Posts Tagged ‘ ကိုဂျေ ’

ကိုဂျေ ● တိုက်ပွဲပျော် ဟာသစာရေးဆရာကြီး အီကြာကွေး – အပိုင်း (၂)

February 1, 2018
ကိုဂျေ ● တိုက်ပွဲပျော် ဟာသစာရေးဆရာကြီး အီကြာကွေး – အပိုင်း (၂)

ကိုဂျေ ● တိုက်ပွဲပျော် ဟာသစာရေးဆရာကြီး အီကြာကွေး – အပိုင်း (၂) (မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၈ သူ့အကြောင်းကို ထဲထဲဝင်ဝင် မသိသူတွေက သူ့ကို အပျော်ကြိုက်သူ၊ ဟေးလားဝါးလားနေတတ်သူလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ သူဟာ အရက်သေစာကို ငယ်ငယ်ကတည်းက ရှောင်ကြဉ်ခဲ့သူ ဖြစ်ပါတယ်။ ဆရာအီကြာကွေးနဲ့ တဝိုင်းထဲ ထိုင်လိုက်တာနဲ့ ဆေးပြင်းလိပ်အနံ့က ထောင်းထောင်းထ နေခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ ဆေးပြင်းလိပ်ကိုလဲ လုံးဝမသောက်တော့ပါဘူး။ တရက်မှာ နယ်မြို့တမြို့က စာပေဟောပြောပွဲ လာဖိတ်သူတွေနဲ့အတူ ဆရာအီကြာကွေးရဲ့ အိမ်ကို ရောက်သွား ခဲ့ပါတယ်။ စွပ်ကျယ်အဖြူ လတ်ပြတ်နဲ့ ပုဆိုးကို သပ်သပ်ယပ်ယပ် ဝတ်ထားတဲ့ ဆရာကွေးကို မြင်လိုက်ရတော့ အမြင်ဆန်းခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဆရာအီကြာကွေးဟာ...

Read more »

ကိုဂျေ ● တိုက်ပွဲပျော် ဟာသစာရေးဆရာကြီး အီကြာကွေး

January 30, 2018
ကိုဂျေ ● တိုက်ပွဲပျော် ဟာသစာရေးဆရာကြီး အီကြာကွေး

ကိုဂျေ ● တိုက်ပွဲပျော် ဟာသစာရေးဆရာကြီး အီကြာကွေး (မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၁၈ သူ့ဝတ်စားဆင်ယင်မှုနဲ့ ပုံပန်း သဏ္ဌာန်က စာရေးဆရာတယောက်နဲ့ မတူဘဲ၊ မော်တော်ယာဉ် လိုင်းပေါင်းစုံ (မသထ) က ဝန်ထမ်းတယောက်နဲ့ တူနေတတ်တယ်။ ဒီအကြောင်း သူ့ကိုပြောတဲ့အခါ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြောသူကို ကြည့်ပြီး။ သူ့လွယ် အိတ်ထဲမှာ အမြဲဆောင်ထားတဲ့ ရန်ကုန်မြို့က ဘတ်စ်ကားမှန်သမျှ အခမဲ့စီးခွင့်ရ ကတ်ပြားကို ထုတ်ပြရင်း…. “ဒီလိုကတ်မျိုးကို ဘယ်သူကိုင်ခွင့်ရှိလဲ။ ဂုရုကွေးကို ဘာမှတ်လို့တုန်း။ ဘတ်စ်ကား ဒရိုင်ဘာတွေနဲ့ ယာဉ်နောက်လိုက်တိုင်း အီကြားကွေးကို မသိတဲ့သူ မရှိဘူး”လို့ ဆရာအီကြာကွေးက ပြောတတ်ပါတယ်။ တောင်ဥက္ကလာကနေ ရန်ကုန်မြို့ထဲကို နေ့တိုင်းလိုလာ၊ မဂ္ဂဇင်း တိုက်ပေါင်းစုံကို နေ့စဉ်ဝင်ထွက်၊ စာပေနယ်က လူတိုင်းနဲ့...

Read more »

ကိုဂျေ ● ဆရာမောင်သော်က ပြောသောပုံပြင်များ

January 21, 2018
ကိုဂျေ ● ဆရာမောင်သော်က ပြောသောပုံပြင်များ

ကိုဂျေ ● ဆရာမောင်သော်က ပြောသောပုံပြင်များ (မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၁၈ ● ဆင်ထိန်းမောင်စိန် ဆရာမောင်သော်ကရဲ့ မျိုးချစ်စိတ်နဲ့ပတ်သက်တဲ့ ဟောပြောချက်တွေထဲမှာ ဆင်ထိန်းမောင်စိန်အကြောင်းကို ကျွန်တော် အမြဲလို သတိရနေတတ်ပါတယ်။ မောင်စိန်ဟာ ရန်ကုန်တိရစ္ဆာန်ရုံက ဝန်ထမ်းတဦးဖြစ်ပါတယ်။ သူဟာ တိရစ္ဆာန်ရုံထဲမှာ ဆင်ချေးကျုံးရတဲ့ ဆင်ထိန်းတယောက်ဖြစ်ပါတယ်။ တိရစ္ဆာန်တွေနဲ့ပဲ နေ့စဉ် ထိတွေ့ ဆက်ဆံနေရသူတဦးဖြစ်ပါတယ်။ ဒီတော့ တိရစ္ဆာန်တွေအကြောင်းကို ကောင်းကောင်းသဘောပေါက်သူဆိုပါတော့….။ အာဏာရှင် ဦးနေဝင်းလက်ထက်တုန်းက ယူဂိုဆလားဗီးယာနိုင်ငံက ခေါင်းဆောင်ကြီးမာရှယ်တီးတိုးဟာ စစ်သင်္ဘောတစင်း နဲ့ မိတ်ဆွေနိုင်ငံတွေဆီ အလည်အပတ်ထွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလည်း ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံခရီးစဉ်မှာ ဦးနေဝင်းနဲ့ မာရှယ်တီးတိုး တွေ့ဆုံပြီးနောက်… ဦးနေဝင်းက တိရစ္ဆာန်တွေချစ်တတ်တဲ့ မာရှယ်တီးတိုးကို ဆင်တကောင်၊ ကျားတကောင်နဲ့ မြွေတကောင်ကို လက်ဆောင်ပေးခဲ့ပါတယ်။ ပေးတဲ့ဆင်က နည်းနည်းရိုင်းတယ်လို့...

Read more »

ကိုဂျေ ● ကျနော်ချစ်တဲ့ ပန်းချီဆရာဝသုန်

December 26, 2017
ကိုဂျေ ● ကျနော်ချစ်တဲ့ ပန်းချီဆရာဝသုန်

 ကိုဂျေ ● ကျနော်ချစ်တဲ့ ပန်းချီဆရာဝသုန် (မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၇ “ကိုဝသုန် ရောက်နေတယ်” အိပ်နေဆဲ ကျနော့်ကို ဇနီးက ပြောတယ်။ အိပ်ယာက နိုးနိုးချင်း အိမ်ရှေ့မှာထိုင်စောင့်နေတဲ့ ကိုဝသုန်ကို အရင်ဆုံး နှုတ်ဆက်စကား ဆိုလိုက်တယ်။ “အစ်ကို ခဏ လေးနော်၊ ကျနော် မျက်နှာသစ်လိုက်ဦးမယ်” “ကိုဂျေ မင်းမျက်နှာက သစ်လို့မရဘူး။ ဆေးလို့ပဲရတယ်” ဆိုပြီး ကိုဝသုန်က ပြောတတ်တယ်။ ပန်းချီဆရာတွေထဲမှာ စကား လုံး သုံးနှုန်းတာကို လေးလေးနက်နက်စဉ်းစားပြီးမှ အသုံးပြုသူတဦးလို့ သတိထားမိလာတယ်။ အိမ်ကိုရောက်လာတိုင်း မိတ္တူကူးမယ့် စာရွက်တွေ၊ ဒီဇိုင်းစာလုံးတွေ ရာခိုင်နှုန်းအလိုက် ချုံ့မယ့် ချဲ့မယ့် ကိစ္စတွေကို ကျနော့်ဇနီးကို သေချာမှာတတ်တယ်။ သူပြောတဲ့အတိုင်း အတိအကျ မဖြစ်မချင်း အကြိမ်ကြိမ်...

Read more »

ကိုဂျေ ● ဒါ တို့ချစ်တဲ့ တင်မိုး

December 30, 2016
ကိုဂျေ ● ဒါ တို့ချစ်တဲ့ တင်မိုး

ကိုဂျေ ● ဒါ တို့ချစ်တဲ့ တင်မိုး (မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၆ အားရပါးရ ရယ်မောတဲ့အခါမှာ မျက်ဝတ်တွေ ထွက်လာတတ်တယ်။ အစားစားတဲ့အခါ စားကြွင်းစားကျန်တချို့က ပါး စပ်ပေါက် အဖျားနှစ်ဖက်မှာ တင်ကျန်တတ်တယ်။ ဆီးသွားတဲ့အခါ ရေအိမ်ခွက်အပြင်မှာ ပေကျံကုန်တတ်တယ်။ ရေချိုးပါလို့ မပြောရင် ရေမချိုးဘူး။ သူများအိပ်ချိန် သန်းခေါင်းသန်းနွဲ နိုးလာပြီး လေအေးစက်အခန်းထဲ ဆေးလိပ်ထိုင်သောက်ရင် သောက်တယ်။ အိပ်နေသူကိုပါနှိုးပြီး သီချင်းဆိုခိုင်းရင် ဆိုခိုင်းတယ်။ အလုပ်လုပ်နေတဲ့သူကို အလုပ်မလုပ်တော့နဲ့ ရပ်ထား လို့ ပြောတတ်တယ်။ အဲဒါ ကျနော် သိပ်ချစ်ရတဲ့ ကဗျာဆရာကြီ တင်မိုး (ဦးဘဂျမ်း) ပေါ့။ ဆရာ့မျက်ဝတ်တွေကို လက်ကိုင်ပုဝါနဲ့ သန့်ရှင်းပေးခွင့်ရခဲ့တယ်။ ပါးစပ်မှာ တင်ကျန်တဲ့ စားကြွင်းစားကျန်တွေကို စက္ကူစ တွေနဲ့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်