Posts Tagged ‘ ခက်သီ ’

ခက်သီ ● ခေတ်သစ် ငဘများသို့ ….

March 31, 2017
ခက်သီ ● ခေတ်သစ် ငဘများသို့ ….

ခက်သီ ● ခေတ်သစ် ငဘများသို့ …. (မိုးမခ) မတ် ၃၁၊ ၂၀၁၇ လက်ဝါးကြီးအုပ် ခရိုနီစီးပွားရေးဟာ အသက်ဝင်နေတုန်း သနားစရာအကောင်းဆုံးက တောင်သူတွေ သီးနှံပေါ်ပြီဆို ဈေးတွေ ထိုးကျပြီ တောင်သူလက်ထဲ သီးနှံမရှိတော့ဘူးဆို ဈေးတွေက ထိုးတက်ပြီ စိုက်ချိန်ပျိုးချိန်ဆို အာမခံချက်မရှိတဲ့မြေဆီတွေ တံဆိပ်အဖုံဖုံ နဲ့ ဝင်လာပြီ (ကောင်း မကောင်း လျာနဲ့လျက်မြည်းလို့လည်းမရ မားကတ်တင်းသမား အာချောင်သမျှ လိုက်သုံးနေရ) ပွင့်သီး ဝင်ပြီဆို ရွတ်ဖြန်းအားဆေး၊ ပိုးသတ်ဆေး တံဆိပ် အဖုံဖုံနဲ့ ဝင်လာပြီ (ကောင်း မကောင်း လျာနဲ့ လျက်မြည်းလို့မရ မားကတ်တင်းသမား အာချောင်သမျှ လိုက်သုံးနေရ) သီးနှံသိမ်းချိန် အလုပ်သမားဈေးက ခေါင်ခိုက် တချို့တောင်သူတွေ ရှုံးကြတယ်။ ကဲ ပြောမယ် ဒီနိုင်ငံမယ်...

Read more »

ခက်သီ – အခွံမာသီး

March 3, 2017
ခက်သီ – အခွံမာသီး

artist – Than Htay Maung ခက်သီ – အခွံမာသီး (မိုးမခ) မတ် ၃၊ ၂၀၁၇ နေရောင်က ဖွဲဖွဲလေးရယ် နေ့တွေက ကြောင်တောင်ကန်း သွားပိုးစားနေရှာသူ လမ်းမထက် လူနဲ့လူချင်း တက်နင်းကြရ လူနဲ့လူချင်း ဖက်နမ်းနှုတ်ဆက်ကြရ လူနဲ့လူချင်း လက်ရမ်းနှုတ်ဆက်ကြရ ။ အိပ်နေရှာသူ ခွေးလောက်မှ အပြစ်ကင်းစင် တောက်ပရတဲ့အဖြစ် လူတွေက ညစ်ညမ်းတယ် အိုးအိမ်တွေက ညစ်ညမ်းတယ် ရပ်ရွာတွေက ညစ်ညမ်းတယ် ။ ဘယ်နေရာမဆို ဖြတ်လမ်းရှိနေတော့ အရှင်မွေနေ့ချင်းကြီးတွေ ဒူးတနှံ့နှံ့ မနက်ဖြန်ဟာ လန့်ဖို့ကောင်းတယ် ။ အမှောင်ထဲ ဆုပ်ထားတဲ့လက်သီး ခရီးဆောင်အိတ်ထဲက ဒိုင်ယာရီ ခေါက်သိမ်း အိပ်ရာအောက်က မောင်းချဓား တို့အားလုံးဟာ ဒီစာအုပ်ရဲ့ ရှေ့ပိုင်းအခန်းတွေမှာတော့ လူကြမ်းတွေချည်ပေါ့ကွာ။...

Read more »

ခက်သီ – အခါတပါး၌

January 29, 2017
ခက်သီ – အခါတပါး၌

Photo – YIT   ခက်သီ – အခါတပါး၌ (မိုးမခ) ဇန်န၀ါရီ ၂၉ ၊ ၂၀၁၇ ခွေးကတက်ဟာ ရွှေနန်းတော်လား ရူးမိုက်မှားစွာ ခမ်းနားဖူးခဲ့။ အခါတပါး၌ ငါကိုယ်၌က ငါ့အား နှိပ်စက်ကလူပြုလတ္တံ့ လက်ကျန်ခွန်အားတို့ကို အမှောင်မှန်သမျှသပ်ချပြီး မြူးထူးသောတေးသံတို့အား သင်တို့ထံပါးလိုရဲ့။ အခါတပါး၌ ငါဟာ ရှင်ဘုရင် အခါတပါး၌ ငါဟာ သူဖုန်းစား ။ အခါတပါး၌ အခါတပါး၌ ငါ၏အမြိုက်ဟင်းလျာတို့အား သင်တို့အတွက်ချန်ထားခဲ့အံ့။ ငါကား တေးသီလျက် ဝင်တော့မယ့်နေကို ငေးရင်းနေမယ်ကွယ်။ ခက်သီ Tags: ခက်သီ

Read more »

ခက်သီ ● ကျနော်ဆက်၍ မဖတ်ချင်သော ဝတ္ထု

January 13, 2017
ခက်သီ ● ကျနော်ဆက်၍ မဖတ်ချင်သော ဝတ္ထု

  ခက်သီ ● ကျနော်ဆက်၍ မဖတ်ချင်သော ဝတ္ထု (မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၁၇ ဆင်ဖမ်းတဲ့မောင်ရွှေဝါ မြွေမဖမ်းကောင်းဘူး။ ဒရမ်စတစ်ဟာ ကွန်တိုမြေပုံပေါ် ထောက်လို့။ ရှားပါးသစ်ခွမျိုးစိတ်ဟာ အိပ်မက်ထဲမှာတောင် မျက်စိလည်တယ်။ မြန်မာပြည်မြောက်ပိုင်း ဆရာနတ်နွယ် အဆုံးမသတ်နိုင်ခဲ့တယ် ။ ။ ခက်သီ သရုပ်ဖော်ပန်းချီ သန်းဌေးမောင်   Tags: ခက်သီ

Read more »

ခက်သီ ● ပြည်တွင်းစစ်

November 22, 2016
ခက်သီ ● ပြည်တွင်းစစ်

ခက်သီ ● ပြည်တွင်းစစ် (မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၆ စစ်က သူ့အလိုအတိုင်းဖြစ်လို့မှမရတာ ကျောက်စိမ်းကလည်း ဆတ်ကော့လတ်ကော့ သဘာဝဓာတ်ငွေ့ကလည်း မူတူတူ ကျွန်းသစ်နဲ့ မြစ်ဆုံကလည်း ညုတုတု တောင်တန်းနဲ့ ပင်လယ်တွေက ဖြားယောင်းနေတော့ စစ်က ကမူးရှုးထိုးပေါ့ အခေါ်သာပြည်တွင်းစစ် ကျည်ဆန်တွေက ပြည်ပက ဝင်လာတာ ကြာခဲ့ပေါ့။      ။ ခက်သီ Tags: ခက်သီ, ပြည်တွင်းစစ်

Read more »

ခက်သီ ● ခပ်လှမ်းလှမ်းက သံလွင်ခက်

October 21, 2016
ခက်သီ ● ခပ်လှမ်းလှမ်းက သံလွင်ခက်

 ခက်သီ ● ခပ်လှမ်းလှမ်းက သံလွင်ခက် (မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၆ ကျောက်ခေတ် ကြေးခေတ် သံခေတ်ကနေစပြီး အချစ်နဲ့ ရှေးမနှောင်းပဲ စစ်ဟာ ပေါ်ပေါက်လာခဲ့တယ် ။ ဘုရားသခင်ရှိရင် စာတန်ရှိတယ် စစ်ကြောင့် ကမ္ဘာကြီးဟာ ရင့်ကျက်လာရတယ် လူတွေရှိနေသ၍ စစ်တွေတိုက်နေဦးမှာပဲ အချစ်တွေ ပျောက်ဆုံးတာ မြန်သွားလေသလား ရုပ်ဝတ္ထုကမ္ဘာ အက်ဆစ်မိုးထဲမှာ သစ္စာတရားပါလာပါ့မလား ချိုးဖြူငှက်ရဲ့အတောင်ပံမှာ ဆူးပေါက်နေပြီ။ စစ်ညောင်းကာလကို ငြိမ်းချမ်းရေးခေါ်သတဲ့ ဆွေးနွေးစဉ်ကာလမှာ စစ်ပြင်ဆင်ရတာပေါ့ စစ်ပါရဂူတို့အယူအဆမှာ စစ်ဆိုတာ မပြီးဘူးဆိုပဲ။ ဟေး ဟေး ဟေး ကဗျာဆရာတွေလာပြီဟေ့ သီချင်းငှက်တွေ ပျံလာပြီ ငြိမ်းချမ်းရေးပန်ချီကို ငါတို့ဆေးခြယ်မယ် ငြိမ်းချမ်းရေးကို ယုံကြည်တယ် ငြိမ်းချမ်းရေးကို မယုံကြည်ရင် ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ဘူး ငြိမ်းချမ်းရေးကို ယုံကြည်တယ်။...

Read more »

ခက်သီ – ဘုရားသခင်အတွက် မေးခွန်း

August 26, 2016
ခက်သီ – ဘုရားသခင်အတွက် မေးခွန်း

Than Htay Maung ခက်သီ – ဘုရားသခင်အတွက် မေးခွန်း (မိုးမခ) သြဂုတ် ၂၆၊ ၂၀၁၆ လမ်းတိုင်းဟာ ရောမကိုရောက်နိုင်ပေမယ့် ရောမ ကနေ ရောက်နိုင်တာတလမ်းပဲရှိတယ် အဲ့ဒါဟာ ငရဲပဲ ဆီဇာဟာ ကလီယိုပတ်ထရာရဲ့ ရင်သားထက်မှာ စစ်ရှုံးခဲ့တယ် ငါတို့အားလုံးဟာ ဘရုတပ်စ်များသာပေါ့ ရဲရဲကြီး နာမည်ပျက်ကြတာပေါ့။ မာတဲ့ခေါင်းက ရိုက်ခွဲလို့အကောင်းဆုံးပဲ ညစ်ပတ်ပေရေမှ လျှော်ဖွတ်ရတာမဟုတ်ဘူး အဖြူလည်း အဖြူစွန်းတာပဲ အမြဲလျော်ဖွတ်နေရတယ် မင်းရဲ့ဦးခေါင်းထဲ ယမ်းဘီလူးတွေတပ်ဆင်ထားရင် မင်းရဲ့နှလုံးသားမှာ ဘယ်ချိုးငှက်မှ သံလွင်ခက်နဲ့ရောက်မလာဘူး မင်းရရှိမှာ ဆူးခက်သရဖူနဲ့ လှောင်ပြောင်သရော်မှု မင်းရဲ့ရှင်ပြန်ထမြောက်ချိန်ကို လူသားတွေကကျောခိုင်းလို့ …။ ငတ်မွတ်နေတဲ့ ကလေးငယ်တွေနဲ့ ခြေတဖက်ပြတ်စစ်သားတယောက်က ပြောမယ် လူတိုင်းက ယေရှုမဖြစ်နိုင်ဘူး ဖြစ်ရင်းဖြစ် နပိုလီယံပဲ ဖြစ်မယ်တဲ့ …။...

Read more »

ခက်သီ ● ခြေမကိုင် မိ၊ လက်မကိုင် မိ

July 26, 2016
ခက်သီ ● ခြေမကိုင် မိ၊ လက်မကိုင် မိ

  ခက်သီ ● ခြေမကိုင် မိ၊ လက်မကိုင် မိ   (မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၆ မီးဖိုထဲ ဝင်တယ် ပြန်ထွက်လာတယ် ရေချိုးခန်းထဲ ဝင်တယ် မျက်နှာသစ်ပစ်မိတယ် ပြန်ထွက်လာတယ် မျက်ရည်က ဝဲနေပြန်တယ် အဝတ်လျှော်စက်ကို ခလုပ်ဖွင့်တယ် အဝတ်တွေ မထည့်ရသေးတာ နောက်မှ သတိရတယ် ဖုန်းကို ပြန်ဖွင့်တယ် မီးလောင်သတင်းကို ဖတ်ပြန်တယ် လက်တွေ တုန်လာတယ် လေလျော့ထားတဲ့အရုပ်လို လျော့ရဲလာတယ် ဖုန်းနံပတ်ကို နှိပ်မိတယ် ပြီး ဖုန်းပြန်ချမိတယ် မျက်လုံးထဲမြွေတွေ ဝင်လာတယ် နှလုံးသားထဲ ပျားစွဲနေတယ် ကြက်သွန်နီတွေ လှီးဖြတ်တယ် သွေးသံတရဲရဲ မြင်လာတယ် တမနက်ခင်းလုံး ယောက်ယက်ခပ် ဗွီဒီယိုခွေတွေ ဖွမိပြန်တယ် ဘုရားစင်ကိုလှမ်းကြည့်မိတယ် ဘုရားပန်းတွေ ညှိုးနေတာ...

Read more »

ခက်သီ – လမ်းလျှောက်နေတဲ့ ဂျော်နီ

June 24, 2016
ခက်သီ – လမ်းလျှောက်နေတဲ့ ဂျော်နီ

ခက်သီ – လမ်းလျှောက်နေတဲ့ ဂျော်နီ (မိုးမခ) ဇွန် ၂၄၊ ၂၀၁၆ နေရောင်ခြည်ဟာ ၅ မိနစ်ကြာမှ ကမ္ဘာမြေပေါ်ရောက်တယ် လမ်းလျောက်နေတဲ့ ဂျော်နီကတော့ မုယောစပါးခင်းတွေ ဂျုံခင်းတွေ ဘာလီခင်းတွေ ဝက်သစ်ချပင်တွေအောက်ကနေ လျှောက်သွားတာ တော်တော်နဲ့ ပြန်ရောက်မလာဘူး။ အနီရောင်ဝတ်စုံကိုဝတ်ပြီး ကဖေးဆိုင်ထဲဖြတ်သွားတဲ့ ဂျော်နီကို တွေ့လိုက်ရတယ်လို့ နမ်းနေတဲ့ စုံတွဲကပြောတယ် ။ ဂျော်နီ ဂျော်နီ မင်းတော်ခြေရှည်တဲ့ ကောင် အနက်ရောင်ဝတ်စုံကို ဝတ်ပြီး ဧည့်ခံပွဲတခုထဲကဖြတ်သွားတယ်လို့ အရောင်းမြှင့်တင်ရေးမန်နေဂျာတယောက်က ပြောတယ် ဂျော်နီ ဂျော်နီ မင်းပြန်လာရင် ထိုးကျသွားတဲ့ စတော့ ရှယ်ယာဈေးကွက်အကြောင်း စကားကြီး စကားကျယ်ပြောဦးမှာ မြင်ယောင်တယ်။ အပြာရောင်ဝတ်စုံကိုဝတ်ပြီး သံရုံးထဲဝင်သွားတာတွေ့လိုက်တယ်လို့ စစ်ထောက်လှန်းရေးကပြုတ်ပြီး သံရုံးတွေမှာ သတင်းရောင်းစားနေတဲ့ အင်ဖော်မာတယောက်ပြောတယ် ဂျော်နီ ဂျော်နီ...

Read more »

ခက်သီ – ဂူပြန်တော်ရဲ့ပြန်စာ

June 9, 2016
ခက်သီ – ဂူပြန်တော်ရဲ့ပြန်စာ

  ခက်သီ – ဂူပြန်တော်ရဲ့ပြန်စာ (မိုးမခ) ဇွန် ၉၊ ၂၀၁၆ ငရဲကို လက်ပစ်ကူးရင်း မောပမ်းလာတဲ့အခါ စပိဘုတ်ပေါ် တက်စီးမိတယ် အချောင်ခိုလိုစိတ်ဟာ ငရဲကို မြန်မြန်ပို့မယ်လို့ ကျွန်တော်မသိခဲ့ဘူး။ ပေါင်တချက်ပုတ် ဖျတ်ခနဲ ထခုန် မိုးကို ဒူးနဲ့တိုက် ရေလည်မိုက်တဲ့ ငါပါလားလို့ ဘဝင်မြင့်ခဲ့တယ် ဘဝင်စိတ်ဟာ ဇတ်ပိုးကို ဦးကျိုးအောင် ရိုက်နိုင်တယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး ။ ကောင်းကင်ကြိုးတန်းပေါ်က ကားယားကြီးပြုတ်အကျ လက်ခုပ်တီးအားပေးနေတဲ့ သူငယ်ချင်းတချို့ကို ဆပ်ကပ်ပြနေတယ် ထင်ပြီး ကျွန်တော်လည်း ဖလိုင်းကစ်တွေ ပေးခဲ့မိသေးတယ် မိတ်ဆွေစစ်ဆိုတာ ဒုက္ခနဲ့ကျင်ယူမှ ရတဲ့ရွှေစင်ရွှေသားလို့ ကျွန်တော်မသိခဲ့ဘူး။ အခုတော့ စိတ်ကျဆေးပြားတွေက စိတ်ကျကို တကယ်မပျောက်ဘူးဆိုတာ ကျွန်တော်သိခဲ့ပြီ ရင်ထဲမှာ မီးလောင်တဲ့အခါ လောင်စာတွေဆီ သွေးရူးသွေးတန်းထွက်ပြေးနေလို့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်