Posts Tagged ‘ ခင်ဇော်မိုး ’

ခင်ဇော်မိုး ● ဗွီဒီယို

August 11, 2017
ခင်ဇော်မိုး ● ဗွီဒီယို

ခင်ဇော်မိုး ● ဗွီဒီယို (မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၇   အခု​တော့ ဟမ်းဖုန်း​တွေ၊ လက်​​တော့ပ်​​တွေက​နေပဲ အင်​တာနက်​​သုံးတယ်​။ ဇာတ်​ကား​တွေကြည့်တယ်​။ ကျွန်​မတို့ ငယ်​ငယ်​တုန်းက အခု­လို ကိုယ့်​အခန်းနဲ့ကိုယ်​ တီ​ဗွီမရှိသလို တအိမ်တီဗွီတလ­ုံးလည်း မရှိဘူး။ ဟမ်းဖုန်းတယောက်​တလုံး ဆိုတာ ​ဝေးလှ​ပေါ့။ အခုပြုတ­်သွားတဲ့ သူကြီးဟောင်­းဦးငွေသော် ဗွီဒီယို­ရုံမထောင်ခင်ကဆို တော­င်ဘက်ရွာက ရုံကို သွာြး­ကည့်ရတာ။ ညနေဘက်ဆို ညပြမယ့်ဇာတ်ကားအမည်နဲ့ မင်းသား၊ မင်းသမီးအမည­်ကို မိုက်နဲ့ကြေညာတယ်​။ ညနေရောက်ပြီဆို နာ­းစွင့်နေ ကြတော့တာပဲ။ ဇာတ်လမ်းအမည် ခပ်မိုက­်မိုက်ဆိုလို့ကတော့  နေပူမိုးရွာမရှောင်ဘူး သွားတာ။ အဲ့နောက ဘယ်­သူတွေ ခေတ်စားလဲ ဆိုတော့ သီဟတင်စိုးတို့၊ နေ­မျိုးအောင်တို့၊ ဂျွန­်ကိုတို့ခေတ်စားနေတဲ့­အချိန်။ အဲ့ဒီ မင်း သ­ားတွေအမည် မိုက်အော်သ­ံကြားရင် ဇာတ်ကြမ်း ကာ­းဆိုတာ...

Read more »

ခင်ဇော်မိုး ● အပူလှိုင်းအားကြီး​သော ဇုန်​တ​နေရာ

June 3, 2017
ခင်ဇော်မိုး ● အပူလှိုင်းအားကြီး​သော ဇုန်​တ​နေရာ

ခင်ဇော်မိုး ● အပူလှိုင်းအားကြီး​သော ဇုန်​တ​နေရာ (မိုးမခ) ဇွန် ၃၊ ၂၀၁၇ အပူသံလျှပ်​​တွေက ​လေထုထဲမှာမီးညွှန့်​မီး​တောက်​များလို တရိပ်​ရိပ်​တက်​​နေသည်​။ ​မေလသည်​ အပူပြင်းဆုံးကာလလည်း ဖြစ်​၏။ လမ်းတလျှောက်​ ​ဝဲယာမှသစ်​ပင်​ငယ်​များသည်​လည်း အရိုးကျဲကျဲ၊ သွားချဲချဲနှင့်​လူရိုးစုများရပ်​​နေသလား ​အောက်​​မေ့ရသည်​။ တချို့သစ်​ပင်​များက​လည်း ပုရစ်​ဖူးသစ်​ရွက်​​လေးများ ​ခေါင်းပြူ နေကြ​လေပြီ။ ​​လေပူများက တကိုယ်​လုံးကို ပွတ်​တိုက်​ဆွဲ​နေ၏။ ဒီလို​နေပူပြင်းပြင်းမှာ  မိုင်​နှစ်​ဆယ်​​ကျော်​​ဝေး​သောခရီးကို ဆိုင်​ကယ်​စီးပြီးသွားရသည်​မှာ အမှန်​တကယ်​ပင်​ပန်းသည့်​အလုပ်​လည်းဖြစ်​သည်​။ ​ကွေ့ပတ်​လိမ်​လည်​​နေသည့်​လမ်းနှင့်​ တသားတည်းကျ​အောင်​ ​မောင်းနှင်​​နေရသည်​မှာ ငယ်​ငယ်​က ပုရွက်​ဆိတ်​​ကြောင်း လိုက်​ကြရသလို။ တခါတလေ ခက်​ခဲသည်​။ လက်​ညှိုးက​လေးဖြင့်​​ထောက်​ကာလိုက်​​သော ပုရွက်​ဆိတ်​​ကြောင်းက လွဲ​ချော်​ပါမူ ဒူးငါးချက်​​ခေါက်​ခံရမည်​ထက်​မပို။ ယခုလိမ်​လည်​​ကွေ့ဝိုက်​​သော လမ်းကို​ချော်​သွားပါက ​သေ​လေမလား။ ကျိုးသွား​လေမလား။ တခုမဟုတ်​ တခု​သေချာ​ပြီးသား။ ကတ္တရာ​စေးသုတ်​လိမ်းထား​သော လမ်းကလည်း ​​နေအပူရှိန်​​​ကြောင့်​ ကားဘီး၊ ဆိုင်​ကယ်​ဘီးများ ​ဗျစ်​​ဗျစ်​စုတ်​​အောင်​ပင်​...

Read more »

ခင်ဇော်မိုး ● ဝဲလည် ဝဲလည်

February 26, 2017
ခင်ဇော်မိုး ● ဝဲလည် ဝဲလည်

ခင်ဇော်မိုး ● ဝဲလည် ဝဲလည် (မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၇   လက်ပံပင်ရိပ်အောက်ကနေ နေပူပြင်ဆီ ကြည့်လိုက်သည်နှင့် အပူရိပ်တွေ တတွန့်တွန့်ထနေသောကြောင့်  မျက်ခုံးနှစ် ဖက်ကိုပါ တွန့်ရှုံ့အားစိုက်ပြီး ဖိုးဇော်လေးကြည့်နေသည်။ ကျစ်ကျစ်တောက်ပူနေသည့် အပူတန်း အလင်းစူးစူးတွေက မျက် စိကို ထိရှိလွန်းသည်မို့ ကျိန်းစပ်နေဟန်။ သို့သော် ဖိုးဇော်လေးရင်ထဲက ပူလောင်ခြင်းတွေ၊ ထိရှပွန်းပဲ့နေခြင်းတွေကိုမီနိုင်ရိုးရှိမည်မထင်။ အပင်ထက်ကနေ ဝေ့ဝဲကျလာသည့် လက်ပံပွင့်များက ကြက်တောင်လေးများသဖွယ် လှပစွာလည်ပြီးဆင်း လာသည်ကိုလည်း မယောင်မလည်ငေးကြည့်နေမိသေးသည်။ ဟိုတပွင့်ဒီတပွင့် အဆက်မပြတ်ကြွေကြနေသည်မို့ နေပူပူထဲ လက်ပံပင်ကြီးက လှချင်တိုင်းလှနေသည်မှာ အမှန်။ အရင်နှစ်တွေကဆို နွေကျောင်းပိတ်ရက်တွေကို မျှော်ရသည်မှာအမော  ပျော်ရသည်မှာ အလွန်ပင်။ နွေကျောင်းပိတ်ရက် ဆိုရင် ဘုန်းကြီးကျောင်းကို ကျောင်းသားအဖြစ် စုကြပြန်သည်။ ကိုရင်တွေက မိုးတွင်းအတွက်...

Read more »

ခင်ဇော်မိုး ● ဆောင်းည

February 3, 2017
ခင်ဇော်မိုး ● ဆောင်းည

ခင်ဇော်မိုး ● ဆောင်းည (မိုးမခ) ဇန်နဝါရီ ၃၊ ၂ဝ၁၇ (၁) ဆောင်းဝင်လာပြီမို့ အအေးဓာတ်က ကဲသထက်ကဲလာပြီ။ နေညိုလာသည်နှင့် အပြင်မှာအေးစိမ့်လာတော့သည်။ နှင်းမှုန် လေးတွေဟာ ဆောင်းညရင်ခွင်မှာ ကြွေသည့်ပန်းကလေးများသာ။ အေးလွန်သည့်ဆောင်းညတွေဟာ ချောက်နက်ထဲကို ကျနေသူလိုခံစားရသည်။ မြောက်ပြန်လေနှင့် ခရီးနှင်လာသောဆောင်းဟာ အလွမ်းကိုရင့်မှည့်စေသည်။ သူမရော ဆောင်း ညအလှကို ခံစားမိလေမလား။ ကျွန်တော့်ကိုရော လွမ်းဆွတ်နေလေမလား။ ဘယ်အရာမှ မရေရာပါ။ ဒါပေမယ့် ဖမ်းဆုပ်မရ သည့်စိတ်ဟာ သတိရတိုင်းယိမ်းနွဲ့နေသည့်သစ်ကိုင်းဖျားတွေလို။ လွင့်လို့ ယိမ်းလို့။ ဘယ်လောက်ထိ ညွှတ်ကော့သွားမယ် ဆိုတာ ဒီဂရီတိတိကျကျမရှိ။ ကျွန်တော်ကိုယ်တိုင်ရော ဘယ်အချိန်ထိ လွမ်းဆွတ်နေမည်မသိ။ ဘယ်လောက်ထိ လွမ်းနေ ကြောင်း ပြောပြ၍မလုံလောက်။ ပုလဲသွယ်နှင်းမှုန်နှင်းရည်တို့နှင့်ရောကာ သက်ပြင်းတွေကို တိုးတိုးတိတ်တိတ်ချနေမိသည်။ အေးလွန်းသည့်ဆောင်းညထဲ အလွမ်းကြောင့် အနေခက်ရလွန်းပါသည်။...

Read more »

ခင်ဇော်မိုး – ကြွေ

February 1, 2017
ခင်ဇော်မိုး – ကြွေ

သန်းဌေးမောင် ခင်ဇော်မိုး – ကြွေ (မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၇ ငါ့ကိုယ်ငါထက် မင်းကိုပိုချစ်မိတဲ့အခါ မင်းရဲ့ပျော်ရွှင်မှုတွေသာ အရေးပါဆုံးအရာ ဖြစ်လာတယ်။ တခါတလေ အဆင်မပြေမှုတွေကြားမှာ ငါတယောက်ထဲနေရထိုင်ရတဲ့အခါ လောကကြီးဟာ အဓိပ္ပာယ်မဲ့လွန်းတယ်။ လောကကြီးဟာ မေတ္တာတရားခေါင်းပါးလွန်းတယ် လို့ ငါမြင်တယ်။ တကယ်ဆို ငါ့ဘေးမှာ မင်းရှိစေချင်ခဲ့တာ။ မင်းရှိဖို့ လိုအပ်ခဲ့တာပါ။ တကယ်လက်တွေ့မှာ မင်းမျက်နှာကိုငေးကြည့်ခွင့်တောင်မရှိဘူး။ မင်းစကားသံကို ကြားခွင့်မရဘူး။ မင်းကိုစွဲလန်းမိတဲ့အချိန်ကစလို့ ငါဟာ ပင်ပန်းဆင်းရဲမှုကို စတင်တွေ့ရှိခဲ့ ခြင်းပဲ။ မြတ်နိုးရတဲ့သူ၊ ချစ်ရတဲ့သူဆီကဆိုရင် ဒဏ်ရာကိုတောင်မြတ်နိုးမိတာ။ ဝေဒနာကိုတောင် ချိုမြတယ်အထင်နဲ့ ရူးရူးမူးမူးခံစားချင်မိတာ။ မင်းမသိပဲ နင့်နင့်သီးသီးလွမ်းနေရတာ သိပ်ပင်ပန်းတာပဲ အချစ်ရယ်။ ငါက တိတိပပ မင်းတယောက်တည်းကိုချစ်တာ။ ငါ့မှာတချိန်က မင်းအကြည့်လေးတွေ လွမ်းနေရတယ်။ မင်းမျက်လုံးလေးတွေကို အရင်လိုငါ့လက်တွေနဲ့ စမ်းကြည့်ချင်တုန်း။...

Read more »

ခင်ဇော်မိုး ● ဒီဇင်ဘာဟာ မှုန်ရီနေတယ်

December 2, 2016
ခင်ဇော်မိုး ● ဒီဇင်ဘာဟာ မှုန်ရီနေတယ်

ခင်ဇော်မိုး ● ဒီဇင်ဘာဟာ မှုန်ရီနေတယ် (မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၆ ကျွန်မရောက်သွားတော့ ကျောင်းအုပ်ဆရာကြီးက စားပွဲမှာစာအုပ်ဖတ်နေသည်။ ကျန်တဲ့ ဆရာတဦးနှင့် ဆရာမနှစ်ဦး ကတော့ ကလေးတွေကို `အက´သင်ပေးနေကြသည်။ ဆရာလေးက ဦးရွှေရိုးနှင့် ဒေါ်မိုးကို သင်ကြားပေးနေပြီး ဆရာမ လေးနှစ်ဦးကတော့ `အက´ အဖွဲ့တခုစီ တာဝန်ယူသင်ကြားပေးနေသည်။ ဆရာကြီးနှင့်လည်း စကားလက်စုံကြရင်း အကသင်နေသည့် ဆရာမနှင့်ကလေးတွေကို ကြည့်နေမိသည်။ ဥမမယ် စာမ မြောက်လေးတွေဖြစ်ကြသည့် နှစ်တန်း၊ သုံးတန်း၊ လေးတန်း ကလေးငယ်လေးများကို စိတ်ရှည်လက်ရှည် သင်ကြားပေးနေသော ဆရာ ဆရာမလေးတို့၏ စိတ်ရှည်နိုင်စွမ်းမှာ မည်သည့်အရာနှင့် နှိုင်းတုရပါမည်နည်း။ နာသုံးနာနှင့် ပြည့်သောသူများ ဖြစ်သည်ဟု အဆိုပြုထားသည်မှာ ငြင်းဆိုဖွယ်ရာမရှိပေ။ ပြဋ္ဌာန်းစာအုပ်ထဲက စာများကိုသာမကဘဲ ကလေးများအသက်အရွယ်နှင့်လိုက်ဖက်စပ်ဟပ်သည့် ပြင်ပလောကဆိုင်ရာ...

Read more »

ခင်ဇော်မိုး ● စိမ်းလာပါဦးမည်လား အကျွန့်မြေ

October 31, 2016
ခင်ဇော်မိုး ● စိမ်းလာပါဦးမည်လား အကျွန့်မြေ

ခင်ဇော်မိုး ● စိမ်းလာပါဦးမည်လား အကျွန့်မြေ (မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၆ အပျင်းကြီးတယ်လို့ ပြောလည်း ခံရမှာပါပဲ။ တောသူဖြစ်ပေမယ့်  တခါတလေ ယာတော၊ လယ်ခင်း သွားချင်စိတ်မရှိလှဘူး။ အဲသလို အပျင်းထူမိတဲ့အကြောင်းရင်းလည်းရှိတယ်လို့ပြောရမှာပဲ။ ရှင်းရှင်းပြောရရင်တော့ စိတ်ကုန် စိတ်ပျက်မိတာလို့ ဆိုရမှာပေါ့။ ဒီနှစ်ဆို ပိုပြီးစိတ်ကုန်စိတ်ညစ် ရတယ်။ လုပ်သမျှ သီးနှံကလည်း အဆင်မပြေလှပါဘူး။ ဘာ့ကြောင့်လဲဆိုရင်တော့ သီးနှံတွေ တွက် ရာသီမိုးမပို့လို့ပါဘဲ။ တောင်သူလယ်သမားတွေ သိပ်ကိုပင်ပန်းကြရတယ်။ အဲ့ဒီပင်ပန်းတာကိုပဲ နာမ်၊ နာမဝိသေန/ ကြိယာ၊ ကြိယာဝိသေသနကို စသဖြင့်ခွဲသလို ခွဲခြားပြရရင် ပင်ပန်းခြင်းနှစ်မျိုး ရှိတယ်။ ပထမ ကတော့ သိတဲ့အတိုင်း လူပင်ပန်းခြင်း ဖြစ်ပြီး၊ နောက်တခုကတော့ သီးနှံအဆင်မပြေခြင်းတွက် စိတ်ပင်ပန်းခြင်းပါပဲ။ ဒါနဲ့ပြောရဦးမယ်။ ကျမတို့ဘက်မှာ လယ်၊...

Read more »

ခင်ဇော်မိုး ● ဆေးရုံသို့ရောက်သည့်အခါ

October 23, 2016
ခင်ဇော်မိုး ● ဆေးရုံသို့ရောက်သည့်အခါ

 ခင်ဇော်မိုး ● ဆေးရုံသို့ရောက်သည့်အခါ (မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၆ အလျင်စလို မောင်းနှင်နေသည့် ကားလေးတစီးထဲကနေ ငိုသံတွေ ကွန်ကရစ်လမ်းမထက်မှာ ဖိတ်ကျနေခဲ့သည်။ လောက ကြီးကို မနှစ်မြို့သူတဦး၏ အသက်ရှူသံ ခပ်ညှင်းညှင်းများလည်း နွေဦးအစ သစ်ရွက်ဝါတွေ တရွက်ချင်းလွင့်ကျသလို ကျ ကျန်ခဲ့သည်။ ကားလေးကတော့ အလိုတော်ကျ အလျင်စလို ပြေးလွှားနေဆဲ။ တစ်နာရီလောက် ပြေးလွှားပြီးချိန်တွင် လေး ထပ်မျှရှိသော အဆောက်အဦးတခုရှေ့တွင် ရိုကျိုးစွာဖြင့် ကားလေးရပ်တန့်သွားသည်။ အဖြူရောင်အင်္ကျီနှင့် အနီရောင်လုံချည်ဝတ်ဆင်ထားသော မိန်းကလေးများညွှန်ခေါ်ရာသို့ ကျွန်မကို သယ်ဆောင်လာကြ သည်။ ထိုယူနီဖောင်းကိုမြင်သည်နှင့် ဆေးရုံဆေးခန်းတခုဆိုသည်ကို သိလိုက်သည်။ တသက်တကိုယ်မှာ ယခုတစ်ကြိမ်သာ ဤကဲ့သို့သောဆေးရုံနှင့် ထိတွေ့ဖူးပါသည်။ ဆေးရုံ ဆေးခန်းများဟူသည် ဒုက္ခများစုဝေးရာဟု ထင်မှတ်ထားသောကြောင့် တကြိမ်တခါမှ အရေးတယူမဆက်ဆံဖူးခဲ့။ မျက်နှာစိမ်းဖြစ်နေသော...

Read more »

ခင်ဇော်မိုး ● လောင်းရိပ်အောက်က သစ်တပင်

October 7, 2016
ခင်ဇော်မိုး ● လောင်းရိပ်အောက်က သစ်တပင်

ခင်ဇော်မိုး ● လောင်းရိပ်အောက်က သစ်တပင် (မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၆ တရိပ်ရိပ်ရွေ့နေသည့်တိမ်မျှင်တိမ်ဆိုင်တွေက ညနေခင်းနေ၀င်ဆည်းဆာနှင့် ပနာရလှပနေသည်။  အနောက်ဆီက ရေလှိုင်းသဏ္ဍန်တွန့်နေသော တောင်တန်းညှို့ညှို့ကြီးမှငှက်တွေ ပျံသန်းလာကြသလို တချို့ငှက်တွေကလည်း ထိုတောင် ညှို့ညှို့သို့ ပျံသန်းသွားကြသည်။ အုပ်စုဖွဲ့၍ ပျံသန်းကြသလို တကောင်စနှစ်ကောင်စ စသဖြင့် ကူးလူးပျံသန်းနေကြသည်။ သို့သော် လှောင်အိမ်ထဲမှငှက်ကလေးများတွင်မူ ငှက်တကောင်ဖြစ်ပါလျက်၊ အတောင်တစုံပါရှိလျက်၊ အားအင်တွေရှိပါလျက် ပျံသန်းခွင့်တွေနှင့် ကွေကွင်းကြရသည်။ ကျွန်မတို့အိမ်တွင် အလှမွှေး ငှက်ကလေးတကောင်ရှိပါသည်။ ထိုငှက်ကလေး၏ပိုင်ရှင်မှာ ကျွန်မ အမေပင်။ ထိုငှက်ကလေး နည်းတူ ပျံသန်းခွင့်တွေနှင့် ကွေကွင်းသောငှက်ကလေးတွေ မည်မျှ ရှိမည်မသိ။ ကျွန်မအမေနည်းတူ လှောင်အိမ်ထဲတွင် အလှကြည့်ကာ မွေးမြူချစ်ကြသောသူများသည်လည်း များစွာရှိပေလိမ့်မည်သာ။ ထိုငှက်ကလေးများသည် သူတို့ကျင်လည်နေထိုင်ရသော အိမ်၊ ပတ်ဝန်းကျင်ကိုသာ ခံစားခွင့် ရှိကြသည်။...

Read more »

ခင်ဇော်မိုး ● မျှော်လင့်ချက် မနက်ခင်းများနှင့်အပြုံး

September 18, 2016
ခင်ဇော်မိုး ● မျှော်လင့်ချက် မနက်ခင်းများနှင့်အပြုံး

ခင်ဇော်မိုး ● မျှော်လင့်ချက် မနက်ခင်းများနှင့်အပြုံး (မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၆ မြူနှင်းတွေပိတ်သည်း ယှက်လွှမ်းနေသည့် မိုးရာသီ၏မနက်ခင်းကြောင့် အကြည့်တွေ ကသီလင်တ ဖြစ်သွားမိသည်။ စင်္ကြဝ တေးမင်းသည် ရာသီမှား၍ ကန့်လန့်ကာချသည်များလားဟု ခြေဦးတည့်ရာ တွေးထင်မိသည်။ ပြတင်းပေါက်မှ မြင်တွေ့ ရသော ပြင်ပမြင်ကွင်းမှ ဖယ်သွေလိုက်တော့ ကြေးမုံပြင်မှာ ကျွန်တော့်ပုံရိပ်က ထင်ဟပ်သွားသည်။ ခြေရာလက်ရာ ပျက် ယွန်းနေသည့် ဆံပင်များကို ကျွန်တော့်လက်ချောင်းများဖြင့် ထိုးဖွပင့်တင်လိုက်သည်။ မနက်ခင်းပေါင်းများစွာ သေဆုံးသွားသော်လည်း ကျွန်တော့်အဖြစ်အပျက်များကတော့ မပြောင်းလဲသေးပါ။ ဒီကနေ့မနက် တွင်လည်း မနေ့ကအဖြစ်လိုပဲ နာရီပေါင်းများစွာကို ရုန်းကန်ရပါဦးမည်။ ဟိုအရင်သေဆုံးသွားသော မနက်ခင်းများထဲမှာ ရုန်းကန်ခဲ့ခြင်းများသည် နောက်ထပ်မနက်ခင်းတခုကို မွေးဖွားနိုင်ရုံမျှသာ။ ထို့ထက်မပို။ ကျွန်တော့်လို ရုန်းကန်သူများလည်း လက်ညိုးထိုးမလွဲ။ သို့သော် မနက်ခင်းလေးတွေကိုသာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်