Posts Tagged ‘ ခင်စန္ဒာမြင့် ’

ခင်စန္ဒာမြင့် ● ဆေးစွဲအမျိုးသမီးတို့အတွက် လိုအပ်နေတဲ့ ဘိန်းဖြတ်စခန်း

August 31, 2017
ခင်စန္ဒာမြင့် ● ဆေးစွဲအမျိုးသမီးတို့အတွက် လိုအပ်နေတဲ့ ဘိန်းဖြတ်စခန်း

ခင်စန္ဒာမြင့် ● ဆေးစွဲအမျိုးသမီးတို့အတွက် လိုအပ်နေတဲ့ ဘိန်းဖြတ်စခန်း (မိုးမခ) သြဂတ်စ် ၃၁၊ ၂၀၁၇ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့က အိမ်ကြီးတစ်ခုထဲမှာ အသက် ၄ဝ အရွယ် အမျိုးသမီးက သူ့ဘဝအကြောင်း ပြောပြရင်း မျက်ရည်ကျနေပါတယ်။ ပျက်စီးနေတဲ့ လက်သည်းပန်းကုံးတွေ၊ အပ်ပေါက်ရာတွေပြည့်နေတဲ့ လက်ဖမိုးနဲ့ မျက်ရည်သုတ်နေသူက မြစ်ကြီးနားသူ မကော့ (အမည်လွှဲ) ဖြစ်ပြီး ဆယ်ကျော်သက်ဘဝ ကချင်ပြည်နယ် ကျောက်စိမ်းဒေသ ရောက်ချိန်မှာ  မူးယစ်ဆေးစွဲသူတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့သူပါ။ “သူက နေ့တိုင်း ဘိန်းစားနေပြီး ကျွန်မကို ပိုက်ဆံလည်း မပေးတော့ဘူးလေ။ အဲ့ဒီတော့ ကျွန်မလည်း သူ့ကို အရွဲ့တိုက်ပြီး ဘိန်းလိုက်စားလိုက်တာ စွဲမှန်းမသိ စွဲသွားတယ်” လို့ ခပ်ညစ်ညစ် အသားအရေပိုင်ရှင် မကော့က ခပ်တိုးတိုး ပြောပြပါတယ်။ ဘိန်းမည်းသုံးတဲ့အဆင့်ကနေ...

Read more »

ခင်စန္ဒာမြင့် ● NCA ဘောင်ထဲမှာပဲ ပိတ်မိမနေဖို့ လိုပါတယ် (အင်တာဗျူး)

June 2, 2017
ခင်စန္ဒာမြင့် ● NCA ဘောင်ထဲမှာပဲ ပိတ်မိမနေဖို့ လိုပါတယ် (အင်တာဗျူး)

ခင်စန္ဒာမြင့် ● NCA ဘောင်ထဲမှာပဲ ပိတ်မိမနေဖို့ လိုပါတယ် (အင်တာဗျူး) (မိုးမခ) ဇွန် ၂၊ ၂၀၁၇ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ပြည်တွင်းငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော လမ်းကြောင်းအဖြစ်  မှတ်ယူမယ်ဆိုရင် ပဋိပက္ခ လျှော့ချရေးမှာ ရှေ့တိုးနိုင်ဖို့ မသေချာဘူးလို့  Institute for Strategy and Policy – Myanmar အဖွဲ့မှ သုတေသီ ဒေါ်ဆုမွန်သဇင်အောင်က ပြောပါတယ်။ မကြာသေးခင်က အစိုးရရဲ့ ဖိတ်ကြားချက်အရ ၂၁ ရာစု ပင်လုံညီလာခံတက်ရောက်ပြီး ပါဝင်သင့်ပါဝင်ထိုက်သူ အစုအဖွဲ့၊ စီးပွားရေး ကဏ္ဍမှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆက်သွယ်မေးမြန်းရာမှာ ဒေါ်ဆုမွန်သဇင်အောင်က  NCA စာချုပ်ရဲ့ အနေအထား၊ လက်နက်ကိုင်...

Read more »

ခင်စန္ဒာမြင့် ● အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်သူတွေပါ

May 29, 2017
ခင်စန္ဒာမြင့် ● အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်သူတွေပါ

ခင်စန္ဒာမြင့် ● အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်သူတွေပါ (မိုးမခ) မေ ၂၉၊ ၂၀၁၇ အရောင်အသွေးစုံ ဆင်မြန်းထားကြသူ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ မတူညီတဲ့လေသံနဲ့ ဆက်သွယ် ပြောဆိုနေသံတွေဟာ နေပြည်တော်က ဆွေးနွေးပွဲကြီးတခု ပြုလုပ်ရာဝန်းကျင်မှာ ပျံ့လွှင့်နေပါတယ်။ ဒါကတော့ မေလကုန်ပိုင်းမှာကျင်းပတဲ့  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်အစည်းအဝေးမှာ ဖြစ်ပါတယ်။ ပျားပန်းခပ် လှုပ်ရှားနေတဲ့ ညီလာခံကိုယ်စားလှယ်တွေ၊ လေ့လာသူတွေကြားထဲမှာ အမျိုးသမီးတချို့ကိုလည်း တွေ့ရပါ တယ်။ အစုအဖွဲ့အလိုက်၊ ကဏ္ဍအလိုက်ဆွေးနွေးပွဲတွေက ထွက်လာတဲ့သဘောထားတွေကို စုစည်းပြီး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ  (UPDJC) အတွင်းရေးမှူးအဖွဲ့ကို တင်ပြဆုံးဖြတ်ရမှာဖြစ်ပါတယ်။  ငြိမ်းချမ်းရေးညီလာခံ တက်ရောက်လာတဲ့ ‘၀’ ဒေသက အမျိုးသမီးငယ်တဦး (ဓာတ်ပုံ – ခင်စန္ဒာမြင့်)...

Read more »

ခင်စန္ဒာမြင့် ● စံနှုန်းတွေထဲက ဖောက်ထွက်သူ အမျိုးသမီးတက္ကစီဆရာမလေး

April 5, 2017
ခင်စန္ဒာမြင့် ● စံနှုန်းတွေထဲက ဖောက်ထွက်သူ အမျိုးသမီးတက္ကစီဆရာမလေး

  ခင်စန္ဒာမြင့် ● စံနှုန်းတွေထဲက ဖောက်ထွက်သူ အမျိုးသမီးတက္ကစီဆရာမလေး (မိုးမခ) ဧပြီ ၅၊ ၂၀၁၇ ■ လူမှုပုံစံသတ်မှတ်ချက်တွေထဲက ဖောက်ထွက် အောင်မြင်လာသော အမျိုးသမီးငယ်လေး အမျိုးသမီးလို့ဆိုလိုက်တာနဲ့ အားနွဲ့သူ၊ ယောကျာ်းတွေလုပ်တဲ့ အလုပ်တွေနဲ့ဘယ်လိုမှ မအပ်စပ် နိုင်သူတွေရယ်လို့ လူမှုဝန်းကျင်က ပုံစံတကျသတ်မှတ်ထားတတ်ကြပါတယ်။ ဒီလိုသတ်မှတ် ယူဆထား ခြင်းဟာ လူ့စွမ်းအားအရင်းအမြစ်တွေထဲက တခုဖြစ်တဲ့ အမျိုးသမီးတွေရဲ့ စွမ်းအားကို ဆုံးရှုံးစေတဲ့ အကြောင်းတွေထဲက တခုပဲဖြစ် ပါတယ်။ ဒီလိုအမျိုးသမီးတွေကို အားနွဲ့သူတွေရယ်လို့ ထင်မြင်ယူဆ ချက်တွေဟာ လက်တွေ့မှာ အမှန် တကယ်မှားယွင်းနေတယ်ဆိုတာကို သက်သေပြနေသူ တယောက်ရှိပါ တယ်။ သူကတော့ အငှားယာဉ် မောင်းသူ အမျိုးသမီးငယ်လေး မမိုးမိုးလွင်ပဲဖြစ်ပါတယ်။ မမိုးမိုးလွင်ဟာ လူနေထူထပ် လွန်းလှတဲ့ ရန်ကုန်မြို့ကြီးကို မော်...

Read more »

စောင့်ကြည့်ကော်မတီဖွဲ့ပြီးနောက် တိုက်ပွဲဖြစ်မှု လျော့ကျခဲ့ဟုဆို

February 28, 2017
စောင့်ကြည့်ကော်မတီဖွဲ့ပြီးနောက် တိုက်ပွဲဖြစ်မှု လျော့ကျခဲ့ဟုဆို

စောင့်ကြည့်ကော်မတီဖွဲ့ပြီးနောက် တိုက်ပွဲဖြစ်မှု လျော့ကျခဲ့ဟုဆို ခင်စန္ဒာမြင့် / Myanmar Now (မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇ နယ်စပ်ဒေသတွင် စစ်ပြေးဒုက္ခသည် တစ်သိန်းကျော် သွားရောက်ခိုလှုံနေပြီး၊ ပြည်တွင်းတွင် စစ်ရှောင် ဒုက္ခသည် သုံးသောင်းခွဲ ရှိကြောင်း လူ့အခွင့်အရေး အဖွဲ့များက ခန့်မှန်းထားသည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကို ၂ဝ၁၅ အောက်တိုဘာ ၈ ရက်နေ့တွင် ဖွဲ့စည်းပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှု နည်းပါးလာသည်ဟု JMC အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောသည်။ “JMC ပေါ်လာပြီးနောက် တိုက်ပွဲက ၁၂...

Read more »

ခင်စန္ဒာမြင့် ● ရေအားလျှပ်စစ်စီမံကိန်းနဲ့ ကျယ်လောင်လာတဲ့ ဆန့်ကျင်သံများ

February 14, 2017
ခင်စန္ဒာမြင့် ● ရေအားလျှပ်စစ်စီမံကိန်းနဲ့ ကျယ်လောင်လာတဲ့ ဆန့်ကျင်သံများ

ခင်စန္ဒာမြင့် ● ရေအားလျှပ်စစ်စီမံကိန်းနဲ့ ကျယ်လောင်လာတဲ့ ဆန့်ကျင်သံများ (Myanmar Now / မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၇ ဒေါတခြား ရေတံခါး ၊ ဓာတ်ပုံ – ခင်စန္ဒာမြင့် ရေကာတာနဲ့ ရေအားလျှပ်စစ်စီမံကိန်း ဆန့်ကျင်တဲ့တက်ကြွလှုပ်ရှားသူတွေဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ အစည်းအဝေးကြီးတခုမှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်သူတွေ၊ အစိုးရ အရာရှိတွေ၊ စီးပွားရေးကုမ္ပဏီကိုယ်စားလှယ်တွေနဲ့ မျက်နှာချင်းဆိုင်ပြီး သူတို့ရဲ့ရင်ထဲမှာရှိနေတဲ့ မယုံကြည်မှု၊ မကျေနပ်မှု ခံစားချက်အသီးသီးကို ချပြပြီး ဆွေးနွေးငြင်းခုံနေကြပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ ဆွေးနွေးပွဲရောက် တက်ကြွလှုပ်ရှားသူတွေဟာ ရှမ်း၊ ကယားပြည်နယ်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ကိုယ်စားပြုသူတွေပါ။ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းက ပြုလုပ်ခဲ့သည့် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှု ဆိုင်ရာ အလုပ်ရုံ...

Read more »

ခင်စန္ဒာမြင့် – ရိုက်ချိုးရမယ့် စံနှုန်းများ

February 1, 2017
ခင်စန္ဒာမြင့်  – ရိုက်ချိုးရမယ့် စံနှုန်းများ

    ခင်စန္ဒာမြင့်  – ရိုက်ချိုးရမယ့် စံနှုန်းများ (မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၇ မြန်မာပြည်မှာ ယောက်ျားနဲ့မိန်းမ အမိဝမ်းတွင်းသန္ဓေသားဘ၀ကပင် ခွဲခြားဆက်ဆံမှုကိုခံနေရတယ်ဆိုတာကို စေ့စေ့တွေးတဲ့သူမှန်ရင် ဘယ်သူမှ ငြင်းဆိုင်နိုင်မယ် မထင်ပါ။ ဒါပေမယ့်တချို့လူတွေကတော့ မြန်မာနိုင်ငံကအမျိုးသမီးတွေကို ဘယ်သူကဘာတွေတားဆီးနေလို့လဲ၊ အားလုံးတန်းတူရနေတာပဲလို့ ပြောကောင်းပြောနိုင်ပါတယ်။ အရပ်ထဲမှာ ကိုယ်ဝန်သည်အမျိုးသမီးတယောက်ကိုတွေ့လိုက်တာနဲ့ “ဘာလေးလဲ”လို့ မေးကြပါမယ်။ ယောက်ျားလေးလို့ ဆိုလိုက်တာနဲ့တပြိုင်နက် မေးတဲ့သူကလည်းချီးကျူးဂုဏ်ပြုကြသလို၊ အမေးခံရသူကလည်း သားယောက်ျားလေးမိခင်ဖြစ်ရမှာမို့ မြင့်မြတ်သူအဖြစ် ယူဆလိုက်တာပါပဲ။ ဆန့်ကျင်ဖက်အားဖြင့်မိန်းကလေးလို့ ဆိုလိုက်တာနဲ့တပြိုင်နက် မေးတဲ့သူကလည်း “တဂိုးသွင်းခံရပြီနော်” လို့ နောက်ပြောင်တတ်သလို၊ အမေးခံလိုက်ရသူမှာလည်း သူ့ကိုယ်သူအရှုံးသမားအဖြစ် ခံယူလိုက်တတ်ကြပါတယ်။ လူမှုဝန်းကျင်က ပညတ်ထားတဲ့ ယောက်ျားဆိုရင်မြင့်မြတ်တယ်၊ မိန်းမဆိုရင် တဆင့်နိမ့်တယ်ဆိုတဲ့ စံသတ်မှတ်မှုတွေကလူပင် ဖြစ်မလာသေးတဲ့ ရင်သွေးတယောက်ကိုခွဲခြားနေကြပါတော့တယ်။ ဓလေ့ထုံးတမ်းနဲ့ စံသတ်မှတ်မှုများ အမိဝမ်းထဲက မကျွတ်ခင်ကတည်းက...

Read more »

ခင်စန္ဒာမြင့် ● အိမ်အတွင်းက တိုးတိတ်နေတဲ့ ရှိုက်သံများ

January 27, 2017
ခင်စန္ဒာမြင့် ● အိမ်အတွင်းက တိုးတိတ်နေတဲ့ ရှိုက်သံများ

 ခင်စန္ဒာမြင့် ● အိမ်အတွင်းက တိုးတိတ်နေတဲ့ ရှိုက်သံများ (မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၁၇ အနီးဆုံးလူ အကြမ်းဖက်တာကို ခံနေရတဲ့ အမျိုးသမီးတွေဘက်မှာ ရပ်တည်ပေးမယ့်သူ နည်းပါးနေပါသေးတယ်။ သနပ်ခါးပါးကွက်ကြား လိမ်းခြယ်ထားတဲ့ ပိန်ပိန်ပါးပါးခန္ဓာကိုယ်ပိုင်ရှင် အသက် ၃ဝ ဝန်းကျင်ရှိတဲ့ မဝါဝါ(အမည်လွဲ) ဟာ သူရဲ့ခါးသီးတဲ့ အိမ်ထောင်သည် ဘဝဇာတ်ကြောင်းကို မကြာသေးခင်က ရန်ကုန်မြို့ ‘ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ အဖွဲ့အစည်း’ ရုံးခန်းရဲ့ ထောင့်တစ်နေရာက ထိုင်ခုံလေးမှာထိုင်ရင်း မျက်ရည်တွေနဲ့ ပြောပြနေပါတယ်။ “သူနဲ့ကွဲသွားရင် လွတ်မြောက်ပါပြီ၊ ကျွန်မ ဘယ်လိုပဲ နေရ၊ နေရပါ” လို့ မဝါဝါက ခံစားချက်တွေ၊ ထိခိုက်နာကျင်မှုတွေ အပြည့်နဲ့ ပြောလိုက်ပါတယ်။ ငြိမ်းချမ်းရေးနှင့် ကျား-မတန်းတူရေး မဟာမိတ်အဖွဲ့မှ ပဲ့ကိုင် ကော်မတီဝင် ဒေါ်နန်းဖြူဖြူလင်း...

Read more »

ခင်စန္ဒာမြင့် ● တကယ်လိုအပ်တဲ့နေရာတွေမှာ မိုးရွာပေးနေတဲ့

September 28, 2016
ခင်စန္ဒာမြင့် ● တကယ်လိုအပ်တဲ့နေရာတွေမှာ မိုးရွာပေးနေတဲ့

ခင်စန္ဒာမြင့် ● တကယ်လိုအပ်တဲ့နေရာတွေမှာ မိုးရွာပေးနေတဲ့ လူမှုစီးပွား စွန့်ဦးတီထွင်သူ ဉာဏ်ကြီးရှင်နှင့် တွေ့ဆုံခြင်း အပိုင်း(၁) (မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၆ ကုန်ပစ္စည်းတခုကို အနည်းဆုံးဈေးနဲ့ဝယ်၊ ကိုယ်ကတန်ဖိုးမြှင့်ထုတ်ကုန်လုပ်၊ ပြီးတော့ ဈေးကွက်မှာ ဈေးအကြီးဆုံးရောင်းတဲ့ အခြားလုပ်ငန်းတွေရဲ့ ပုံစံမျိုးမလုပ်ဘူး။ အမြတ်ရအောင်တော့လုပ်တယ်၊ ဒါပေမယ့် တောင်သူတွေကို ဘယ်လိုထုတ်ရမယ်ဆိုတာကို သင်ပေးတယ်။ ပြီးတော့မှ သူတို့ဆီကနေ ဈေးနှုန်းအမြင့်ဆုံးနဲ့ ပြန်ဝယ်တယ်။ ပြီးရင် ဈေးကွက်ကို လူတိုင်းစားသုံးနိုင်တဲ့ ဈေးနှုန်းနဲ့ ပြန်ရောင်းတယ်။ အခု အပြင်မှာ ကော်ဖီတခွက်ကို ဆိုင်ကြီးတွေပေါ်မှာ ၄၀၀၀ နဲ့ရောင်းတယ်။ ကျွန်တော်မရောင်းဘူး Expresso တခွက်မှ ၁၈၀၀နဲ့ပဲရောင်းတယ်။ ဆိုလိုချင်တာက တောင်သူတွေကို တတ်အာင်သင်တယ်။ ပြီးရင် သူတို့ဆီကနေ ဈေးနှုန်းအမြင့်ဆုံးနဲ့ ၀ယ်တယ်။ ဈေးကွက်မှာ လူတိုင်းစားသုံးနိုင်တဲ့ဈေးနှုန်းနဲ့ရောင်းတယ်။...

Read more »

ခင်စန္ဒာမြင့် ● “ဘက” သို့မဟုတ် အမှိုက်ထဲက ရွှေ ဖြစ်သောနေရာက အသံများ

September 20, 2016
ခင်စန္ဒာမြင့် ● “ဘက” သို့မဟုတ် အမှိုက်ထဲက ရွှေ ဖြစ်သောနေရာက အသံများ

ခင်စန္ဒာမြင့် ● “ဘက” သို့မဟုတ် အမှိုက်ထဲက ရွှေ ဖြစ်သောနေရာက အသံများ (မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၆ ■ စုံစမ်းရေးသားသူ – ခင်စန္ဒာမြင့် ■ တည်းဖြတ်ပြင်ဆင်သူ – ငြိမ်းချမ်းအေး ■ ဓာတ်ပုံများ – ငြိမ်းချမ်းအေး ±±±±± ±±±±± ±±±±± “ကျုပ်ကို ကျောင်းမှာ မေတ္တာအခါတော်နေ့ လုပ်ရမယ်လို့ ပြောတယ်။ ကျုပ်တို့ဘုန်းကြီးကျောင်းမှာ နေ့တိုင်းကျောင်းသားတွေကို မေတ္တာပို့ခိုင်းတဲ့အလုပ် လုပ်နေတာ။ ဒီအခမ်းအနားတွေ လုပ်ဖို့မလိုဘူး။ သူတို့က ဓာတ်ပုံရိုက် ဟိုတင်၊ ဒီတင် အပေါ်ယံတွေလုပ်တယ်။ ဒါတွေက စာသင်ကြားရေးပိုင်းကို ဘာ အထောက်အကူမှ မပြုဘူး။ ဘုန်းကြီးတို့က စာတတ်အောင်သင်ပေးနေတာ။ သူတို့ပြဋ္ဌာန်းထားတဲ့စာက တကယ်သင်ရင် (၄) လနဲ့ ပြတ်တယ်။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်