချောင်းသားကြီးက တချက်ခေါင်းထောင်ကြည့်လိုက်သေးသည်။ သို့သော် သိပ်မကြာခင်မှာပဲ ဟောက်သံသဲ့သဲ့ကို...

Read more »

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၉)

May 28, 2018
ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၉)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၉) (မိုးမခ) မေ ၂၈၊ ၂ဝ၁၈ တိဗက်လူမျိုး သုံးပုံတစ်ပုံက သာသနာ့ဝန်ထမ်း ရှင်ရဟန်းများသာဖြစ်ကြောင်း အထက်မှာဆိုခဲ့ပြီ။ တိဗက်လူမျိုးသုံးဦးမှာ တစ်ဦးက သာသနာ့ဝန်ထမ်းဖြစ်ပါသည်။ တိဗက်လူမျိုးများသည် မဟာယာနဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင်ကြများဖြစ်ပြီး သူတပါးကို ဦးစားပေးတတ်ခြင်း၊ ကိုယ်ကျိုးမဖက်ခြင်း၊ ချစ်ခြင်းမေတ္တာတရားနှင့် ကိုယ်ချင်းစာတရားကို ယုံကြည်မြတ်နိုး တတ်ကြသူများဖြစ်သည်။ ဘဝမှာ အဆိုး လောကဓမ္မတွေနဲ့ ကြုံတွေ့ရသည့်အခါမှာပင် သူတပါးအပေါ် အပြစ်မတင်ရက် တတ်ကြ။ အတိတ်က မိမိရဲ့ အဆင်ခြင်မဲ့မှုတွေရဲ့ အကျိုးဆက်ဟုသာ ခံယူတတ်ကြသူများဖြစ်သည်။ သည်းခံခြင်း၊ စာနာ နားလည်ခြင်းနှင့် သူတပါးအပေါ် မေတ္တာကြီးမားစွာထားခြင်းဖြင့်သာလျှင် သံသရာကလွတ်မြောက်နိုင်သည်ဟု တိဗက် လူမျိုးများက အခိုင်အမာယုံကြည်ထားကြလေသည်။ လူဝင်စားလားမားကြီးများကို တိဗက်လူမျိုးတို့က...

Read more »

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၈)

May 18, 2018
ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၈)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၈) (မိုးမခ) မေ ၁၈၊ ၂၀၁၈ ပညာရေး၊ ဥပဒေရေးနှင့် တရားစီရင်ရေးစသည့် လောကီအမှုကိစ္စ အ၀၀တွင် ဘာသာရေး အရိပ်အငွေ့များ လွှမ်းမိုးမှုကင်းဖို့ ကြိုးစားနေကြချိန်တွင် တိဗက်တို့ ကတော့ သူ့အိပ်မက်တွေကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဆဲပင်ဖြစ်သည်။ သူတို့က Secularism ကို သိပ်လိုလိုလားလား မရှိတတ်ကြ။ တိဗက်လူမျိုး ခုနှစ်သန်းကျော်တွင် သုံးပုံတစ်ပုံက ဘုန်းကြီးသီလရှင်များဖြစ်နေကြပါသည်။ ဘာသာတရား၏ အဆုံးအမ များက တိဗက်လူမျိုးတို့၏ ရိုးတွင်းချဉ်ဆီအထိ စိမ့်ဝင်နေကြပြီး သူတို့၏ နေ့စဉ် လုပ်ငန်းများတွင် ဘာသာရေးဆိုင်ရာ လုပ်ဆောင်ချက်များက ပိုများနေလေ့ရှိသည်။ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာပွဲများ၊ မင်္ဂလာဆောင်၊ မွေးနေ့စသည့် အခမ်းအနား ပွဲလမ်းသဘင်များကို ဘာသာရေးအရိပ်အောက်တွင်...

Read more »

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၇)

February 1, 2018
ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၇)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၇) (မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂ဝ၁၈ တိဗက်ပြည်ကြီး မျက်လုံးမမှေးခင်အချိန်ထိ သူကတသီးတသန့် ဆန်လွန်းသည်။ အိမ်နီးချင်းများရှိသော်လည်း အခေါ်အပြော သိပ်မရှိလှ။ သူ့မြေသူ့ရေ သူ့အလှတရားကို သူ့ရင်ဘတ်ထဲမှာပဲ သိမ်းဆည်းထားပါသည်။ ကမ္ဘာကြီး ကျဉ်းသည်ဖြစ်စေ ကျယ်သည်ဖြစ်စေ သူတို့နှင့်ဆိုင်။ စိတ်ဝင်စားခြင်းလည်း မရှိ။ သူတို့ဆုပ်ကိုင်ထားသည်က နူးညံ့မှု၊ ရိုးသားမှုနှင့် ချစ်ခြင်း မေတ္တာ တရား။ သူတို့အားလုံးက ဘာသာတရား၏ သွန်သင်ဆုံးမမှု အရိပ်အောက်တွင် လူလားမြောက်ခဲ့ကြခြင်းဖြစ် သည်။ အိမ်နီးချင်းတွေကို ကြည့်ပါဦး။ တိဗက်ပြည်၏အနောက်ဘက်တွင် ကာဂျစ်စတန်၊ တာဂျီကစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စ တန်တို့ရှိပြီး တောင်ဘက်တွင် နီပေါ၊ ဘူတန်နှင့် အိန္ဒိယနိုင်ငံတို့ တည်ရှိနေကြသည်။...

Read more »

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၆)

January 18, 2018
ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၆)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၆) (မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၁၈ ပြည်ပမှာရောက်ရှိနေကြသည့် တိဗက်လူငယ်များ အဓိကကြုံတွေ့နေရသော ပြဿ နာမှာ အဆင့်မြင့်ပညာရေးပင်ဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ ကောလိပ်များ၊ တက္ကသိုလ် များတွင် တက်ရောက် ပညာသင်ယူနေကြသည့် တိဗက်ေ ကျာင်းသားများ ရှိသော်လည်း အရေအတွက်အားဖြင့် အလွန်နည်းပါးနေသေးသည်ဟုဆိုပါသည်။ “ကျနော်တို့ အတွက် အခွင့်အရေးက အကန့်အသတ်တွေ ရှိနေတယ်။ ကျောင်းဝင်ကြေးတွေက မြင့်လွန်းနေပြီး စကောလားရှစ်ပေးတာက နည်းနေတော့ တက္ကသိုလ်ပညာရေးဆိုတာ ကျနော်တို့အတွက် အလှမ်းဝေးနေသလိုမျိုးဖြစ်နေတာပေါ့။ ပညာသင်ဆုရလို့ ကျောင်း ပြီးဘွဲ့ ရသွားတဲ့ သူတွေကြပြန်တော့လည်း အလုပ်ရဖို့က မသေချာပြန်ဘူး။ ဒီတော့ ဘွဲ့ရပေမယ့် အလုပ်မရှိ တဲ့ ဘွဲ့ရအလုပ်လက်မဲ့ လူငယ်တွေ...

Read more »

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၅)

January 14, 2018
ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၅)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၅) (မိုးမခ) ဇန်နဝါရီ ၁၄၊ ၂ဝ၁၈ ဒီနေ့ညနေပိုင်းမှာတော့ မရောက်တာကြာနေပြီဖြစ်သည့် အင်္ဂလိပ်စာသင်တန်းရှိရာ တိဗက်ကျောင်းကလေးဘက်ဆီသို့ ခြေလှမ်းတွေကို ဦးတည်လိုက်ပါသည်။ ဒီနေ့သင်တဲ့ အင်္ဂလိပ်စာဆရာမက အမေရိကန်သူလေး Megan Akar တဲ့။ ဆရာမလေးက Genocide ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ဘယ်တုန်းက ဘယ်သူက ဘယ်သူ့ကို…စသည်ဖြင့် အသေးစိပ် ရှင်းပြနေပါသည်။ Genocide ဆိုတာ လူမျိုးတုန်းသတ်ဖြတ်တဲ့အကြောင်းဆိုတာ လူတိုင်းနားရည်ဝပြီးသားပါ။ ဒီမှာ အသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ ရုန်းကန်လှုပ်ရှားနေကြသည့် လူတွေ လူတွေ။ ကိုယ်လှမ်းနေတဲ့ ခြေလှမ်းတွေကတဲ့ကော။ ဘာအတွက် လျှောက်လှမ်းနေမိပါလိမ့်။ လမ်းလျှောက် နေတိုင်း ကျန်းမာရေးအတွက် မဟုတ်ဘူးဆိုတာကိုတော့ သိထား ဖို့လိုအပ်ပါလိမ့်မည်။...

Read more »

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၄)

January 10, 2018
ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၄)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၄) (မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၈ အဝေးရောက် တိဗက်လူမျိုးများအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည့် အဖွဲ့များတွင် တိဗက်အမျိုးသမီးအဖွဲ့နှင့် တိဗက်လူငယ်အဖွဲ့တို့လည်းပါဝင်သည်။ တိဗက်လူမျိုးများ ရပ်တည်နိုင်ရေးအတွက် ဘုန်းတော်ကြီးဒလိုင်းလားမားကတော့ ခရီးများများသွားခြင်းဖြင့် အနောက်ကမ္ဘာက အလှူရှင်များကို ဆော်သြပေးလေ့ရှိသည်။ ပြည်ပအလှူရှင်များက လိုအပ်သော ပညာရေး ကျန်းမာရေးနှင့် စားနပ်ရိက္ခာတို့အတွက် တာဝန်ကိုယ်စီယူထားကြသည်။ တိဗက်ကလေးငယ်များ ပညာရေးအတွက် အဓိကကူညီပေးနေသောတိုင်းပြည်မှာ ဂျပန်နိုင်ငံဖြစ်ပြီး အိန္ဒိယ၊ နီပေါနှင့် ဘူတန် နိုင်ငံတို့တွင် TCV ကျောင်းပေါင်း ရှစ်ဆယ်ကျော်ဖွင့်လှစ်ထားပြီးဖြစ်သည်။ ကျောင်းပေါင်းသုံးဆယ်ကျော်ကို တိဗက် အဝေး ရောက်အစိုးရရဲ့ စီမံထိန်းချုပ်မှုအောက်မှာ ထားရှိပြီး အချို့ကျောင်းများ ကိုတော့ အိန္ဒိယအစိုးရရဲ့ စီမံကွပ်ကဲမှုဖြင့် ဖွင့်လှစ်...

Read more »

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၃)

January 7, 2018
ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၃)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၃) (မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈ တိဗက်လူမျိုးများ အိန္ဒိယတိုင်းပြည်တွင် လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း အထက် မှာ ဆိုခဲ့ပြီ။ တိဗက်လူမျိုးများအပေါ် အိန္ဒိယရဲ့ကျေးဇူးတရားက ထုထည်ကြီးမား လွန်းလှသည်။ ဘာသာယုံကြည်မှုအရပဲဖြစ်ဖြစ်၊ လူမှုရေး အရပဲဖြစ်ဖြစ်၊ နိုင်ငံရေး အရပဲဖြစ်ဖြစ် တိဗက်တို့အပေါ် တင်းကြပ်ပိတ်ပင်ထားတာမျိုးတွေ သိပ်မတွေ့ရ။ လွတ်လပ်စွာ သွားလာခွင့်ရှိသလို လွတ်လပ်စွာ ပညာသင်ကြားခွင့်တွေရှိသည်။ ဘာသာရေးအခမ်းအနားများ၊ ရိုးရာယဉ်းကျေးမှုပွဲများ လွတ်လပ်စွာ ကျင်းပပြု လုပ်ခွင့်ရကြသည်။ တိုင်းပြည်အတွင်း အချုပ်အနှောင်ကင်းစွာ သွားလာခွင့်ရှိခြင်းနှင့် လွတ်လပ်စွာ ပညာသင်ခွင့်ရရှိနေခြင်း၊ တိဗက်ရိုးရာပွဲတော်များ ကျင်းပခွင့်ရရှိနေခြင်းဆိုတဲ့ အခွင့်အရေးဟာ ဧည့်နိုင်ငံသားတစ်ယောက်အတွက် နည်းတဲ့အခွင့် အရေးမှ မဟုတ်တာ။ အိန္ဒိယတွင် တိဗက်လူမျိုးတို့...

Read more »

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၂)

January 5, 2018
ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၂)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၂) (မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၈ ဓရံဆာလာရဲ့ နွေရာသီသည် မြေပြန့်ဒေသမှာ ကြီးပြင်းခဲ့ရသူတို့အဖို့ စောင်ခြုံရ လောက်အောင်အထိ အေးသည်ဟုဆိုသော်လည်း တိဗက်လူမျိုးတို့အတွက်မူ အနည်းငယ် မဆိုစလောက်ကလေး ပူနေသေးသည်ဟုဆိုပါသည်။ ဆောင်းတွင်းတစ်ခု လုံးကား ရေခဲများဖုံးလွှမ်းနေသောကြောင့် အအေးကြိုက်လှပါသည်ဆိုသော သူတို့အတွက်ပင် အေးခဲနေတတ်သည်။ ထို့ကြောင့် ဒီဇင်ဘာလရောက်တိုင်း ဆောင်းခိုရာသီအဖြစ် မြေပြန့်ဒေသများဆီသို့ ခြေဆန့်လေ့ရှိကြသည်။ တိဗက်လူမျိုးတို့ အတွက်မှာမူ သြဂုတ်လ စက်တင်ဘာလသည် ဓရံဆာလာတွင် နေထိုင်ဖို့ အကောင်း ဆုံး လများပင်ဖြစ်သည်။ မိုးရာသီကိုကား မိုးအလွန်များသောကြောင့် သူတို့ သိပ်မကြိုက်ကြ။ ဓရံဆာလာသည် အိန္ဒိယနိုင်ငံတွင် မိုးရေချိန်ဒုတိယ အများဆုံး ဒေသဖြစ်သည်။ စာရေးသူ ဓရံဆာလာတွင်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်