Posts Tagged ‘ ခင်မောင်စော (ဘာလင်) ’

ခင်မောင်စော (ဘာလင်) – “ရိုဟင်ဂျာ”၏ဇာစ်မြစ်

September 1, 2017
ခင်မောင်စော (ဘာလင်) – “ရိုဟင်ဂျာ”၏ဇာစ်မြစ်

  ခင်မောင်စော (ဘာလင်) – “ရိုဟင်ဂျာ”၏ဇာစ်မြစ် (မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၇ (ဤစာတမ်းမှာ ၁၉၉၃ ခုနှစ်၊ လွန်ခဲ့ သော ၂၄ နှစ်ခန့် ကပင်ရေးသားထားခဲ့ သော စာတမ်းဖြစ်ပါသည်။ ထိုအချိန်ကပင် စာရေးသူသည် ၎င်းရိုဟင်ဂျာဆိုသူများ၏ အကြံမှာ မြန်မာပြည်၏တစိတ်တဒေသ သို့ မဟုတ် ဖြစ်နိုင်ပါက တပြည်လုံးကို သိမ်းပြီး အစ္စလာမ်မစ်နိင်ငံထူထောင်နေချင်ကြကြောင်း အသိပေးထားပြီး၊ ၎င်းအန္တရာယ် ကို အချိန်မီ ကြိုတင်ကာကွယ်ထားကြရန် ကြိုတင်သတိပေးထားခဲ့ ပါသည်။ ဝါရင့် နိင်ငံရေးသမားကြီး ဘုံပေါက်သာကျော်ကလည်း “ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ရိုဟင်ဂျာအန္တရာယ်” ဆိုသောအမည်ဖြင့် စာအုပ်တအုပ်ကို ၁၉၉၃ ခုနှစ်က ရေးသားထုတ်ဝေခဲ့ ပြီး နဝတ၊ အင် အယ်လ်...

Read more »

ခင်မောင်စော (ဘာလင်) ● ရခိုင်ပြည်တွင်းရှိ ဘင်္ဂလီပြဿနာအကြာင်းရင်း

August 29, 2017
ခင်မောင်စော (ဘာလင်) ● ရခိုင်ပြည်တွင်းရှိ ဘင်္ဂလီပြဿနာအကြာင်းရင်း

ခင်မောင်စော (ဘာလင်) ● ရခိုင်ပြည်တွင်းရှိ ဘင်္ဂလီပြဿနာအကြာင်းရင်း (မိုးမခ) သြဂတ်စ် ၂၉၊ ၂ဝ၁၇ ● နိဒါန်း ကျွန်တော်တို့ရခိုင်တွေဟာ ပညာကိုတန်ဖိုးထားသူများဖြစ်ခဲ့ကြလို့ အင်္ဂလိပ်ခေတ်အတွင်းကလည်းကောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာစအချိန်ကလည်းကောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ထိပ်တန်းရာထူးများကို ရခိုင်အများစုက ရယူထားခဲ့ကြပါ တယ်။ မျက်မှောက်ခေတ်မှာကတော့ ရခိုင်ပြည်ဟာ ဆင်းရဲမွဲတေမှုဒဏ်ကို အလူးအလဲခံနေရလို့ ပညာတတ်များအလွန်နည်း ပါးသွားပါတယ်။  မြန်မာအစိုးရရဲ့ တရားဝင်စာရင်းအရ ချင်းပြည်နယ်ကို အဆင်းရဲဆုံးပြည်နယ်၊ ရခိုင်ပြည်နယ်ကို ဒုတိယ အဆင်းရဲဆုံးပြည်နယ်လို့သတ်မှတ်ထားပေမဲ့ စာရေးသူရဲ့အမြင်မှာ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများဟာ လက်ရှိအခြေ အနေမှာ မြန်မာပြည်ရဲ့အဆင်းရဲဆုံးပြည်နယ်၊ ပညာရေးအဆင့်အတန်း အနိမ့်ကျဆုံးပြည်နယ်လို့ ထင်မြင်မိပါတယ်။ အ ကြောင်းကတော့ ချင်းတိုင်းရင်းသားအများစုဟာ နိုင်ငံခြားမှာရောက်ရှိနေပြီး လူငယ်အများစုမှာလည်း သက်ဆိုင်ရာ ခရစ် ယာန်အသင်းများရဲ့ထောက်ပံ့မှုများကြောင့် နိုင်ငံတကာတွင် ပညာသင်ကြားလျက်ရှိကြလို့ ချင်းပညာတတ်ဦးရေဟာ...

Read more »

ခင်မောင်စော (ဘာလင်) – ဘမျိုးဘိုးတူဆိုသော်လည်း

August 23, 2017
ခင်မောင်စော (ဘာလင်) – ဘမျိုးဘိုးတူဆိုသော်လည်း

Art – Than Htay Maung ခင်မောင်စော (ဘာလင်) – ဘမျိုးဘိုးတူဆိုသော်လည်း (မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၇ မြန်မာစကားတွင်ဘမျိုးဘိုးတူဆိုေ သာစကားရှိပါသည်။ အဖေတူသား၊ အမေတူသမီး၊ အဖခြေရာနင်းသူ အမိခြေရာနင်းသူ၊ ဆိုသောအသုံးများရှိသောလည်းနေရာတို င်းတွင်တော့ဘမျိုးဘိုးမတူတတ်ပါ။ အထင်ရှားဆုံးဥပမာကို ပေးရမည်ဆို လျှင်စစ်သူကြီးမဟာဗန္ဓုလ အမည်ကို မြန်မာတိုင်းလိုလိုကြားဘူးကြပါ လိမ့် မည်။ မဟာဗန္ဓုလသည် အင်္ဂလိပ်မြန်မာပထမစစ်ပွဲ အတွင်း၌ အင်္ဂလိပ်နယ်ချဲ့ ၏ကျူးကျော်ရန် ကို အသက်စွန့် ကာ ခုခံတိုက်ခိုက်သွားသူ အမျိုးသားသူရဲကောင်းကြီးဖြစ်ပါသ ည်။ အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲ ဖြစ်သောအခါ မြန်မာများက မဟာဗန္ဓုလ၏သား ဦးမောင်ကြီးကို အားကိုးတကြီးနှင့် သုံးဆယ်ဝန်ကြီးခန့် ကာပြည်မြို့ ကို ကာကွယ်ရန်မြိုဝန်တာဝန်ပေးထားပါသ ည်။ သို...

Read more »

ခင်မောင်စော (ဘာလင်) – မြေနိမ့်ရာလှံစိုက် (ဝါ) ကုလသမဂ္ဂ၏ အနိုင်ကျင့်စော်ကားချက်

August 18, 2017
ခင်မောင်စော (ဘာလင်) –  မြေနိမ့်ရာလှံစိုက် (ဝါ) ကုလသမဂ္ဂ၏ အနိုင်ကျင့်စော်ကားချက်

  ခင်မောင်စော (ဘာလင်) –  မြေနိမ့်ရာလှံစိုက် (ဝါ) ကုလသမဂ္ဂ၏ အနိုင်ကျင့်စော်ကားချက် (မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၇ မြန်မာပြည်တွင်း၌ “လူ့အသိုင်းအဝိုင်း” တခုက ကောလဟာလ သတင်းများဖြန့်နေကြပါသည်။ ကုလသမဂ္ဂလူအခွင့်အရေးကောင်စီဆုံးဖြတ်ချက်ကို မြန်မာအစိုးရက မလိုက်နာသည့်အတွက် ကုလသမဂ္ဂက မြန်မာနိုင်ငံကိုအရေးယူမည်။ ဒေါ်စုအပါအဝင် အစိုးရ နှင့်တပ်မတော်ထိပ်ပိုင်းမှ ပုဂ္ဂိုလ်များကို ရာဇဝတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး တွင်တရားစွဲတော့မည် စသည်ဖြင့် လျှောက်ပြောနေကြပါသည်။ မည်သည့်”လူ့အသိုင်းအဝိုင်း”ဆို သည်ကိုတော့ နန်းတော်ရှေ့ဆရာတင်၏ သီချင်းစာသားပါအတိုင်း “ပညာရှိကြပါလျှင် အမှန်တွေးယူ” ကြပါတော့။ ကုလသမဂ္ဂလူအခွင့်အရေးကောင်စီဆုံးဖြတ်ချက်ကို မြန်မာအစိုးရက လိုက်နာစရာမလိုပါ။ မလိုက်နာ၍လည်း ကုလသမဂ္ဂလူအခွင့်အရေးကောင်စီက ဘာမှမလုပ်နိုင်ပါ။ ထုံးစံအတိုင်း “Condemn ရှုတ်ချသည်” ဆိုသောစကားကိုသာ အလွန်ဆုံးသုံးနိုင်ပါမည်။ ဒါကိုလည်း ဂရုစိုက်စရာမလိုပါ။ Isreal ကိုဆိုလျင်...

Read more »

ခင်မောင်စော (ဘာလင်) – ပြန်လည်သတ်မှတ်ပေးသင့်သော ရုံးပိတ်ရက်များ

May 19, 2016
ခင်မောင်စော (ဘာလင်) – ပြန်လည်သတ်မှတ်ပေးသင့်သော ရုံးပိတ်ရက်များ

ခင်မောင်စော (ဘာလင်) – ပြန်လည်သတ်မှတ်ပေးသင့်သော ရုံးပိတ်ရက်များ (မိုးမခ) မေ ၁၉၊ ၂၀၁၆ NLD အစိုးရသစ်တက်လာသည်ဆိုသည်နှင့် အစိုးရရုံးပိတ်ရက်များကိစ္စကို အသစ်ပြန်လည်သတ်မှတ်သင့် သည်ဟူသောအသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။ ဤနေရာတွင် သမိုင်းကြောင်း ကို သေသေချာချာလေ့ လာပြီးမှတောင်းဆိုသင့်သည့် အရာကိုသာ တောင်းဆိုသင့်ပေသည်။ ပထမဆုံးထွက်ပေါ်လာသည်အော်သံမှာတပ်မတော်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် ပြန်ပြောင်း ရန်ဟူသော အော်သံဖြစ်သည်။ ၎င်းအချက်မှာ သမိုင်းကြောင်းကို အတိအကျ အသေအချာမလေ့လာဘဲ ထအော်လိုက်မိခြင်းကြောင့် ဒုက္ခရောက်ရသည့်ပြဿနာဖစ်သည်။ အမှန်မှာဖက်ဆစ်တော်လှန်ရေး နေ့ကို တပ်မတော်နေ့အဖြစ် ပြောင်းပေးလိုက်သည့်အစိုးရမှာ ဦးနု၏ဖဆပလအစိုးရဖြစ်သည်။ ထိုအချိန်က ဦးနုအစိုးရမှာ စစ်တပ်ကိုသိက္ခာတင်ပေးစရာအကြောင်းများစွာ ရှိနေသည်။ ရောင်စုံသူပုန် များကိုအောင်နိုင်ပြီး မြို့ကြီးများတမြို့ပြီးတမြို့အစိုးရလက်အောက်သို့ပြန်ရောက်လာကာ အုပ်ချုပ်ရေး ခိုင်မာလာသည်က တကြောင်း၊ တရုတ်ဖြူကျူးကျော်မှုကို မတွန်းလှန်နိုင်ဘဲရှိနေရာမှ ဗိုလ်မှူးချုပ်ကျော် ဇောဦးစီးသောစစ်ဆင်ရေးဖြင့်အောင်မြင်ခဲ့ခြင်းကတကြောင်းတို့ကြောင့် ဗမာတပ်မတော်ကို ချီးမြှောက်...

Read more »

ခင်မောင်စော (ဘာလင်) – ‘အသုဘမှာ မင်္ဂလာပါ—တဲ့’

April 16, 2016
ခင်မောင်စော (ဘာလင်) – ‘အသုဘမှာ မင်္ဂလာပါ—တဲ့’

    ခင်မောင်စော (ဘာလင်) – ‘အသုဘမှာ မင်္ဂလာပါ—တဲ့’ (မိုးမခပြန်လည်ဆန်းသစ်ခြင်း) ဧပြီ ၁၆၊ ၂၀၁၆ စာရေးသူတို့  ငယ်စဉ်က စ၍ မြန်မာအ့သံမှ နေ့ စဉ်ကြားနေရသော စကားမှာ “သောတရှင်များ ကျန်းမာတော် မူကြပါရဲ့လားရှင်/ခင်ဗျား” ဆိုသော နှုတ်ခွန်းဆက် စကားသာ ဖြစ်ခဲ့ပါ၏။ သဘင်ပွဲများ။ ဧည့်ခံပွဲများတွင်လည်း” ရွှေပွဲ လာ ပရိဿတ်များ ခင်ဗျား/ရှင်။ ဧည့်တော်များရှင်/ခင်ဗျား “စသော နှုတ်ခွန်းဆက် စကားများသာ ကြားခဲ့ရပါ၏။ ၁၉၆၅ခုနှစ်တွင် ကျောင်းပေါင်းစုံကို ပြည်သူပိုင်သိမ်းလိုက်ရာတွင် ယခင်က ´Good morning Sir/ teacher` စသည်ဖြင့် နှုတ်ဆက်ခဲ့ကြသော အင်္ဂလိပ်ကျောင်းများနည်းကိုယူပြီး အာဏာရှင် ဗိုလ်နေ၀င်း က ‘မင်္ဂလာပါ’ ဟူသော စကားကို...

Read more »

ခင်မောင်စော (ဘာလင်) – ဖစ်မှဖစ်ရလေ (၂)

January 16, 2016
ခင်မောင်စော (ဘာလင်) – ဖစ်မှဖစ်ရလေ (၂)

ခင်မောင်စော (ဘာလင်) – ဖစ်မှဖစ်ရလေ (၂) (မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၁၆ မြန်မာပြည်တွင်းမှရောပြည်ပမှပါ မြန်မာများ မြန်မာဘာသာစကား တလွဲ ပြောဆိုရေးသားမှုများ ကြာလေ ဆိုးလေ ဖြစ်လာသည်မှာများလှပါပြီ။ ကြာလျှင် မြန်မာစာနှင့် အသုံးပျက်ပါတော့မည် ဖြစ်သဖြင့် သတိပေး ဆောင်းပါးကို မိုးမခ၌ပင် ‘ဖစ်မှဖစ်ရလေ’ ဟု အမည်တပ်ကာ ပထမပိုင်းကို ရေးခဲ့ပြီးပါပြီ။ ယခုဒုတိယပိုင်း ကို ဆက်ရေးလိုက်ရခြင်း ဖြစ်ပါ၏။ (က) အလွှာတဲ့ ယခုခေတ်တွင် “အထပ်”ဆိုသောစကားပျောက်သွားပြီး “အလွှာ”ဟူသောစကားနှင့် အစားထိုးနေကြ သည်။ ကျွန်တော်က ၆လွှာမှာနေပါတယ်။ ကျွန်မက ၇ လွှာမှနေပါတယ်၊ စသောပြောသံများကို အမြဲ လိုလို ကြားနေရပါသည်။ အချို့လူများကယခုခေတ် ကန်ထရိုက်တိုက်များမှာ တထပ်နှင့်တထပ် ၊ အလွန်နိမ့်စွာ...

Read more »

ခင်မောင်စော (ဘာလင်) – မြန်မာ့လွတ်လပ်ရေး ပိသုကာ၏ ဆရာ့ဆရာ

September 6, 2015
ခင်မောင်စော (ဘာလင်) – မြန်မာ့လွတ်လပ်ရေး ပိသုကာ၏ ဆရာ့ဆရာ

  ခင်မောင်စော (ဘာလင်) – မြန်မာ့လွတ်လပ်ရေး ပိသုကာ၏ ဆရာ့ဆရာ (မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၅ စက်တင်ဘာလသို့ရောက်ပြန်ပြီ။ ယခုနှစ်ဆိုလျှင် ၇၆ ကြိမ်မြောက် ဆရာတာ်ဦးဥတ္တမနေ့ ကျင်းပတြ တော့မည်ဖြစ်သည်။  ဆရာတော်ဦးဥတ္တမကျေးဇူးကိုမမေ့ဘဲ နှစ်စဉ် ဆရာတော်ဦးဥတ္တမနေ့ကို ရခိုင်အ ပေါင်းက ကျင်းပတြသည်။ “၁၂၄၇ ခုနှစ်မှာတည် တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ ကိုတော့ မမေ့နိုင်ပါသည်။ ယနေ့ တိုင်ပါ အ တည်။ ရေမြေ့ရှင်ကို ယူငင်သွားတော့ လူရှင်များက ကြေကွဲကြလို့ ရေနည်းငါးပုံအညီ။ သြော် သီပေါ ရာ ဇာ ပါတော်မူရှာပြီ”။ စစ်ကြိုခေတ်က ဆရာရွှေတိုင်ညွန့်  ရေးစပ်ပြီး အဆိုတော်ကြီး ဒေါ်စိန်ပါတီသီဆိုသွား ခဲ့သည့်  အထက်ပါ...

Read more »

ခင်မောင်စော (ဘာလင်) – ရေကြောင်းပိုင်နက် ပြဿနာ၏ ဇာစ်မြစ်

July 28, 2015
ခင်မောင်စော (ဘာလင်) – ရေကြောင်းပိုင်နက် ပြဿနာ၏ ဇာစ်မြစ်

 ခင်မောင်စော (ဘာလင်) – ရေကြောင်းပိုင်နက် ပြဿနာ၏ ဇာစ်မြစ်   (မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၅   • နိဒါန်း ရေကြောင်းပိုင်နက်ပြဿနာတွင် ဘင်္ဂလားဒက်ရှ်အစိုးရနှင့်သတင်းစာများက ၎င်းတို့ဘက်မှတောင်းထားသည်ထက် ပိုရ ကြောင်းရေးကြသော်လည်း မြန်မာအစိုးရဘက်မှမူ ထုံးစံအတိုင်း ဘာမျှအတိအကျ သတင်းထုတ်ပြန်မှုမရှိဘဲ၊ ရှေ့နေချုပ်က လွှတ်တော်၌ ရှင်းလင်းချက်ကိုသာဖေါ်ပြပြီး “သူမသာ၊ ကိုယ်အသုဘ” ဖြစ်ခဲ့သလို ဝေ့လည်ကြောင်ပတ် ရှင်းပြခဲ့သည်။ • နောက်ခံသမိုင်းကြောင်း သမိုင်းကြောင်းအရသော်ကား ရခိုင်ဘုရင်တို့သည် အနောက်ဘင်္ဂါ (၁၂) မြို့ကိုပိုင်ခဲ့ပြီး၊ ရခိုင်ရေတပ်သည် ယခုအငြင်းပွားခဲ့ သည့်ကမ်းခြေ တလျှောက်တွင် ကြီးစိုးကာ ကုန်းတွင်းပိုင်းအထိဝင်ရောက်ပြီး ဘဂါင်္လီများကိုဝင်ဖမ်း၍ ကျွန်အဖြစ်ရောင်းစား ခဲ့သည့် သက်သေသာဓကများရှိခဲ့သဖြင့် အဆိုပါကျွန်းများနှင့်ရေပြင်ကို ရခိုင်တို့ပိုင်ခဲ့ကြောင်းထင်ရှားပါသည်။ ဗမာဘုရင်ဘိုးတော် ဦးဝိုင်း ရခိုင်ပြည်ကိုသိမ်းပိုက်လိုက်ချိန်တွင် အိန္ဒိယရှိ အင်္ဂလိပ်ဘုရင်ခံချုပ်က...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်