Posts Tagged ‘ ခင်လေး ’

l ခင်လေး l အလှမ်းဝေးနေဆဲ ပန်ပက်ရွာလေးရဲ့ ပညာရေး

March 1, 2017
l ခင်လေး l  အလှမ်းဝေးနေဆဲ ပန်ပက်ရွာလေးရဲ့ ပညာရေး

l ခင်လေး l  အလှမ်းဝေးနေဆဲ ပန်ပက်ရွာလေးရဲ့ ပညာရေး (Photo Essay, Education Digest) မိုးမခ၊ မတ် ၁၊ ၂၀၁၇ ပန်ပက်လို့ခေါ်တဲ့ ယကန်းရွာလေးဟာ ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာရှိတဲ့ နေရာလေးဖြစ်ပြီး၊ ကမ္ဘာလှည့်ခရီးသွားတွေဆီကနေ နိုင်ငံခြားငွေရှာဖွေပေးနေတဲ့ နေရာတစ်ခုဖြစ်ပေမဲ့လည်း ရွာမှာနေထိုင်ကြတဲ့ ကလေးသူငယ်တွေရဲ့ ပညာရေးအတွက်ကတော့ မူလတန်းကျောင်းလေး တစ်ကျောင်းသာရှိပါတယ်။ မူလတန်းပြီးဆုံးသွားတဲ့ ကလေးတွေရဲ့ အလယ်တန်းနဲ့ အထက်တန်းပညာရေးအတွက် ဒီမော့ဆိုမြို့မှာသာ သွားရောက်သင်ယူနိုင်ပါတယ်။ ဒီလို ပညာသင်ယူဖို့ဆိုတာကလည်း မိဘတွေက မြို့ပေါ်မှာအိမ်ငှားပေးတာ ဒါမှမဟုတ် ဆွေမျိုးတွေရှိမှသာ ဖြစ်နိုင်ကြပါသတဲ့။   ရွာနဲ့ ခပ်လှမ်းလှမ်းမှာတော့ ပြည်တွင်း၊ ပြည်ပက ခရီးသွားတွေကို ရောင်းချနိုင်ဖို့ ကယန်းလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အမှတ်တရပစ္စည်းတွေရောင်းတဲ့ ဆိုင်လေးတွေကို ဖွင့်လှစ်ထားကြပါတယ်။   Photo...

Read more »

ခင်လေး ● ကလေးသူငယ်အခွင့်အရေးတွေကို မိဘတွေကိုယ်တိုင်က ချိုးဖောက်မိနေကြပြီလား

January 22, 2017
ခင်လေး ● ကလေးသူငယ်အခွင့်အရေးတွေကို မိဘတွေကိုယ်တိုင်က ချိုးဖောက်မိနေကြပြီလား

ခင်လေး ● ကလေးသူငယ်အခွင့်အရေးတွေကို မိဘတွေကိုယ်တိုင်က ချိုးဖောက်မိနေကြပြီလား (မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၇ “သားကသူ့ရဲ့ ကိုယ်လေးလှုပ်ပြီး ကလိုက်တိုင်း ချစ်စရာကောင်းလို့ ခဏ ခဏ လုပ်ခိုင်းမိတယ်၊ ဧည့်သည်တွေ လာလည်ရင် လည်းလုပ်ခိုင်း၊ မိသားစုတွေချည်းရှိတဲ့ အချိန်လည်းလုပ်ခိုင်းနဲ့ပေါ့၊ အားလုံးက သူ ကနေတာလေးကို ကြည့်ပြီး ချစ်တဲ့စိတ်နဲ့ လုပ်ခိုင်းပေမယ့် တရက်မှာတော့ သားက မျက်နှာလေးမဲ့ပြီး ကပြတယ်၊ သူ မလုပ်ချင်တာကို ကျွန်မအတင်းခိုင်းလိုက်မိပြီ ထင်တယ် … ….” ဒီစကားတွေဟာ ကျွန်မနဲ့ရင်းနှီးတဲ့ မိတ်ဆွေတယောက်ဆီက ရင်ဖွင့်လာတဲ့ စကားသံ တချို့ပါ။ တခါတလေမှာ မိဘတွေဟာသူတို့ရဲ့စိတ်သာယာကျေနပ်မှုရစေဖို့အတွက် ကလေးငယ်တွေကို သူတို့ရဲ့ဆန္ဒတွေမပါဘဲ၊ အတင်းအကျပ် စေခိုင်းမိမှန်းမသိဘဲ စေခိုင်းမိသွားတတ်ကြပါတယ်။  မူကြိုအရွယ်၊ ကျောင်းနေအရွယ်ကလေးတွေကတော့ သူတို့မလုပ်ချင်တာမကြိုက်တာကို ပြန်ပြောတတ်ကြပေမယ့်၊...

Read more »

ခင်လေး ● ဝင်းကြည်မ (ဝတ္ထုတို)

October 19, 2016
ခင်လေး ● ဝင်းကြည်မ (ဝတ္ထုတို)

 ခင်လေး ● ဝင်းကြည်မ (ဝတ္ထုတို) (မိုးမခ မဂ္ဂဇင်း သြဂုတ်လ ထုတ်ပါ ဝတ္ထုတို) အောက်တိုဘာ ၁၉၊ ၂၀၁၆ ရန်ကုန်မြို့ကြီးကိုတဲ့.. ယောင်လည်လည်.. ရောက်လာခဲ့တယ် … မျဉ်းကြားမကူးလို့.. ရုတ်တရက်.. ဖမ်းကာ.. ဒဏ်ရိုက်ခံရတယ် ♬ ♪ ♩ ♭ ♫ ∮… ♬ ♪ ♩ ♭ ♫ ∮… ၀င်းကြည်မ တယောက် သီချင်းလေး တအေးအေးဆိုပြီး ပူပြင်းတဲ့ ရန်ကုန်နွေကို အန်တုရင်းလမ်းလျှောက်နေမိတယ်။  ဒီလိုမှ စိတ်ကိုထွက်ပေါက်မရှာရင် နွေအပူထက်ပြင်းတဲ့ ၀င်းကြည်မရဲ့ဘ၀ နေပျော်စရာတောင်ရှိမယ်မထင်။  လင်သေလို့ ကလေးနှစ်ကောင်နဲ့ မုဆိုးမဘ၀ ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ တောမှာနေရာကနေ တကိုယ်တည်းနေတဲ့ ဦးလေးလုပ်သူကလှမ်းခေါ်လို့ ရန်ကုန်မြို့ကြီးကို ၀င်းကြည်မတို့သားအမိတွေ...

Read more »

မြန်မာနိုင်ငံက ကျောင်းသားများနှင့် ဆရာဆရာမများအတွက် ပညာရေးဆိုင်ရာ အကူအညီပေးမှုနှင့် အခွင့်အလမ်းများကို အိမ်ဖြူတော်က တရားဝင်ကြေညာ

September 19, 2016
မြန်မာနိုင်ငံက ကျောင်းသားများနှင့် ဆရာဆရာမများအတွက် ပညာရေးဆိုင်ရာ အကူအညီပေးမှုနှင့် အခွင့်အလမ်းများကို အိမ်ဖြူတော်က တရားဝင်ကြေညာ

မြန်မာနိုင်ငံက ကျောင်းသားများနှင့် ဆရာဆရာမများအတွက် ပညာရေးဆိုင်ရာ အကူအညီပေးမှုနှင့် အခွင့်အလမ်းများကို အိမ်ဖြူတော်က တရားဝင်ကြေညာ || ခင်လေး / Education Digest Weekly Journal || အမေရိကန်ပြည်ထောင်စုသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ တွေ့ဆုံမှုအပြီးတွင် မြန်မာနိုင်ငံက ကျောင်းသားများနှင့် ဆရာဆရာမများ အတွက် ပညာရေးဆိုင်ရာ အကူအညီပေးမှုနှင့်အခွင့်အလမ်းများကို အိမ်ဖြူတော်က ၎င်း၏ အွန်လိုင်း ဝက်ဘ်စာမျက်နှာနဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာများတွင် တရားဝင်ဖော်ပြထားသည်။ ဖော်ပြချက်တွင် အမေရိကန်နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံ လူထုအခြေပြု ကူးလူးဆက်သွယ်မှုများ ပိုမိုတိုးမြှင့်ရန် ရည်ရွယ်ထား သည်ဟု ဆိုသည်။ အစီအစဉ်များတွင် အင်္ဂလိပ်ဘာသာစကား စွမ်းရည်မြှင့်တင်နိုင်ရန်အတွက် အင်္ဂလိပ်စာ...

Read more »

ခင်လေး ● ဉာဏ်ကူပစ္စည်းများနဲ့ ကလေးတွေ ဦးဆောင်တဲ့ တိုင်းပြည်ကို တည်ဆောက်ပါ

August 20, 2016
ခင်လေး ● ဉာဏ်ကူပစ္စည်းများနဲ့ ကလေးတွေ ဦးဆောင်တဲ့ တိုင်းပြည်ကို တည်ဆောက်ပါ

ခင်လေး ● ဉာဏ်ကူပစ္စည်းများနဲ့ ကလေးတွေ ဦးဆောင်တဲ့ တိုင်းပြည်ကို တည်ဆောက်ပါ (မိုးမခ) သြဂုတ် ၂၀၊ ၂၀၁၆ စာသင်ခန်းသုံး သင်ထောက်ကူပစ္စည်းတွေဟာ ဘယ်လောက်အထိ အရေးပါသလဲ။ သင်ကြားသင်ယူမှုမှာ ဘယ်လောက်အထိ ထောက်ပံ့ပေးနိုင်လဲ။ ဒါတွေလုပ်နေတာဟာ စာသင်ရမယ့်အချိန်ကို ဖြုန်းတီးပစ်နေတာလား။ ဒါတွေလုပ်လို့ ကျောင်းသားတွေမှာ ဘယ်လောက်အထိ အကျိုးရှိနိုင်မှာလဲ။ ဒီအတွက်အဖြေက ရှင်းပါတယ်။ ကျောင်းသားဗဟိုပြု သင်ကြားမှုကို လက်တွေ့ဖော်ဆောင်မယ်ဆိုရင်တော့ စာသင်ခန်းသုံး သင်ထောက်ကူ ပစ္စည်းတွေဟာ ဘယ်လောက်ထိအရေးပါတယ်၊ ဘယ်လို ထောက်ပံ့မှုတွေပေးနိုင်တယ်၊ ဘယ်လောက်အထိ အကျိုးရှိနိုင်တယ်ဆိုတာကို သိကြမှာဖြစ်ပါတယ်။ အသံ၊ ရုပ်ပုံကားချပ်၊ လှုပ်ရှားမှု ရှပ်ရှင်၊ ဖန်တီးမှု လက်မှုပစ္စည်း အစရှိတဲ့ သင်ထောက်ကူ ပစ္စည်း စာသင်သား ကလေးငယ်များရဲ့ နားလည်မှုစွမ်းရည်ကို မြှင်တင်နိုင်စေရုံသာမက တွေးခေါ်မှုစွမ်းရည်၊ ကိုယ်ပိုင် တည်ဆောက်...

Read more »

ခင်လေး ● ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော ကလေးများ

August 11, 2016
ခင်လေး ● ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော ကလေးများ

  ခင်လေး ● ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော ကလေးများ (Education Digest / မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၆ “ကလေးတွေ ငယ်သေးတယ်၊ ဘာမှလက်တည့်မစမ်းနဲ့ အန္တရာယ်များတယ်၊ လူကြီးတွေပြောတာနားထောင်၊  ခိုင်းတဲ့အတိုင်းလုပ်” ဆိုတာမျိုးတွေကို ကျွန်မတို့ပတ်ဝန်းကျင်မှာ နေ့စဉ်လိုလိုကြားနေရတတ်ပါတယ်။ ကလေးအရွယ် တကယ်ငယ်သေးတယ် ဆိုတာကိုတော့ လက်ခံပါတယ်။  လူကြီးတွေပြောတာနားထောင်၊ ခိုင်းတဲ့အတိုင်းလုပ်ဆိုတာမျိုးတွေ၊ လျှာမရှည်နဲ့ လက်တည့်မစမ်းနဲ့ ဆိုတာတွေကတော့ ကလေး တယောက်ရဲ့ လွပ်လပ်စွာ တွေးခေါ်နိုင်စွမ်းတွေ၊ ကိုယ့်အားကိုယ်ကိုးချင်စိတ်တွေ၊ ကိုယ်တိုင်ဖန်တီးနိုင်စွမ်းတွေကို အန္တရာယ်များတယ်ဆိုတဲ့ တံဆိပ်ကပ်ပြီး ငယ်စဉ်ကတည်းက အကြောက်တရားနဲ့ ရိုက်ချိုးလိုက်တာမျိုးသာဖြစ်ပါတယ်။ ကလေးအရွယ်မို့ စဉ်းစားဆင်ခြင်နိုင်စွမ်းနည်းလို့ အန္တရာယ်များနိုင်တယ်ဆိုတဲ့ လူကြီးတွေဘက်က စိုးရိမ်ပူပန်တတ်ကြတာကတော့ သဘာဝတရားတခုပါ။ အဲ့ဒီစိုးရိမ်စိတ်ဟာ ကျိုးကြောင်းဆီလျှော်ခြင်းဆိုတာထက် ပိုသွားတဲ့အခါမှာ ကလေးတယောက်ရဲ့ ဖန်တီးနိုင်စွမ်းတွေ၊ တွေးခေါ်လှုပ်ရှားနိုင်စွမ်းတွေ၊...

Read more »

ခင်လေး ● Google ရဲ့ အသိအမှတ်ပြုခြင်းခံရတဲ့ မြန်မာပြည်က Hacker ပါရဂူ အမျိုးသမီးငယ်

August 2, 2016
ခင်လေး ● Google ရဲ့ အသိအမှတ်ပြုခြင်းခံရတဲ့ မြန်မာပြည်က Hacker ပါရဂူ အမျိုးသမီးငယ်

ခင်လေး ● Google ရဲ့ အသိအမှတ်ပြုခြင်းခံရတဲ့ မြန်မာပြည်က Hacker ပါရဂူ အမျိုးသမီးငယ် (မိုးမခ) သြဂုတ် ၂၊ ၂၀၁၆ အမျိုးသမီးနဲ့အမျိုးသား ယှဉ်ပြီးပြောကြစတမ်းဟေ့ဆိုရင် ယောက်ျားတွေလုပ်မှ အရာရာပြီးမြောက်မယ်လို့ ထင်နေကြတဲ့ လူ့ဘောင်အသိုင်းအ၀ိုင်းထဲမှာ ကျွန်မတို့နိုင်ငံလည်းပါဝင်ပါတယ်။  ဒါကြောင့် ခေတ်သစ် အိုင်တီ နည်းပညာ ကွန်ပျူတာ မိုဘိုင်းလ် လုံခြုံရေး စနစ်တွေကို ထိုးဖောက်ဝင်ရောက်စွမ်းတဲ့  “Hacekr ဟက်ကာ” ဆိုတဲ့ စကားလုံးမြင်လိုက်တယ်ဆိုရင်ပဲ ဒါဟာ ယောက်ျားလေးတွေနဲ့သာ သက်ဆိုင်တဲ့ကိစ္စလို့ ထင်မြင်ယူဆနေကြတဲ့သူတွေ ကျွန်မတို့ပတ်ဝန်းကျင်မှာ အများကြီးရှိ နေကြပါတယ်။ ဒီလိုယူဆချက်တွေကိုကျော်လွန်ပြီး အမျိုးသမီး ဟက်ကာတယောက်အဖြစ် အသက်မွေးရင်း သတင်းနှင့်ကွန်ပျူတာ မိုဘိုင်း နည်းပညာမှာ လုံခြုံရေးပညာရပ်တွေမှာ ပါရဂူဘွဲ့ရအောင်ကြိုးစားနေသူကတော့ ကျွန်မတို့မြန်မာပြည်ဖွား အမျိုးသမီးငယ် မဆုမွန်ကြွယ်ပဲ ဖြစ်ပါတယ်။ သူမနဲ့...

Read more »

အက်ဆစ်က မဖျက်ဆီးနိုင်ခဲ့တဲ့ အမျိုးသမီးကောင်းများရဲ့ စိတ်ဓာတ်အလှတွေ ဖေါ်ကျူးနေရာ ‘ဆုံစည်းရာ’ ကော်ဖီဆိုင်

July 13, 2016
အက်ဆစ်က မဖျက်ဆီးနိုင်ခဲ့တဲ့ အမျိုးသမီးကောင်းများရဲ့ စိတ်ဓာတ်အလှတွေ ဖေါ်ကျူးနေရာ ‘ဆုံစည်းရာ’ ကော်ဖီဆိုင်

အက်ဆစ်က မဖျက်ဆီးနိုင်ခဲ့တဲ့ အမျိုးသမီးကောင်းများရဲ့ စိတ်ဓာတ်အလှတွေ ဖေါ်ကျူးနေရာ ‘ဆုံစည်းရာ’ ကော်ဖီဆိုင် (ခင်လေး နှင့် ငြိမ်းချမ်းအေး ပူးပေါင်းရေးသား စုစည်းတင်ဆက်သည်) (မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၆ “နင် ငါ့မျက်နှာကို ဖျက်ဆီးနိုင်ပေမယ့် ငါ့ရဲ့ ရှင်သန်ချင်တဲ့ စိတ်ဆန္ဒကိုတော့ သတ်လို့မရဘူး၊။ နင် ငါ့ရဲ့ ရှင်သန်နေတဲ့ စိတ်ဓာတ်ကို အက်ဆစ်နဲ့ပက်လို့မရပါဘူး …. ….” ပုံ (၁) ■ မတရားမှုကို ခံခဲ့ရပေမယ့် ဘဝကို အပြုံးမပျက် ရဲရဲရင်ဆိုင် ဖြတ်သန်းနေတဲ့ အက်ဆစ်ဒဏ်ခံ အမျိုးသမီး ကြီးကျယ်လှတဲ့ ဂူဗိမာန် ဆောက်ကာ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို တိုင်းတာပြပြီး သမိုင်းမှာတွင်ကျန်စေခဲ့တဲ့ ရှားဘုရင်ကြီးရဲ့ တာ့ဂ်ျမဟာ (Taj Mahal) ရှိရာ အိန္ဒိယနိုင်ငံ...

Read more »

ခင်လေး ● ရင်နင့်စရာဓာတ်ပုံတွေက လှစ်ဟပြနေတဲ့ တံတိုင်းခတ်ပြည့်တန်ဆာမြို့တော်က ဘဝများ

June 14, 2016
ခင်လေး ● ရင်နင့်စရာဓာတ်ပုံတွေက လှစ်ဟပြနေတဲ့ တံတိုင်းခတ်ပြည့်တန်ဆာမြို့တော်က ဘဝများ

ခင်လေး ● ရင်နင့်စရာဓာတ်ပုံတွေက လှစ်ဟပြနေတဲ့ တံတိုင်းခတ်ပြည့်တန်ဆာမြို့တော်က ဘဝများ (မိုးမခ) ဇွန် ၁၄၊ ၂၀၁၆ ဖောက်သည်တဦးနှင့်အတူရှိနေသော ကာဂျိုး (Kajol) တန်ဂေးလ် (Tangail ) ရှိ ကန်ဒါပါရာ (Kandapara) ပြည့်တန်ဆာအိမ်က ဖောက်သည်ကို စောင့်မျှော်နေသော လိင်အလုပ်သမများ   ဘင်္ဂလားဒေရှ့်နိုင်ငံဟာ မွတ်ဆလင်နိုင်ငံတွေထဲမှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ကိုင်ခွင့်ပေးထားတဲ့ ရှားပါးနိုင်ငံ စာရင်းဝင်ပါတယ်။  တန်ဂေးလ် (Tangail) ခရိုင်က ကန်ဒါပါရာ (Kandapara) ဇိမ်အိမ်ကြီးဟာ တိုင်းပြည်မှာ သက်တမ်း အကြာဆုံးနဲ့ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။  ဒီအိမ်ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂၀၀ လောက်တောင် ရှိနေပြီ ဆိုကြပါတယ်။  ဒါကို ၂၀၁၄ ခုနှစ်က ဖြိုချဖျက်ဆီးခဲ့ပါသေးတယ်။  ဒါပေမယ့် နောက်ပိုင်းမှာ  ပြည်တွင်း...

Read more »

ခင်လေး – အချစ်ဟာမီးလား

April 26, 2016
ခင်လေး –  အချစ်ဟာမီးလား

ခင်လေး –  အချစ်ဟာမီးလား (မိုးမခ) ဧပြီ ၂၆၊ ၂၀၁၆ ၀ုန်းးးးးး…………ဒုန်း…ဒုန်း……ဒုန်း တံခါးကို စောင့်ပြီးပိတ်လိုက်တဲ့အသံရယ် ခြေထောက်ကို ခပ်ပြင်းပြင်း နင်းလို့ထွက်လာတဲ့အသံရယ် ဆုံးတဲ့အခါမှာတော့ … … … … “တီချယ် ‘၀မ့်ထ်’ ကို ဘယ်လိုပေါင်းသလဲ” ဆံပင်စုတ်ဖွား မျက်လုံးမှာလည်း မျက်ချေးတွေနဲ့ ပြီးတော့ ည၀တ်အင်္ကျီ ကလည်း ဖိုးရိုးဖားယားနဲ့ လက်ထဲက စာရွက်တရွက် ကိုင်ပြီးထွက်လာတဲ့ ၅နှစ်အရွယ် မူလတန်းကျောင်းသူလေးက ကျွန်မကို လှမ်းမေးလိုက်တာပါ။ ကျွန်မဆီက အဖြေကိုရဖို့ ဆက်တီခုံပေါ် မိန့်မိန့်ကြီးထိုင်ရင်း လက်ထဲမှာ ကိုင်ထားတဲ့ ခဲတံဘောလ်ပင်နဲ့ စာရွက်ကိုလည်း ချရေးဖို့တပြင်ပြင်နဲ့ပေါ့။ ပြီးတော့ သူမက ဘိုသံပီပီသသနဲ့ ကျွန်မကို ဒီလိုပြောလိုက်သေးတယ် “ဒီစာကို ပြီးအောင်ရေးဖို့ ၀မ့်ထ်...

Read more »

ခင်လေး – နှစ်သစ်ဆုတောင်း

April 14, 2016
ခင်လေး – နှစ်သစ်ဆုတောင်း

ခင်လေး – နှစ်သစ်ဆုတောင်း (မိုးမခ) ဧပြီ ၁၄၊ ၂၀၁၆ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ဖွားအေကြီးက ကိုယ်တို့ မြေးတွေ လက်ကိုဆွဲပြီး သူတရားထိုင်သွားတဲ့ ဆီကို ခေါ်သွားလေ့ရှိတယ်။ ကိုယ်တွေကလည်း ဝိပဿနာဆိုတာ ဘာမှန်းသေချာမသိ လူကြီးတွေ လုပ်တာကြည့်ပြီး လိုက်လုပ်တာလောက်ပါပဲ။ ဒါပေမယ့် သေချာတာ တခုကတော့ အဲဒီအသက်အရွယ်ကတည်းက Meditation ဆိုတဲ့ တရားမှတ် ဝိပဿနာ ရှုရတာကို ကိုယ်နှစ်သက်ခဲ့တယ် ဆိုတာပါ။ အရွယ်ရောက်လာတဲအခါ စာတွေလည်း စုံအောင်ဖတ်လာသလို ဝိပဿနာဆိုတာ ဘာလဲဆိုပြီး ပိုသိချင်လာခဲ့တယ်။ ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မာဆိုပြီး ဝိပဿနာ ရှုနည်း လေးမျိုးရှိတာကို သိလာခဲ့ရတယ်။ အဲဒီ လေးမျိုးထဲမှာ ကိုယ်နဲ့ အဆင်ပြေဆုံးကတော့ စိတ်ရဲ့ ဖြစ်ပျက်နေတဲ့ သဘောတရားတွေကို...

Read more »

ခင်လေး – ငါသာလျှင် ငါ့ဘဝ၏ ဘုရင်မ

April 7, 2016
ခင်လေး – ငါသာလျှင် ငါ့ဘဝ၏ ဘုရင်မ

ခင်လေး – ငါသာလျှင် ငါ့ဘဝ၏ ဘုရင်မ (မိုးမခ) ဧပြီ ၇၊ ၂၀၁၆ မိုးမခ မတ်လထုတ်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ မနေ့ညက အိမ်ပြန်ရောက်တော့ Skynet ကနေ “Queen” ဆိုတဲ့ အိန္ဒိယဇာတ်လမ်းလေးကို ကြည့်လိုက်ရတယ်။ ဇာတ်လမ်း ထဲမှာ မင်းသမီးက အိန္ဒိယယဉ်ကျေးမှုဓလေ့ထုံးစံအရ မင်းသားကို လက်ဖွဲ့ပစ္စည်း ငွေသား အစုံအလင်နဲ့ တင်တောင်းပြီးကာမှ မင်းသားက လက်မထပ်ဘဲ ပစ္စည်းတွေ ငွေတွေယူပြီး ကောင်မလေးကို ထားသွားလို့ အရှက်တကွဲဖြစ်ရချိန်၊ ကောင်မလေးက သူတို့လက်ထပ်ပြီးရင် ဟန်းနီးမွန်းထွက်ဖို့ စီစဉ်ထားတဲ့ ပြင်သစ်ကို တယောက်တည်းထွက်လာတာကနေ “ကိုယ့်ဘ၀မှာ ကိုယ်သာလျှင် ဘုရင်မ” ဆိုတာကို သိနားလည်လာတဲ့ ဇာတ်လမ်းပါ။ မိန်းမဆိုရင် နိမ့်ကျတယ်ဆိုတဲ့ ရှေးရိုးစွဲအယူဝါဒကနေ ဖောက်ထွက်ပြီး ရိုက်ပြထားတဲ့...

Read more »

ခင်လေး – နားခိုရာပျက် အနာဂတ်မဲ့

March 22, 2016
ခင်လေး – နားခိုရာပျက် အနာဂတ်မဲ့

ခင်လေး – နားခိုရာပျက် အနာဂတ်မဲ့ (မိုးမခ) မတ်လ ၂၂၊ ၂၀၁၆ အခန်း (၁) ပြည့်စုံအောင် သာလင်းထက် မောင်မောင်စိုး မောင်မောင်စိုး ကျွန်မ မောင်မောင်စိုး နာမည်ကို နှစ်ခေါက်မြောက်ခေါ်ရင်း အတန်းထဲကို မျက်လုံးဝင့်ကြည့်လိုက်ပါတယ်။ ကျောင်းသားတွေက သူတို့နာမည်ခေါ်တိုင်း အတန်းထဲမှာရှိကြောင်း မတ်တပ်ရပ်ပြကြပေမယ့် မောင်မောင်စိုး တယောက် ကတော့ ရှိမနေပါဘူး။  ဘာများဖြစ်လို့ပါလိမ့်၊ ဒီနေ့နဲ့ပါဆို ဒီကလေးကျောင်းမလာတာသုံးရက်ရှိပြီ။  အနေအေးပြီး ကျောင်း စာထူးချွန်သလို ကျောင်းလည်းပျက်လေ့မရှိတဲ့ကလေး အခုလို သုံးရက်ဆက်တိုက် ကျောင်းပျက်နေတာကို ကျွန်မအံ့သြ နေမိပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့စွန်မှာရှိတဲ့ မူလတန်းကျောင်းလေးဆိုပေမယ့်လည်း ကျွန်မ ဆရာအတတ်သင်ကျောင်းကနေ သင်တန်း ဆင်းပြီးကတည်းက တာဝန်ကျခဲ့တဲ့နေရာလေးမို့ ဒီကျောင်းက ကလေးတွေကိုကော ဒီကျောင်းကိုပါ ကျွန်မအလွန်သံယောဇဉ်တွယ်လှပါတယ်။  ကျွန်မအတန်းထဲမှာရှိတဲ့ ကလေးတွေကလည်းမပြည့်စုံတဲ့...

Read more »

ခင်လေး – ပန်းပွင့်လေးရဲ့ ဥယျာဉ်မှူး

March 18, 2016
ခင်လေး – ပန်းပွင့်လေးရဲ့ ဥယျာဉ်မှူး

ခင်လေး – ပန်းပွင့်လေးရဲ့ ဥယျာဉ်မှူး (မိုးမခ) မတ်လ ၁၈၊ ၂၀၁၆ ဒီနေ့ ကျွန်မစာသင်တဲ့အိမ်ကို ရောက်တော့ ကျွန်မတပည့်လေးက စာသင်ဖို့တော်တော်နဲ့ ထွက်မလာဘူး ဖြစ်နေပါတယ်။  တအောင့်လောက် နေတော့မှ မျက်လုံးတဖက်ကို သူ့လက်သေးသေးနဲ့ ကွယ်ပြီး စာသင်ခန်းထဲကို ၀င်လာတယ်။  ကျွန်မက သမီးဘာဖြစ်လို့လဲလို့မေးတော့မှ စကားတခွန်းမှပြန်မပြောဘဲ ချုံးပွဲချငိုပါတော့တယ်။  ကျွန်မလည်း ရုတ်တရက် ဘာလုပ်ရ မှန်းမသိတော့ဘဲ တပည့်လေးကိုပဲ ရင်ခွင်ထဲထည့်ပြီး ဖက်ထားလိုက်ပါတော့ တယ်။ သူအငိုတိတ်တော့မှ သူ့မျက်နှာလေးကို သေချာကြည့်မိတော့ ညာဘက်မျက်လုံးဟာ ကလေးနဲ့မလိုက်အောင် ရောင်ကိုင်းလို့နေတာကိုတွေ့လိုက်ပါတယ်။  “ညက ဖေဖေနဲ့မေမေ ရန်ဖြစ်တာ ဖေဖေက မေ့မေ့ကိုရိုက်လို့ သမီးက မရိုက်ပါနဲ့လို့ ဖေဖေ့ကိုပြောတာ ဖေဖေကသမီးကိုပါ ရိုက်တယ်၊ သမီးဖေ့ဖေ့ကို သိပ်မုန်းတယ် ဆရာမ” ဆိုပြီး...

Read more »

ခင်လေး – ပန်းပန်လျက်ပါရှင်

March 4, 2016
ခင်လေး – ပန်းပန်လျက်ပါရှင်

ခင်လေး – ပန်းပန်လျက်ပါရှင် (မိုးမခ) မတ်လ ၄၊ ၂၀၁၆ အရှေ့ကို ~~~လျှောက်ပါလို့ ~~~ အနောက်ကိုတဲ့ ~~~ မျှော်လိုက်ရင် ~~~ တံခွန်တိုင်~~ ရွှေကုက္ကားနဲ့ ~~~ ကြည်လင်ချိုမြတဲ့ အန်တီဒေါ်ရီရီသန့်ရဲ့ အသံရယ် မြန်မာ့ဆိုင်းဝိုင်းက တီးလိုက်တဲ့ ဗြောသံနဲ့အတူ ဆီဒိုနားဟိုတယ်၊ မင်း တုန်းခမ်းမကြီးထဲမှာရှိနေတဲ့ လူတွေအားလုံး လှုပ်လှုပ် ရွရွတွေဖြစ်ကုန်ကြလေရဲ့။ စည်း ဝါးနဲ့ ကိုက်ညီအောင် ဟန်ချက်ညီညီ လှမ်းလာတဲ့ ကျောက်ဆည် ဆင်ရုပ်ကြီးပေါ်မှာတော့ တည်ကြည်ခန့်ညား စွာထိုင်နေတဲ့ မောင်ရင်လောင်းလေးတယောက်။  သူ့ရဲ့အနောက်ဘက်က လှပစွာတန်ဆာဆင်ထားတဲ့ ဝေါယဉ်ပေါ်မှာတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အမေတူသမီးချောလေးက ထိုင်လို့။ သူ့ထက်ငါ အလှချင်းပြိုင်နေတဲ့ ကွမ်းတောင်ကိုင်တွေရဲ့ ရှေ့မှာတော့ … … … … …...

Read more »

ခင်လေး – ပင်လယ်ကြီးက အကျယ်ဆုံး လှိုင်းတွေ တ၀ုန်းဝုန်း

February 27, 2016
ခင်လေး – ပင်လယ်ကြီးက အကျယ်ဆုံး လှိုင်းတွေ တ၀ုန်းဝုန်း

 ခင်လေး – ပင်လယ်ကြီးက အကျယ်ဆုံး လှိုင်းတွေ တ၀ုန်းဝုန်း (မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆ သမီးနာမည်က လုံးလုံး။ အမေကတော့ သမီးကို “မိလုံး” တဲ့။  ပုဇွန်လုံးတွေ အရမ်းပေါတဲ့အချိန် မွေးလို့ ဒီနာမည်ပေးထားတာလို့ အမေ တခါပြောဖူးတာ မှတ်မိတယ်။  လူတွေက သမီးကို လုံးလုံး လို့ ခေါ်ကြပေမယ့်လည်း “သမီးဟာ ဖွံ့ဖြိုးမှုနောက်ကျတယ်” တဲ့ မနေ့ညနေက ကမ်းခြေလာတဲ့ မမလှလှလေးတွေက ပြောတယ်။  ဘာကိုပြောချင်တာလဲတော့ နားမလည်ပါဘူး။  သူတို့ ပြောတဲ့ စကားလုံးတွေကို ပြန်ပြောပြတာ……။ သြော်…. ဘယ်ကမ်းခြေလဲဆိုတော့ ချောင်းသာကမ်းခြေလေ….။  သမီးက အဲ့ဒီကမ်းခြေမှာ ကဏန်းတွေရောင်းတာ။  တချို့ ကမ်းခြေလာတဲ့လူတွေက သမီးတို့ဆီက ကဏန်းတွေဝယ်ပြီး ပင်လယ်ထဲ ပြန်လွှတ်ကြတာလေ။   သမီးတို့က...

Read more »

ခင်လေး – နှလုံးသားထဲက သံစဉ်

February 3, 2016
ခင်လေး – နှလုံးသားထဲက သံစဉ်

ခင်လေး – နှလုံးသားထဲက သံစဉ် (မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၆ တချိန်ကပေါ့ စိတ်သဘောထားပြည့်ဝပြီး တည်ကြည်ခန့်ညားတဲ့ အမျိုးသားတယောက်ဟာ သူသဘောကျနှစ်သက်တဲ့ အမျိုးသမီးတယောက်နဲ့ လက်ထပ်ခဲ့တယ်။ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကနေ သမီးလေးတယောက်ကို မွေးဖွားစေခဲ့တယ်။ ဖခင်ဖြစ်တဲ့ အမျိုးသားအတွက်တော့ သမီးလေးဟာ အရမ်းကို တောက်ပလွန်းတဲ့ နတ်သမီးလေးလို ဖြစ်နေတာမို့ သူ့သမီးလေးကို သိပ်ကို ချစ်ရှာတာပေါ့။ သူ့သမီးလေးကို တချိန်လုံးပွေ့ချီပြီး၊ အခန်းထဲမှာ ကလိုက် သမီးလေးနဲ့ စကားတွေပြောလိုက်နဲ့ ချစ်မ၀ဖြစ်နေတာပေါ့။ ပါးစပ်ကလည်း “အဖေသိပ်ချစ်ရတဲ့ သမီးငယ်လေးရေ……” ဆိုပြီး တချိန်လုံးခေါ်နေခဲ့တယ်လေ။ ဒီလိုနဲ့ သူ့သမီးလေးလည်း အရွယ်ရောက်လာခဲ့တယ်။ သမီးလေး အရွယ်ရောက်လာပေမယ့်လည်း သူကတော့ သူ့သမီးလေးကို ဖက်ထားပြီး ” အဖေသိပ်ချစ်ရတဲ့ သမီးငယ်လေးရေ……. ” လို့...

Read more »

ခင်လေး – အငှားယာဉ် (ဘာသာပြန်ဝတ္ထုတို)

January 22, 2016
ခင်လေး – အငှားယာဉ် (ဘာသာပြန်ဝတ္ထုတို)

ခင်လေး – အငှားယာဉ် (ဘာသာပြန်ဝတ္ထုတို) (မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၆ မာရီနာအပန်းဖြေဟိုတယ်ရဲ့ အငှားယာဉ်ရပ်တဲ့နေရာမှာ ကျွန်တော့်ကားရပ်စရာ နေရာလေးတခုရနိုင်ဖို့အတွက် ကျွန်တော်ကြိုးစားရှာဖွေနေမိတယ်……။ ဘာဖြစ်လို့လဲဆိုတော့  အဲ့ဒီနေရာက ခရီးသည်ရဖို့လည်း လွယ်သလို၊ စီးတဲ့ခရီးသည်တွေ အများစုကလည်း ဘောက်ဆူး ပေးကြတယ်လေ။ ကားရပ်စရာနေရာတခု ရလာတော့ ကျွန်တော်လည်း ကားကိုရပ်ပြီး ကျွန်တော့ကားလေးကို ငှားစီးမယ့် အလှည့်ရောက်မှာကို စောင့်နေပါတယ်။ တကယ်တော့ဗျာ…. ဒီ အငှားယာဉ် ရပ်တဲ့နေရာမှာရှိနေကြတဲ့ ယာဉ်မောင်းသမားတွေထဲက ဘယ်သူကမှတော့ သူတို့ အငှားယာဉ်မောင်းသမားအဖြစ် အသက်မွေးဖြစ်ကြမယ်လို့ စိတ်ကူးထားကြမှာ မဟုတ်ပါဘူးဗျာ…..။ ကျွန်တော့်အလှည့်ရောက်လာမှာကို စောင့်နေရင်းနဲ့ပဲ ကျွန်တော့်ရဲ့ အတွေးတွေဟာ ဒီလို အငှားယာဉ်မောင်းသမားဘ၀ မရောက်ခင်က အချိန်တွေဆီကို ရောက်သွားမိ ပါတော့တယ်…… ။  တကယ်တော့ ကျွန်တော်က အရှေ့အာဖရိကမှာရှိတဲ့...

Read more »

ခင်လေး – သောကအလွန် တနှစ်

January 19, 2016
ခင်လေး – သောကအလွန် တနှစ်

ခင်လေး – သောကအလွန် တနှစ် (မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၁၅ သင်ဟာ အရေးပါတဲ့ လူတယောက်ပါ…. တန်ဖိုးရှိတဲ့ လူတယောက်ပါ…… ပြိုင်ဖက်ကင်းအောင် ထူးချွန်နိုင်တဲ့ သူပါ……။ အခြားသူတွေက အပြစ်တင်နေတာတွေကို ဘယ်လိုအကြောင်းနဲ့မှ လက်မခံပါနဲ့…။ သင့်ရဲ့ ယုံကြည်ချက်အတိုင်းနေပါ။ အံသြစရာကောင်းလောက်အောင် စွမ်းဆောင်နိုင်တယ်ဆိုတာကို ပြနိုင်ဖို့ ကြိုးစားနေထိုင်လိုက်ပါ။ (Ricardo Housham) အလုပ်ထဲကနေ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာရင်းနဲ့ပဲ ကျွန်မရဲ့ အတိတ်က စိတ်ပင်ပန်းစရာတွေ၊ ဆေးစွဲနေတဲ့အခြေအနေတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတာတွေကို စိတ်ထင်တိုင်း လျှောက်စား ပစ်နေတာတွေ…. ဒါတွေအားလုံးကို စွန့်ပစ်ခဲ့ပါပြီ…….။ ကျွန်မရဲ့ ဘ၀အသစ်အတွက် ခြေလှမ်း အသစ်တွေကို လှမ်းဖို့ အဆင်သင့်ဖြစ်နေပါပြီ…..။ ကျွန်မဘ၀ရဲ့ စိတ်ကူးယဉ်ချစ်ဇာတ်လမ်းတွေဟာ ကျွန်မရဲ့ဘ၀ကို ဖရိုဖရဲဖြစ်စေခဲ့ပြီး နာကျင်စရာတွေ၊ စိတ်မလုံခြုံမှုတွေ၊ အားငယ်စရာတွေနဲ့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်