Posts Tagged ‘ ခိုင်ကြည်သစ် ’

ခိုင်ကြည်သစ် ● အာဇာနည်

July 13, 2017
ခိုင်ကြည်သစ် ● အာဇာနည်

ခိုင်ကြည်သစ် ● အာဇာနည် (မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၇ သမီးလေးရေ အသေခံခဲ့လို့ မဟုတ်ဘူး အနေမှန်ခဲ့လို့ အာဇာနည်။ အဲဒီအာဇာနည်တွေဟာ ဘာမထီ သာကီမျိုးလို့ မကြွေးကြော်ခဲ့ဘူး မြန်မာပြည် ကမ္ဘာ့စံမီဖို့ပဲ နှိုးဆော်ခဲ့ကြ။ အဲဒီ အာဇာနည်တွေဟာ ရွှေမှန်ကင်း ထင်းဖြစ်တာထက် အဖြေမှန်ခြင်း အလင်းပျောက်မှာစိုးခဲ့ကြ။ အဲဒီ အာဇာနည်တွေဟာ သက်ဦးဆံပိုင်ရဲ့ သစ္စာခံမဟုတ်ဘူး မူလပိုင်ရှင်တွေထံ တိုင်းပြည်ကို ပြန်အပ်နှံခဲ့ကြ။ အဲဒီ အာဇာနည်တွေဟာ အမှန် အမှား ခွဲခြားသိ အမှန်တရားဘက်မှာ အမြဲရှိခဲ့ကြ။ သမီးလေးရေ အသေခံခဲ့လို့ မဟုတ်ဘူး အနေမှန်ခဲ့လို့ အာဇာနည်။ ခိုင်ကြည်သစ် (၁၃-၇-၂၀၁၇) Tags: ခိုင်ကြည်သစ်

Read more »

ခိုင်ကြည်သစ် ● ညီလေးရေ

February 11, 2017
ခိုင်ကြည်သစ် ● ညီလေးရေ

ခိုင်ကြည်သစ် ● ညီလေးရေ (မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇ ညီလေးရေ မင်းတို့ တောင်ပေါ်မှာ သေနတ်သံ သည်းထန်နေဆဲ အစ်ကိုတို့ မြေပြန့်မှာလည်း ၉ မမ ကျည်ဆံတွေ ဝဲပျံနေဆဲ။ ညီလေးရေ တောင်ပေါ်သားတွေ ပင်လုံအခွင့်အရေး အပြည့်မရသေးဘူး မြေပြန့်သားတွေလည်း သူခိုးကို သူခိုးလို့ခေါ်ခွင့် အပြည့်မရသေးဘူး။ ညီလေးရေ တောင်ပေါ်သားတွေ ခွဲခြားခံရတုန်းပဲ မြေပြန့်သားတွေလည်း အာဏာဓားပြတွေအောက် တဆင့်နိမ့်နေနေရဆဲ။ ညီလေးရေ အတွေးအမြင်နဲ့ အတွေ့အကြုံ ရပ်တည်ပုံနဲ့ ခံစားချက် နေရပ်နဲ့ အတိတ်သမိုင်း မတူကွဲတဲ့ တို့တိုင်းရင်းသားတွေ အယူအစွဲတွေ မကင်းနိုင်သမျှ ရန်သူအစစ်ကို မရှင်းနိုင်သမျှ တောင်တန်းနဲ့ ပြည်မဟာ ဓားပြဗိုလ်ရဲ့မယားပါသားတွေဘဝပါ။ ။ ခိုင်ကြည်သစ် Tags: ခိုင်ကြည်သစ်

Read more »

ခိုင်ကြည်သစ် ● အတတ်ကျူး၍ အရူးမဖြစ်စေလိုပါ

December 7, 2016
ခိုင်ကြည်သစ် ● အတတ်ကျူး၍ အရူးမဖြစ်စေလိုပါ

ခိုင်ကြည်သစ် ● အတတ်ကျူး၍ အရူးမဖြစ်စေလိုပါ (မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၆ (၁) သည်ရက်ပိုင်းထဲ တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာဘာသာရပ်တွင် သင်ယူခဲ့ရသည့် “Too Much Knowledge Maketh Fools (အတတ်ကျူး အရူးဖြစ်)” ဆိုသည့် ပုံပြင်လေးကို ပြန်လည်သတိရမိပါသည်။ ဆရာကြီးဒေါက်တာထင်အောင်၏ “Thirty Burmese Tales (မြန်မာပုံပြင်အပုဒ် သုံးဆယ်)” မှ ထုတ်နှုတ်သင်ကြားခြင်းဖြစ်သည်ဟု မှတ်သားခဲ့ဖူးပါသည်။ တက္ကသိုလ်ပြည်မှ ပညာသင်ယူပြီး မိမိတို့ရပ်ရွာသို့ပြန်လာသည့် သူငယ်ချင်းလေးယောက် လမ်းခရီးတွင်တထောက်နားကာ နေ့လည်စာအတွက် စီစဉ်ကြပုံကို  ရေးဖွဲ့ထားသည့်ဇာတ်လမ်းဖြစ်ပါသည်။ တက္ကသိုလ်ပြည်မှ ဆေးပညာ၊ နက္ခတ်ပညာ၊ ဂီတပညာနှင့် ဒဿနိကပညာတို့ကို အသီးသီးသင်ယူခဲ့ကြရသည့်ပညာတတ်လူငယ်လေးဦးသည် ပညာစုံသဖြင့် မိမိတို့ရပ်ရွာသို့ ပြန်လာကြရာ လမ်းခရီးတနေရာတွင်  နေ့လည်စာစားချိန်ရောက် လာ တော့သည်။ ထို့ကြောင့်...

Read more »

ခိုင်ကြည်သစ် ● ဘယ်လိုအလေးပြုခဲ့ကြသလဲ

July 28, 2016
ခိုင်ကြည်သစ် ● ဘယ်လိုအလေးပြုခဲ့ကြသလဲ

ခိုင်ကြည်သစ် ● ဘယ်လိုအလေးပြုခဲ့ကြသလဲ (မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၆ (၁) ရုံးပိတ်သည်မို့ (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပပုံများကို ရုပ်မြင်သံကြားက တောက် လျှောက်စောင့်ကြည့်ဖြစ်သည်။ ခါတိုင်းနှစ်များနှင့်မတူ တမူထူးခြားခဲ့သည့် အခမ်းအနားဟုဆိုရလောက်အောင် အဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပခဲ့သည်ဟု ယူဆမိပါသည်။ အာဇာနည်နေ့အခမ်းအနားကို အာဇာနည်ဗိမာန်တွင် သာမက၊ ခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော အတွင်းဝန်ရုံးတွင်လည်း ပထမဆုံး အကြိမ် တပြိုင်နက်တည်းကျင်းပခဲ့ခြင်းက အာဇာနည်နေ့ကို ပို၍လေးနက်စေသလို ခံစားခဲ့ရပါသည်။ အမြို့မြို့ အနယ်နယ်တွင် အာဇာနည်နေ့အခမ်းအနားများကို ခြိမ့်ခြိမ့်သည်း ကျင်းပနေကြသည်ကိုလည်း လူမှုကွန်ယက် စာမျက်နှာပေါ်တွင် တွေ့မြင်နေခဲ့ရသည်။ ထိုသတင်း ထိုမြင်ကွင်းတို့သည် ရင်နင့်စေသလား၊ ကြည်နူးစေခဲ့ သလား မဝေခွဲတတ်ခဲ့။ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရုပ်မြင်သံကြားမှ ဥဩဆွဲသည့်အခါ...

Read more »

ခိုင်ကြည်သစ် ● စံ

July 1, 2016
ခိုင်ကြည်သစ် ● စံ

ခိုင်ကြည်သစ် ● စံ (မိုးမခ) ဇူလိုင် ၁၊ ၂၀၁၆ သမီးရေ ပရိုကရေးတီးစ် တဲ့ သူခိုးကြီး တယောက်ရှိတယ် ရှေးခေတ်ဒဏ္ဍာရီ ဂရိပြည်မှာ။ သမီးရေ သူခိုးကအင်အားကြီးတော့ အစိုးရလာတယ်။ ည ည ဆို လူတွေဖမ်းတယ်။ သမီးရေ အဲဒီ ပရိုကရေးတီးစ်ရဲ့ စံ အဖမ်းခံရသူတွေ ခုတင်ပေါ်တက်စေပြီး ပိုရှည်တဲ့ခြေထောက် ဖြတ်တောက် ပိုနိမ့်တဲ့သူ ဆွဲယူ သူ သတ်မှတ်ခဲ့တဲ့ လူ့အရပ်ဟာ ခုတင် ကြမ်းတခင်းစာ။ သမီးရေ စံ ဆိုတာ ပေတံမဟုတ် စံ ဆိုတာ အဖြေမှန်မဟုတ် စံ ဆိုတာ “ကာလံ ဒေသံရဲ့ အမှန်ကန်ဆုံး အခြေအနေ။” “ငါ၊ သူ၊ အများ အတွက် အကျိုးအပွားဆုံး...

Read more »

ခိုင်ကြည်သစ် ● ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် လင်းယုန်၊ နဂါးတို့၏သတင်းစကားများ

June 9, 2016
ခိုင်ကြည်သစ် ● ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် လင်းယုန်၊ နဂါးတို့၏သတင်းစကားများ

ခိုင်ကြည်သစ် ● ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် လင်းယုန်၊ နဂါးတို့၏သတင်းစကားများ (မိုးမခ) ဇွန် ၉၊ ၂၀၁၆ (၁) လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းတွေဟာ နိုင်ငံတကာအခြေအနေတွေနဲ့လည်း ဆက်စပ်နေတယ် ဆိုတာကို မမေ့အပ်ပါဘူး။ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ အင်အားပြိုင်ဆိုင်မှုများကြားမှာ တိုင်းပြည်ငယ်တွေရဲ့ ပြည်တွင်းရေးကို နည်းမျိုးစုံနဲ့ ဝင်ရောက်စွက်ဖက်လေ့ရှိကြပါတယ်။ တခါတရံမှာ စွက်ဖက်လို့ စွက်ဖက်မှန်းမသိအောင်ကို ဗျူဟာမြောက်လှပါ တယ်။ အဲဒီလို အစွက်ဖက်ခံရတဲ့နိုင်ငံငယ်တွေမှာ ပြည်တွင်းစစ်သာရှိနေခဲ့ရင် အဲဒီနိုင်ငံတွေမှာ အမျိုးသားရင်ကြား စေ့ရေး ကိုတည်ဆောက်ဖို့ အလွန်ခက်ခဲတာကို တွေ့ရပါတယ်။ မကြာသေးခင်ကာလတွေအတွင်းက မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိခဲ့တဲ့ တရုတ်ပြည် သူ့သမ္မတနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ရဲ့သံတမန်တွေဟာ သူတို့နိုင်ငံအစိုးရတွေဆီကနေ သတင်းစကားတွေ ယူဆောင်လာခဲ့ပါတယ်။ အဲဒီသ တင်းစကားတွေဟာ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် သက်ရောက်မှု ရှိကောင်းရှိနိုင်ပါတယ်။ (၂) ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့...

Read more »

ခိုင်ကြည်သစ် ● ဗလကြီးလည်း ဝဖီးနိုင်ပါစေ

May 16, 2016
ခိုင်ကြည်သစ် ● ဗလကြီးလည်း ဝဖီးနိုင်ပါစေ

ခိုင်ကြည်သစ် ● ဗလကြီးလည်း ဝဖီးနိုင်ပါစေ (မိုးမခ) မေ ၁၆၊ ၂၀၁၆ (၁) ကာတွန်းဟောင်းလေးတကွက်ကို လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖတ်ရသည်။ ဆယ်နှစ်ပတ်ဝန်း ကျင်ခန့်ရှိမည့် ပိန်ကပ်ကပ်ကောင်းလေးက အသားမည်းမည်း တစ်နှစ်၊ နှစ်နှစ်သား ကလေးငယ်ကလေးကို ချီ၍ ထိန်းနေသည်။ ထိုနှစ်ယောက်သည် ညီအစ်ကိုတော်ဟန် ရှိသည်။ ထိုညီအစ်ကို၏မိခင်ဖြစ်သူက ထမင်းအိုး တည်ရင်းလှမ်းပြောသည့်စကားက “ဗလကြီး ဘိုဖြူ့ကို ကြည့်ထိန်းနော်” ဟူ၏။ ပိန်ကပ်ကပ်ကောင်လေးကို ဗလကြီးဟုအမည်ပေးထားပြီး အသားမည်းမည်းကလေးငယ်ကို ဘိုဖြူဟု အမည်ပေးထားခြင်းက ဟာသရသ မြောက်လှသည်။ ကာတွန်းဆရာ၏စေတနာကား ဟာသရသကို ပေးစွမ်းရုံ သာမက “နေ့စဉ်ကြုံတွေ့ရမည့်လူမှုဘဝကိစ္စရပ်များ၊ ပြဿနာရပ်များကိုဖြေရှင်းရာတွင် အမည်နာမကိုအခြေခံ ၍ အဆုံးအဖြတ်မပြုလုပ်ကြရန်” ပညာပေးလိုခြင်းလည်း ဖြစ်နိုင်သည်။ ထို့ပြင် “အမည်နာမဆိုတာ အရေး မကြီး။ အလုပ်ဖြစ်ဖို့သာ...

Read more »

ခိုင်ကြည်သစ် ● နတ်ရေကန်ထဲ ရဲရဲခုန်ဆင်း

May 8, 2016
ခိုင်ကြည်သစ် ● နတ်ရေကန်ထဲ ရဲရဲခုန်ဆင်း

 ခိုင်ကြည်သစ် ● နတ်ရေကန်ထဲ ရဲရဲခုန်ဆင်း (မိုးမခ) မေ ၈၊ ၂၀၁၆   ပြည်သူ့အစိုးရသစ်ဟာ ဝန်ကြီးတွေရုံးစတက်တဲ့ ရက်ပိုင်းလေးအတွင်းမှာကို နိုင်ငံ့တာဝန်တွေကို တက်တက်ကြွ ကြွထမ်းဆောင်ရင်း ပြည်သူ့အတွက်အပြောင်းအလဲတွေကို စတင်ဖော်ဆောင်လာတာကို တွေ့ရပါတယ်။ အဲဒီ လိုအပြောင်းအလဲတွေကိုဖော်ဆောင်တဲ့အထဲမှာ ဝန်ကြီးဌာန ၂၁ ခုအနက် အစောဆုံးနဲ့အတက်ကြွဆုံးကတော့ ပြန်ကြားရေးဝန်ကြီးဌာနပဲ ဖြစ်ပါလိမ့်မယ်။ သမ္မတကြီးဦးထင်ကျော် နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကြိမ်ဆိုနေစဉ်မှာကိုပဲ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားရဲ့ထုတ်လွှင့်မှုတွေ အနည်းငယ်ပြောင်းလဲနေတာကို တွေ့နိုင်သလို နောက်တနေ့ နိုင်ငံပိုင်သတင်းစာတွေထွက်ရှိလာတဲ့အချိန်မှာ နိုင်ငံနဲ့အဝှမ်း အံ့သြဘနန်းဖြစ်ကြရပြန်ပါတယ်။ အပြင်အဆင် ပိုင်းမှာ ပြောင်းလဲမှုတွေ တွေ့ရသလို တချိန်က အစိုးရရဲ့ရန်သူသဖွယ်သဘောထားခြင်းခံရတဲ့ ကာတွန်းဆရာ၊ ကဗျာဆရာ၊ စာရေးဆရာများရဲ့လက်ရာ တွေနဲ့ ဝေဝေဆာဆာတင်ဆက်ခဲ့တဲ့ မြန်မာ့အလင်း၊ ကြေးမုံ အစရှိတဲ့ နိုင်ငံပိုင်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်