Posts Tagged ‘ ခင်စန်းမေ ’

ခင်စန်းမေ – ကားပေါ်ကအကျဉ်းသား

March 6, 2016
ခင်စန်းမေ – ကားပေါ်ကအကျဉ်းသား

ခင်စန်းမေ – ကားပေါ်ကအကျဉ်းသား (မိုးမခ) မတ် ၆၊ ၂၀၁၆ ကျွန်တော် ယုဇနဘတ်စ်လိုင်း အငှားယာဉ်မောင်းပါတယ်။ လမ်းမတော်မော်တင်ကနေ သာကေတ ယုဇနအိမ်ယာထိပြေးတဲ့ လိုင်းပါ။ ကားအစီးပေါင်း (၈၀) လောက်ရှိတယ်။ မောင်းရက် (၅) ရက်  တစ်နေ့ လေးခေါက်ပြေးဆွဲရတယ်။ နေပူပူ မိုးရွာရွာ မနက်လင်းချိန်က ညထိ ကားပေါ်မှာပဲ။ ပူတယ်ဆိုပြီး ဆင်းပြေးလို့မှမရတာ။ ယာဉ်အကူက ကားအောက်ဆင်းလို့ရတယ် ကျွန်တော်တို့ယာဉ်မောင်းတွေကတော့ ကားပေါ်က အကျဉ်းသားပဲပေါ့။ ကားဂက်စ်ထည့်ချိန်နဲ့ နေ့ခင်း နေ့လည်  ဂိတ်ထိုင်ချိန်မှာနားချိန်တော့ ရှိပါတယ်။ ဂိတ်မှာကားရှားလို့ ဆက်တိုက်ထွက်ရရင် ထမင်းစားချိန်တောင်မရှိဘူး။ အခက်အခဲကတော့ ကိုယ့်ကြောင့်ကားထိရင် ယာဉ်ပိုင်အုံနာဆီမှာ ပျက်စီးတန်ဖိုးပေးလျော်ဖို. စာချုပ်ချုပ်ထားရပြီး ငွေမကျေ မချင်း မောင်းပေးရတယ်။ သောင်းဂဏန်း သိန်းဂဏန်းထိရှိမယ်ပေါ့ဗျာ။ မိသားစုစားဝတ်နေရေးအတွက်...

Read more »

ခင်စန်းမေ – ကလေးစာပေပွဲတော်မှာ ငယ်ဖော်တွေနဲ့ တွေ့ခဲ့တယ်

January 18, 2016
ခင်စန်းမေ – ကလေးစာပေပွဲတော်မှာ ငယ်ဖော်တွေနဲ့ တွေ့ခဲ့တယ်

  ခင်စန်းမေ – ကလေးစာပေပွဲတော်မှာ ငယ်ဖော်တွေနဲ့ တွေ့ခဲ့တယ် (မိုးမခ) ဇန်န၀ါရီ ၁၈၊ ၂၀၁၆ မှန်ဘီလူးကိုင်ထားသော စုံထောက် ဦးရှံစားကိုမြင်တဲအခါ ဦးဒိန်းဒေါင်နဲ့ ခင်မောင်သိန်းထွန်းဝင်း ကိုပါ မြင်ယောင်လာတယ်။ ကာတွန်းတင်အောင်နီရဲ့ ဇတ်ကောင် ပြာလောင်ကို သူ့တူလေးနှစ်ယောက်နဲ့ တွေ့ရတယ်။ ရွှေထုပ် လက်ကကိုင်ထားတဲ့ ငတက်ပြားကို မြင်တွေ့ရတော့ “ညွှတ်ချွှာဖြား” လို့ ဘုရား တ တတ်ပုံ၊ နန်းဆောင် မင်းသမီးဆောင်ပေါ် ခိုးတက် တတ်ပုံတွေ မြင်ယောင်လာမိတယ်။ မုဆိုးကျော်ဖိုးထော်ကိုတော့ နောက်လိုက်တပည့်လေး မပါဘဲ တွေ့ရတယ်။ ရွှေဂေါင်းပြောင်ကို နောက်လိုက် ရောင်းရင်းတွေနဲ့ တွေ့ခဲ့ရတယ်။ လေးမွန်၊ ထွေးမွန်က သူ့ဦးလေးနဲ့။  နှလုံးသားကိစ္စတွေနဲ့ စံရွှေမြင့်၊ ရှင်ဂွမ်းဂွိ မပါတဲ့ သမိန်ပေါသွပ်။ သမိန်ပေါသွပ်ကိုတော့ အကြိုက်ဆုံးပါ။...

Read more »

ခင်စန်းမေ – သိုက်မြုံကျဉ်းကျဉ်းထဲက မျှော်လင့်ခြင်းငှက်ငယ်များ

January 5, 2016
ခင်စန်းမေ – သိုက်မြုံကျဉ်းကျဉ်းထဲက မျှော်လင့်ခြင်းငှက်ငယ်များ

ခင်စန်းမေ – သိုက်မြုံကျဉ်းကျဉ်းထဲက မျှော်လင့်ခြင်းငှက်ငယ်များ (မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၅ သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းနဲ့မနီးမဝေး   ကွန်ကရစ်ခင်းလမ်းမကြီး။ အဲ့ကတဆင့် လမ်းမြှောင်လေးတခုထဲကို ၀င်ရင် လူနေအိမ်တွေ တအိမ်နဲ့တအိမ် နီးနီးကပ်ကပ်ဆောက်ထားတဲ့ ရပ်ကွက်ထဲကိုရောက်ပါတယ်။ အိမ်နှစ်လုံးကြားက လူတကိုယ်စာသာဝင်တဲ့ လျှောက်လမ်းကနေ ခြေလှမ်း (၂၀) လောက်လှမ်းလိုက်ပြီး နေအိမ်မကို အဖီဆွယ်ထားတဲ့အခန်းတခုကိုတက်လိုက်ရင် ၀ိုင်းချစ်တို့အသိုက်ကိုရောက်ပါပြီ။ ပျန်းမျှဆယ်ပေ ပတ်လည်မျှသာရှိသည့် အဆိုပါအခန်းငယ်လေးမှာ ၀ိုင်းချစ်တို့ညီအစ်ကိုသုံးယောက် ဦးလေးနှစ်ယောက် အ ဖွားအပါဝင် မိသားစု (၆) ယောက်နေပါတယ်။ တခါးပေါက်က ၄ ပေကျော်ရုံသာရှိတာမို့ ခေါင်းငုံ့ဝင်ရပါတယ်။ ခေါင်းရင်း မှာဘုရားစင် အိမ်တွင်းနတ်စင် ဘယ်ဘက်မှာ ရုပ်မြင်သံကြား၊ အောက်စက်နဲ့ ပန်ကာတို့ရှိနေပြီး ညာဘက်မှာ ဘီရို နဲ့လျှပ်စစ် ထမင်းအိုးဟင်းအိုးတင်ထားတဲ့စင်၊ အခန်းအလယ်မှာ ပလပ်စတစ်ခင်းရှိပါတယ်။...

Read more »

တပ်သိမ်းမြေများပေါ်အလံစိုက် တိုးချဲ့၊ စိုက်ပျိုးခြင်းအား တောင်သူများကန့်ကွက်

December 21, 2015
တပ်သိမ်းမြေများပေါ်အလံစိုက် တိုးချဲ့၊ စိုက်ပျိုးခြင်းအား တောင်သူများကန့်ကွက်

အိုးဘိုတောင်ရွာက ရွာသားများ တပ်သိမ်းမြေများပေါ်အလံစိုက် တိုးချဲ့၊ စိုက်ပျိုးခြင်းအား တောင်သူများကန့်ကွက် ခင်စန်းမေ၊ မုံရွာ၊ (မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၅ စစ်ကိုင်းတိုင်း၊  မုံရွာမြို့ ၊ အခြေစိုက် အမှတ်(၁၆) ခြေမြန်တပ်ရင်း ပိုင်မြေဟု သတ်မှတ်ထားသည့် အိုးဘိုတောင်ကွင်း အမှတ် (၃၃၀)၊ (၃၃၁) တွင် အလံငယ်များဖြင့် နယ်နမိတ်တစ်လျောက်စိုက်ထူပြီး စိုက်မြေတိုးချဲ့ ခြင်းအပေါ်  ဒေသခံတောင်သူ (၁၀) ဦး က ကန့်ကွက်ကြောင်း သတင်းရရှိသည်။  အဆိုပါမြေ (၁၈) ဧက ပေါ်တွင်ယခုရက်ပိုင်းအတွင်း စပါးနှင့် ပဲစိုက်ပျိုးရန် အမှတ်(၁၆) ခြေမြန်တပ်မှတာဝန်ရှိသူများက ထွန်စက်မောင်းခြင်းပြုလုပ်နေသည့်အတွက် တောင်သူများမှ သွားရောက် ကန့်ကွက်ခြင်းဖြစ်သည်။  အိုးဘိုတောင်ရွာမှ တောင်သူ (၁၀) ဦးဖြစ်သော ဦးသိန်းလွင်၊ ဦးသန်းစိုး၊ မမြင့်မင့်ထွေး၊...

Read more »

ခင်စန်းမေ – စောစံဖိုးသင် ၊ သတ္တိရှိတဲ့ ရန်သူ

December 20, 2015
ခင်စန်းမေ – စောစံဖိုးသင် ၊ သတ္တိရှိတဲ့ ရန်သူ

Book cover by Tetkatho Sein Tin   ခင်စန်းမေ – စောစံဖိုးသင် ၊ သတ္တိရှိတဲ့ ရန်သူ (မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၅   စောစံဖိုးသင်အကြောင်း ပြောမယ်ဆိုရင် – ကရင်ဗမာ အဓိကရုဏ်းအကြောင်းမပါလို.မဖြစ်ပါ။ ကရင်ဗမာ အဓိကရုဏ်းက လွတ်လပ်ရေးမရခင်က မြောင်းမြမှာ စဖြစ်တယ်။  အင်္ဂလိပ်အပြေး ဂျပန်ကလည်း ယိုးဒယားမှာ ဗမာပြည်ထဲ မရောက်သေးဘူး။ အင်္ဂလိပ်တွေ ဆုတ်သွားအခါ သာသနာကျောင်းတွေမှာ ကျန်ရစ်တဲ့ ပြင်သစ်ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေကို “သခင်မျိုးဟေ့ – တို့ ဗမာ …” ဆိုပြီး ရှပ်လက်တိုအနီ၊ ဘောင်းဘီတိုအပြာဝတ် ဖော့ဦးထုတ်ဆောင်းတဲ့ သူတွေက စသတ်တာ။ အဲ့တုံးက သခင်ခေတ်နောက် ကရင်ခရစ်ယာန်ဆို အကုန်သတ်တယ် ကရင်တွေကလည်း ဗမာပြန်သတ်၊ ရွာတွေမီးရှို့ တော့ ရွာတွေမှာမနေရဲကြပဲ အားလုံး ထွက်ပြေးရတယ်။  ကရင်ရွာနဲ့ ဗမာရွာတွေက ရောနေတယ်၊ ညဘက်တွေမှာ ထွက်ပြေးရတယ်။  ရွာတွေနားရောက်ရင် သတ်ထားတွေက ပုပ်စော်တွေ နံနေတယ်၊ လူသေတွေကို ခွေးတွေက ဆွဲစား၊  ရွာတွေမှာ...

Read more »

ခင်စန်းမေ – ကျောက်စိမ်းကျိန်စာ မြစ်ဆုံရေကာတာဇာတ်ကား ရှမ်းနဲ့ ကချင်မှာပြဖို့ စီစဉ်

December 17, 2015
ခင်စန်းမေ – ကျောက်စိမ်းကျိန်စာ မြစ်ဆုံရေကာတာဇာတ်ကား ရှမ်းနဲ့ ကချင်မှာပြဖို့ စီစဉ်

မြစ်ဆုံစီမံကိန်း အ၀င်ဂိတ် (ဓာတ်ပုံ MRJ) ခင်စန်းမေ – ကျောက်စိမ်းကျိန်စာ မြစ်ဆုံရေကာတာဇာတ်ကား ရှမ်းနဲ့ ကချင်မှာပြဖို့ စီစဉ် (မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲ၊ တရုတ်နိုင်ငံက တည်ဆောက်နေတဲ့ မြစ်ဆုံရေကာ တာနှင့် အဆိုပါစီမံကိန်းကို ရပ်တန့်ဖို့တောင်းဆိုမှု၊ မူးယစ်ဆေးဝါးသုံးစွဲနေမှုတွေအကြောင်းကို ရိုက်ကူးထားတဲ့ Dams, Drugs & Democracy မှတ်တမ်းတင်သတင်းဇာတ်ကားကို ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ လားရှိုးနဲ့ မြစ်ကြီးနားတို့ ပြသဖို့ရှိနေတယ်လို့ ဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ ကိုဂျက်အောင်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေမရှိတာကြောင့် ကချင်ပြည်ရေကာတာစီမံကိန်းက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ တရားမျှတမှုမရှိဘူး။ ဒီလိုမတရားမှုတွေကို လူတွေမေ့ပျောက်မသွားအောင် လူတွေက မေးခွန်းတွေထုတ်ဖို့၊...

Read more »

ခင်စန်းမေ – မိန်းမဖမ်းကားများရှိသည် သတိ

December 13, 2015
ခင်စန်းမေ – မိန်းမဖမ်းကားများရှိသည် သတိ

ခင်စန်းမေ – မိန်းမဖမ်းကားများရှိသည် သတိ (မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၅ အချန်က နံနက် (၄) နာရီ စွန်းကာစ။ နေရာက လမ်းမတော် (၅) လမ်း၊ ကမ်းနားလမ်းဘက်။ မခင်မေသည် နေထိုင်ရာ ၄ လမ်းမှ သုတ်သုတ်ထွက်ခဲ့၏။ လက်နှစ်ဘက်တွင် ခရီးသွား အိတ်နှစ်လုံးကိုဆွဲလျှက် ညဥ့်နက် လည်းမဟုတ်၊ လင်းရောင်ခြည်လည်း မလာသေး။ ၁၃ လမ်း ကားဂိတ်သို့ သွားရန်ဖြစ်သည်။ ကမ်းနားလမ်းတလျှောက် လျှပ်စစ်မီးရောင်များ လင်းနေသောလည်း အပြန့်ကျယ်သော အဆိုပါလမ်းတလျှောက် မှုန်ဝါးဝါး သာ ဖြစ်နေသည်။ လမ်းသွယ် လမ်းထိတ် မှောင်ရိပ်တွေထဲ ရပ်ထားသော ဆိုက္ကားများပေါ် မလှုပ်မယှက် အိပ်ပျော်နေသည့် ဆိုက္ကားနင်းသူများလည်း တွေ့ရ၏။ ရန်ကုန်မြို့တွင် နေထိုင်ဖူးခြင်းမရှိ၊ အကာလ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်