Posts Tagged ‘ စန်းသူ့မောင် ’

စန်းသူ့မောင် ● လမ်းပြ အလင်းမွန်

July 1, 2017
စန်းသူ့မောင် ● လမ်းပြ အလင်းမွန်

စန်းသူ့မောင် ● လမ်းပြ အလင်းမွန် (မိုးမခ) ဇူလိုင် ၁၊ ၂၀၁၇ ရုန်းကန်ရလွန်းသော ကြမ်းတမ်းလွန်းသော  ဘဝပိုင်ရှင်အများစုသည်  လောကကို ကျေနပ်မှုနည်းကြသည်။ ဒေါသကြီးသည်။ အဆိုးမြင်ဘက်သို့ တိမ်းကြသည်။ ရောက်မှန်းမသိ  ရောက်ကုန်ကြသည်ဟု  ဆိုကြသည်။ သည်ထဲတွင်  ကျမလည်းပါသည်။ အထူးသဖြင့်  မွေးချင်းထဲတွင်  အကြီးဆုံးဖြစ်သူကျမက  အမေ့ကိုယ်စား  တာဝန်တွေ ဒုက္ခတွေ  ပြဿနာတွေဒိုင်ခံ  ရင်ဆိုင် ဖြေရှင်းရင်း တဖြည်းဖြည်း  နူးညံ့အေးချမ်းသော  အရိပ်အငွေ့တွေနှင့် ကင်းကွာခဲ့ရသည်။ “ဟဲ့ နင်ကလဲ ထစ်ကနဲဆို  ဒေါသဖြစ်ဖို့ပဲ  ဟိုကအဲဒီသဘော  ပြောတာမဟုတ်ပါဘူး” သူငယ်ချင်းတွေက  ဝိုင်းဖြေရှင်းပေး၊ ညှိပေးရသည်။ မပြေလည်တာတွေ၊  အရွယ်နှင့်မမျှ  ဖိစီးလာသောတာဝန်တွေ၊  လိုအင်ဆန္ဒမပြည့်တာတွေ  များများလာတော့ “ငါကမဟုတ်ရင် မခံဘူးဟေ့” ဟူသော  အစွဲလေးဟစ်ကြွေးရင်း ကျမလူကြမ်းကြီး  ဖြစ်မှန်းမသိ ...

Read more »

စန်းသူ့မောင် – ရင်ထဲက ရွာတန်းရှည် (၂)

May 23, 2017
စန်းသူ့မောင် – ရင်ထဲက ရွာတန်းရှည် (၂)

ပန်းချီ မမွှေးရဲ့ ဖေ့စ်ဘွတ်မျက်နှာက ကူးယူဖော်ပြပါတယ် စန်းသူ့မောင် – ရင်ထဲက ရွာတန်းရှည် (၂) (မိုးမခ) မေ ၂၃၊ ၂၀၁၇ ဒီနေ့ကလေးတွေကို ကြည့်မိတော့ ကျွန်မ ကရုဏာသက်မိသည်။ အထူးသဖြင့် တိုက်ခန်းလေးများတွင် နေထိုင်ရသော ကလေးများကိုမြင်လျှင် ပိုဆိုးသည်။ ကျွန်မတို့၏ငယ်ဘဝ ကံကောင်းလေစွဟု ခံစားမိသည်။ တကယ်တော့ ကျွန်မတို့မိသားစုသည် လက်လုပ်လက်စားမျှသာ။ သို့သော် ကျွန်မတို့သည် ကိုယ်ပိုင်ပျဉ်ထောင်အိမ် လေးနှင့် ကိုယ်ပိုင်ခြံကြီးထဲတွင် ကြီးပြင်းခဲ့ရသည်။ နေထိုင်စားသောက်မှုက အကောင်းစားကြီးမဟုတ်သည့်တိုင် ကလေးတို့ဘဝအတွက် အတောင့်တဆုံးဟု ကျွန်မယူဆမိသည့် ကစားစရာနေရာနှင့် ကစားဖော်များ စုံစုံလင်လင် ရှိလှသည်။ ကျွန်မတို့ ရွာတန်းရှည်ရွာလေး၏ သဘာဝခြံစည်းရိုးများက ကျွန်မတို့ကစားကွင်းကို အဆုံးသတ်မဲ့ ကျယ်ဝန်း စေခဲ့သည်။ ဝါးပင်၊ ပုဏ္ဏရိက်ပင်တို့ဖြင့်ပြီးသော ခြံစည်းရိုးများကို ဖြတ်သန်းပြေးလွှား၍...

Read more »

စန်းသူ့မောင် – ရင်ထဲက ရွာတန်းရှည် (၁)

May 3, 2017
စန်းသူ့မောင် – ရင်ထဲက ရွာတန်းရှည် (၁)

ပန်းချီကား – မမွှေး၊ သူ့ဖေ့စ်ဘွတ်က ယူပါတယ် စန်းသူ့မောင် – ရင်ထဲက ရွာတန်းရှည် (၁) (မိုးမခ) မေ ၃၊ ၂၀၁၇ ကျွန်မတို့ရွာလေးကို ရွာတန်းရှည်ဟုပြောလျှင် သိသူနည်းသွားခဲ့ပြီ။ ပြေစာများတွင် ”ဦးလွန်းမောင်လမ်း”ဟုသာ တွင်လာခဲ့ပြီ။ ကျွန်မတို့ငယ်စဉ်ကဆိုလျှင် Ywadashe ဟု သုံးခဲ့ဖော်ပြခဲ့သည်။ အဖေ့မိတ်ဆွေတစ်ဦးကဆိုလျှင် Ywadashe ဆိုတော့ ဘယ်ကိုဆိုမှန်းမသိဘူး။ ရွာတန်းရှည်ဆိုတော့မှ ကိုယ်နဲ့ရင်းနှီးနေတဲ့လမ်းပဲဆိုတာ သိတော့တယ် ဟု ပြောဖူးသည်။ တေးသံရှင် မျိုးကျော့မြိုင်၏ ”ကျွန်တော့်နာမည် မျိုးကျော့မြိုင်” သီချင်းပေါ်လာခဲ့သည်တွင်မတော့ (၇) မိုင်ဟုသာ လူသိများသွားပြီ ဖြစ်ပါသည်။ တကယ်တော့ ကျွန်မတို့ ရွာကလေးအပါအဝင် (၇) မိုင်၊ (၈) မိုင်၊ (၉) မိုင် တစ်ဝိုက်ရှိ ရွာအတော်တော်များများ သည်...

Read more »

စန်းသူ့မောင် – အဉ္ဇလီ

March 8, 2017
စန်းသူ့မောင် – အဉ္ဇလီ

စန်းသူ့မောင် – အဉ္ဇလီ (မိုးမခ) မတ် ၈၊ ၂၀၁၇ ဘဘ … ဓမ္မဇောတိရိပ်သာလေးဟာ အေးချမ်းငြိမ်သက်နေလေရဲ့။ ကျေးငှက်လေးတွေအော်သံ တစ်ခါတစ်ရံ ကြားနေရတာကလွဲလို့ပေါ့။ ဒီရိပ်သာမှာ တရားရိပ်ခိုနေတဲ့ ယောဂီတွေဟာလဲ အေးချမ်းစွာ တရားရှာနေကြတယ်လေ။ ဒီယောဂီတွေထဲမှာ ကျွန်မလဲပါနေတယ်ဘဘ။ အိပ်ဆောင်ကနေ ဓမ္မာရုံကိုသွားတိုင်း ဘဘနဲ့ဖွားဖွားတို့ပါဝင်လှူဒါန်းထားတဲ့ စင်္ကြန်အမိုးလေးအောက်ကနေပြီး လျှောက် လျှောက်သွားရတာမို့ ဒီစင်္ကြန်လေးရဲ့ အရိပ်ခိုရတိုင်း ဘဘနဲ့ဖွားဖွားတို့ရဲ့ ရင်ငွေ့ကိုခိုနေရသလို ကျွန်မခံစားနေမိပါတယ်ဘဘ။ သက်ကြီးရွယ်ကြီးတစ်ယောက် အိမ်ဦးခန်းမှာရှိနေရင် အိမ်လည်းကျက်သရေရှိတယ်လို့ ပြောကြတယ်။ ကျွန်မတို့အတွက်လည်း ဘဘနဲ့ဖွားဖွားတို့ သက်ရှိထင်ရှားရှိနေကြတာဟာ အာရုံပြုစရာနေရာလေး ရှိနေတာမို့ ကျက်သရေရှိနေခဲ့ပါတယ်ဘဘ။ ဘဘနဲ့ဖွားဖွားတို့ဟာ ကျွန်မတို့အတွက် မေတ္တာစေတနာနဲ့ ပညာတွေပေးဝေနိုင်ခဲ့တယ်။ ပေးဝေခဲ့တယ်။ အဲဒါကလွဲလို့ ဘာအခွင့်အရေးမှ စီစဉ်ပေးနိုင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျောင်းသင်္ခန်းလေးနဲ့တူတဲ့ ဘဘတို့အိမ်ကလေးဟာ တပည့်တွေနဲ့...

Read more »

စန်းသူ့မောင် – ရုံးလား

February 28, 2017
စန်းသူ့မောင် – ရုံးလား

စန်းသူ့မောင် – ရုံးလား (မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇ နံနက် ၈ နာရီခွဲပြီမို့ အိမ်က ထွက်လာခဲ့သည်။ သည်အချိန်ထွက်မှ ရုံးချိန်အမီ ရောက်ရုံရှိသည်။ ဒါတောင် တခါတရံ ကားမရရင် မမီတော့။ ရုံးက ၉း၄၅ နာရီတွင် စာရင်းပိတ်သည်။ သည့်ထက်နောက်ကျပါက နောက်ကျစာရင်းတွင် လက်မှတ်ထိုးရ သည်။ တစ်လတွင် သုံးခါနောက်ကျပါက ရှောင်တခင်ခွင့်တစ်ရက် ဖြတ်မည်။ သည်တော့ နောက်ကျခံလို့မဖြစ်။ အိမ်က လမ်းထိပ်အရောက်ဆယ်မိနစ်ခန့် လျှောက်ရသည်။ သည်တော့ ၈ နာရီခွဲ အိမ်မှထွက်လျှင် ၈ နာရီ လေးဆယ်မှ လမ်းထိပ်ရောက်မည်။ “အမလေး၊ ကံကောင်းလို့ ဂဏန်းပေါင်းစက် မေ့နေတယ်” “အမေ၊ စားပွဲပေါ်က ဂဏန်းပေါင်းစက် ပေးပါဦး” အပေါ်ထပ်မှ အမေ...

Read more »

စန်းသူ့မောင် – ဈေးလား

February 6, 2017
စန်းသူ့မောင် – ဈေးလား

ရွာတန်းရှည် ဈေးကလေးမြင်ကွင်း (ဓာတ်ပုံ – မောင်ရစ်)   စန်းသူ့မောင် – ဈေးလား ရုပ်ရှင်တေးကဗျာ၊ ဒီဇင်ဘာ၊ ၂၀၁၆။ (မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၇ မွေးချင်းထဲမှာ ကျွန်မက အကြီးဆုံးမို့ အမေ့လက်ကသုံးတောင်ဝှေး။ လူမှန်းသိစကတည်းက အမေ့လက်တို လက်တောင်းတာဝန်ခံ ဖြစ်ခဲ့ရသည်။ “သမီး မန်ကျည်းသီးမှည့်လေး ပြေးဝယ်လိုက်ဦး ကုန်နေတယ်” “သမီး ကလေးက မှိန်းနေတယ် အမေခွါလို့မဖြစ်ဘူး၊ သမီးပဲ သင့်ရာ ဝယ်ပြီး ချက်လိုက်တော့” အိမ်မှာက အဖေတစ်ယောက်တည်း ဝင်ငွေရှိတာ။ ချွေလျော့သုံးရမည်ကို မည်သူမျှမသင်ဘဲ ကျွန်မ သိနေ ပါသည်။ ကျွန်မတို့ ငယ်စဉ်က အာလူး တစ်ပိဿာမှ  တစ်ကျပ် တစ်ကျပ်ခွဲ။ အာလူး ငါးဆယ်သားဝယ် ပုစွန်ခြောက်နှင့် ဆီပြန်ချက်ထားလိုက်သည်။ တခါတရံ အပေါ့အငန် အဆင်မပြေလျှင်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်