Posts Tagged ‘ ခင်အောင်အေး ’

ခင်အောင်အေး ● ဆံပင်တရမ်းရမ်းနဲ့ လှသန်း

October 22, 2016
ခင်အောင်အေး ● ဆံပင်တရမ်းရမ်းနဲ့ လှသန်း

ခင်အောင်အေး ● ဆံပင်တရမ်းရမ်းနဲ့ လှသန်း (မိုးမခ) အောက်တိုဘာ ၂၂၊ ၂ဝ၁၆   (လှသန်းရဲ့နောက်ဆုံးကာလ အချိန်တခုမှာ သူနဲ့အတူနေဖြစ်ခဲ့တဲ့ ရက်တွေအတွင်း ကိုယ်တိုင်ရိုက်ဖြစ်ခဲ့တဲ့ပုံ) ဓာတ်ပုံ – ခင်အောင်အေး ကဗျာဆရာ လှသန်း (ခေါ်) ကြည်မောင်သန်း (၁၉၆၃-၂ဝ၁၁) (အောက်တိုဘာ ၂၂ ကွယ်လွန်ခြင်း ၅နှစ်ပြည့် အမှတ်တရ စာစု) ■ ဆံပင်တရမ်းရမ်းနဲ့ လှသန်း (၁) (June 27, 2016) ဆံပင်တရမ်းရမ်းနဲ့ လှသန်းပေါ့လေ။  “အရမ်းလှသန်း” လို့လည်း အမည်တွင်ပေရဲ့။  “အရမ်းလှသန်း” ကို သူ့ ဘာသာ သူ ဘာသာပြန်ဆိုတော့ “လက်မရွံ့လှသန်း” ဆိုပဲ။  ကိုယ်ရေးပေးခဲ့ဖူးတဲ့ (သူ့ကိုရည်ညွှန်းတဲ့) ကဗျာ “လှသန်းအတွက် သာမာန် ရိုးရိုးကဗျာတပုဒ်”...

Read more »

ခင်အောင်အေး ● လှသန်း (ကဗျာရှည်)

October 20, 2016
ခင်အောင်အေး ● လှသန်း (ကဗျာရှည်)

ခင်အောင်အေး ● လှသန်း (ကဗျာရှည်) (မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၆   ကဗျာဆရာ လှသန်း (ခေါ်) ကြည်မောင်သန်း (၁၉၆၃-၂၀၁၁) (အောက်တိုဘာ ၂၂ ကွယ်လွန် ၅ နှစ်ပြည့်)   လှသန်းဆိုလည်း မင်းပဲ ကြည်မောင်သန်းဆိုလည်း မင်းပဲ လိပ်ပြာသန့်သန့်မှသည် မောင်သီးသန့်အထိ မင်းကိုယ်မင်း ကိုယ်ဖျောက်ခဲ့ရတာ မင်းစိတ်နဲ့ မင်း သေနတ်ဖောက်ခဲ့ရတာ မင်း ကျောင်းဆောက် ဘုရားတည် ကုသိုလ်တွေပြုပြီးပြီ မင်းအကုသိုလ်ပြုတာတွေကိုတော့ လူတွေ အလွယ်တကူမြင်သိ စကားတင်းဆိုပြီးမို့ ထည့် မပြောတော့ဘူး။ လှသန်း အသည်းကွဲပြီးနောက်သတင်းစကား ကိုယ်နည်းနည်း ဖျားသွားတယ် ရွှေလမင်းမှာ တနေ့ ကိုအောင်ချိမ့်ကို မေးရတယ် သူက မင်းလက်ရေးနဲ့ သူ့ ဖေဖော်ရီကဗျာလေး (လက်နှစ်လုံးသာသာ...

Read more »

ခင်အောင်အေး ● ၂၀၀၂ စက်တင်ဘာ ပထမပတ်ရထား

September 3, 2016
ခင်အောင်အေး ● ၂၀၀၂ စက်တင်ဘာ ပထမပတ်ရထား

ခင်အောင်အေး ● ၂၀၀၂ စက်တင်ဘာ ပထမပတ်ရထား (မိုးမခ မဂ္ဂဇင်း စင်တင်ဘာထုတ် မောင်ချောနွယ် အမှတ်တရ) (မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၆ (၅၊ စက်တင်ဘာ၊ ၂၀၀၉  ညသို့..) ရန်ကုန်ဆေးရုံကြီးဝင်း အရပ်အခေါ် ရေခဲတိုက်ထဲ လှမ်းဝင်လိုက်တာနဲ့ မျက်လုံးတွေက ဝေသီပြီး ဘာကိုမှ ကောင်းကောင်း မမြင်ရတော့ဘူး၊ သိတဲ့မျက်နှာတွေကိုလဲ အပြုံးအ, နဲ့ပဲ တုံ့ပြန်နိုင်တယ်။  ကိုချောရုပ်ကလပ် ပြင်ထားရာ ဘက်ကို ချက်ခြင်း မသွားဖြစ်ဘူး။ တချက်ဝေ့ အကြည့်မှာတော့ မမမြင့်၊ နေခြည်နဲ့ မိုးဇော်တို့ကို မသဲကွဲ လှမ်းမြင်လိုက်တယ်။  လူတိုင်းရဲ့မျက်နှာ မှာ နှမြော တသကြေကွဲခြင်း တွေ လျှံငြီးနေတယ်။ လက်ကမ်းကဗျာ စာရွက်လေးတွေ အထိမ်းအမှတ် အလွမ်းစာစီ ပင်းန်ဖလက်တွေ...

Read more »

ခင်အောင်အေး ● စာစီစာကုံး

July 10, 2016
ခင်အောင်အေး ● စာစီစာကုံး

ခင်အောင်အေး ● စာစီစာကုံး (မောင်သိန်းဇော် – K ဇော် မွေးနေ့အမှတ်တရ ခင်အောင်အေး၏ကဗျာ) (မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၆ (၁) ကျနော်သည် ကလေးဘ၀ကပင် စာကလေးတွေနဲ့ ယဉ်ပါးခဲ့ပါသည်၊ ရင်းနှီးတယ်ဆိုလဲ မမှားဘူးပင်၊ အဲ စာကလေးတွေ ဆိုတာ စာငှက်ကလေးတွေကို ပြောတာလို့ ထင်သွားပြီလား၊ ဟုတ်ပါသည် စာငှက်ကလေးတွေဆိုလည်း ဟုတ်ပါသည်၊ ကျနော်ပြောချင်တာက စာ ကလေးတွေ ကလေးစာ လေးတွေ ကလေးစာပေ လေးတွေ အဲဒါတွေနဲ့ ယဉ်ပါးခဲ့တာကိုပါ အိမ်တံစက်မြိတ်မှာ တွဲချိတ်သည့် အုန်းခွံအိမ်ထဲက စာကလေးတွေကော စာအုပ်ထဲက စာကလေးတွေကော စာကလေး ၂ မျိုးလုံးနဲ့ တပြိုင်တည်း ယဉ်ပါး သိကျွမ်းခဲ့ရခြင်းပင် စာအုပ်ထဲက စာကလေးတွေကတော့ ကဗျာလေးတွေလည်း ဖြစ်နေသေးသည်...

Read more »

ခင်အောင်အေး ● ရန်ကုန်

May 21, 2016
ခင်အောင်အေး ● ရန်ကုန်

ခင်အောင်အေး ● ရန်ကုန် (မိုးမခကဗျာ) မေ ၂၁၊ ၂၀၁၆ မိုးနည်းနည်းရွာတယ် အပူချိန် အထိုက်အလျောက်ကျတယ် ဘတ်စ်ကားနဲ့ ဒရိုင်ဘာတွေ စပယ်ယာတွေ heat တက်နေတုန်းပဲ နိုင်ငံရေး ရေချိန်ဟာ တိုင်းတာမှု ကိရိယာတွေကို မင်တက်မိစေတယ် ရန်ကုန်သူ ရန်ကုန်သားများ အလှုပ်ရှားမပျက် (နို့ – မင်းက ရန်ကုန်သားအစစ်လား.. ဒါဖြင့်မင်းကရော..) မေးခွန်းများဟာ စစ်တန်းလျားတခုလို ညီညာစွာ အမိန့် နာခံလျက် ဆောက်လက်စ တိုက်ကြီးများရဲ့ မရေရာ မခိုင်မာ တဲ့ မျှော်လင့်ချက် အိမ်ဆောက်ပစ္စည်းမျိုးစုံများတွေ ဒရဟော နိမ့်ကျ နေ့စားခနဲ့ ဇွတ်ကြိတ်မှိတ်လုပ်နေရတဲ့ လုပ်သားတွေ ဒရဟော အပေါစား ဖုန်မှုန့်တွေနဲ့ အဟာရမပြည့်ဝတဲ့ ဈေးပေါ အစားအသောက်တွေ ဒရဟော မိန့်ခွန်းနဲ့ ၀မ်းချပျားရည်တွေ...

Read more »

ခင်အောင်အေး – ခင်ဝမ်းသို့

February 4, 2016
ခင်အောင်အေး – ခင်ဝမ်းသို့

  ခင်အောင်အေး – ခင်ဝမ်းသို့ (မိုးမခ မဂ္ဂဇင်း၊ အတွဲ-၃၊ အမှတ်-၂၊ ဖေဖော်ဝါရီ လထုတ် ပါ ခင်ဝမ်းအမှတ်တရ) နံပါတ် ၁ ထိပ်ဆုံးက ပြောရမှာကတော့ ဘယ်တုန်းကမှ ရှေ့မှာရော ကွယ်ရာမှာရော ခင်ဝမ်း လို့ မခေါ်ဖူးတာကို ခု ခင်ဝမ်းသို့ လို့ခေါင်းစဉ်တပ်မိတဲ့ ကိစ္စ။ ကိုခင်ဝမ်းကို လေးစားသမှုနဲ့ အမြဲ ‘ကို’ တပ်ခေါ်တဲ့အတိုင်း ကိုခင်ဝမ်းသို့လို့ ရေးကြည့်ပါတယ်။ ခင်ဝမ်း ဓာတ်ကို ‘ကို’ က ကွယ်နေသလို ခံစားရတယ်။ နည်းနည်းတော့ ကြောင်မလားမတော့ မသိဘူး။ မတတ်နိုင်ဘူ။ ဒါနဲ့ ‘ဒီတခါတော့ ခွင့်လွှတ်ပါဗျာ’ လို့ စိတ်ထဲက ပြောပြီး ခုလိုပဲ ခေါင်းစဉ် တပ်လိုက်ပါတယ်။ နောက်တခုကတော့ ကိုယ့်ရဲ့ ကတ်သီးကတ်သတ်စိတ်ပေါ့လေ။ အထိမ်းအမှတ်တခုနေ့ကျမှ သူ့အကြောင်းရေးရတာမျိုး သူ့ကို အချိန်ကိုက်လွမ်းရတာမျိုး မလုပ်ချင်တာ။...

Read more »

ခင်အောင်အေး – တူနာ ဆင်းဒ၀စ်ခ်ျ

December 7, 2015
ခင်အောင်အေး – တူနာ ဆင်းဒ၀စ်ခ်ျ

ခင်အောင်အေး – တူနာ ဆင်းဒ၀စ်ခ်ျ (မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၅ ‘အဖေ့သွား ရေထဲ အိပ်တယ်’ ကိုခင်ဝမ်းရဲ့ အနုပညာပါရမီ ကြိုးချင်းထား ကြိုးချင်းငြိ ငါးမျှားချိတ်ဟာ ငါးရဲ့ပါးစောင်မှာ ထိထိမိမိ သိုးဆောင်းတို့ရဲ့ ဘာသာစကားမှာ ခွေးတကောင်ရဲ့အဓိပ္ပါယ်ဟာ ငါတို့ဆီကနဲ့ ပြောင်းပြန် စောင်းသွားတဲ့ နေခြည်ရဲ့ လျှပ်ပေါ်လော်လည်မှုဟာ ဖြူဖွေးလွလွ ကြွေကော်ဖီပန်းကန်လုံးပေါ်မှာ ကခုန်လို့ ကဲရော့ထ်မျှင်ကလေးတွေ ဆွတ်ဖြန်းထားပြီး ဂျုံကောင်းကောင်းနဲ့ ဖုတ်ထားတဲ့ ပေါင်မုန့်တမျိုး ပုံပြောပြီးရင် မျက်နှာသစ်ကြွေခွက်ထံပါး တိုးကပ်ကာ လက်ကို သန့်ရှင်းစင်ကြယ်အောင်ဆေးကြောပါ ဝါးတန်းလှေရဲ့ ငါးကြည့်စင်ပေါ်ကနေ အရစ်အရစ်ထနေတဲ့ ငါးတွေကို ပြုံးပြီးကြည့်နေတဲ့မျက်နှာ အခါမဟုတ်မိုးဟာ အနောက်ရိုးမတောင်ကြောနဲ့ အရှေ့ဖက်ကုန်းမြေမြင့်ကြားမှာ ညပ်နေတယ် အနက်အဓိပ္ပါယ် မူရင်းတွေကို ဖလှယ်ချင်ကြတဲ့အခါ မျက်ဝန်းတွေက တဆင့်သာ ပြောဆိုနားလည်လိုက်ကြပါစို့။...

Read more »

ခင်အောင်အေး – သေမင်းနဲ့ အချိန်းအချက်

November 20, 2015
ခင်အောင်အေး – သေမင်းနဲ့ အချိန်းအချက်

ခင်အောင်အေး – သေမင်းနဲ့ အချိန်းအချက် (မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၅ သိပ်နာကျင်ရတဲ့အခါ နာကျင်မှုရဲ့တဖက်စွန်းက နာကျင်မှုကို မသိတော့ခြင်း ကမ်းပါးချောက်ထဲ ကျရောက်တတ်စမြဲ တဲ့ ဝေဒနာကို မသိတော့ခြင်းဟာ အပေါင်းလက္ခဏာလား ဝေဒနာကို မသိတော့ခြင်းဟာ အနှုတ်လက္ခဏာလား နာကျင်မှုနဲ့ သမိုင်းကိုရေးကြမယ် ဝေဒနာထုထည်ရဲ့အတိမ်အနက်က ငါတို့ရဲ့ နာကျည်းမှုအထူအပါး သက္ကရာဇ်များ ထောင်ထားတဲ့မြှုံးထဲကို တိုးဝင်ခဲ့တဲ့ ငါးများနှယ် မပြောရက်တဲ့စကားလုံးများနဲ့ လေးမြတ်ခဲ့ပါတယ် သွေးအလိမ်းလိမ်းနဲ့ ရေးချယ်ခဲ့ရတဲ့ နိုင်ငံတော်အတွက် မချိတင်ကဲ ထပ်မံပေးဆပ်နေရတဲ့ ကျောင်းသားများရဲ့ အနာဂတ်နိုင်ငံတော် ။ ။ ခင်အောင်အေး နိုဝင်ဘာ ၂၀၁၅ Tags: ခင်အောင်အေး

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်