
ခိုင်ကြည်သစ် ● ရွှေကြာ ဘာပြောသွားသလဲ (မိုးမခ) ဧပြီ ၁၂၊ ၂၀၁၈ (၁) သည်ရက်ပိုင်းထဲ မြန်မာရုပ်ရှင်တွေကို ဆက်တိုက်ဆိုသလို ကြည့်ဖြစ်နေသည်။ နောက်ဆုံးကြည့်ဖြစ်သည်က “ရွှေကြာ”။ ရုပ်ရှင်ပညာနှင့်ပတ်သက်၍ ဝလုံးကလေးပင် ဝိုင်းအောင် မရေးနိုင်သေးသဖြင့် ရုပ်ရှင်ဝေဖန် ရေးတွေ မလုပ်လို။ လုပ်လည်း မလုပ်သင့်ဟု ထင်သည်။ သို့သော် ရုပ်ရှင်၊ ဂီတ၊ အနုသုခုမမှန်သမျှ လူသားတို့နှင့်ဆိုင်၍ပေလားမသိ။ အနုပညာပစ္စည်း တစ်ခုခုကို ကောက်ကိုင်လိုက်လျှင် ရင်ဘတ်ထဲမှာ တစ်ခုခုဖြစ်လာတတ်သည်။ ဦးနှောက်ထဲ အတွေးတွေ ဆက်တိုက်ပေါ် လာတတ်သည်။ သည်လို ခံစားမိ၊ တွေးတောမိတာတွေကိုလည်း လူသားတို့သဘာဝ ပြန်ပြောပြချင်မိသည်။ သည်လိုနှင့် ရွှေကြာ ဇာတ်ကားက ပေးသော ဝေဒနာနှင့်ဆန့်ပွားမိသော အတွေးတို့ကို စာဖတ်သူအား မျှဝေဖို့ ဖြစ်လာပါတော့သည်။ ကျွန်တော်...
Recent Comments