
ခက်ဦး ● ကြိုးများ (မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၇ ဟောဟိုမှာကြည့် လူစင်စစ်ကရုပ်သေးလေးလိုက ဆိုင်းချက်စေစားရာမှာမြူးမြူးကြွ က က က ကြာကြာကြည့်တော့ လက် ခေါင်း ပုခုံးထက် ကြိုးများတကယ်ဆွဲထားသလားထင်လာရ ကြည့်ရင်းကြည့်ရင်းသဘောကျ သဘောကျရင်းရင်တမမ အမယ်မင်း ကြိုးများပြတ်သွားရင် မတော်တဆ ….. … အမယ်လေး….လန့်စရာပ စိုးရိမ်မိသွားတဲ့ကိုယ့်မှာကိုက စိတ်ပူမိသွားတဲ့ကိုယ့်မှာကိုက လက်ဆန့်မရ ခြေထိုးမလှ ခေါင်းမတ်မရ ခေါင်းဆတ်မလှ ထင်ကားထင်၏မမြင်ရ မြင်ကားမြင်၏ဖြတ်မရ များကားများ၏ရေမရ ရှုပ်ပွ သြော်…. ဒုက္ခ ။ Tags: ခက်ဦး
Recent Comments